Travel in ချင်းမိုင်

Travel in ချင်းမိုင် ချင်းမိုင်ရောက် မြန်မာများအတွက်

ထော်ကိုင်းတွေ ဖွက်ထားတဲ့ မွန်ဂျမ်းတောင်ပေါ်က… Kuv Niam 🌸 ပန်းခင်းလေး ပြန်ဖွင့်နေပါပြီ။သူများမရောက်ဖူးတဲ့ နေရာသွားချင်ရင်...
18/09/2026

ထော်ကိုင်းတွေ ဖွက်ထားတဲ့ မွန်ဂျမ်းတောင်ပေါ်က… Kuv Niam 🌸 ပန်းခင်းလေး ပြန်ဖွင့်နေပါပြီ။
သူများမရောက်ဖူးတဲ့ နေရာသွားချင်ရင် ဝင်လည်ကြည့်

တောင်စောင်းတစ်ခုလုံး ဟိုက်ဒရေဂျာပန်းတွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုကို မြင်ယောင်ကြည့်ပါ။

ခရမ်းနုရောင်၊ အပြာနုရောင်၊ ပန်းဆီရောင် ပန်းပွင့်လေးတွေက တောင်စောင်းတစ်လျှောက် လှိုင်းထနေပြီး အဝေးကကြည့်ရင် တိမ်ဖြူတိမ်ပြာတွေ ကောင်းကင်ကနေ မြေပြင်ပေါ် ဆင်းသက်လာပြီး တောင်ပေါ်မှာ နားခိုနေသလိုပါပဲ။
ဟုတ်ပါတယ်။ မြန်မာအများစုက ဒီပန်းခင်းလေးကို မသိကြဘူး။ အဝေးကကြည့်ရင် တောင်စောင်းတစ်ခုလုံး ဟိုက်ဒရေဂျာ ပန်းတွေ အပြည့်နဲ့ ဆိုတော့ အရမ်းလှပါတယ်။
Royal project ရှေ့ကနေ Shuttle ပြန်စီးရလို့သာ Hidden ဖြစ်နေတာ
ကင်မရာထဲမှာ သိမ်းထားလို့ရတာက ပုံတစ်ပုံပဲ ဖြစ်ပေမယ့်
အဲဒီနေရာမှာ ရပ်နေတဲ့အချိန်ရဲ့ အေးချမ်းမှုကိုတော့ ဓာတ်ပုံတစ်ပုံနဲ့ သိမ်းထားလို့မရပါဘူး။
သွားကြည့်လိုက်ပါ ကြိုက်သွားစေရမယ်။
Kuv Niam…
ပန်းတွေနဲ့ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဆီ
ဒီတစ်ခေါက် မွန်ဂျမ်းရောက်ရင် လှမ်းလာခဲ့ပါနော်။ 🌸

ျင်းမိုင်
#ချင်းမိုင်

ချင်းမိုင်ရဲ့ အလှဆုံးတောအုပ် ကော်ဖီဆိုင်လေးThe Lord of the Rings ကြည့်ဖူးရင် Elves တွေနေတဲ့ Lothlórien လို့ခေါ်တဲ့ အရမ်း...
17/09/2026

ချင်းမိုင်ရဲ့ အလှဆုံးတောအုပ် ကော်ဖီဆိုင်လေး
The Lord of the Rings ကြည့်ဖူးရင် Elves တွေနေတဲ့ Lothlórien လို့ခေါ်တဲ့ အရမ်းလှတဲ့ မှော်ဝင်တောအုပ်လေး ကို သိကြမှာပေါ့

အဲ့ဒီလို Middle-earth ထဲက တောအုပ်တစ်ခုလို ခံစားချက်မျိုးကို ချင်းမိုင်မှာ ရှာတွေ့နိုင်တဲ့နေရာကတော့ Dantewada ပါ။

သစ်ပင်တွေနဲ့ ဝန်းရံထားတဲ့ တိတ်ဆိတ်တဲ့တောအုပ်၊ သစ်ရွက်တွေကြားက ဖြာကျလာတဲ့ နေရောင်ခြည်နုနုနဲ့ တကယ့်ကမ္ဘာနဲ့ နည်းနည်းဝေးကွာနေသလို ခံစားရတဲ့ မြင်ကွင်းမျိုး ။

Dantewada ကို ဝင်သွားတာနဲ့ “ကော်ဖီဆိုင်ရောက်ပြီ” လို့ထက် “Elvesတွေနေတဲ့တောအုပ်ထဲ ဝင်လာမိပြီလား” လို့တောင် တွေးမိသွားစေတယ်။ 😄

ပုံလေးတွေသာ တစ်ချက်ရှိုးလိုက် အပိုတွေပြောတာမဟုတ်ဘူး။

သစ်ပင်တွေကြားက လမ်းလေးအတိုင်း ဝင်သွားလိုက်တာနဲ့ ရေစီးသံလေးတွေကြားရမယ်၊ ရေပြာချောင်းလေးရယ်။ စိမ်းစိုနေတဲ့ ကျောက်တုံးလေးတွေတွေ့ရမယ်၊ ရေကန်လေးတွေနဲ့ ရေတံခွန်ပုံစံ မြင်ကွင်းလေးတွေက နေရာတစ်ခုလုံးကို fantasy movie set တစ်ခုလို ဖြစ်နေစေတယ်။

သစ်ပင်၊ ရေ၊ မြူနဲ့ သဘာဝအလင်းရောင်တွေ အားလုံးပေါင်းပြီး ကိုယ်တိုင် mood ဖန်တီးပေးနေသလိုမျိုး။

အထူးသဖြင့် မနက်ခင်း မြူလေးတွေဆိုင်းပြီး သစ်ပင်တွေကြားက နေရောင်ခြည် ဖြာကျလာတဲ့အချိန်ဆိုရင်တော့—

“ဒီနေရာက ချင်းမိုင်လား… Middle-earth လား?” ဆိုပြီး တစ်ချက်တော့ ပြန်ကြည့်မိမှာပါ။ 😄

ကော်ဖီတစ်ခွက်သောက်ရင်း ရေစီးသံလေးနားထောင်၊ ပတ်ဝန်းကျင်ကို ငေးရင်း ခဏလောက် အေးအေးဆေးဆေး နေချင်သူတွေအတွက်လည်း အရမ်းလိုက်ဖက်တယ်။

ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအတွက်ဆိုရင်တော့ ပိုကောင်းတယ်။ သဘာဝအလင်းနဲ့ တောအုပ်ရဲ့အရောင်တွေကြောင့် ပုံတိုင်းမှာ fantasy mood လေး ရနေတယ်။

ချင်းမိုင်ရောက်တဲ့အခါ Dantewada ကို ကိုယ့်ရဲ့ Lothlórien လေးတစ်ခုလို သဘောထားပြီး ဝင်ကြည့်ခဲ့ပါ။ 🌿

တစ်ခါတလေ ခရီးတစ်ခုရဲ့ အမှတ်တရဆိုတာ နေရာတစ်ခုကို ရောက်ခဲ့တာထက်
ကိုယ်ချစ်တဲ့ပုံပြင်တစ်ပုဒ်ထဲ ခဏလောက် ဝင်ရောက်နေခဲ့ရသလို ခံစားခဲ့ရတာ ဖြစ်နေတတ်ပါတယ်။

ျင်းမိုင်




Mon Jam ဘက်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလည်မလဲ။High Season လည်မယ့်သူတွေအတွက် စေတနာထားပြီး ရေးထားတာမို့ တကယ်အသုံးဝင်မယ့...
16/09/2026

Mon Jam ဘက်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလည်မလဲ။

High Season လည်မယ့်သူတွေအတွက် စေတနာထားပြီး ရေးထားတာမို့ တကယ်အသုံးဝင်မယ့် Post လေးပါ။

သွားပြီးတော့မှ အဆင်မပြေဖြစ်ရင် ဘယ်လိုလုပ်မလဲနော်။

မွန်ဂျမ်းဘက်မှာ လည်ပတ်စရာနေရာတွေ အရမ်းပေါလှပါတယ်။ ဒါပေမယ့် အများစု အဆင်မပြေဖြစ်ကြတာက Time Frame ပါ။

မွန်ဂျမ်းရဲ့ နေရာအများစုက Outdoor ပန်းခင်းတွေဖြစ်ပါတယ်။ ပန်းခင်းတွေက မနက်ပိုင်းနဲ့ ညနေပိုင်းလောက်ပဲ လည်ပတ်လို့ကောင်းတာများပါတယ်။

မိုးအုံ့တဲ့ရက်ဆို သိပ်မသိသာပေမယ့် နေသာတဲ့ရက်တွေမှာတော့ ဘယ်လောက်လှတဲ့ ပန်းခင်းဖြစ်ဖြစ် နေ့လည်ခင်းမှာ ဝင်လည်ရင် နေပူလွန်းလို့ အဆင်မပြေတတ်ပါဘူး။

Mon Jam ကိုလာပြီဆိုကတည်းက ပန်းခင်းလှလှလေးတွေနဲ့ ဓာတ်ပုံလှလှလေးတွေ အဓိကရိုက်ချင်လို့ မဟုတ်လား။

ဒါကြောင့် ဘယ်လိုပုံစံနဲ့ပဲသွားသွား၊ ဘယ်သူနဲ့ပဲသွားသွား အဆင်ပြေစေမယ့် လည်ပတ်ပုံလေးတွေ ပြောပြမယ်နော်။

Solution 1 နဲ့ Solution 4 ကို ပိုပြီး ကောင်းပေမယ့် အများစုကတော့ ပန်းခင်း အဓိက နံပါတ်3 ကိုပဲ သွားကြပါတယ်

ကဲ အဲ့တော့ ဘယ်လိုတွေ သွားမလဲ ကြည့်ကြရအောင်။......
Solution 1

ပန်းခင်းလေးတွေ စုံစုံလင်လင် ရောက်ချင်တယ်ဆိုသူတွေအတွက်

မနက်စောစောသွားပါ။

Ying Yong Sunrise က နာမည်ကြီးပါတယ်။ Sunrise အတွက် အရမ်းစောစောမထချင်ဘူးဆိုရင် မနက် ၆ နာရီခွဲလောက်ထွက်ပါ။

ပန်းရဲတိုက်
Mae Kee Sheep Farm
Ying Yong Flower

အဲ့ဒီအစီအစဉ်အတိုင်း လည်ပါ။

မနက်တစ်ပိုင်းဆို ပန်းခင်းတွေ လည်ဖို့ လုံလောက်ပါတယ်။

ပြီးရင် Mon Jam ကားပါကင်မှာ ဖြစ်ဖြစ် Mon inn dao မှာ ဖြသ်ဖြစ် နေ့လည်စာ ဝင်စားပါ။

ပြီးရင် Yoddoi မှာ အေးဆေးနေ
Mon jam ကို ခဏဝင်
ပြန်အဆင်းမှာ Jungle Coaster စီးလို့ရပါတယ်။

မစီးချင်ရင် WTF Cafe မှာ ထိုင်နားလို့ရပါတယ်။

အချိန်ရသေးရင် QSBG Garden၊ Mae Sa Waterfall စတဲ့ ကိုယ်သွားချင်တဲ့နေရာတွေကို အဆင်ပြေသလို ဆက်ဝင်လို့ရပါတယ်။

ပြီးရင် ညနေလည်းနောက်ကျနိုင်တယ် နေကာများလို့

ဒီ Solution ရဲ့ အားသာချက်က ပန်းခင်းတွေကို နေပူမလာခင် အဓိကလည်ပြီးသွားတာပါ။............

Solution 2

စုံအောင်တော့လည်ချင်တယ်၊ ဒါပေမယ့် မနက်စောစောတော့ မထနိုင်ဘူးဆိုသူများအတွက်

မနက် ၈ နာရီခွဲလောက်ထွက်ပါ။

Mae Sa Waterfall၊ QSBG Garden လို နေရာမျိုးတွေ ဝင်ပြီး အေးအေးဆေးဆေး လည်ပတ်ပါ။

နေ့လည်စာကို River Rock ဒါမှမဟုတ် အနီးနားက စမ်းချောင်းလေးတွေနားမှာ အေးအေးဆေးဆေး စားလို့ရပါတယ်။

ပြီးရင် Jungle Coaster စီးလို့ရပါတယ်။

မစီးချင်ရင် WTF Cafe မှာ သွားထိုင်ပြီး အချိန်ဖြုန်းလို့ရပါတယ်။

နေ့လည် ၂ နာရီလောက်ဆို Yoddoi Cafe မှာ ခဏနားပါ။

ပြီးရင် Mon Jam၊ Ying yong ဘက် ဆက်သွားပြီး နောက်ဆုံး ပန်းရဲတိုက်နဲ့ Mae kee မှာ အေးဆေးလည်။

ဒါပေမယ့် ဒီ Solution မှာ နေ့ခင်းဘက် ပင်ပန်းပြီးမှ ပန်းခင်းတွေဆီ ရောက်မှာဖြစ်လို့ မင်မင်ကတော့ Solution 1 ကို ပိုအားပေးပါတယ်။..............

