Heal U Wellness Your health excellence is one trip away

21/09/2026

ထိုင်းနိုင်ငံနှင့် နိုင်ငံရပ်ခြားမှာ ဆေးကုသလိုတဲ့ မန္တလေးနဲ့အနီးတဝိုက်မှာ နေထိုင်ကြတဲ့ မိဘပြည်သူတို့အတွက် Heal U Wellness ရဲ့ အထက်မြန်မာပြည် ကိုယ်စားလှယ်ရုံးခွဲကို တရားဝင် ဖွင့်လှစ်လိုက်ပြီ ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုပါတယ်။

မိမိကိုယ်တိုင်ဖြစ်စေ မိမိရဲ့ မိသားစုဝင်တစ်ယောက်ယောက်ဖြစ်စေ ရောဂါဝေဒနာ ခံစားနေရလို့ နိုင်ငံခြားမှာ ဆေးသွားကုဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဒီအတွက် ပြင်ဆင်ရပြီဆိုကတည်းက စိုးရိမ်ပူပန်မှုတွေ၊ သောကတွေက စတင်လာပါပြီ..

ရောဂါအတွက် ဘယ်ဆေးရုံ၊ ဘယ်ဆရာဝန်က အကောင်းဆုံးလဲဆိုတာ ရှာဖွေရတာကစလို့ ဗီဇာကိစ္စ၊ လေယာဉ်လက်မှတ်၊ တည်းခိုဖို့နေရာအထိ အစအဆုံး ကိုယ်တိုင်စီစဉ်ရမယ်ဆိုရင် လူလည်း ပင်ပန်းသလို ရောဂါကုသမှုမှာပါ လစ်ဟင်းမှုတွေ ရှိလာနိုင်ပါတယ်။

လူနာရှင်တွေအနေနဲ့ ဆေးကုသမှုကိုပဲ ကောင်းကောင်း အာရုံစိုက်သင့်တာပါ…

ဒါကြောင့် နိုင်ငံခြားမှာ ဆေးသွားကုဖို့ သိလိုတာတွေကို အသေးစိတ်ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ အမှတ် ၁၈၉၊ ၆၃လမ်း၊ ၂၄-၂၅ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့မှာရှိတဲ့ ကျွန်တော်တို့ ရုံးခွဲမှာ လူကိုယ်တိုင်လာရောက်ပြီး အခမဲ့ဆွေးနွေး တိုင်ပင်နိုင်ပါပြီ…



#မန္တလေးရုံးခွဲ

19/09/2026

ထိုင်းနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားမှာ ဆေးကုသဖို့ ပြင်ဆင်နေကြတဲ့ လူနာနဲ့ လူနာရှင်တွေအတွက် ရန်ကုန်မှာပဲ လူကိုယ်တိုင် လာရောက်ပြသ ဆွေးနွေးနိုင်မယ့် Heal U ရဲ့ ရန်ကုန်ရုံးခွဲကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံခြားမှာ ဆေးသွားကုတော့မယ်ဆိုရင် ဘယ်ဆေးရုံက မိမိရောဂါနဲ့ အသင့်တော်ဆုံးလဲ? ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိမလဲ? ဆိုပြီး စိုးရိမ်ပူပန်မှုတွေ အများကြီးရှိတတ်ကြပါတယ်။

ဒါကြောင့်မလို့ နိုင်ငံခြားကို သွားပြီးဆေးမကုခင်မှာ မိမိရဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး သေချာ စိစစ်ဆွေးနွေးတိုင်ပင်နိုင်ဖို့ ရန်ကုန်ရုံးခွဲက ပေါင်းကူးတံတားအဖြစ် ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

Heal U ရန်ကုန်ရုံးခွဲမှာ လာရောက်ဆွေးနွေးမယ်ဆိုရင်
✅မိမိရဲ့ ဆေးမှတ်တမ်းတွေကို ယူဆောင်လာပြီး ဆရာဝန်နဲ့ အသေးစိတ် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
✅ရောဂါနဲ့ ကိုက်ညီမယ့် ထိုင်းနိုင်ငံက ထိပ်တန်းဆေးရုံကြီးတွေ၊ အထူးကုဆရာဝန်ကြီးတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပေးပါတယ်။
✅ဆေးကုသစရိတ် အကြမ်းဖျင်းကို ကြိုတင် တွက်ချက်ပေးသလို ဆေးရုံ ရက်ချိန်း (Appointment) တွေကိုလည်း ကြိုတင်ယူပေးပါတယ်။

"ကျန်းမာခြင်းဟာ ချမ်းသာခြင်းဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ဆေးရုံ၊ဆေးခန်းပြသလိုပါက Heal U Wellness ကို သတိရလိုက်ပါ"

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက
📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 - : 𝐍𝐨-𝟒, 𝐑𝐨𝐨𝐦 -𝟏𝟎𝟐/ 𝐓𝐡𝐮 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐑𝐨𝐚𝐝, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏

📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐍𝐨. 𝟏𝟖𝟗, 𝟔𝟑𝐫𝐝 𝐬𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟒𝐭𝐡 𝐚𝐧𝐝 𝟐𝟓𝐭𝐡 𝐬𝐭𝐫𝐞𝐞𝐭, 𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲𝐓𝐡𝐚𝐫𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။



#ရန်ကုန်ရုံးခွဲ

ဘန်ကောက်မှာ ဆေးကုဖို့ Heal U Wellness မှာ “အခမဲ့” တိုင်ပင်ဆွေးနွေးလိုက်ပါ...ဘန်ကောက်မှာ ဆေးစစ်ဖို့၊ ဆေးကုသဖို့ တိုင်ပင်ခ...
17/09/2026

ဘန်ကောက်မှာ ဆေးကုဖို့ Heal U Wellness မှာ “အခမဲ့” တိုင်ပင်ဆွေးနွေးလိုက်ပါ...

