Tin Naing Oo - ထိုင်း/မြန်မာ လေယာဥ်လက်မှတ် - ခရီးသည် ကြို/ပို့ ဝန်ဆောင်မှု

เส้นทาง

Tin Naing Oo - ထိုင်း/မြန်မာ လေယာဥ်လက်မှတ် - ခရီးသည် ကြို/ပို့ ဝန်ဆောင်မှု ဘာပဲလိုလို ဟယ်လိုလိုက်ပါ

လေကြောင်းဖြင့် ထိုင်းမှ ထွက်ခွာသူ တိုင်းကို လေဆိပ်ခွန် ဘတ် ၁,၀၀၀ ကောက်ရန် ထိုင်းအစိုးရ စီစဉ်7 Oct 2026 By the Nation Tha...
07/10/2026

လေကြောင်းဖြင့် ထိုင်းမှ ထွက်ခွာသူ တိုင်းကို လေဆိပ်ခွန် ဘတ် ၁,၀၀၀ ကောက်ရန် ထိုင်းအစိုးရ စီစဉ်

7 Oct 2026 By the Nation Thailand

ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများဖြင့် ပြည်ပသို့ ထွက်ခွာသည့် ခရီးသည် အားလုံးထံမှ နိုင်ငံသားမရွေး တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ ၁,၀၀၀ ခရီးစဉ်ထွက်ခွာခွန် (Departure Tax) ကောက်ခံမည့် ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခွန်ဦးစီးဌာနတို့က အများပြည်သူ သဘောထား စေတနာကောက်ခံလျက် ရှိသည်။

အဆိုပါ ခရီးစဉ်ထွက်ခွာခွန် ဥပဒေကြမ်း (Departure Tax Act) ကို လာမည့် အောက်တိုဘာ ၂၉ ရက်နေ့အထိ ပြည်သူများနှင့် အကျိုးပါဝင်ပတ်သက်သူများထံမှ အကြံဉာဏ်များ ရယူသွားမည်ဖြစ်သည်။

ယခု ဥပဒေကြမ်းသည် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း မူဘောင်အတွင်းမှ နိုင်ငံတော်၏ အရင်းအမြစ်များကို ပိုမို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် အနာဂတ်တွင် ကြုံတွေ့လာရနိုင်သည့် အရေးပေါ် အခြေအနေများကို ပိုမို လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ရည်ရွယ်ခြင်း ဖြစ်သည် ဟု ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပထမအဆင့်အနေဖြင့် လေကြောင်းလိုင်းဖြင့် ထွက်ခွာသူများကိုသာ ဘတ် ၁,၀၀၀ စတင် ကောက်ခံမည်ဖြစ်ပြီး၊ ကုန်းလမ်းနှင့် ရေလမ်း ထွက်ခွာမှုများကိုမူ ကင်းလွတ်ခွင့် ပေးထားမည်ဖြစ်သည်။

ဥပဒေကြမ်းအရ ယင်းအခွန်ကို တစ်ကြိမ်လျှင် အများဆုံး ဘတ် ၅,၀၀၀ အထိ တိုးမြှင့်ကောက်ခံနိုင်သည့် ဝန်ကြီးဌာန အခွင့်အာဏာလည်း ပါဝင်သည်။

ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူချိန်တွင် လေကြောင်းလိုင်းများ သို့မဟုတ် လက်မှတ်အရောင်းအေးဂျင့်များထံ တစ်ပါတည်း ပေးဆောင်ရမည်ဖြစ်သည်။

အသက် ၂ နှစ်အောက် ကလေးငယ်များ၊ လေဆိပ်အတွင်း အကူးအပြောင်း (Transit) စောင့်ဆိုင်းသည့် ခရီးသည်များ၊ လေယာဉ် အမှုထမ်းများနှင့် တရားဝင် အစိုးရဧည့်သည်တော်များ စသည့် အကန့်အသတ်ရှိသူများသာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၂ ဆအပြင် တစ်လလျှင် ၁.၅ ရာခိုင်နှုန်း တိုးပွားဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို အစိုးရပြန်တမ်းတွင် တရားဝင် ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၁၈၀ ပြည့်မြောက်သည့်နေ့မှစ၍ စတင် အသက်ဝင်မည်ဖြစ်ပြီး၊ ဥပဒေမပြဋ္ဌာန်းမီ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသူများ ပေးဆောင်ရန် မလိုဟု သိရသည်။

ထိုင်းနိုင်ငံပိုင် လေဆိပ်များအာဏာပိုင်အဖွဲ့ (AOT) ၏ တရားဝင် ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံတစ်ဝန်း လေကြောင်းလိုင်းများမှတစ်ဆင့် တစ်ရက်လျှင် ခရီးသည် အဝင်အထွက် ပျမ်းမျှ ၃ သိန်းခွဲမှ ၄ သိန်းနီးပါးအထိ ရှိနေပြီး နှစ်စဉ် စုစုပေါင်း ခရီးသည် ၁၂၀ သန်းမှ ၁၂၅ သန်းကျော်ရှိသဖြင့် ယခု ဥပဒေ အသက်ဝင်လာပါက ထိုင်းအစိုးရအတွက် ဘဏ္ဍာငွေ ဘတ်သန်းပေါင်းများစွာ တိုးပွားရရှိလာမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

ဓာတ်ပုံ - the Nation Thailand

#ထိုင်းနိုင်ငံ #လေကြောင်းလိုင်း ัตรดูหนังสุดคุ้ม

ရွာ​မြေ၊ လယ်ယာမြေ၊ ဂရံမြေတွေကို ဘယ်လို စီစစ် ဝယ်ရမလဲ တဲ့ရွာမြေလို့ ပြောရင်ရွာအတွင်းထဲက မြေသာဝယ် မမှားဘူး။တိုးချဲ့ရွာမြေလ...
24/08/2026

ရွာ​မြေ၊ လယ်ယာမြေ၊ ဂရံမြေတွေကို
ဘယ်လို စီစစ် ဝယ်ရမလဲ တဲ့

ရွာမြေလို့ ပြောရင်
ရွာအတွင်းထဲက မြေသာဝယ် မမှားဘူး။

တိုးချဲ့ရွာမြေလို့ ပြောရင်
တိုးချဲ့ခွင့်ပြုတဲ့ စာ ရှိ/မရှိ
မြို့နယ်ထွေအုပ် နဲ့ မြေစာရင်းမှာ
မေးမြန်း စုံစမ်းပြီး သေချာမှ ဝယ်ပါ။
ကိုယ့်သဘောနဲ့ကိုယ် တိုးချဲ့လို့ မရပါ။

