05/12/2022
Online Booking စနစ်ဖြင့် Passport လျှောက်ထားခြင်းကို ၂၄ နာရီပတ်လုံး လျှောက်ထားနိုင်ရန်အတွက် စနစ်သစ်ပြန်လည်ရေးဆွဲပါသဖြင့် website မှ တဆင့် booking လျှောက်ထားခြင်းများကို 05 Dec 2022 မှ စတင်၍ရပ်နားထားပါသည်ဟု ထုတ်ပြန်ထားပါသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံ အသိပေးကြေညာချက် (၄-၁၂-၂၀၂၂)
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)သို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းအား ၂၁-၃-၂၀၂၂ ရက်တွင် စတင်အသုံးပြုခဲ့ပါသည်။ ယခုအခါ ရက်ချိန်းရယူလိုသူများ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။
ယခုအသုံးပြုလျက်ရှိသော Online Booking စနစ်ဟောင်းမှ ရက်ချိန်းပေးခြင်းကို ၅-၁၂-၂၀၂၂ ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများ အနေဖြင့် မိမိတို့ရက်ချိန်းရရှိထားသည့် နေ့ရက်များတွင် ရုံးတွင်းသို့ ဆက်လက် အသုံးပြုဝင်ရောက်နိုင်ပါသည်။
သို့ဖြစ်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ အနေဖြင့် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Code များ မတန်တဆ ဈေးဖြင့်ဝယ်ယူခြင်း၊ အခြားသူ၏ QR Code အားလက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများမပြုလုပ်ကြရန်နှင့် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်အား ထပ်မံကြေညာပေးသွားပါမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့