ဘန်ကောက်မှာ ဆေးစစ်ဖို့၊ ဆေးကုသဖို့ တိုင်ပင်ချင်တယ်။ ကိုယ့်ရဲ့ရောဂါက ဘန်ကောက်မှာ ကုလို့ရလောက်လား၊ ဘယ်ဆေးရုံမှာ ပိုသင့်တော်မလဲ၊ ကုန်ကျစရိတ်က ဘယ်လောက်လောက်ရှိမလဲ စတဲ့ မေးခွန်းတွေကို “အခမဲ့” ဆွေးနွေးပေးနေတဲ့ နေရာလေးရှိတယ်ဆိုရင် စိတ်ဝင်စားကြမလား...

Heal U Wellness ရဲ့ ရုံးခွဲတွေက ဒီလိုမျိုး လူနာနဲ့ လူနာရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပြီး တိုင်ပင်ပေးနိုင်အောင်လို့ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။

Heal U Wellness က ရန်ကုန်၊ မန္တလေး၊ ဘန်ကောက်နဲ့ ချင်းမိုင်တို့မှာ ရုံးခွဲများ ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံမှာ ဆေးကုသလို၊ ဆေးစစ်လိုတဲ့ လူနာနဲ့ လူနာရှင်များအတွက်

✅ရောဂါနဲ့ ပတ်သက်လို့ ဆွေးနွေးပေးခြင်း
✅သင့်တော်တဲ့ ဆေးရုံ၊ ဆရာဝန်နဲ့ ချိတ်ဆက်ပေးခြင်း
✅ဆရာဝန်နဲ့ ပြသဖို့ ရက်ချိန်းယူပေးခြင်း
✅ကုန်ကျစရိတ်အကြမ်းဖျင်း တွက်ချက်ပေးခြင်း
✅လေယာဉ်လက်မှတ်၊ ဟိုတယ်စီစဉ်ပေးခြင်း
✅သွားလာဖို့ စီစဉ်ပေးခြင်း
✅ထိုင်းနိုင်ငံက ဆေးရုံမှာ ပြသနေစဉ်အတွင်း အတူလိုက်ပါဆောင်ရွက်ပေးခြင်း စတာတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

ရန်ကုန်နဲ့ မန္တလေးက ရုံးခွဲတွေမှာတော့ ဘန်ကောက်မှာ ဆေးကုသဖို့ ဆွေးနွေးတိုင်ပင်ရုံသာ လုပ်ပေးပြီး ဆေးကုသတာကိုတော့ မလုပ်ပေးပါဘူး။ ဒါပေမယ့် ဘန်ကောက်မှာ ပြသဖို့

👉မိမိရဲ့ ရောဂါအခြေအနေအကြောင်း မေးမြန်းတာ
👉ဆေးစစ်ချက်တွေအကြောင်း ဆွေးနွေးတာ
👉ကုန်ကျစရိတ်အကြမ်းဖျင်း တွက်ချက်ပေးတာ
👉 ရှေ့ဆက်လုပ်ရနိုင်တဲ့ ကုထုံးတွေအကြောင်း ရှင်းပြတာ စတာတွေကို ပြုလုပ်ပေးပါတယ်။

ဒီလို ဆွေးနွေးတိုင်ပင်တာကို ရန်ကုန်နဲ့ မန္တလေးရုံးခွဲမှာရှိတဲ့ ကျွမ်းကျင်ဆရာဝန်ကြီးများက “အခမဲ့”ပြုလုပ်ပေးနေတာ ဖြစ်ပြီး အပိုထပ်ဆောင်း ကုန်ကျစရိတ်မရှိပါဘူး။ ဒါပေမယ့် အချိန်ပေးဆွေးနွေးရတာ ဖြစ်တဲ့အတွက် ကြိုတင်ပြီးတော့ ဘိုကင်လေး တင်စေလိုပါတယ်။

တိုင်ပင်ပြီးတော့ ဆေးမကုဖြစ်ဘူး၊ ဆေးမစစ်ဖြစ်ဘူးဆိုရင်လည်း ကုန်ကျစရိတ်သီးသန့် ထပ်ပေးစရာမလိုပါဘူး။ ရုံးခွဲတွေမှာ တိုင်ပင်ဆွေးနွေးပြီး ကျေနပ်ပြီဆိုမှ ဘန်ကောက်ဘက်က ဆေးရုံတွေနဲ့ ချိတ်ပေးတာ ဖြစ်လို့ သက်သောင့်သက်သာနဲ့ သိလိုသမျှကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ပါတယ်။

Heal U Wellness ရဲ့ ရည်ရွယ်ချက်က လူနာနဲ့ လူနာရှင်များ အဆင်ပြေပြေနဲ့ ဆေးကုသပြီး နောက်ဆုံးမှာ ‌ဝေဒနာ သက်သာသွားတယ်ဆိုရင် တကယ်ကို ပီတိဖြစ်ရတာကြောင့်ပါ။ ဒါကြောင့် ဘန်ကောက်မှာ ဆေးသွားမကုခင် သိလိုသမျှကို တိုင်ပင်ချင်တယ်ဆိုရင် အောက်ပါဖုန်းနံပါတ်များအတိုင်း ဘိုကင်တင်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