Solution 3

နေ့ခင်းဘက် နေရာစုံမလည်လည်းရတယ်။ ပန်းခင်းလေးတွေကိုပဲ အဓိကသွားပြီး ပုံလှလှလေးတွေ ရိုက်ချင်တယ်၊ အေးအေးဆေးဆေးလည်ချင်တယ်ဆိုသူများအတွက်

မနက် ၇ နာရီခွဲလောက်ထွက်ပါ။

Mae Kee Sheep Farm ကိုသွားပါ။
ပြီးရင် ပန်းရဲတိုက်လည်

သိုးလေးတွေ၊ ငှက်လေးတွေကြည့်ရင်း ကော်ဖီအေးအေးဆေးဆေး သောက်လို့ရပါတယ်။

Ying Yong ပန်းခင်းမှာ အေးအေးဆေးဆေး အချိန်ဖြုန်းပါ။

ပုံလှလှလေးတွေရဖို့ဆိုတာလည်း အချိန်ပေးရတယ်မဟုတ်လား။

ပန်းခင်းတစ်ခုရောက်တာနဲ့ အမြန်အမြန်ပုံရိုက်ပြီး ပြန်ထွက်တာထက် နေရာရွေး၊ ပုံရိုက်၊ အေးအေးဆေးဆေးလည်ပတ်နဲ့ အချိန်ပေးတာက ပိုကောင်းပါတယ်။

Ying yong အရင်မသွားသေးဘူး ပန်းခင်တွေပဲ ဆက်လည်ချင်တယ်ဆို Pang Hwa နဲ့ Orange Farm ဘက် ဆက်သွားလို့ရပါတယ်။

ဒီအစီအစဉ်မှာ နေ့လည်စာနည်းနည်းနောက်ကျနိုင်တာမို့ အစာပြေတစ်ခုခု စားထားတာပိုကောင်းပါတယ်။

နေ့လည်စောင်းလောက်ဆို Mon Jam ကားပါကင်မှာ ထမင်းစားပါ။

ပြီးရင် Mon Jam လည်ပြီး နောက်ဆုံး Yoddoi မှာ အေးအေးဆေးဆေး ထိုင်နားလို့ရပါတယ်။

အပူအရမ်းမခံချင်ရင် Pang Hwa နဲ့ Jinju နှစ်ခုလုံးမဝင်ဘဲ တစ်ခုလောက်ပဲ ဝင်လို့ရပါတယ်။

ပြီးရင် Yoddoi မှာ အေးအေးဆေးဆေးနားပြီးမှ Mon Jam ကို ဆက်သွားလို့လည်းရပါတယ်။................

Solution 4

Mae Kampong နဲ့ Mon Jam တွဲပြီးလည်ပါ။

မနက်ပိုင်း Mae Kampong ဘက်သွားပြီး အေးအေးဆေးဆေး လည်ပတ်ပါ။

နေ့လည်ပိုင်းရောက်မှ Solution 1 အတိုင်း Mon Jam ဘက်ကို ဆက်လည်ပါ။

QsBG တို့ Wtf တို့တော့ Skip လိုက် ပန်းခင်းတွေပဲ တွန်းလည်ပေါ့

ကားခတော့ ပိုကုန်မှာဖြစ်ပေမယ့် တစ်ရက်တည်းနဲ့ Mae Kampong နဲ့ Mon Jam နှစ်နေရာစလုံး သွားပြီး ပုံလှလှလေးတွေ ရနိုင်တာကလည်း တစ်ရက်တည်းအချိန်ရတဲ့သူတွေအတွက် ရွေးချယ်စရာကောင်းတဲ့ Solution တစ်ခုပါ။

Mae Kampong ကိုတော့ အေးအေးဆေးဆေး တစ်ရက်သီးသန့်သွားချင်တယ်ဆိုရင် Mon Jam ကို Dantewada နဲ့ တွဲလည်လို့ရပါတယ်။

ဓာတ်ပုံရိုက်တာကို အဓိကထားပြီး လာတဲ့သူတွေအတွက် Dantewada နဲ့ Mon Jam တွဲပြီးလည်တာကလည်း ရွေးချယ်စရာကောင်းတဲ့ ပုံစံတစ်ခုပါ။

အရေးကြီးဆုံးကတော့ Mon Jam ဘက်မှာ လည်ပတ်စရာနေရာတွေများတာထက် ဘယ်နေရာကို ဘယ်အချိန်မှာ သွားမလဲဆိုတာပါ။

မနက်ပိုင်းမှာ ပန်းခင်းတွေ၊ Outdoor နေရာတွေကို လည်ပြီး နေ့လည်ပိုင်းမှာ Cafe၊ Garden၊ Waterfall လို နေပူဒဏ်သက်သာတဲ့ နေရာတွေကို သွားတာက ပိုအဆင်ပြေပါတယ်။

ညနေပိုင်းမှာတော့ ပန်းခင်းတွေ၊ Viewpoint တွေ၊ Sunset ကြည့်လို့ကောင်းတဲ့ နေရာတွေကို ပြန်သွားလို့ရပါတယ်။

ဒီလိုအချိန်နဲ့ နေရာကို သေချာခွဲပြီး စီစဉ်သွားမယ်ဆိုရင် တစ်နေ့တည်းနဲ့ Mon Jam ဘက်က နေရာတော်တော်များများကို အဆင်ပြေပြေ လည်ပတ်နိုင်ပါတယ်။

High Season မှာ Mon Jam ဘက်သွားဖို့ စီစဉ်နေတယ်ဆိုရင် ဒီ Post လေးကို Save ထားပါနော်။

သွားပြီးမှ အချိန်မကိုက်တာ၊ နေပူလွန်းတာကြောင့် အဆင်မပြေဖြစ်တာထက် မသွားခင်ကတည်းက ကိုယ့်အတွက် အဆင်ပြေမယ့် အချိန်နဲ့ လည်ပတ်ပုံကို ကြိုစီစဉ်ထားတာ ပိုကောင်းပါတယ်။

