CNX Adventures Club

  • Home
  • CNX Adventures Club

CNX Adventures Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CNX Adventures Club, Travel Company, อำเภอเทิง, .

18/03/2026

တိမ်တွေထဲကို ရောက်သွားတဲ့ခံစားချက်မျိုး 💚

ကဲ ခရီးတွေ မထွက်ရတာလည်း ကြာပြီဗျို့ ဒီကြားထဲ ရာသီဥတုအရမ်းပူနေတာရယ် adminတို့ကိုယ်စီလည်း အလုပ်ရှုပ်နေတာကြောင့်ရယ် အခုတော့...
16/03/2026

ကဲ ခရီးတွေ မထွက်ရတာလည်း ကြာပြီဗျို့
ဒီကြားထဲ ရာသီဥတုအရမ်းပူနေတာရယ် adminတို့ကိုယ်စီလည်း အလုပ်ရှုပ်နေတာကြောင့်ရယ်
အခုတော့ အပူရှောင်စရာ နေရာကောင်းလေးတွေ့လာလို့ အားလုံးကို သတင်းကောင်းပါးလိုပါတယ်
နာမည်က Phu Chi Faပါ ထိုင်း-လာအိုနယ်စပ်မျဉ်းပေါ်မှာ တည်ရှိပါတယ် (ပုံ - ၅ & ၆)
တိမ်ပင်လယ်ထွက်တဲ့ ဆောင်းတွင်းဆိုရင် အခန်းမရနိုင်လောက်အောင်ကို လူစည်ပါတယ်
အခုရာသီမှာတော့ ညက မိုးရွာထားမှ မနက်ခင်း တိမ်ပင်လယ်ထွက်ပါတယ်
ဒါပေမယ့် တိမ်ပင်လယ်က ဒီtripရဲ့ main topic မဟုတ်ပါဘူး
တိမ်ပင်လယ်မပါဘဲနဲ့ကို တော်တော်perfectဖြစ်တဲ့ နေရာပါ
မြူလှိုင်းလုံးတွေနဲ့ တိမ်ထဲကို ရောက်သွားတဲ့ခံစားချက်မျိုး
ချယ်ရီရာသီကုန်သွားပေမယ့် တစ်တောတစ်တောင်လုံး စွယ်တော်ပန်းတွေနဲ့ လှနေတာပါ (ပုံ - ၇)
ရာသီဥတုကလည်း 17/18ဒီဂရီနဲ့ဆိုတော့ အနွေးထည်တော့ လိုမယ်ဗျ
Adminကတော့ ကလေးတစ်ယောက် ထမ်းတက်ထားရလို့ လက်တိုနဲ့ နေနိုင်တာ
ကားပါကင်ကနေ တောင်ထိပ်က view pointအထိ တစ်မိုင်လောက်တော့ လမ်းလျှောက်ရတယ်
Hikingဝါသနာပါတဲ့လူတွေကတော့ ဟိုတယ်မှာပဲ ဘီးထားခဲ့ပြီး မနက်စောစော လမ်းထလျှောက်ပေါ့
Adminတို့အုပ်စုကတော့ ဆိုင်ကယ်နဲ့ပဲ တောင်ပေါ်ကနေ စောင့်ပါမယ် 🥴
နေရာကလည်း ချင်းမိုင်ကနေ ၅နာရီ ဆိုင်ကယ်မောင်းစာလေးပဲဆိုတော့ တစ်ညအိပ် ပေါ့ပေါ့ပါးပါး tripပေါ့ဗျာ
စိတ်ဝင်စားတယ်ဆိုရင် chat boxမှာ စာရင်းလာပေးထားလိုက်တော့ဗျာ
သွားမယ့်ရက်ကိုတော့ အားလုံးနဲ့ ညှိနှိုင်းပြီး ပြန်ကြေညာပေးပါ့မယ်
Customerတွေ လိုက်လိုက်မလိုက်လိုက် adminတို့ကတော့ ဒိုးမှာပါ

Bonusအနေနဲ့ လမ်းတစ်လျှောက်က national parkတွေကို အလည်ပို့ပေးဦးမှာပါ
ဒါကတော့ customerတွေ မောင်းနိုင်လို့ ထွက်လာတဲ့ အချိန်ပိုအပေါ် မူတည်ပါမယ်

09/03/2026

CNX adventure club အဖွဲ့သားတစ်ဦးကို သူ့ကောင်မလေးမှ မွေးနေ့လက်ဆောင်အဖြစ် Harley Wide Glide ဖြင့် Surprise လုပ်ပေး ❤️

တစ်ဖွဲ့လုံးမှာ သူတို့နှစ်ယောက်ပဲ ပုံအလန်းစားရ 🤨
07/03/2026

တစ်ဖွဲ့လုံးမှာ သူတို့နှစ်ယောက်ပဲ ပုံအလန်းစားရ 🤨

AXCR: Asia Cross Country Rally Iron Man Rallyလို ccတွေ typeတွေ ကန့်သတ်မထားဘူးကြိုက်တဲ့ဘီးနဲ့ လာပြိုင်လို့ရတယ် ကိုယ့်ရွေး...
28/02/2026