"ကျန်းမာခြင်းဟာ ချမ်းသာခြင်းဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ဆေးရုံ၊ဆေးခန်းပြသလိုပါက Heal U Wellness ကို သတိရလိုက်ပါ"

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက
📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 - : 𝐍𝐨-𝟒, 𝐑𝐨𝐨𝐦 -𝟏𝟎𝟐/ 𝐓𝐡𝐮 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐑𝐨𝐚𝐝, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏

📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐍𝐨. 𝟏𝟖𝟗, 𝟔𝟑𝐫𝐝 𝐬𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟒𝐭𝐡 𝐚𝐧𝐝 𝟐𝟓𝐭𝐡 𝐬𝐭𝐫𝐞𝐞𝐭, 𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲𝐓𝐡𝐚𝐫𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။



#ရန်ကုန်ရုံးခွဲ
#မန္တလေးရုံးခွဲ
#အခမဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်အပတ် ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ လာရင်း ရုတ်တရက် ကျန်းမာရေးပြဿနာတစ်ခုခုနဲ့ ကြုံရတဲ့အခါ . ...
14/09/2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်အပတ် ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ လာရင်း ရုတ်တရက် ကျန်းမာရေးပြဿနာတစ်ခုခုနဲ့ ကြုံရတဲ့အခါ . . .

ဒါမှမဟုတ် ရောဂါအခံတွေ ပိုဆိုးလာတဲ့အခါ (ဥပမာ လိပ်ခေါင်းသွေးယိုတာ၊ သွေးပေါင်ချိန်တွေ ထိုးတက်တာ) Heal U Wellness ကိုသာ ဆက်သွယ်လိုက်ပါ။

မမျှော်လင့်ထားတဲ့ကျန်းမာရေးပြဿနာများအတွက် အမြဲရှိနေမှာ Heal U ဖြစ်ပါတယ်..

✅ Heal U Wellness မှ ဆရာဝန်များက သင်နဲ့အသင့်တော်ဆုံး ဆေးရုံဆေးခန်းကို ပြသဖို့ဘိုကင်ယူတာကစလို့ ဆေးရုံကို ကိုယ်တိုင်လိုက်လံပြသပေးသည်အထိ ဝန်ဆောင်မှု ပေးနေပါတယ်။

✅ ညရေးညတာအချိန်၊ အရေးပေါ်အခြေအနေတွေမှာပါ ကူညီလမ်းညွှန်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။

နိုင်ငံရပ်ခြားမှာ ရုတ်တရက် ကျန်းမာရေးပြဿနာကြုံရတဲ့အခါ သွေးပူပြီး ဘာလုပ်ရမလဲမသိတာက သဘာဝပါ။ ဒါပေမယ့် အဲ့အချိန်မှာ Heal U ကို ဆက်သွယ်ဖို့တော့ သတိရပေးပါ။ ကျွန်တော်တို့က လိုအပ်တာတွေကို ဆက်လက်ကူညီပေးသွားပါ့မယ်။

ဘန်ကောက်ရောက် မြန်မာများ ကျန်းမာစေဖို့ Heal U Wellness က သင်နဲ့အတူ ရှိနေပါတယ်။

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။


ရင်သားကင်ဆာကို ထိုင်းနိုင်ငံမှာ ကုသခြင်းဒီတစ်ခါတော့ အဖြစ်များတဲ့ ရင်သားကင်ဆာကို ထိုင်းမှာ ဘယ်လိုကုသလဲဆိုတာ Heal U ရဲ့ အတ...
12/09/2026

ရင်သားကင်ဆာကို ထိုင်းနိုင်ငံမှာ ကုသခြင်း

ဒီတစ်ခါတော့ အဖြစ်များတဲ့ ရင်သားကင်ဆာကို ထိုင်းမှာ ဘယ်လိုကုသလဲဆိုတာ Heal U ရဲ့ အတွေ့အကြုံလေးမျှဝေချင်ပါတယ်။

ရင်သားကင်ဆာ စတွေ့ - လူနာက အသက် ၆၀ ဝန်းကျင် အမျိုးသမီး ခန္ဓာကိုယ်ပြည့်ပြည့်ပါ။ အန်တီဟာ အင်မတန်မျက်နှာချိုပြီး ကလေးတစ်ယောက်လို ဖော်ရွေပါတယ်။ ရင်သားမှာအကျိတ်ဖြစ်လို့ စစ်တာကနေ ရင်သားကင်ဆာလို့ အဖြေထွက်တာကြောင့် Heal U နဲ့ချိတ်ဆက်ပြီး ထိုင်းနိုင်ငံမှာ လာရောက်ကုသဖို့ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။

၁။ ရောဂါအတည်ပြုခြင်း

ရောက်လာတော့ အန်တီက မျက်နှာမကောင်းဘူး။ ရင်သားကင်ဆာဆိုတာသိရတော့လည်း ဘယ်စိတ်ပျော်နိုင်ပါ့မလဲ။ ပထမဆုံးဆွေးနွေးရတာက ရင်သားခွဲစိတ်ဆရာဝန်နဲ့ပါ။ ရင်သားကင်ဆာကို အတည်ပြုဖို့အတွက် အပ်နဲ့အသားစယူတဲ့နည်းလမ်းသုံးပါတယ်။ အသားစအဖြေစစ်ဆေးခြင်း (biopsy) ဟာရောဂါအတည်ပြုဖို့အတွက် အတိကျဆုံးနည်းလမ်းဖြစ်ပါတယ်။ အဲဒီလို အသားစ စစ်ဆေးလိုက်တဲ့အခါ ရင်သားကင်ဆာဆိုတာကို အတည်ပြုနိုင်သွားပါတယ်။