လယ်ယာမြေဝယ်ရင် ပုံစံ ၇ ရှိတာ ဝယ်ပါ။
ဦးပိုင်အမှတ်နဲ့ ကွင်းအမှတ် တည်နေရာ
မှန်/မမှန် မြေစာရင်းရုံးမှာ သွားရောက်စစ်။

ကန့်ကွက်တဲ့သူ ရှိ / မရှိ သေချာမေး
သား ရောင်းတာ မိဘ မသိ
သားမက် ရောင်းတာ ယောက္ခမ မသိ
မဖြစ်ရအောင် သက်သေကို အမျိုးရင်းတွေခေါ်
စာချုပ် ချုပ်။ ဓါတ်ပုံရိုက်ထား။
လိုအပ်ရင် ဖုန်းနဲ့ ဗွီဒီယိုရိုက်ထား

အခြားနည်း သုံးစွဲခွင့်ကျပြီးသားလို့ ပြောရင်
အခြားနည်းသုံးစွဲခွင့်ကို ဘယ်လိုခေါင်းစဥ်နဲ့
ချထားပေးတာလဲ ဆိုတာ မေးပါ။

လယ်မြေကနေ စပါးစိုက်ပျိုးမရလို့
သရက်စိုက်ချင်လို့ သီးနှံပြောင်း ​ချပေးတာလား ?
မွေးမြူရေးအတွက် ချထားပေးတာလား ?
ထုတ်ကုန် / အလုပ်ရုံအတွက် ချပေးတာလား ?
သေချာမေးပါ။

(လတ်တလောမှာတော့ လယ်မြေဆိုရင်
အခြားနည်း အသုံးပြုခွင့် ချမပေးပါ )

အခြားနည်းအသုံးပြုခွင့် ဆိုတာက
မြေကွက်ရိုက်ပြီး ရောင်းစားဖို့ မဟုတ်။
စက်သုံးဆီဆိုင်ဖွင့်ဖို့တောင် ၁ ဧကလောက်ပဲ
ချပေးတာ။

ပုံစံ ၇ ဆိုတာက
လယ်ယာမြေ အသုံးပြုခွင့် လက်မှတ်
အမည်ပေါက်နဲ့ ထုတ်ပေးတာ

အိမ်၊ ခြံ၊ လယ်ယာမြေတွေအတွက်
ထုတ်ယူတဲ့ ပုံစံ ၁၀၅ / ပုံစံ ၁၀၆ ဆိုတာက
ပိုင်ဆိုင်မှု မဟုတ်ဘူး။

မြေပုံ မြေရာဇဝင် နဲ့ အနားလေးရပ်ကြား
မြေကွက်တည်ရှိတာကို ရေးဆွဲပေးတာ
မြေအမျိုးအစားက ဘာမြေ . . .
မြေကွက် ဘေးဘယ်ညာက ဦးဘယ်သူ
ဘယ်လမ်း စသဖြင့်ပေါ့။
သက်တမ်းက အလွန်ဆုံး ၁ နှစ်ပဲ
ဂရံမြေ အိမ်ဆောက်ဖို့အတွက်ဆို ၆ လ ပဲ။

နောက်တစ်ချက်က
ဂရံမြေတွေမှာ တိုက်အိမ်အပါ ဝယ်ရင်
ဆောက်လုပ်ခွင့် တင်ပြပြီးသားလား ?
ဆောက်လုပ်ပြီးစီးကြောင်းစာ ရပြီလား ? မေးပါ
ဆောက်လုပ်ခွင့် မတင်ပြရသေးလို့
ဆောက်လုပ်ပြီးစီးကြောင်း စာမရသေးလို့
နောင်တစ်ချိန် ပြဿနာဖြစ်ရင် ဝယ်ယူသူက
နစ်နာလိမ့်မယ်။

နောက်တစ်ချက်က
ဆောက်လုပ်ခွင့် တင်ပြတာနဲ့ ပတ်သက်လို့

နေပြည်တော်မှာ အိမ်ဆောက်ရင်
ပေ ၁၂၀ × ၁၂၀ နှင့် အထက်
မြေကွက်ဆိုရင်
မြေကျန်ကို ရှေ့ ၁၂ ပေ၊ နောက် ၈ ပေ
ဘေးဘယ်ညာ ၅ ပေစီ ချန်ရတယ်။

ပေ ၄၀ × ၆၀ မှ
ပေ ၁၂၀ × ၁၂၀ အောက် မြေကွက်ဆိုရင်
မြေကျန်ကို နောက် ၅ ပေ၊ ရှေ့ ၅ ပေ
ဘေးဘယ်ညာ ၃ ပေစီ ချန်ရတယ်။
(အဆောက်အဦအပြင် နံရံကနေ ခြံစည်းရိုး
ဗဟိုကြား အတိုင်းအတာပေါ့)
​
Public Building ဆိုရင် ၁ ထပ်ပဲ ဖြစ်ဖြစ်
(စာသင်ကျောင်း၊ စားသောက်ဆိုင် စသဖြင့် )
M & E Drawing ဆွဲပြီး မီးသတ်ထောက်ခံစာ
ယူရတယ်။

အထပ်မြင့်တွေအတွက် ဆိုရင်
အထပ်တိုင်းအတွက် အရေးပေါ်ထွက်ပေါက်
လှေကားတွေ ပါဝင်ရပြီး မီးဘေးလုံခြုံမှုစနစ်
ကောင်းမွန်ကြောင်း မီးသတ်ထောက်ခံချက်
ယူရပါတယ်။

၂ ထပ် နဲ့ အထက်ဆိုရင် PE လက်မှတ်ထိုးရ၊
ငလျင်ဒဏ်ခံနိုင်ဖို့ Soil Test စစ်ရတယ်။
Structure Design တွေ ၊ Design Calculation
Book တွဲတင်ရတယ်။

Loading အပိုင်းမှာ Gravity Load အပြင်
Lateral Load ( Wind Load နဲ့ Earthquake
Load ) ကို MNBC 2025 ပါ သတ်မှတ်ချက်
အတိုင်း တွက်ချက်ပြီး Design ရေးဆွဲရတယ်။

အဆောက်အဦဆောက်လုပ်ခွင့် တင်ပြပြီးလို့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ထပ်မံတင်ပြရင် အခွန်ရုံးမှာ Sqft အတိုင်း
အခွန်ဆောင်ပြီး ပြေစာ တွဲတင်ရတယ်။
အဲဲဒါတွေပြီးရင် BCC လို့ခေါ်တဲ့
အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း
ခွင့်ပြုချက် စာရွက်ရပါတယ်။