မွန်ဂျမ်းရောက်ရင် ဒီနေရာကို မဝင်ဘဲ ပြန်မလာနဲ့နော် 🌸📸Yoddoi Cafe  ဘေးက ပန်းခင်းလေးကတော့ ဘယ်အချိန်ရိုက်ရိုက်Photo လှလှလေးတ...
15/09/2026

မွန်ဂျမ်းရောက်ရင် ဒီနေရာကို မဝင်ဘဲ ပြန်မလာနဲ့နော် 🌸📸

Yoddoi Cafe ဘေးက ပန်းခင်းလေးကတော့ ဘယ်အချိန်ရိုက်ရိုက်
Photo လှလှလေးတွေ အမြဲရတတ်တဲ့နေရာ 🌸

တစ်ချို့က အပြင်က ကြည့်ပြီး သိပ်မဝင်ချင်ကြဘူး။
အထဲဝင်ကြည့်ပါ။ ကြိုက်သွားလိမ့်မယ်။

တောင်စောင်းလေးဖြစ်ပြီး နေကို ကျောပေးထားတာကြောင့်
Mon Jam / Ying Yong တို့ထက် နေပူချိန်မှာ အပူဒဏ်နည်းနည်းပိုသက်သာပြီး အေးအေးလူလူ ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတယ်။

ပန်းခင်းထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်၊
Photo လှလှလေးတွေ ရိုက်ပြီး
ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးထိုင်မယ်ဆိုရင်တော့ Perfect ပဲ ☕🌿

ဒါပေမယ့် ကော်ဖီဆိုင်လေးကတော့ ခုနောက်ပိုင်း ထိုင်ခုံမရလောက်အောင် လူအရမ်းစည်နေပြီ 😄

မွန်ဂျမ်းသွားမယ့်သူတွေ Yoddoi ကို Save ထားကြဦးနော်။ ❤️

ျင်းမိုင်

🇹🇭 “ထိုင်းမှာ ပျော်ရဲ့လား…”ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖူးကြမှာ အကြိမ်မနည်းတော့ဘူးမို့လား။ထိုင်းကို ရောက်လာတုန...
13/09/2026

🇹🇭 “ထိုင်းမှာ ပျော်ရဲ့လား…”
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖူးကြမှာ အကြိမ်မနည်းတော့ဘူးမို့လား။

ထိုင်းကို ရောက်လာတုန်းကတော့
“ဒီမှာ အလုပ်လုပ်မယ်၊ ပိုက်ဆံရှာမယ်၊ ဘဝကို ပြန်စမယ်” ဆိုတဲ့ စိတ်နဲ့ လာခဲ့ကြတာများပါတယ်။

တချို့ကတော့
မြန်မာပြည်မှာ မနေနိုင်တော့လို့ လာခဲ့ကြတယ်။

တချို့က မိသားစုအတွက် လာခဲ့ကြတယ်။

တချို့က သားသမီးတွေရဲ့ အနာဂတ်အတွက် လာခဲ့ကြတယ်။

တချို့ကတော့ ကိုယ့်ဘဝကို ဘယ်လိုပြန်တည်ဆောက်ရမလဲ မသိသေးပေမယ့်
“အရင်ဆုံး ထွက်လာမှဖြစ်မယ်” ဆိုပြီး လာခဲ့ကြတာပါ။

အခု ဒီမှာရောက်နေတာ နှစ်တွေကြာလာပြီ။

အလုပ်လည်း ရပြီ။
အိမ်လည်း ငှားထားနိုင်ပြီ။
စားစရာလည်း ရှာစားနိုင်ပြီ။
တစ်လတစ်လလည်း ဖြတ်သန်းနိုင်ပြီ။

ဒီတော့ 🇹🇭 “ထိုင်းမှာ တစ်ကယ်ပျော်နေပြီလား။

ဒီမေးခွန်းကို အရင်က မေးရင်
“အလုပ်ရလား၊ ဝင်ငွေကောင်းလား၊ နေထိုင်ရတာ အဆင်ပြေလား” ဆိုတာတွေနဲ့ပဲ ဖြေကြမှာပါ။

အခုတော့ မေးခွန်းက နည်းနည်းပြောင်းလာပြီ။

“ဒီမှာ ဆက်နေလို့ရပါ့မလား…”

“နောက်တစ်နှစ်ကျရင် ဘာဖြစ်မလဲ…”

“ကိုယ့်စာရွက်စာတမ်းတွေ အဆင်ပြေပါ့မလား…”

“အလုပ်လုပ်နေတာ အဆင်ပြေပါ့မလား…”

“ဒီမှာပဲ ဆက်နေသင့်လား၊ တခြားနိုင်ငံကို သွားသင့်လား…”

ဆိုတဲ့ မေးခွန်းတွေပါ တွေးလာကြရပါတယ်။

ဘာကြောင့်လဲဆိုတော့…

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ စာရွက်စာတမ်းစနစ်တွေ၊ Work Permit နဲ့ နေထိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အခုနောက်ပိုင်းမှာ ပိုပြီး စနစ်တကျ စီမံလာတာတွေ့ရလို့ပါ။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအများအပြားမှာ မြန်မာအလုပ်သမားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ လိုအပ်နေဆဲပါ။

အဲဒီအခြေအနေက ထိုင်းမှာ နေထိုင်နေတဲ့ မြန်မာတွေရဲ့ စိတ်ထဲကိုလည်း တဖြည်းဖြည်း ရောက်လာပါတယ်။

အရင်တုန်းက ထိုင်းကိုလာတာက
“အလုပ်လုပ်မယ်၊ ပိုက်ဆံရှာမယ်၊ မိသားစုကို ကူမယ်” ဆိုတာလောက်နဲ့ ရတယ်။

အခုတော့—

📄 စာရွက်စာတမ်း
🛂 Visa
👷 Work Permit
🏠 နေထိုင်ခွင့်
💰 ဝင်ငွေ
💵 စုငွေ
🗣️ ဘာသာစကား
🎓 သားသမီးတွေရဲ့ ပညာရေး
🚶 နောက်ထပ် ဘယ်နိုင်ငံကို သွားနိုင်မလဲ

ဆိုတာတွေကို တစ်ခါတည်း တွေးလာရတယ်။

အဲဒါတွေက စာရွက်ပေါ်မှာတော့ Policy တွေ၊ Rule တွေ၊ Regulation တွေပဲ။

ဒါပေမယ့် လူတစ်ယောက်ရဲ့ဘဝထဲ ရောက်သွားတဲ့အခါတော့—

စိတ်ဖိစီးမှု ဖြစ်လာတယ်။

အနာဂတ်မသေချာမှု ဖြစ်လာတယ်။

“ငါ ဒီမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲ” ဆိုတဲ့ မေးခွန်း ဖြစ်လာတယ်။