၂။ ကင်ဆာအမျိုးစားနှင့် ပျံ့နှံ့မှုရှိမရှိ စစ်ဆေးခြင်း

အသားစအဖြေအရ ကင်ဆာဖြစ်နေတဲ့အတွက် ကင်ဆာဆရာဝန်နဲ့ထပ်ဆွေးနွေးရတယ်။ ရင်သားကင်ဆာမှာ အမျိုးအစားတွေအများကြီးထပ်ကွဲသေးတယ်။ ဥပမာ ဖုန်းချင်းတူပေမယ့် တံဆိပ်တွေကွဲနေသလိုပေါ့။ ကင်ဆာဆရာဝန်နဲ့တွေ့ပြီးနောက်မှာ ရင်သားကင်ဆာက ဘယ်လိုအမျိုးစားလဲဆိုတာနဲ့ ပြန့်နှံ့မှုတွေဖြစ်နေပြီလားဆိုတာကိုသိဖို့ PET Scan ထပ်စစ်ဆေးရပါတယ်။ ဒီမှာတော့ ရလဒ်တွေက အကောင်းနဲ့အဆိုး တွဲနေပါတယ်။ သတင်းကောင်းကတော့ PET Scan အဖြေအရ ကင်ဆာဟာ တခြားနေရာတွေကို မပြန့်သေးဘူး။ ကင်ဆာရဲ့အခြေအနေဟာ အစောပိုင်းအဆင့် (early-stage) မှာပဲရှိသေးတယ်။ သတင်းဆိုးကတော့ အန်တီဖြစ်နေတဲ့ အမျိုးစားဟာ ရောဂါပြင်းထန်ပြီး ဆေးကိုတုံ့ပြန်မှုနည်းတဲ့ triple negative အမျိုးအစား ရင်သားကင်ဆာဖြစ်နေတာပါပဲ။

၃။ ကုသမှုနည်းလမ်းများနှင့် အချိန်ဇယား

ရင်သားကင်ဆာဆိုတော့ ကုသမှုကို ခွဲစိတ်တာနဲ့ အရင်စမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် လူနာရဲ့အမျိုးစားဟာ ပြင်းထန် (aggressive) ဖြစ်တာကြောင့် ရင်သားအကျိတ်ကိုအရင်သေးသွားအောင် ဓာတုကုထုံး (chemo) နဲ့ ကိုယ်ခံအားကုထုံး (Immuno) တွေ အရင်ယူမှရမယ်လို့ ကင်ဆာဆရာဝန်က အကြံပြုပါတယ်။ အစီစဉ်အရ ဆေးသွင်းကုသမှုတွေအရင်လုပ်ပြီး ရင်သားအကျိတ်တွေသေးသွားအောင်ကုသရမယ်။ ဆေးသွင်းကုထုံး ၆လပြီးမှ ခွဲစိတ်ကုသမှုလုပ်ရမယ်။ ပြီးရင် ၁၂လအထိ ဆေးသွင်းကုသခြင်းတွေ ဆက်လုပ်သွားရမယ်။

၄။ ဓာတုကုထုံး (ခီမို) နှင့် ကိုယ်ခံအားကုထုံး (အင်မျူနို) ခံယူခြင်း

ကုထုံးတွေ မစခင်မှာ အန်တီ့ရဲ့ ကျန်းမာကြံ့ခိုင်မှုအတွက် ကင်ဆာဆရာဝန်အပြင် နှလုံး၊ ကျောက်ကပ်၊ သွေးနဲ့ အာဟာရအထူးကုဆရာဝန်တွေ စစ်ဆေးကုသမှုတွေ လုပ်ပေးရပါတယ်။ ကင်ဆာဟာ ရောဂါတစ်ခုတည်းမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်တဲ့အရာဖြစ်တာကြောင့် ကုသတဲ့အခါမှာလည်း အထူးကုဆရာဝန်တွေအစုံအလင်ပါဝင်တဲ့ (multi-disciplinary team) အနေနဲ့ ပေါင်းစည်းကုသရပါတယ်။
ဓာတုကုထုံးတစ်ခုတည်းယူတာဟာ အခုအန်တီဖြစ်ပွားနေတဲ့ကင်ဆာကို ၈၅ ရာခိုင်နှုန်းထိ ပျောက်ကင်းနိုင်ခြေရှိအောင် ကုသနိုင်တယ်။ အခုကင်ဆာကုသမှုမှာ နာမည်အရမ်းကြီးနေတဲ့ ကိုယ်ခံအားကုထုံးပါ ပေါင်းစပ်လိုက်ပြီဆိုရင်တော့ ၉၂ ရာခိုင်နှုန်းထိ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ မိသားစုရဲ့ နွေးထွေးတဲ့ပံ့ပိုးမှုတွေနဲ့ လူနာက Chemo+Immuno နှစ်ခုလုံးပေါင်းပြီး ကုသမှုကိုခံယူပါတယ်။ တစ်လကို ဓာတုဆေးသွင်းခြင်း ၃ကြိမ်၊ ကိုယ်ခံအားဆေးသွင်းခြင်း တစ်ကြိမ်ပြုလုပ်ရပါတယ်။ လစဉ်လတိုင်းမှာ သွေး၊ အသည်း၊ ကျောက်ကပ်အခြေအနေတွေကို အပြည့်အစုံ စစ်ဆေးရတဲ့အပြင် လိုအပ်တဲ့ ကင်ဆာကုသမှုအထောက်အပံ့ဆေးဝါးတွေလည်း အသုံးပြုရပါတယ်။