မိမိနေအိမ်ကို အခြားသူကို ရောင်းချရင်
မြေကွက်နဲ့ ပတ်သက်လို့ ဂရံစာအုပ်
အဆောက်အဦနဲ့ ပတ်သက်လို့
ဆောက်လုပ်ခွင့် ​ခွင့်ပြုချက်စာ
အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း စာနဲ့
အဆောက်အဦဆောက်လုပ်ခဲ့တဲ့ ဓါတ်ပုံ
မှတ်တမ်းအပြည့်အစုံနဲ့ ခိုင်ခိုင်မာမာ ပြသနိုင်ရင်
အများထက် စနစ်တကျ လုပ်ကိုင်ထားရင်

ဝယ်သူလည်း စိတ်​ချမ်းသာ
ရောင်းသူအတွက်လည်း လက်ရှိပေါက်စျေးထက်
မလျော့တဲ့ စျေးနှုန်းရပါတယ်။

ရောင်းသူ ဝယ်သူ တစ်သက်လုံး
စိတ်ချမ်းသာပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ်
စေတနာသာ ထည့်လုပ်ပါ။

မသိရှိ နားမလည်ဘဲ အလွယ်တွေ
လုပ်ကြမှာစိုးလို့ အတိုချုပ် ရှင်းပြတာပါ။

အားလုံး အဆင်ပြေကြပါစေ။

18/08/2026

ညောင် နှင့် ဘုရား တွေ့ကြုံငြားက
ဘုရား ညောင်ကြောင့် ပျက်တက်သည်တဲ့ ။

ငွေ နှင့် ဘုန်းကြီး အတူနီးက
ဘုန်းကြီး ငွေကြောင့် ပျက်တက်သည်တဲ့ ။

မတ် နှင့် မရီး အတူနီးက
မရီး မတ်ကြောင့် ပျက်တက်သည်တဲ့ ။

မယားရှိလင် အကျွမ်း၀င်က
အခြေနေအချိန်ခါ အခွင့်သာက အပျိုဘ၀ပျက်တတ်သည်တဲ့။

ဆား နှင့် ချဉ်သီး အတူနီးက
ချဉ်သီး ဆားကြောင့် ပျက်တက်သည်တဲ့ ။

ငယ်ရွယ်သမီး ကျွန် နှင့်နီးက
သမီး ကျွန်ကြောင့် ပျက်တက်သည်တဲ့ ။

မ နှင့် ဘုန်းကြီး အတူနီးက
ဘုန်းကြီး မ ကြောင့် ပျက်တက်သည်တဲ့ ။

မိန်းမ ဘိက္ခူ တွေ့ပြန်မူလည်း
ဘိက္ခူ မ ကြောင့် ပျက်တက်သည်တဲ့ ။

ခယ်မ ခဲအို အတွေ့ပိုလည်း
ခယ်မ ခဲအိုကြောင့် ပျက်တက်သည်တဲ့ ။

(မင်းကွန်းဆရာတော်ဘုရားကြီး) ဆုံးမစာ

💥 အိမ် ဘယ်လောက်ပဲ ကောင်းကောင်း၊စစ်လက်နက်ဘေးနဲ့ ကြုံလာရင်တစ်စစီ ကျိုးပဲ့ပျက်စီးသွားနိုင်ပါတယ်။💥 ဖုန်း ဘယ်လောက်ပဲ ကောင်းကေ...
13/08/2026

💥 အိမ် ဘယ်လောက်ပဲ ကောင်းကောင်း၊
စစ်လက်နက်ဘေးနဲ့ ကြုံလာရင်
တစ်စစီ ကျိုးပဲ့ပျက်စီးသွားနိုင်ပါတယ်။

💥 ဖုန်း ဘယ်လောက်ပဲ ကောင်းကောင်း၊
ဆက်သွယ်ရေးဧရိယာပြင်ပ ရောက်သွားရင်
အဖိုးတန်မှုက အရေးမပါတော့ပါဘူး။

💥 ကား ဘယ်လောက်ပဲ ကောင်းကောင်း၊
ဘေးအန္တရာယ်ကြီးတစ်ခု ကြုံလာရင်
အသုံးမဝင်တော့ဘဲ အပိုပစ္စည်းတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။

💥 ရွှေ၊ ငွေ ဘယ်လောက်ပဲ ပေါများပါစေ၊
ကုသလို့မရတဲ့ ရောဂါနဲ့ ရင်ဆိုင်လာရင်
အသက်ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ပါဘူး။

⚫️ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ…
စိတ်ချမ်းသာမှု မပြည့်စုံဘူးဆိုရင်
ပိုင်ဆိုင်မှုတွေဟာ အပေါ်ယံအလှတရားသက်သက်ပါပဲ။

⚫️ ဘယ်လောက်ပဲ အခြံအရံများပါစေ…
နွေးထွေးမှုနဲ့ ကြင်နာမှုတွေ မရှိဘူးဆိုရင်
လူများတာက စိတ်အေးချမ်းစရာမဟုတ်ဘဲ
စိတ်ညစ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

⚫️ ဘယ်လိုပဲ လူဖြစ်လာတယ်ဆိုပါစေ…
ကောင်းမှု၊ ကုသိုလ်တွေ မပြုဘူးဆိုရင်
လူဖြစ်ရကျိုးဟာလည်း အပြည့်အဝ မနပ်နိုင်ပါဘူး။

🟠 အပြင်လောက ဆိုတာကတော့
ဘယ်လောက်ပဲ စီမံထားပါစေ
ကိုယ့်စိတ်တိုင်းကျ ဖြစ်ချင်မှဖြစ်မှာပါ။
မမျှော်လင့်ထားတဲ့ အချိန်မှာ
ပျက်စီးဆုံးရှုံးမှုတွေ ကြုံလာနိုင်ပါတယ်။

🟤 အတွင်းလောက ကတော့
ကိုယ်တိုင် မဖျက်ဆီးသရွေ့
လွယ်လွယ်နဲ့ ပျက်စီးသွားမှာ မဟုတ်ပါဘူး။

ဒါကြောင့်…
အပြင်လောကကို အရာရာထိန်းချုပ်ဖို့ထက်
ကိုယ့်ရဲ့အကျင့်၊ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့စိတ်ထား
မပျက်စီးအောင် ပိုပြီးဂရုစိုက်ကြရအောင်။

ဘာပဲပိုင်ဆိုင်ထားပါစေ…
နောက်ဆုံးမှာ တကယ်တန်ဖိုးရှိတာက
စိတ်အေးချမ်းမှု၊ လူသားဆန်မှုနဲ့ ကောင်းမှုကုသိုလ် တွေပဲ ဖြစ်ပါတယ်။ 🙏🖤

✒️ သာရဂဝေသီ

#သင်္ဘောဦးဘုရား #မုဒုံ


#နေ့စဥ်လေယာဥ်လက်မှတ်ဝန်ဆောင်ရပါတယ်
#ကားကြိုပို့ရပါတယ်

"ကျားက အသားမရှိရင် မြက်မစားသလို၊ နွားကလည်း မြက်မရှိရင် အသားမစားဘူး..."​ဒီစကားက မိမိရဲ့ မူလသဘာဝ၊ သိက္ခာနဲ့ စည်းကမ်းတွေကို...
11/08/2026

"ကျားက အသားမရှိရင် မြက်မစားသလို၊ နွားကလည်း မြက်မရှိရင် အသားမစားဘူး..."