AXCR: Asia Cross Country Rally
Iron Man Rallyလို ccတွေ typeတွေ ကန့်သတ်မထားဘူး
ကြိုက်တဲ့ဘီးနဲ့ လာပြိုင်လို့ရတယ်
ကိုယ့်ရွေးချယ်မှုရဲ့ အကျိုးဆက်ကို ကိုယ်ခံရမယ် ဒါပဲ
ကျနော်တို့နဲ့ နီးနီးနားနားမှာ Dakar Rallyနဲ့ အနီးစပ်ဆုံး တူတဲ့ FIA certified ပြိုင်ပွဲလည်း ဖြစ်တယ်
အဲဒါကြောင့် စူပါကပ်လေးမှာ road bookတွေ ဘာတွေနဲ့ ဖြုတ်နေတာ တွေ့ရလိမ့်မယ်
Iron Man Rallyမှာ track mapပေးလိုက်တာတောင် လမ်းမှားတဲ့လူတွေ road bookနဲ့ဆို တောထဲမှာ ကြောင်ပျောက်သွားနိုင်တယ်
အာ့ကြောင့်လည်း organizerဘက်က groupလိုက်ပဲ လာပြိုင်ဖို့ encourageလုပ်ပါတယ်တဲ့
Dakar rallyအဆင့်ထိ တက်ချင်တဲ့လူတွေ certificateလာယူကြတဲ့ပွဲမို့ ပြိုင်ဆိုင်မှုလည်း ပြင်းထန်ပါတယ်
(တစ်ဖွဲ့တည်းမှ မဟုတ်ရင် ဘယ်သူမှ ဘယ်သူ့ကို ရပ်မကူညီချင်ကြ)
မနှစ်က စုစုပေါင်း 3300kmကို ၆ရက်မောင်းရပါတယ်
၂၄နာရီမောင်းရတဲ့ပွဲမှာတင် ဖလက်ပြနေတဲ့ ရဲဘော်တွေကိုတော့ စည်းရုံးနေတုန်း
အခုထိတော့ အင်းမလုပ်အဲမလုပ်ကြသေး
မောင်းထားကာစမို့လည်း ပါလိမ့်မယ် 
အချိန်တန်ရင် ဘိုက်သွေးပြန်ကြွလာကြမှာပဲ :3
Augustမှဆိုတော့ အချိန်လည်း လိုပါသေးတယ်

Countdown 3, 2, 1 … Go!!!
23/02/2026

Countdown 3, 2, 1 … Go!!!

Monkey Pod Tree, Kanchanaburi “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား”ဆိုတဲ့ စကားပုံကို ချက်ချင်းပြေးမြင်မိစေတဲ့ အပင်ပဲ အပြင်မ...
23/02/2026

Monkey Pod Tree, Kanchanaburi
“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား”ဆိုတဲ့ စကားပုံကို ချက်ချင်းပြေးမြင်မိစေတဲ့ အပင်ပဲ
အပြင်မှာ တော်တော်ကြီးပြီး အရမ်းလှတဲ့အပင်
အလယ်နဲ့ တောင်အမေရိကမျိုးရင်း
ထိုင်းမှာ လွန်ခဲ့တဲ့ နှစ်၈၀-၁၀၀​​​လောက်ကနေ သစ်တောပြုန်းတီးမှုကို ကုစားဖို့ ပြန်စိုက်ခဲ့ကြတာ
(ကန်ချနာပူရီဆိုတာ Death Railwayလို့ခေါ်တဲ့ သေမင်းတမန်ရထားလမ်းရှိတဲ့မြို့ဖြစ်တယ်
ရထားလမ်းဖလီဖားတုံးတွေအတွက် နယ်မြေထဲက သစ်တောအတော်များများကို ခုတ်ယူသုံးစွဲခဲ့ရတယ်)
ဒီတစ်ပင်ကတော့ ပြင်သစ်သာသနာပြုတစ်ယောက်က စိုက်ခဲ့တာ နှစ်တစ်ရာကျော်သက်တမ်းရှိပြီပြောတယ်

Team Myanmar 🇲🇲
21/02/2026

Team Myanmar 🇲🇲

21/02/2026

Iron Man Rally is calling! 🖤

Iron Man Rallyရဲ့ အမှတ်ပေးပုံစံထွက်လာပြီ 140kphထက် ပိုမမောင်းခိုင်းတာကတော့ မမျှော်လင့်ထားတဲ့တစ်ခုပဲ အင်းပေါ့လေ Dakarတို့...
21/02/2026

Iron Man Rallyရဲ့ အမှတ်ပေးပုံစံထွက်လာပြီ
140kphထက် ပိုမမောင်းခိုင်းတာကတော့ မမျှော်လင့်ထားတဲ့တစ်ခုပဲ
အင်းပေါ့လေ Dakarတို့ AERတို့လို လူသူမရှိတဲ့ သဲကန္တာရထဲ ပြိုင်ရတာမှ မဟုတ်တာကိုး
လူသွားလူလာရှိတဲ့ လမ်းပေါ်လည်း တက်ရမှာဆိုတော့ တစ်ခုခုဖြစ်ရင် ပြိုင်ပွဲimageမကောင်းဘူးပေါ့
အစက off-roadကို ထိန်းမောင်းပြီး on roadပေါ်ရောက်ရင် high speed 200kphလောက် တင်ပြီး အချိန်ပြန်ခိုးမယ် စဉ်းစားထားတာ
ဒီအတိုင်းဆို 140kphအောက်မှာ အမှားအနည်းဆုံး မောင်းနိုင်တဲ့လူက winnerဖြစ်မှာပေါ့
ကိုယ်ကတော့ ခြေထောက်ဒဏ်ရာက လမ်းလျှောက်လို့ ရရုံပဲမို့ off-roadမှာ riskယူဖို့ အဆင်မပြေ

Address

อำเภอเทิง

Website

Alerts

Be the first to know and let us send you an email when CNX Adventures Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Travel Agency?

Share