၅။ အဝေးရောက်ကုသမှုခံယူခြင်း

၂လကြာ ဆေးသွင်းကုသမှုတွေကို ဘန်ကောက်မှာပြုလုပ်အပြီး ကျန်တဲ့ဆေးသွင်းကုသမှုတွေကို ပြည်တွင်းမှာပဲ ဆက်ပြုလုပ်ပါတယ်။ ပြည်တွင်းမှာ ဆက်ကုသဖို့အတွက် ချိတ်ဆက်လုပ်ဆောင်မှုတွေနဲ့ ဆေးဝါးညွှန်းတာတွေကို အန်တီ့ကိုကုသနေတဲ့ဆရာဝန်ကပဲ အဝေးရောက်ကုသမှုအဖြစ် စီမံပေးပါတယ်။ တစ်လတစ်ကြိမ် ဗွီဒီယိုကောလ်ပြောပြီး လူနာရဲ့သွေးအဖြေတွေဖတ်၊ ဆေးအတိုးအလျှော့နဲ့ တခြားလိုအပ်တာတွေကို ညွှန်းဆိုပါတယ်။ လက်ရှိမှာ လူနာရဲ့ ရင်သားအကျိတ်ဟာ အတော်သေးသွားတာ တွေ့ရတယ်။ အစားအသောက်မပျက်၊ ကိုယ်အလေးချိန်မကျ၊ သွေးအဖြေတွေလည်းကောင်းတယ်။ လာမယ့် အောက်တိုဘာဆိုရင် ၆လထဲဝင်လာပြီဖြစ်လို့ ခွဲစိတ်ကုသဖို့အတွက် ဘန်ကောက်ကို ထပ်လာရမှာဖြစ်ပါတယ်။

၆။ ကင်ဆာကို အနိုင်ယူဖို့ ဘာတွေလိုအပ်လဲ

ကင်ဆာဟာ ကုသလို့ပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခုအဖြစ်ကို ရောက်လာပါပြီ။ ဒါပေမယ့် လူတိုင်းအတွက်ဆိုတဲ့အဆင့်တော့ မရောက်လာနိုင်သေးဘူး။ ကင်ဆာကိုအနိုင်ယူဖို့ဆိုရင်
- စောစောသိရမယ်။
- မှန်ကန်တဲ့ကုသမှုရရှိနိုင်ရမယ်။
- ကူညီဖေးမမယ့်သူတွေ ရှိရမယ်။
- ငွေကြေးဥစ္စာပြည့်စုံရမယ်။
ဒါမှသာ ကင်ဆာကို သေသေချာချာ အနိုင်ယူနိုင်ပါလိမ့်မယ်။ လက်ရှိထိတော့ ဒီဝေဒနာဆိုးကြီးဟာ ကုသရခက်ခဲတဲ့ရောဂါတစ်ခုဖြစ်နေဆဲပါ။

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက
📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 - : 𝐍𝐨-𝟒, 𝐑𝐨𝐨𝐦 -𝟏𝟎𝟐/ 𝐓𝐡𝐮 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐑𝐨𝐚𝐝, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏

📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐍𝐨. 𝟏𝟖𝟗, 𝟔𝟑𝐫𝐝 𝐬𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟒𝐭𝐡 𝐚𝐧𝐝 𝟐𝟓𝐭𝐡 𝐬𝐭𝐫𝐞𝐞𝐭, 𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲𝐓𝐡𝐚𝐫𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။



Heal U ရန်ကုန်နှင့် မန္တလေးရုံးခွဲများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ...Heal U ၏ ရန်ကုန်ရုံးခွဲနှင့် မန္တလေးရ...
10/09/2026

Heal U ရန်ကုန်နှင့် မန္တလေးရုံးခွဲများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ...

Heal U ၏ ရန်ကုန်ရုံးခွဲနှင့် မန္တလေးရုံးခွဲများကို ဒီနေ့ စက်တင်ဘာလ (၁၀) ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

ရုံးပိတ်ရက်အတွင်း တိုင်ပင်ဆွေးနွေးရန် စိတ်ရှည်စွာ စောင့်ဆိုင်းပေးခဲ့ကြသော လူနာ၊ လူနာရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ထိုင်းနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားမှာ ဆေးရုံဆေးခန်းပြသဖို့ တိုင်ပင်ဆွေးနွေးလိုသူများ၊ ကြိုတင် Appointment ရယူလိုသူများအနေဖြင့် ရုံးခွဲများသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ ဖုန်း၊ Messenger ၊ Viber နှင့် WhatsApp မှတစ်ဆင့်ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါပြီ။

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက
📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 - : 𝐍𝐨-𝟒, 𝐑𝐨𝐨𝐦 -𝟏𝟎𝟐/ 𝐓𝐡𝐮 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐑𝐨𝐚𝐝, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏

📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐍𝐨. 𝟏𝟖𝟗, 𝟔𝟑𝐫𝐝 𝐬𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟒𝐭𝐡 𝐚𝐧𝐝 𝟐𝟓𝐭𝐡 𝐬𝐭𝐫𝐞𝐞𝐭, 𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲𝐓𝐡𝐚𝐫𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။