​ဒီစကားက မိမိရဲ့ မူလသဘာဝ၊ သိက္ခာနဲ့ စည်းကမ်းတွေကို ဘယ်လိုအခြေအနေမှာမဆို ထိန်းသိမ်းရမယ်ဆိုတဲ့ အလွန်လေးနက်တဲ့ ဘဝသင်ခန်းစာတစ်ခု ဖြစ်ပါတယ်။

​အနက်အဓိပ္ပါယ်နဲ့ ဘဝသင်ခန်းစာများ-

​၁။ မိမိ၏ စည်းနှင့်ဘောင်ကို ထိန်းသိမ်းခြင်း-

ကျားသည် ငတ်မွတ်ခက်ခဲနေပါစေဦးတော့ မိမိသဘာဝ မဟုတ်သော မြက်ကို မစားသလို၊ နွားသည်လည်း ငတ်မွတ်နေပါစေ မိမိ မလုပ်သင့်သော အသားကို မစားပါ။ ထို့အတူ ကျွန်တော်တို့သည်လည်း ဘဝ၏ အခက်အခဲ၊ ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရချိန်တွင် မိမိ၏ စည်းစနစ်နှင့် မူများကို မစွန့်လွှတ်သင့်ပါ။

​၂။ သိက္ခာနှင့် အဆင့်အတန်းကို စောင့်ထိန်းခြင်း-

အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ မတရားသောနည်း၊ ယုတ်ညံ့သောနည်းလမ်းများဖြင့် ရယူရှင်သန်ခြင်းထက် မိမိ၏ သိက္ခာကို စောင့်ထိန်းခြင်းက ပို၍ တန်ဖိုးရှိပါတယ်။ လောဘ၊ ဒေါသကြောင့် မိမိ၏ သဘာဝနှင့် မူလအဆင့်အတန်းကို မပျက်စီးပါစေနှင့်။

​၃။ အတုမယူသင့်သည်ကို မတုယူခြင်း-

သူတစ်ပါး လုပ်နေတိုင်း၊ ရရှိနေတိုင်း မိမိနှင့် မအပ်စပ်သော၊ မသမာသော လမ်းကြောင်းသို့ လိုက်မလုပ်မိဖို့ အရေးကြီးပါတယ်။ နွားက ကျားကို အားကျပြီး အသားလိုက်စား၍ မရသလို၊ ကျားကလည်း နွားလို မြက်စား၍ မရပါ။ မိမိ၏ သဘာဝ၊ မိမိ၏ လမ်းကြောင်းမှန်အတိုင်းသာ လျှောက်လှမ်းရပါမည်။

​၄။ ကြံ့ကြံ့ခံနိုင်သော စိတ်ဓာတ်-

လိုချင်တာ မရသည့်အခါ သို့မဟုတ် ခက်ခဲသောကာလများတွင် မကောင်းသော လမ်းကြောင်းသို့ လွယ်လွယ်နှင့် ကူးပြောင်းမသွားဘဲ၊ မိမိ၏ ရပ်တည်ချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်းသည်သာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၏ ပြယုဂ် ဖြစ်ပါတယ်။

​နိဂုံးချုပ်အားဖြင့် ဘဝမှာ အခက်အခဲ ဘယ်လောက်ပဲ ရှိရှိ မိမိ၏ မူလသစ္စာတရား၊ သိက္ခာနှင့် စည်းကမ်းများကို မစွန့်လွှတ်ဘဲ ရိုးသားစွာ ရပ်တည်ရှင်သန်သွားခြင်းကသာ အဓိပ္ပါယ်ရှိသော ဘဝတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

🌤️  #ဘဝမှာ_ငွေလည်းလိုတယ်…        ငွေထက် အရေးကြီးတာကိုတော့ မမေ့ပါနဲ့...❗ #ဒကာ_ဒကာမတို့_…  လူ့ဘဝမှာ ငွေဟာ အရေးကြီးပါတယ်။  ...
10/08/2026

🌤️ #ဘဝမှာ_ငွေလည်းလိုတယ်…
ငွေထက် အရေးကြီးတာကိုတော့ မမေ့ပါနဲ့...❗

#ဒကာ_ဒကာမတို့_…
လူ့ဘဝမှာ ငွေဟာ အရေးကြီးပါတယ်။

ငွေမရှိရင်အိမ်စရိတ် ခက်တယ်။
သားသမီးတွေအတွက် ခက်တယ်။
ကျန်းမာရေးအတွက် ခက်တယ်။

#တစ်ခါတလေ_တရားအားထုတ်ချင်ပေမယ့်
မိသားစုစားဝတ်နေရေးအတွက် ပူပန်နေရရင်
စိတ်ကလည်း မငြိမ်နိုင်ဘူး။

ငွေရှိမှမိသားစုကို စောင့်ရှောက်နိုင်တယ်။
ကျန်းမာရေးကို ဂရုစိုက်နိုင်တယ်။
လိုအပ်သူကို ကူညီနိုင်တယ်။
ဘုရား၊ တရား၊ သံဃာကို လှူဒါန်းနိုင်တယ်။
ဥပုသ်သီလ ယူဖို့ သွားနိုင်တယ်။
တရားနာနိုင်တယ်။

#ဒါကြောင့် ငွေဟာ မကောင်းတာ မဟုတ်ပါဘူး။👈🏻❗

#အရေးကြီးတာက
ဘယ်လို...ရှာသလဲ❓❓
ဘယ်လို...သုံးသလဲ❓❓
ဘယ်လောက် ...စွဲလမ်းသလဲ ❓❓...ဆိုတာပါ။

#ဘုရားရှင်ကလည်း_လူတွေ_အတွက်
အသက်မွေးဝမ်းကျောင်းကို မပယ်ခဲ့ပါဘူး။

ရိုးသားမှန်ကန်တဲ့ နည်းလမ်းနဲ့...အသက်မွေးဖို့၊
မိသားစုကို စောင့်ရှောက်ဖို့၊
ရလာတဲ့ဥစ္စာကို အကျိုးရှိအောင် သုံးစွဲဖို့
ဆုံးမ သွန်သင်ထားပါတယ်။