တချို့သူတွေကတော့ ဒီလိုပြောကြတယ်။

“ထိုင်းမှာနေရတာ အဆင်ပြေပါတယ်။
ဒါပေမယ့် အရင်လိုတော့ စိတ်မချတော့ဘူး…”

တချို့က—

“ဒီမှာပဲ အလုပ်လုပ်ပြီး ဘဝတည်ဆောက်မယ်လို့ စိတ်ကူးထားတာ။ အခုတော့ နောက်တစ်လမ်းလည်း ဖွင့်ထားရမယ်ထင်တယ်…”

တချို့က—

“သားသမီးတွေအတွက်ဆိုရင်တော့ ဒီမှာပဲ ဆက်နေချင်တယ်…”

တချို့ကတော့—

“အခွင့်အရေးရရင် တတိယနိုင်ငံ သွားချင်တယ်…”

တချို့က—

“မြန်မာပြည်ပြန်မယ်…”

လို့ ပြောလာကြတယ်။

တချို့ကတော့ ဘာမှမပြောဘဲ
တိတ်တိတ်လေး စောင့်ကြည့်နေကြတယ်။

ဘယ်သူမှန်လဲလို့ မှတ်ချက်မပေးလိုပါ။
လူတိုင်းက ဖြတ်သန်းခဲ့ရပုံ မတူတော့ အဖြေက အမျိုးမျိုးဖြစ်နိုင်တယ်။
ကျိန်းသေတာတစ်ခုကတော့ ကိုယ့်အနာဂတ်အတွက် အမှန်ဆုံး အဖြေကို ကိုယ်ရွေးခဲ့ကြမှာချည်းပဲ။

အဲဒီထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက—

ထိုင်းမှာ မပျော်တော့လို့ ထွက်ချင်တာလား?

ဒါမှမဟုတ်—

ထိုင်းမှာ ပျော်ပေမယ့် အနာဂတ်ကို မသေချာတော့လို့ ထွက်ချင်တာလား?

ဆိုတာပါ။

နှစ်ခုက မတူပါဘူး။

ထိုင်းမှာ လူတွေကောင်းတယ်။
မြို့တွေက သာယာတယ်။
အစားအသောက်ကောင်းတယ်။
သွားစရာလာစရာ နေရာတွေများတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှိတယ်။

ချင်းမိုင်လို မြို့မှာဆိုရင်
တောင်တန်းတွေ၊ ကော်ဖီဆိုင်လေးတွေ၊ အေးချမ်းတဲ့နေ့ရက်တွေကြားမှာ
“ဒီနေရာမှာပဲ နေသွားလို့ကောင်းပါတယ်” လို့ တွေးမိတဲ့နေ့တွေတောင် ရှိခဲ့ကြလိမ့်မယ်။

ဒါပေမယ့်…

“ငါ ဘယ်ကိုပိုင်တာလဲ…”

ဆိုတဲ့ခံစားချက်မျိုး ဝင်လာတတ်တယ်။

မြန်မာပြည်ပြန်ရင်လည်း အရာအားလုံးက အရင်လိုမဟုတ်တော့ဘူး။

ထိုင်းမှာနေရင်လည်း အမြဲတမ်း ကိုယ့်အိမ်လို ခံစားရတာ မဟုတ်ဘူး။

တတိယနိုင်ငံသွားရင်လည်း အစကနေ ပြန်စရမယ်။

အဲဒီလိုနဲ့—

နိုင်ငံသုံးနိုင်ငံကြားမှာ ကိုယ့်ဘဝကို ဘယ်မှာချမလဲဆိုတာ စဉ်းစားနေရတဲ့သူတွေ အများကြီးရှိလာတယ်။

တကယ်တော့ ထိုင်းကိုလာခဲ့တဲ့ ဆုံးဖြတ်ချက်ကို
နောင်တရဖို့ မလိုပါဘူး။

ဘာကြောင့်လဲဆိုတော့—

အဲဒီအချိန်တုန်းက ကိုယ်သိသလောက်၊ ကိုယ်မြင်သလောက်၊ ကိုယ်ခံစားရသလောက်နဲ့
ကိုယ့်ဘဝအတွက် အကောင်းဆုံးလို့ထင်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြတာပဲ။

အခုအခြေအနေ ပြောင်းသွားလို့
အရင်ဆုံးဖြတ်ချက်က မှားသွားတာ မဟုတ်ပါဘူး။

တစ်ခါတလေ—

ပထမခြေလှမ်းက နောက်ဆုံးနေရာမဟုတ်ဘူး။

မြန်မာကနေ ထိုင်းကိုလာတာဟာ
ဘဝရဲ့ နောက်ဆုံး destination မဟုတ်နိုင်ဘူး။

ထိုင်းကနေ တတိယနိုင်ငံသွားတာလည်း
အရင်ဆုံး ထိုင်းကိုလာခဲ့တာ မှားလို့မဟုတ်ဘူး။

မြန်မာပြည်ပြန်သွားတာလည်း
ထိုင်းကိုလာခဲ့တာ အမှားဖြစ်သွားတာ မဟုတ်ဘူး။

ဘဝဆိုတာ တစ်နေရာတည်းမှာ အမြဲရပ်နေရတာ မဟုတ်ဘူး။

အခြေအနေပြောင်းရင်
ဆုံးဖြတ်ချက်လည်း ပြောင်းလို့ရပါတယ်။

အခုအချိန်မှာ Plan B ရှိထားတာဟာ ထိုင်းကို မချစ်လို့ မဟုတ်ပါဘူး။

ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတာပါ။

ကျွန်တော်တော့ ဒီလိုပဲမြင်တယ်။

ထိုင်းမှာ ပျော်ရင် ဆက်နေပါ။

မပျော်တော့ရင် ထွက်ပါ။

အနာဂတ်အတွက် တခြားနေရာက ပိုကောင်းမယ်ထင်ရင် ပြင်ဆင်ပြီးသွားပါ။

မြန်မာပြည်က ပြန်သင့်တဲ့အချိန်ရောက်ပြီထင်ရင် ပြန်ပါ။

ဘယ်ဆုံးဖြတ်ချက်ကိုမှ အပြစ်တင်စရာမလိုပါဘူး။

ကိုယ့်အဖြေကို ကိုယ်ပဲ သိမှာပါ။

#ထိုင်းမှာပျော်ရဲ့လား


#ချင်းမိုင်
#မြန်မာတွေရဲ့ဘဝ
#ရွှေ့ပြောင်းဘဝ

ချင်းမိုင် လာတဲ့သူတွေ ကလေးတွေပါရင် ဒီနေရာလေးလည်း လည်ပတ်ဖို့ မမေ့ကြနဲ့နော်Hidden village တဲ့ ချင်းမိုင်မြို့ထဲမှာပဲ။ ဝင်င...
12/09/2026