Heal U Wellness ရန်ကုန်ရုံးခွဲနှင့် မန္တလေးရုံးခွဲ ပိတ်ရက်များ ကြေငြာခြင်းHeal U Wellness ၏ ရန်ကုန်ရုံးခွဲနှင့် မန္တလေးရ...
03/09/2026

Heal U Wellness ရန်ကုန်ရုံးခွဲနှင့် မန္တလေးရုံးခွဲ ပိတ်ရက်များ ကြေငြာခြင်း

Heal U Wellness ၏ ရန်ကုန်ရုံးခွဲနှင့် မန္တလေးရုံးခွဲများမှ ဆရာဝန်များနှင့် ဝန်ထမ်းများ Heal U၏ နှစ်ပတ်လည် ခရီးစဉ် သွားရောက်မည်ဖြစ်ပါသဖြင့် ရုံးခွဲများကို စက်တင်ဘာလ (၉) ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ ခတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်။

ရုံးခွဲများကို စက်တင်ဘာလ (၁၀) ရက်နေ့ (ကြာသပတေးနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။

ရုံးပိတ်ရက်အတွင်း ရုံးခွဲများသို့ လူကိုယ်တိုင် လာရောက်ဆွေးနွေးလိုသူများနှင့် ဖုန်းခေါ်ဆို ဆက်သွယ်ရာတွင် အဆင်မပြေမှုများ ရှိပါက အနူးအညွတ် တောင်းပန်အပ်ပါတယ်။

အရေးကြီး တိုင်ပင်ဆွေးနွေးလိုသည့် ကျန်းမာရေး ကိစ္စရပ်များရှိပါက Page Messenger၊ Viber သို့မဟုတ် WhatsApp တို့မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက
📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 =+𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏
📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 = +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

01/09/2026

ဇက်ကြောတက်၊ ချာချာလည်အောင်မူးတဲ့ ဝေဒနာကို ၁ နှစ်ကျော်ကြာ ခံစားခဲ့ရသူတစ်ဦး... ကုသမှုမျိုးစုံလုပ်ပေမယ့် မသက်သာဘဲ ဝေဒနာတွေ ခံစားနေရသူတစ်ဦး Heal U ကြောင့် "ဘဝအသစ်တစ်ခု ပြန်ရလိုက်သလိုပဲ" လို့ ပြောရတဲ့အထိ ဘာတွေပြောင်းလဲသွားခဲ့လဲ?

Graphic Designer တစ်ယောက်ဖြစ်ပြီး ဖုန်းနဲ့ ကွန်ပျူတာ အသုံးများတဲ့ အမျိုးသားလူနာတစ်ဦး Heal U Wellness ကို ဆက်သွယ်လာခဲ့ပါတယ်။ သူက လည်ပင်းကျီးပေါင်းရှိတယ်ဆိုတာကို သိပြီးသားဖြစ်ပြီး ဇက်ကြောတက်တာ၊ ချာချာလည်အောင်မူးတာတွေကို ၁ နှစ်‌လောက်အထိ ခံစားခဲ့ရသူ ဖြစ်ပါတယ်။ နည်းလမ်းပေါင်းစုံနဲ့ ကုသမှု ခံယူခဲ့ပေမဲ့ သိသိသာသာ ကောင်းမွန်လာတာမျိုး မရှိခဲ့ပါဘူး။

Heal U အနေနဲ့ သေချာမေးမြန်းဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံမှာ ကျောရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနဲ့ ပြသပေးခဲ့ပါတယ်။ ကံကောင်းတာကတော့ MRI သံလိုက်ဓာတ်မှန် စစ်ဆေးချက်အရ ခွဲစိတ်ရမယ့်အဆင့်အထိ မရောက်သေးတဲ့အတွက် ကျောရိုးဆစ်ကြား ဆေးထိုးခြင်းနဲ့ လေ့ကျင့်ခန်းကုထုံး တို့ကိုပဲ စနစ်တကျ ပြုလုပ်ခဲ့ရပါတယ်။

ဆေးထိုးပြီး လေ့ကျင့်ခန်းကုထုံး စတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ခံစားနေရတဲ့ ဝေဒနာတွေ စတင်သက်သာလာခဲ့ပါတယ်။ ဝေဒနာတွေ သက်သာလာတာနဲ့အမျှ ပိုပြီး နေလို့ထိုင်လို့ ကောင်းလာတာကြောင့်
"ဘဝအသစ်တစ်ခုကို ပြန်ရလိုက်သလိုပါပဲ..."ဆိုပြီး ခံစားချက်ကို မျှဝေပေးခဲ့ပါတယ်။

ဇက်ကြောတက်တာ၊ မူးဝေတာက သာမန်လက္ခဏာလို့ ထင်ရပေမဲ့ တကယ်ခံစားရသူတွေအတွက် နေ့စဉ်နဲ့အမျှ နာကျင်ရသလို စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်ပါတယ်။ ဒီလို ဝေဒနာတွေကနေ လွတ်မြောက်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရတဲ့အတွက် Heal U Wellness အနေနဲ့ ထပ်တူထပ်မျှ ဝမ်းသာရပါတယ်။

Heal U အနေနဲ့ အကြံပြုချင်တာကတော့ အထိုင်များပြီး ဖုန်းအသုံးများတဲ့ ခုလိုခေတ်ကာလမှာ Posture မမှန်တာနဲ့ လေ့ကျင့်ခန်းမလုပ်တာကြောင့်
သက်လတ်ပိုင်းလောက်မှာတင် လည်ပင်းကျီးပေါင်း ဖြစ်လာကြပါပြီ။