#ဒါကြောင့်_
ငွေကို ရိုးရိုးသားသား ရှာပါ။
သူတစ်ပါးကို မထိခိုက်စေဘဲ ရှာပါ။
ရလာတဲ့ငွေကိုကိုယ့်ဘဝအတွက် သုံးပါ။
မိသားစုအတွက် သုံးပါ။
ကျန်းမာရေးအတွက် သုံးပါ။
လိုအပ်သူကို ကူညီပါ။
ကုသိုလ်ပြုဖို့လည်း သုံးပါ။

#အဲဒီလို_ဆိုရင်
ငွေဟာ ဘဝအတွက် အထောက်အပံ့ကောင်းတစ်ခု
ဖြစ်လာပါတယ်။

#ဒါပေမယ့်_ဒကာ_ဒကာမ_တို့…
အထောက်အပံ့နဲ့ အားကိုးရာကိုတော့ မရောထွေးပါနဲ့။
ငွေဟာ အသက်ရှင်နေတုန်း....
အများကြီး ကူညီပေးနိုင်ပါတယ်။

#ဒါပေမယ့်
သေခြင်းတရားက ရောက်လာတဲ့အခါ
အခြေအနေက ပြောင်းသွားပါတယ်။

#တစ်ခါ_စိတ်ကူးကြည့်ကြပါ_ ❗
အသက်ရှူရတာ ခက်လာပြီ။
တစ်ချက်ရှူဖို့တောင် အားယူနေရပြီ။
မျက်စိက အားနည်းလာတယ်။
နားက အားနည်းလာတယ်။

ခန္ဓာကိုယ်က ကိုယ့်အမိန့်အတိုင်း မလှုပ်ရှားနိုင်တော့ဘူး။

#အဲဒီ_အချိန်မှာ—

“ငါ မသေချင်သေးဘူး…” “ငါ့ကို ကယ်ကြပါဦး…”

လို့ ...စိတ်ထဲက အော်နေရနိုင်ပါတယ်။

#ဒါပေမယ့်
ကိုယ့်အသံကိုတောင် ထုတ်ပြောနိုင်မလား
မသေချာတော့ဘူး။

လက်ကို မြှောက်ချင်တယ်။မမြှောက်နိုင်တော့ဘူး။
ခြေကို ရွှေ့ချင်တယ်။မရွှေ့နိုင်တော့ဘူး။

#အဲဒီ_အချိန်မှာ
တစ်ဘဝလုံး စုထားတဲ့ ပိုင်ဆိုင်မှုတွေကို
ဘေးမှာ ထားကြည့်ပါ။

#တချို့လူတွေဆို_နောက်ဆုံးအချိန်အထိ
ကိုယ်အမြတ်တနိုးထားတဲ့ ပစ္စည်းတွေကို
ရင်ခွင်ပေါ်...တင်ထားပြီး
မလွှတ်ချင်တဲ့စိတ်နဲ့ ကြည့်နေကြတာမျိုးကို
မြင်ဖူးကြပါတယ်။

ရွှေကို ကြည့်တယ်။
ငွေကို ကြည့်တယ်။
တစ်ဘဝလုံး ရှာခဲ့တာတွေကို ကြည့်တယ်။

စိတ်က မလွှတ်ချင်သေးဘူး။

#ဒါပေမယ့်…
လက်က မကိုင်နိုင်တော့ဘူး။
အသက်က ထွက်တော့မယ်။
စိတ်က မလွှတ်ချင်သေးဘူး။

အဲဒီနှစ်ခုကြားကအင်မတန် နာကျင်စရာကောင်းပါတယ်။

#ဒါကြောင့်_ဒကာ_ဒကာမ_တို့…
သေခါနီးအချိန်မှာ

“ #ငါ_ဘာတွေ_ပိုင်ဆိုင်ထားသလဲ” ဆိုတာထက်

“ #ငါ_ဘာကို_အားကိုးနိုင်အောင်_ပြင်ဆင်ထားသလဲ”

ဆိုတာက... ပို အရေးကြီးပါတယ်။

သားသမီးတွေက ချစ်လို့ အနားမှာ ရှိပေးနိုင်တယ်။
ဆွေမျိုးတွေက မျက်ရည်ကျနိုင်တယ်။
ဆရာဝန်တွေက တတ်နိုင်သမျှ ကုသပေးနိုင်တယ်။

#ဒါပေမယ့်
ကိုယ့်နေရာမှာ ကိုယ်စားသွားပေးလို့တော့ မရဘူး။
ကိုယ်သွားရမယ့် ခရီးကိုကိုယ်တစ်ယောက်တည်း
သွားရမှာပါ။

#ဒါကြောင့်_ဘဝမှာ_
ငွေလည်း လိုတယ်။ကျန်းမာရေးလည်း လိုတယ်။
မိသားစုလည်း လိုတယ်။တရားလည်း လိုတယ်။

#တစ်ခုရှိလို့_တစ်ခုကို_ပယ်စရာ_မလိုပါဘူး_ 👈🏻❗
ငွေရှိပြီး တရားမရှိရင်...စိတ် မချမ်းသာနိုင်ဘူး။
တရားရှိပြီး...လောကီတာဝန်တွေကို မကျေပွန်ရင်လည်း
အခက်အခဲတွေ ဖြစ်လာနိုင်တယ်။

#ဒါကြောင့်_
လောကီတာဝန်ကိုလည်း မှန်ကန်စွာ ထမ်းဆောင်ပါ။
လောကုတ္တရာလမ်းကိုလည်း မမေ့ပါနဲ့။

#တစ်ဘဝလုံး_ငွေရှာရင်းနဲ့ပဲ_မကုန်စေပါနဲ့_ 👈🏻❗
မိသားစုကို ရှာဖွေကျွေးမွေးရင်း...တရားကို မမေ့ပါနဲ့။
သားသမီးအတွက် စုဆောင်းရင်း
ကိုယ့်စိတ်အတွက်လည်း စုဆောင်းပါ။

#မိသားစုအတွက်_ပြင်ဆင်ရင်း
သေပြီးနောက်အတွက်လည်း ပြင်ဆင်ပါ။

ဥစ္စာကို စုတဲ့အခါ...ကုသိုလ်နဲ့...တွဲ စုပါ။

#လူ့ဘဝဆိုတာ_ဘာမှ_မမြဲပါဘူး_ 👈🏻❗
ဒီနေ့ ကိုယ့်လက်ထဲမှာ...ရှိတာ
မနက်ဖြန် ရှိချင်မှ ရှိမယ်။

ဒီနေ့ ကိုယ့်ခန္ဓာကိုယ်က
ကိုယ့်အမိန့်...နားထောင်နေတယ်။
တစ်နေ့မှာ...ကိုယ့်အမိန့်ကို မနားထောင်တော့ဘူး။