ချင်းမိုင် လာတဲ့သူတွေ ကလေးတွေပါရင် ဒီနေရာလေးလည်း လည်ပတ်ဖို့ မမေ့ကြနဲ့နော်

Hidden village တဲ့ ချင်းမိုင်မြို့ထဲမှာပဲ။ ဝင်ငြေးက200
Pink card တို့ ယာဥ်မောင်းလိုင်စင်တို့ပြနိုင်ရင်တော့ 100

Dinosor ရုပ်ကြီးတွေနဲ့ အင်းစက်ရုပ်ကြီးတွေကတော့ ကလေးတွေ အကြိုက်ပဲ Mini play ground လည်းပါတယ်။

သိုးလေးတွေလည်း ရှိတယ်။
ယုန်လေးတွေ ဝက်လေးတွေလည်း အစာကျွေးလို့ရ

မြင်းပုလေးတွေ နဲ့ ရထားတွဲကြီးလည်း စီးလို့ရသေးတယ်။
ကိုယ်တိုင်နာနားနေနေနဲ့ ကလေး ထိန်းချင်တဲ့ သူတွေလည်း အဲ့ ကို တစ်ရက်သွားကြည့်ကြဦးနော်

ျင်းမိုင်

ဆောင်းရာသီရဲ့ မှော်ဆန်မှုတစ်ခုကို ပြောပါဆိုရင် Doi Ang Khang က ချယ်ရီပင်တွေအကြောင်း အရင်ပြောရမယ်ထင်တယ်… 🌸🏔️ဒီဇင်ဘာ ဇန်နဝ...
11/09/2026

ဆောင်းရာသီရဲ့ မှော်ဆန်မှုတစ်ခုကို ပြောပါဆိုရင် Doi Ang Khang က ချယ်ရီပင်တွေအကြောင်း အရင်ပြောရမယ်ထင်တယ်… 🌸🏔️
ဒီဇင်ဘာ ဇန်နဝါရီ ချင်းမိုင်လာမယ့်သူတွေ သွားသင့်တဲ့နေရာလေးမို့ အတိတ်ကို နည်းနည်းလောက်ပြန်ရစ်ကြည့်ကြရအောင်

📍 Doi Ang Khang – 9 Jan 2026

ချင်းမိုင်တစ်ဝိုက်က ချယ်ရီပန်းတွေ ပွင့်ပြီး အရောင်တွေတောင် ဖျော့လာပြီထင်တဲ့အချိန်မှာ…

Doi Ang Khang ရဲ့ ပန်းရောင်မှော်ဆန်မှုကတော့ အခုမှ တကယ်စတာပါ။

တောင်တက်လမ်းတစ်လျှောက်မှာ ထိုင်းချယ်ရီပန်းတွေ သိပ်မတွေ့ရတော့
“ဒီနှစ်တော့ ပန်းတွေ ပွင့်ပြီးကုန်ပြီထင်တယ်” ဆိုပြီး တွေးမိခဲ့သေးတယ်။

ဒါပေမယ့်…

အဓိကဇာတ်ဆောင်တွေ ရှိတဲ့ ဘုရင့်ပန်းခြံ ထဲ ရောက်သွားတဲ့အချိန်မှာတော့
မြင်လိုက်ရတဲ့မြင်ကွင်းက လုံးဝတခြားကမ္ဘာတစ်ခုလိုပါပဲ။ 🌸

ပန်းရောင်ချယ်ရီကိုင်းတွေက လမ်းဘေးမှာ တိတ်တိတ်လေးထိုင်ပြီး
လာတဲ့သူတွေကို ကိုယ့်အလှနဲ့ကိုယ် ဖျော်ဖြေပေးနေသလိုမျိုး…

ဒီနေရာမှာ Foreigner တွေ သိပ်မတွေ့ရဘူး။
အများစုက ထိုင်းနဲ့ တရုတ်ခရီးသွားတွေပဲ။

Doi Ang Khang ရဲ့ ချယ်ရီပန်းတွေက ထူးခြားတာက
ပန်းအရောင်ပိုတောက်ပြီး ပန်းတွေကလည်း ပိုကြီးတာပါ။

ပုံမှန်ချယ်ရီလမ်းလေးတွေမှာ ဓာတ်ပုံရိုက်ရင် ပန်းရောင်က သိပ်မပေါ်တတ်ပေမယ့်
ဒီမှာတော့…

လမ်းလျှောက်လမ်းလေးတစ်လျှောက်ကိုပဲ ရိုက်ရိုက်၊
ချယ်ရီပင်အောက်မှာပဲ ရပ်ရပ်…

ပန်းရောင်က ပုံထဲမှာ ထင်းနေတယ်။ 🌸

🚗 ဘယ်လိုသွားမလဲ?

ချင်းမိုင်ကနေဆိုရင် ကားနဲ့ ၃ နာရီဝန်းကျင် လောက် သွားရပါတယ်။

ချင်းမိုင် → ချင်းဒေါင်းကိုဖြတ် → နယ်စပ်နားက တရုတ်ရွာဘက်ကနေ Doi Ang Khang ကို တက်ရတာပါ။

Hinoki Land ဘက်ကနေလည်း သွားလို့ရပေမယ့်
အဲဒီဘက်လမ်းက တောင်တက်အရမ်းမတ်တာကြောင့် ကားသေးနဲ့ မသင့်တော်ပါဘူး။

တရုတ်ရွာဘက်က လမ်းကလည်း အတော်မတ်ပါတယ်။
ဒါကြောင့် တောင်လမ်းမောင်းကျွမ်းကျင်တဲ့သူဆို ပိုအဆင်ပြေပြီး
ဖြစ်နိုင်ရင် ကားကြီးနဲ့ သွားတာကို ပိုအကြံပြုချင်ပါတယ်။