မကြာခဏ ဇက်ကြောတက်တယ်၊ မူးဝေတယ်၊ လက်တွေကျဉ်တယ်ဆိုရင် ကျီးပေါင်းကြောင့် အာရုံကြောညပ်မညပ် စိစစ်သင့်ပါတယ်။ ရောဂါအခြေအနေ မဆိုးသေးပါက ခွဲစိတ်စရာမလိုဘဲ ထိုးဆေးနဲ့ လေ့ကျင့်ခန်းများဖြင့် သက်သာနိုင်ပြီး အာရုံကြောညပ်ပါကလည်း နည်းမှန်လမ်းမှန် ကုသမှသာ နာကျင်မှု ကင်းဝေးမှာ ဖြစ်ပါတယ်။

Heal U Wellness မှာ လည်ပင်းကျီးပေါင်း ဝေဒနာရှင်များအတွက် ထိုင်းနိုင်ငံက ကျောရိုးခွဲစိတ် အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်၍ ထိရောက်သည့် ကုထုံးများဖြင့် ကူညီပေးလျက်ရှိပါသဖြင့် သိလိုတာတွေ မေးမြန်းဆွေးနွေးလိုတာတွေ ရှိပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လည်ပင်းကျီးပေါင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ဆေးရုံကြီးတွေမှာ ပြသလိုပါက စုံစမ်းမေးမြန်းနိုင်ပါတယ်။

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက
📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 - : 𝐍𝐨-𝟒, 𝐑𝐨𝐨𝐦 -𝟏𝟎𝟐/ 𝐓𝐡𝐮 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐑𝐨𝐚𝐝, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏

📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐍𝐨. 𝟏𝟖𝟗, 𝟔𝟑𝐫𝐝 𝐬𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟒𝐭𝐡 𝐚𝐧𝐝 𝟐𝟓𝐭𝐡 𝐬𝐭𝐫𝐞𝐞𝐭, 𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲𝐓𝐡𝐚𝐫𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။




#ဇက်ကျီးပေါင်း
#ကျီးပေါင်းဆေးထိုး

27/08/2026

"လက်တွေ ထုံကျဉ်နေတာ၊ ကြယ်သီးတပ် ဖိနပ်ကြိုးချည်ရတာ ခက်လာတာ၊ ပစ္စည်းတွေ ခဏခဏ ပြုတ်ကျပြီး လမ်းသွားရင် ယိမ်းယိုင်နေတာတွေဟာ 'လည်ပင်းကျီးပေါင်းကြောင့် အာရုံကြော ဖိမိနေတဲ့ လက္ခဏာတွေ' ဖြစ်နိုင်ပါတယ်။

ဆီးဝမ်းမထိန်းနိုင်တာနဲ့ အောက်ပိုင်းမလှုပ်နိုင်တော့တဲ့အထိ ဆိုးရွားလာခဲ့ရင် ဘာလုပ်ရမလဲ?

လည်ပင်းကို ခွဲလိုက်တာမျိုး မဟုတ်ဘဲ လည်ပင်းကျောရိုးကို အပေါက်သေးသေးလေး ဖောက်ပြီး အာရုံကြောကိုဖိနေတာတွေကို သက်သာစေတဲ့ Endoscopic Spine Surgery လည်ပင်းကျီးပေါင်းမှန်ပြောင်း ခွဲစိတ်မှုအကြောင်း ဆရာသူရိန်လှိုင်ဝင်းက မျှဝေပေးခဲ့ပါတယ်။

လည်ပင်းကျီးပေါင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက ဆေးရုံကြီးတွေမှာ ပြသလိုပါက စုံစမ်းမေးမြန်းနိုင်ပါတယ်။

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက

📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 - : 𝐍𝐨-𝟒, 𝐑𝐨𝐨𝐦 -𝟏𝟎𝟐/ 𝐓𝐡𝐮 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐑𝐨𝐚𝐝, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏

📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐍𝐨. 𝟏𝟖𝟗, 𝟔𝟑𝐫𝐝 𝐬𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟒𝐭𝐡 𝐚𝐧𝐝 𝟐𝟓𝐭𝐡 𝐬𝐭𝐫𝐞𝐞𝐭, 𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲𝐓𝐡𝐚𝐫𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။



#ဇက်ကျီးပေါင်း

ဖုန်းအသုံးများသလား ဇက်ကျီးပေါင်းဖြစ်မယ် သတိထား ဇက်ကျီးပေါင်းဆိုတာ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ရောဂါဆိုပေမယ့် အခုတော့...
19/08/2026

ဖုန်းအသုံးများသလား ဇက်ကျီးပေါင်းဖြစ်မယ် သတိထား

ဇက်ကျီးပေါင်းဆိုတာ အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ရောဂါဆိုပေမယ့် အခုတော့ လူငယ်တွေမှာလည်း တွေ့လာရပါပြီ။ အဓိကကတော့ Text neck လို့ခေါ်တဲ့ ဖုန်းအသုံးပြုတာတွေ များလာတာကြောင့်ပါ။

ကျွန်တော်တို့ရဲ့ ဇက်က ခေါင်းငုံ့ပြီး ဖုန်းအသုံးပြုနေချိန်ဆိုရင် ပေါင် ၅၀-၆၀လောက်ရှိတဲ့ ခေါင်းကို ထမ်းနေရတာပါ။ ရေရှည်မှာ ဇက်က ကျောရိုးဆစ်တွေအပေါ် ဝန်ပိတာကြောင့် ဇက်ကျီးပေါင်း ဖြစ်လာပါတယ်။