#ဒါဟာ_အနိစ္စ_ပါ_ 👈🏻❗

#ဒါကြောင့်
သေခြင်းတရားကို ကြောက်နေဖို့ မဟုတ်ပါဘူး။
သေမယ့်အချိန်မတိုင်ခင်...
ဘယ်လို နေသင့်သလဲဆိုတာ သိဖို့ပါ။

အချိန်ရှိတုန်း ကုသိုလ်လုပ်ပါ။
ကျန်းမာတုန်း တရားအားထုတ်ပါ။
စိတ်တည်ငြိမ်နိုင်တုန်း ဘာဝနာပွားပါ။
ချစ်ခင်သူတွေ ရှိတုန်း မေတ္တာပြပါ။
ရန်ငြိုးရှိရင် လွှတ်ချနိုင်အောင် ကြိုးစားပါ။

#ဒါကြောင့်_ဒကာ_ဒကာမ_တို့…
ငွေကို မမုန်းပါနဲ့။ငွေကိုလည်း မကိုးကွယ်ပါနဲ့။
ငွေကို အသုံးချပါ။

ရိုးသားစွာ ရှာပါ။
ပညာရှိစွာ သုံးပါ။
မိသားစုကို စောင့်ရှောက်ပါ။
ကျန်းမာရေးကို ဂရုစိုက်ပါ။
လိုအပ်သူကို မျှဝေပါ။

ဒါနပြုပါ။
သီလစောင့်ပါ။
တရားနာပါ။
ဘာဝနာပွားပါ။
ကျန်းမာတုန်း တရားအားထုတ်ပါ။
အချိန်ရှိတုန်း စိတ်ကို ပြင်ဆင်ပါ။

#ငွေကိုရှာတဲ့_လက်တစ်ဖက်နဲ့
ကုသိုလ်ကိုလည်း ရှာတဲ့..လက်တစ်ဖက် ရှိပါစေ။

လူ့ဘဝမှာ ငွေက လိုအပ်ပါတယ်။

#ဒါပေမယ့်—
ဘဝရဲ့ နောက်ဆုံးအဖြေက
ငွေတစ်ခုတည်း မဟုတ်ပါဘူး။

#နောက်ဆုံး_အသက်ရှူသံ_မရောက်ခင်မှာ_

“ငါ့ဘဝမှာ အားကိုးရာမရှိတော့ဘူး”ဆိုတဲ့
စိတ်မျိုး....မဖြစ်ဘဲ

“ငါ တတ်နိုင်သမျှ ကောင်းအောင်နေခဲ့ပြီ။
ကုသိုလ်လည်း ပြုခဲ့ပြီ။
တရားနဲ့လည်း မျက်နှာမလွှဲခဲ့ဘူး”

ဆိုတဲ့ ...စိတ်အခြေအနေမျိုး ရှိနေဖို့
ယနေ့ကတည်းက ပြင်ဆင်ထားကြပါ။

မသေခင်…အားကိုးရာအစစ်ကို ရှာထားကြပါ။ 🙏🏻

-----------------------------------------

🙏🏻 “သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု” 🙏🏻
သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ။

🙏🏻 ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏
ဓမ္မတရားတော်များကို ကိုးကားစုစည်းကာ
မျှဝေကုသိုလ်ပြု ပူဇော်ပါသည်။ 🙇🏻🙇🏻🙇🏻

✍🏻 သျှင်ဉာဏ
🗓️ (၈.၈.၂၀၂၆) စနေ နေ့။
(ဒုတိယ) ဝါဆိုလဆုတ် (၁၀) ရက်နေ့။
(8 August 2026) Saturday
⏰ ည (11:20) PM

10/08/2026

အသက်ကြီးလာတော့ သိလာတဲ့အရာတွေ

ငယ်ငယ်တုန်းကတော့
လူရာဝင်တဲ့သူကို သဘောကျခဲ့တယ်။
လူတွေကြားမှာ နာမည်ရှိပြီး
လူတိုင်းက အထင်ကြီးလေးစားတဲ့သူဆို
ကိုယ်လည်း အားကျခဲ့တယ်။

ငယ်ငယ်တုန်းကတော့
ပိုက်ဆံချမ်းသာတဲ့သူကို အားကျခဲ့တယ်။
ကားကောင်းကောင်းစီးနိုင်တာ၊
အဝတ်အစားကောင်းကောင်းဝတ်နိုင်တာ၊
လိုချင်တာကို မစဉ်းစားဘဲ ဝယ်နိုင်တာတွေကို
အောင်မြင်မှုလို့ ထင်ခဲ့တယ်။

ငယ်ငယ်တုန်းကတော့
လူအထင်ကြီးခံချင်ခဲ့တယ်။
လူတွေက ကိုယ့်အကြောင်းပြောရင်
ကောင်းကောင်းပြောစေချင်ခဲ့တယ်။
လူတွေကြားမှာ ကိုယ့်နေရာတစ်နေရာ ရှိချင်ခဲ့တယ်။

ဒါပေမယ့်…
အချိန်တွေကြာလာတော့
ဘဝက ကိုယ့်ကို သင်ပေးလာတယ်။

အခုတော့
လူရာဝင်တဲ့သူထက် လူပီသတဲ့သူကို သဘောကျတယ်။

ချမ်းသာတာထက်
စိတ်ချမ်းသာတာကို ပိုတန်ဖိုးထားတယ်။

လူတွေအများကြီး သိတာထက်
ကိုယ့်အနားမှာရှိတဲ့ လူနည်းနည်းက
ကိုယ့်ကို တကယ်နားလည်ပေးတာကို ပိုလိုချင်လာတယ်။

တစ်ချိန်က
“လူတွေ ဘယ်လိုမြင်မလဲ” ဆိုတာကို စိုးရိမ်ခဲ့ပေမယ့်
အခုတော့
“ကိုယ်ဘယ်လိုနေရင် စိတ်အေးမလဲ” ဆိုတာကိုပဲ စဉ်းစားတော့တယ်။

တစ်ချိန်က လူအထင်ကြီးခံချင်ခဲ့ပေမယ့်
အခုတော့ လူအသိတောင် မခံချင်တော့ဘူး။

ဘာလို့လဲဆိုတော့
လူတိုင်းရဲ့ အမြင်ကို လိုက်ပြီးနေဖို့ဆိုတာ
ကိုယ့်ဘဝကို ကိုယ်ပျောက်သွားစေတတ်လို့ပဲ။

အသက်ကြီးလာတာနဲ့အမျှ
ချမ်းသာခြင်းဆိုတာ ပိုက်ဆံများတာမဟုတ်ဘူး။
အေးချမ်းခြင်းဆိုတာ စိတ်ထဲမှာ ဘာမှမလိုတော့တာမဟုတ်ဘူး။
တကယ့်အောင်မြင်မှုဆိုတာ လူတွေက အထင်ကြီးတာမဟုတ်ဘူး။