လမ်းတစ်လျှောက်မှာလည်း View Point လေးတွေ ရှိပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး Camping နေရာတွေထဲက တစ်ခုဖြစ်တဲ့ Mon Sone View Point ကတော့ မနက်စောစောရောက်ရင် မြူတွေကြားက မြင်ကွင်းက တကယ်ကို မယုံနိုင်စရာလှပါတယ်။

View Point တွေမှာ ခဏနားပြီးရင်
ချယ်ရီပန်းတွေရှိတဲ့ ဘုရင့်ပန်းခြံ ဘက်ကို ဝင်လည်လို့ရပါတယ်။

အပြန်မှာတော့ ကားရဲ့ Brake အခြေအနေကောင်းပြီး တောင်လမ်းမောင်းကျွမ်းကျင်ရင် Hinoki Land ဘက်ကို ဆင်းတဲ့လမ်း ကနေ ပြန်ဆင်းလို့ရပါတယ်။

အဲဒီလမ်းမှာ လိမ္မော်ခြံလေးတွေ ဖြတ်သွားရတာလည်း အရမ်းလှပါတယ်။ 🍊

ဒါပေမယ့် ဒီနေရာမှာ တစ်ချက်တော့ အလေးအနက်ပြောချင်တယ်—

ကားမောင်းကျွမ်းကျင်မှ အဲဒီလမ်းကနေ ဆင်းပါ။

ဒါကြောင့် ကိုယ့်ကားနဲ့ကိုယ် သွားမယ်ဆိုရင် လမ်းအခြေအနေ၊ ကားအခြေအနေကို သေချာစစ်ပြီးမှ သွားကြပါနော်။

ဆောင်းရာသီရောက်တိုင်း ချင်းမိုင်တောင်တန်းတွေက သူ့အလှနဲ့သူ ပေါ်လာကြပေမယ့်…

Doi Ang Khang ရဲ့ ချယ်ရီပန်းရောင်ကတော့ ဆောင်းရာသီကို ပိုပြီးမှော်ဆန်သွားစေတဲ့ အရောင်တစ်ရောင်လို့ ပြောချင်တယ်။ 🌸

ဒီနှစ်လည်း ချယ်ရီပန်းတွေ အလှဆုံးဖူးပွင့်နေတဲ့အချိန်မှာ
Doi Ang Khang က မြန်မာခရီးသွားတွေရဲ့ ခြေလှမ်းကို စောင့်မျှော်နေပြီထင်ပါတယ်။ ❤️

အခုပဲ သွားလိုက်ကြဦးနော်…

ဘယ်လိုသွားရမလဲ၊ ဘယ်နေရာတွေမှာ ဘယ်အချိန်သွားရင်အကောင်းဆုံးလဲ သိချင်ရင် လာမေးလို့ရပါတယ်ရှင့်။ 😊

ျင်းမိုင်



ချင်းမိုင်ရောက်ပြီး Doi inthanon မရောက်ရင် မတန်သလိုDoi inthanon သွားတဲ့နေ့ Mae Ya မရောက်ရင်လည်း ပြည့်စုံမှာမဟုတ်ဘူး။Doi ...
10/09/2026

ချင်းမိုင်ရောက်ပြီး Doi inthanon မရောက်ရင် မတန်သလို
Doi inthanon သွားတဲ့နေ့ Mae Ya မရောက်ရင်လည်း ပြည့်စုံမှာမဟုတ်ဘူး။

Doi Inthanon ရောက်ရင် ဒီနေရာကို မကျော်သွားနဲ့နော်…

တောင်ထိပ်တက်ပြီး ဓာတ်ပုံလှလှရိုက်၊ ပြန်ဆင်းလာတာနဲ့ပဲ Doi Inthanon ခရီးက ပြီးသွားပြီလို့ မထင်လိုက်နဲ့ဦး…

တောင်ကြီးတစ်ခုလုံးကနေ ရေတွေ အလွှာလိုက် ဖြာကျနေသလို မြင်ရတဲ့ ရေတံခွန်ကြီးတစ်ခု ရှိသေးတယ်။ 😍

အဲဒါကတော့ မယ်ယ့ရေတံခွန် (Mae Ya Waterfall) ပါ။
နာမည်နဲ့လိုက်အောင်ပဲ ရေတံခွန်တို့ရဲ့ Queen လို့တောင် တင်စားချင်စရာကောင်းတဲ့နေရာ။

ကျောက်သားတောင်စောင်းကြီးပေါ်ကနေ
ရေတွေက အလွှာလိုက်၊ အဆင့်လိုက် ဖြာထွက်ပြီး အောက်ဘက်ကို တစ်ဖြည်းဖြည်း စီးကျလာတာ။

အထူးသဖြင့် မိုးများတဲ့အချိန်ဆိုရင်တော့…

တောင်နံရံကြီးတစ်ခုလုံးကို အဖြူရောင်ရေကုလားကာကြီးနဲ့ ချိတ်ဆွဲထားသလိုပဲ။ 🤍

အောက်ခြေထိ ရောက်သွားရင်လည်း ရေတံခွန်ကြီးရဲ့ အရွယ်အစားကို ပိုသိသာတယ်။

အပေါ်ကို မော့ကြည့်လိုက်ရင်
“ဟာ… ဒီလောက်တောင် ကြီးတာလား” ဆိုပြီး ဖြစ်သွားနိုင်လောက်အောင်ကြီးတာ

ရေသံကလည်း တဝေါဝေါနဲ့…

အဲ့ဒီနေရာမှာ ခဏလောက် ထိုင်ပြီး ဘာမှမလုပ်ဘဲ ငေးကြည့်နေရတာတောင်တန်တယ်

ဓာတ်ပုံဝါသနာရှင်တွေအတွက်ဆို ပိုတောင် မိုက်သေးတယ်။ 📸

ရေတံခွန်ကြီးကို နောက်ခံထားပြီး လူတစ်ယောက်ကို အောက်ခြေမှာ သေးသေးလေးထားရိုက်လိုက်ရင် IG မှာ တင်ကြွားဖို့ ပုံကောင်းကောင်း တစ်ခုရမှာ အသေချာပဲ

ဒါကြောင့်…

Doi Inthanon သွားမယ်ဆိုရင် တောင်ထိပ်တစ်နေရာတည်းပဲ မကြည့်ခဲ့နဲ့နော်။

နည်းနည်းလေး လမ်းကြောလွှဲပြီး
Mae Ya Waterfall ကိုပါ ဝင်ကြည့်ခဲ့ပါ။

ျင်းမိုင်


Baan Rak Thai ရောက်ရင် ရေကန်ကြီးနားမှာပဲ ယောင်လည်လည်လုပ်၊ ဓာတ်ပုံနှစ်ပုံသုံးပုံရိုက်ပြီး ပြန်မလာကြနဲ့ဦးနော်။တကယ် နစ်နာလွ...
08/09/2026