ဇက်ကျီးပေါင်း ဖြစ်လာတဲ့အခါ
• ဇက်ကြောတက်တာ
• ဇက်နာတာ
• လက်ပြင်နာတာကို ခံစားရတတ်ပါတယ်။

အများစုက ဘာလက္ခဏာမှ မခံစားရတာလည်း ဖြစ်နိုင်ပါတယ်။

တစ်ခါတလေမှာတော့ ဇက်ကျီးပေါင်းကြောင့် ဇက်က ကျောရိုးဆစ်တွေ ကျဉ်းလာပြီး အာရုံကြောကို ဖိတာကြောင့်
• ခြေလက်တွေ ထုံကျင်တာ
• ပစ္စည်းကိုင်ရင် မမြဲတာ
• လမ်းမလျှောက်နိုင်တာ
• ဆီးဝမ်းမထိန်းနိုင်တာတွေ ဖြစ်နိုင်ပါတယ်။

ဇက်ကျီးပေါင်းအတွက် ကုသနည်းတွေက ရောဂါဘယ်လောက်ပြင်းထန်လဲပေါ်မူတည်ပါတယ်။
သာမန် ဇက်ကြောတက်တာ၊ လက်ပြင်နာတာတွေအတွက်
• အကိုက်အခဲပျောက်ဆေးသောက်တာ
• လိမ်းဆေးလိမ်းပြီး နှိပ်နယ်တာ
• ရေခဲဝတ်၊ ရေနွေးအိတ်ကပ်တာ
• ကျီးပေါင်းကော်လာယာယီတပ်တာ
• လေ့ကျင့်ခန်းလုပ်တာ စတာတွေ ပြုလုပ်လို့ရပါတယ်။
• နာကျင်မှု ပြင်းထန်တယ်ဆိုရင်တော့ အဆစ်ကြားထဲ ဆေးထိုးတာ ပြုလုပ်နိုင်ပါတယ်။

အာရုံကြောညပ်ပြီး လမ်းမလျှောက်နိုင်၊ ခြေလက်ထုံကျင်တဲ့အဆင့်ဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုပါတယ်။ အာရုံကြောပေါ်ပိနေတဲ့ အဆစ်ပြား၊ အရိုးအတက်ကို ခွဲစိတ်ဖယ်ထုတ်ပြီး အာရုံကြောလွတ်အောင် ခွဲစိတ်ပေးတာပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ ဇက်ကျီးပေါင်းအတွက် ကုသနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ လူငယ်တွေမှာလည်း ဇက်ကျီးပေါင်း အဖြစ်များလာတာကြောင့် ဇက်ကျီးပေါင်းရဲ့ လက္ခဏာတွေကို ဂရုစိုက်ပါ။ အထူးသဖြင့် အာရုံကြောပိတဲ့ လက္ခဏာတွေ ရှိနေရင် အမြန်ဆုံးကုသဖို့ ပြင်ဆင်ပါ။

Heal U Wellness နဲ့ ချိတ်ဆက်ထားတဲ့ ဘန်ကောက်က ဆေးရုံကြီးတွေမှာဆိုရင် ဇက်ကျီးပေါင်းကို ရောဂါအဆင့်အလိုက် သင့်တော်တဲ့ ကုထုံးတွေနဲ့ ကုသပေးလျက်ရှိပါတယ်။ ခွဲစိတ်ရမယ့်ဆိုရင်လည်း နောက်ဆုံးပေါ် စက်ရုပ်လက်တံသုံး နည်းပညာတွေနဲ့ ခွဲစိတ်ပေးနေတာကြောင့် ဇက်ကျီးပေါင်းဝေဒနာများ သက်သာစေဖို့ Heal U Wellness ကို ခုပဲ ဆက်သွယ်လိုက်ပါ။

𝐇𝐞𝐚𝐥 𝐔 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 ကို ဆက်သွယ်လိုပါက
📍 𝐇𝐞𝐚𝐥 𝐔 𝐘𝐚𝐧𝐠𝐨𝐧 - : 𝐍𝐨-𝟒, 𝐑𝐨𝐨𝐦 -𝟏𝟎𝟐/ 𝐓𝐡𝐮 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐑𝐨𝐚𝐝, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐲𝐮𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟎, +𝟗𝟓𝟗 𝟐𝟓𝟎 𝟎𝟎𝟐 𝟏𝟐𝟏

📍 𝐇𝐞𝐚𝐥 𝐔 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - 𝐍𝐨. 𝟏𝟖𝟗, 𝟔𝟑𝐫𝐝 𝐬𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟐𝟒𝐭𝐡 𝐚𝐧𝐝 𝟐𝟓𝐭𝐡 𝐬𝐭𝐫𝐞𝐞𝐭, 𝐀𝐮𝐧𝐠𝐌𝐲𝐚𝐲𝐓𝐡𝐚𝐫𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
📞 𝐏𝐡𝐨𝐧𝐞: +𝟗𝟓𝟗 𝟕𝟓𝟑 𝟑𝟑𝟐 𝟐𝟕𝟏, +𝟗𝟓𝟗 𝟐𝟓𝟔 𝟎𝟏𝟔 𝟐𝟔𝟒

𝐕𝐢𝐛𝐞𝐫 / 𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - +𝟗𝟓(𝟗)𝟓𝟏𝟗𝟔𝟕𝟔𝟒 မှတစ်ဆင့်ဖြစ်စေ၊ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။



#ဇက်ကျီးပေါင်း

ที่อยู่

Bangkok
Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Heal U Wellnessผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์