ကိုယ့်ဘဝကို ကိုယ်ကျေနပ်နိုင်တာ၊
ညဘက်အိပ်တဲ့အခါ စိတ်အေးနိုင်တာ၊
ကိုယ့်ဘေးမှာရှိတဲ့သူတွေကို တန်ဖိုးထားနိုင်တာ၊
ပြီးတော့ မနက်ဖြန်ကို မကြောက်ဘဲ
ကိုယ့်ဘဝကို ကိုယ်ဆက်လျှောက်နိုင်တာ…

အဲဒါတွေကပဲ
အသက်ကြီးလာမှ နားလည်လာတဲ့
တကယ့်ချမ်းသာခြင်းတွေ ဖြစ်လာတယ်။


#လေယာဥ်လက်မှတ်ဝန်ဆောင်မှု
#ကားကြိုပို့ဝန်ဆောင်မှု

သင့်ရဲ့ပြဿနာတွေကို ဘယ်သူ့ကိုမှ မပြောပြပါနဲ့ 🧠💭၁။ လူတိုင်းက ကိုယ့်ဘက်က မတွေးပေးနိုင်ဘူး 🤐ကိုယ့်ရင်ထဲက နာကျင်မှုကို ကိုယ်ပ...
19/07/2026

သင့်ရဲ့ပြဿနာတွေကို ဘယ်သူ့ကိုမှ မပြောပြပါနဲ့ 🧠💭

၁။ လူတိုင်းက ကိုယ့်ဘက်က မတွေးပေးနိုင်ဘူး 🤐

ကိုယ့်ရင်ထဲက နာကျင်မှုကို ကိုယ်ပဲ အပြည့်အဝ နားလည်နိုင်ပါတယ်။ တချို့လူတွေက နားထောင်ပေးသလိုပဲ ထင်ရပေမယ့်... နောက်ကွယ်မှာ ပြန်ပြောတတ်ကြပါတယ်။ စာနာမှုထက် စိတ်ဝင်စားမှုနဲ့ မေးတဲ့သူတွေလည်း ရှိတတ်တယ်။ ဒါကြောင့် ကိုယ့်ပြဿနာကို လူတိုင်းဆီ မဖွင့်ဟသင့်ပါဘူး။ တိတ်တိတ်လေး ဖြေရှင်းနိုင်တာက တစ်ခါတလေ ပိုတန်ဖိုးရှိပါတယ်။ 🖤

၂။ အားနည်းချက်ကို လူမှားသိသွားနိုင်တယ် ⚠️

ကိုယ်ယုံကြည်လို့ ပြောလိုက်တဲ့ စကားတစ်ခွန်းက... တစ်နေ့မှာ ကိုယ့်ကို ပြန်ထိုးနှက်ဖို့ လက်နက်ဖြစ်သွားနိုင်တယ်။ လူတိုင်းက လျှို့ဝှက်ချက်ကို သိမ်းထားပေးနိုင်တာ မဟုတ်ပါဘူး။ ယုံကြည်မှုက ကောင်းပေမယ့် သတိတော့ ရှိရပါတယ်။ ကိုယ့်အားနည်းချက်ကို အလွယ်တကူ မဖော်ပြပါနဲ့။ တိတ်ဆိတ်ခြင်းက တစ်ခါတလေ အကောင်းဆုံး ကာကွယ်မှုပါ။ 🔒

၃။ အကြံပေးသူတိုင်း အကြံကောင်း မပေးနိုင်ဘူး 💡

လူတိုင်းမှာ အမြင်မတူကြပါဘူး။ တချို့အကြံတွေက ကိုယ့်အခြေအနေနဲ့ မကိုက်ညီနိုင်ဘူး။ နားထောင်သင့်တာ နားထောင်ပါ။ ဆုံးဖြတ်ရမှာတော့ ကိုယ်တိုင်ပါ။ ကိုယ့်ဘဝကို ကိုယ်ပဲ တာဝန်ယူရပါတယ်။ အဆုံးသတ်ရလဒ်ကိုလည်း ကိုယ်ပဲ လက်ခံရမှာပါ။ 🌱

၄။ စကားများရင် ပြဿနာ ပိုကြီးလာတတ်တယ် 🗣️

ပြောသမျှကို လူတိုင်း နားလည်ပေးမယ်လို့ မထင်ပါနဲ့။ စကားတစ်ဆင့်ကနေ အဓိပ္ပာယ်လွဲသွားနိုင်ပါတယ်။ သတင်းကလည်း မြန်မြန်ပျံ့တတ်တယ်။ တိတ်တိတ်လေး ဖြေရှင်းတာက ပိုထိရောက်တတ်တယ်။ ပြဿနာကို စကားနဲ့ မကြီးအောင် ထိန်းသိမ်းပါ။ 🤝

၅။ အချိန်က တချို့ပြဿနာကို ဖြေရှင်းပေးတတ်တယ် ⏳

အခုကြီးမားတယ်လို့ ထင်ရတဲ့ ပြဿနာက... နောက်ပိုင်းမှာ ပြုံးပြီး ပြန်ပြောနိုင်တဲ့ အမှတ်တရ ဖြစ်သွားတတ်တယ်။ စိတ်အေးအေးထားပြီး စဉ်းစားပါ။ အလျင်စလို မဆုံးဖြတ်ပါနဲ့။ အချိန်ပေးခြင်းကလည်း အဖြေတစ်ခုပါ။ 🌿

၆။ လူတိုင်းက ကိုယ့်အောင်မြင်မှုကို မလိုလားဘူး 👀

တချို့က ကူညီချင်ပေမယ့်... တချို့ကတော့ ကျရှုံးတာကိုပဲ မြင်ချင်ကြတယ်။ ဒါကြောင့် ကိုယ့်အစီအစဉ်တွေကို အလွယ်တကူ မပြောပါနဲ့။ အလုပ်နဲ့ သက်သေပြတာက အကောင်းဆုံးပါ။ ရလဒ်က စကားထက် ပိုအသံကျယ်ပါတယ်။ 💯

၇။ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်ရင် မှားတတ်တယ် ❤️‍🩹

ဒေါသထွက်ချိန်၊ ဝမ်းနည်းချိန်မှာ... လူတိုင်းကို ဖွင့်ဟချင်စိတ် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ်။ စိတ်ငြိမ်မှ စဉ်းစားပါ။ တိတ်တိတ်လေး အနားယူတာက ပိုကောင်းပါတယ်။ 🌙