Baan Rak Thai ရောက်ရင် ရေကန်ကြီးနားမှာပဲ ယောင်လည်လည်လုပ်၊ ဓာတ်ပုံနှစ်ပုံသုံးပုံရိုက်ပြီး ပြန်မလာကြနဲ့ဦးနော်။

တကယ် နစ်နာလွန်းလို့ သတိပေးတာပါဗျာ။
အထူးသဖြင့် အခုလို ခရီးသွားနည်းတဲ့ အချိန်ပေါ့။ ကန်ထဲမှာ လှေနည်းတော့ ကြောင်ပျောက်ကုန်ရော

ခုချိန် Baan rak thai ရဲ့ တကယ့် “အသက်” နဲ့ “အလှတရားအစစ်” က ရေကန်ကြီးအပေါ်ဘက် တောင်ကုန်းလေးပေါ်မှာ ရှိတယ်။

အဲဒါကတော့ Lee W**e Rak Thai ရဲ့ လက်ဖက်စိုက်ခင်းကြီး ပါ။

စကားလုံးတွေနဲ့ပဲ “လှတယ်” ပြောနေရင် မယုံမှာစိုးလို့ သက်သေပါ ပြရသေးတယ်မို့လား။ ဒါတောင် နေတော်တော်မြင့်မှ ရိုက်ထားတာဆိုတော့ ဒီထက်ပိုလှနိုင်သေးတယ်ဗျ။

သွားချင်ရင် လာမေးလို့ရပါတယ်။ Nov Dec Jan သုံးလကတော့ အလှဆုံးပေါ့

ကဲ… ထုံးစံအတိုင်း အာလူး စဖုတ်ပါပြီ။

ရိုးရိုး “လက်ဖက်ခင်း” လို့ ပြောလိုက်ရင်တောင် ဒီနေရာကို အားနာစရာကောင်းမယ်ထင်တယ်။

တောင်စောင်းတစ်ခုလုံးကို စိမ်းစိမ်းလေး ဖုံးလွှမ်းထားတဲ့ လက်ဖက်ခင်းတွေက လှေကားထစ်ပုံစံနဲ့ အပေါ်ကို တက်သွားတယ်။

မနက်ခင်း မြူခိုးလေးတွေ ဝေနေတဲ့အချိန်ဆို ပိုလို့တောင် လှတယ်။

နေရောင်နုနုလေး ကျလာတဲ့အခါ လက်ဖက်ရွက်ပေါ်က နှင်းစက်လေးတွေ တောက်ပနေတာက တောင်စောင်းတစ်ခုလုံးကို စိမ်းမြတဲ့ ပန်းချီကားကြီးတစ်ချပ်လို ဖြစ်သွားစေတယ်။

ပြီးတော့ ဒီလက်ဖက်ခင်းကြီးကို ပိုပြီး ထူးခြားသွားစေတာက လက်ဖက်ခင်းကြားထဲက တရုတ်ရိုးရာအိမ်လေးတွေ။

အဝါရောင်သန်းသန်း အိမ်လေးတွေ၊ တွဲလောင်းကျနေတဲ့ မီးပုံးနီနီလေးတွေက စိမ်းစိုနေတဲ့ လက်ဖက်ခင်းကြီးနဲ့ ပေါင်းစပ်သွားတော့…

တရုတ်ဝတ္ထုထဲက သိုင်းလောကတစ်ခုကို ရောက်သွားသလို ခံစားရတယ်ဗျ။

ပြီးတော့ အပေါ်ဆုံးက Viewpoint ကို မတက်ဘဲ မပြန်ပါနဲ့။

The Real View က အပေါ်မှာပါ။

အပေါ်ကနေ ပြန်ငုံ့ကြည့်လိုက်ရင်…

အောက်မှာ ငြိမ်သက်နေတဲ့ ရေကန်ကြီး၊ တောင်ကြားထဲမှာ အိပ်မောကျနေသလို ဖြစ်နေတဲ့ ရွာလေး၊ ကိုယ့်ခြေရင်းမှာတော့ စိမ်းစိုနေတဲ့ လက်ဖက်ခင်းကြီး။

ဒီသုံးခု တစ်ပြိုင်တည်း မြင်ရတဲ့အချိန်မှာတော့…

“ဪ… Baan Rak Thai ဆိုတာ ဒါပါလား” ဆိုပြီး အော်မိမှာ သေချာတယ်။

ဓာတ်ပုံရိုက်တဲ့သူတွေအတွက်လည်း Angle တစ်ခုတည်းနဲ့တင် မပြီးဘူး။ အပေါ်တက်လေလေ မြင်ကွင်းက ပိုကျယ်လာပြီး ရွာ၊ ရေကန်နဲ့ လက်ဖက်ခင်းကို တစ်ပုံတည်းထဲ ထည့်ရိုက်လို့ရလာတယ်။

ဒါကြောင့် Baan Rak Thai ရောက်ခဲ့ရင်…

ရေကန်ကြီးနားမှာပဲ ရပ်မနေကြပါနဲ့။

တောင်ကုန်းပေါ်က Lee W**e လက်ဖက်ခင်း ဆီကို ခြေဦးလှည့်လိုက်ပါ။

သဘာဝတရားက သူ့ရဲ့ အလှဆုံးပန်းချီကားတစ်ချပ်ကို ကိုယ့်ရှေ့မှာ အခမဲ့ ဖြန့်ခင်းပေးထားတာကို ကိုယ်တိုင်သွားကြည့်လိုက်ပါဗျာ။

ဝင်ကြေးက 40 ဘတ်ပဲ ပေးရပါတယ်။ Lee W**e Resort မှာ တည်းတဲ့သူတွေကတော့ အဲဒီအတွက် သီးသန့်ပေးစရာမလိုပါဘူး။

Location ကို Comment မှာ ချပေးထားပါတယ်။

ျင်းမိုင်
#ချင်းမိုင်

**eRakThai

05/09/2026

ချင်းမိုင်ရဲ့ တောင်ပေါ် မနက်ခင်းလေး တစ်ခု
ျင်းမိုင်

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel in ချင်းမိုင်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์