၈။ ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ လိုတယ် 💪

လူတိုင်း အမြဲကူညီနိုင်မှာ မဟုတ်ပါဘူး။ ဘဝမှာ အခက်အခဲတွေကို... ကိုယ်တိုင် ရင်ဆိုင်တတ်ဖို့ လေ့ကျင့်ရပါတယ်။ ဒါက စိတ်ဓာတ်ကို ပိုမာကျောစေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုက အကြီးဆုံးခွန်အားပါ။ ✨

၉။ ပြဿနာတိုင်းကို လူသိရှင်ကြား မဖြေရှင်းပါနဲ့ 🤫

တချို့ကိစ္စတွေက ကိုယ်နဲ့သာ ဆိုင်ပါတယ်။ လူအများကြား ပြောလေလေ... ပြဿနာ ပိုရှုပ်လာလေလေ ဖြစ်တတ်တယ်။ ကိုယ်ရေးကိုယ်တာကို တန်ဖိုးထားပါ။ တိတ်ဆိတ်မှုက ဉာဏ်ပညာတစ်မျိုးပါ။ 📖

၁၀။ အကူအညီလိုရင် ယုံကြည်ရတဲ့သူကို ရွေးပါ 🤝

လူတိုင်းကို မပြောသင့်ပေမယ့်... ဘယ်သူ့ကိုမှ မပြောရဘူးလို့တော့ မဆိုလိုပါဘူး။ မိသားစု၊ ယုံကြည်ရတဲ့ မိတ်ဆွေ၊ သင့်တော်တဲ့ ကျွမ်းကျင်သူကို တိုင်ပင်တာက အကျိုးရှိနိုင်ပါတယ်။ တစ်ယောက်တည်း မခံစားပါနဲ့။ ယုံကြည်ရတဲ့သူကို ရွေးချယ်ပြောဆိုခြင်းကလည်း ဉာဏ်ပညာတစ်ခုပါ။ 🌼

#ဗဟုသုတ 📚 #ဘဝသင်ခန်းစာ 🌱 #စိတ်ဓာတ်ခွန်အား
#လေယာဥ်လက်မှတ်ဝန်ဆောင်မှု
#ကားကြိုပို့ဝန်ဆောင်မှု

နောင်အနှစ် ၅၀ မှာ...နောင်အနှစ် ၅၀ မှာကျွန်တော် ဒီကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။ကျွန်တော် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကတခြားသူတ...
16/07/2026

နောင်အနှစ် ၅၀ မှာ...

နောင်အနှစ် ၅၀ မှာ
ကျွန်တော် ဒီကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။

ကျွန်တော် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေက
တခြားသူတွေလက်ထဲ ရောက်နေပါလိမ့်မယ်။

ကျွန်တော် နေထိုင်ခဲ့တဲ့ နေရာမှာ
တခြားလူတွေ ဘဝသစ်တစ်ခု တည်ဆောက်နေပါလိမ့်မယ်။

ကျွန်တော့်နာမည်ကို
မှတ်မိနေတဲ့လူတွေလည်း တဖြည်းဖြည်း နည်းလာပါလိမ့်မယ်။

ဒါပေမဲ့...

ကျွန်တော် ပေးခဲ့တဲ့ မေတ္တာ၊
ကျွန်တော် လုပ်ခဲ့တဲ့ ကောင်းမှု၊
ကျွန်တော် ကူညီခဲ့တဲ့ လူတွေရဲ့ အမှတ်တရတွေကတော့
တစ်စုံတစ်ယောက်ရဲ့ နှလုံးသားထဲမှာ
ဆက်လက် ရှင်သန်နေနိုင်ပါတယ်။

ဒါကြောင့်
အသက်ရှင်နေတဲ့ ဒီနေ့ကို
တန်ဖိုးထားပြီး နေထိုင်ပါတယ်.

အမုန်းထက် မေတ္တာကို ပိုပေးပါတယ်။
အတ္တထက် စေတနာကို ပိုရွေးချယ်ပါတယ်။

တစ်နေ့...
ကျွန်တော် မရှိတော့တဲ့အချိန်မှာ
"ဒီလူဟာ လူကောင်းတစ်ယောက် ဖြစ်ခဲ့တယ်"
လို့ တစ်ယောက်ယောက်က ပြောပေးနိုင်ရင်
အဲဒါဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံး အမွေ ဖြစ်ပါလိမ့်မယ်။


#လေယာဥ်လက်မှတ်
#ကားကြိုပို့

အလင်းရှိတဲ့နေရာမှာ အရိပ်ရှိတယ်။ 🌤️မျှော်လင့်ချက်ရှိတဲ့နေရာမှာ စိတ်ပျက်မှုလည်း ရှိတယ်။အောင်မြင်မှုရှိတဲ့နေရာမှာ ဝေဖန်သံတွ...
02/07/2026

အလင်းရှိတဲ့နေရာမှာ အရိပ်ရှိတယ်။ 🌤️
မျှော်လင့်ချက်ရှိတဲ့နေရာမှာ စိတ်ပျက်မှုလည်း ရှိတယ်။

အောင်မြင်မှုရှိတဲ့နေရာမှာ ဝေဖန်သံတွေလည်း ရှိတယ်။

အဲဒီအတွက်...
ဝေဖန်ခံရတာကို ကြောက်ပြီး နောက်မဆုတ်ပါနဲ့။

အလင်း ပိုတောက်ပလေ...
အရိပ်က ပိုထင်ရှားလေပါပဲ။

ကိုယ့်ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိသလို... တိတ်တိတ်လေး အားပေးနေတဲ့သူတွေလည်း ရှိနေတတ်တယ်။

အနိုင်ရှိရင် အရှုံးလည်း ရှိတယ်။
အခက်အခဲရှိရင် အောင်မြင်မှုလည်း ရှိတယ်။

ဒါတွေဟာ...
လောကရဲ့ သဘာဝတရား ပါ။
ဒါကြောင့်... ကိုယ့်လမ်းကိုယ် လျှောက်ပါ။
ကိုယ့်အိပ်မက်ကိုယ် အကောင်အထည်ဖော်ပါ။ ဝေဖန်သံတွေကို အားအင်အဖြစ် ပြောင်းပြီး ရှေ့ဆက်ပါ။

တစ်နေ့မှာ...
မင်းရဲ့ အောင်မြင်မှုက စကားလုံးတွေထက်
ပိုကျယ်လောင်စွာ သက်သေပြပေးလိမ့်မယ်။


#လေယာဥ်လက်မှတ်

ที่อยู่

Phetchaburi

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Tin Naing Oo - ထိုင်း/မြန်မာ လေယာဥ်လက်မှတ် - ခရီးသည် ကြို/ပို့ ဝန်ဆောင်မှု โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์