ရသသတင်စုံများ

ရသသတင်စုံများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရသသတင်စုံများ, Tourist Information Center, 1335 6th Avenue, Albany, NY.

01/16/2024
01/16/2024
01/16/2024

မဂ်လာပါ

❝ မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး❞ကိုယ်ကသာ ကိုယ်မရှိရင်မဖြစ်ဘူးဆိုပြီးနေရာတကာ ပူလိုက်ရတာ ဒါပေမယ...
11/02/2023

❝ မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး❞

ကိုယ်ကသာ ကိုယ်မရှိရင်မဖြစ်ဘူးဆိုပြီးနေရာတကာ ပူလိုက်ရတာ ဒါပေမယ့် ကိုယ်မရှိလဲ အရာရာက သူ့ဟာသူလည်ပတ်နေတာပါပဲ။

ကိုယ့်ဘက်က အဆက်အသွယ်လေး စမလုပ်လိုက်တာနဲ့ပြတ်တောက်သွားမယ့် ဆက်ဆံရေးတွေရှိတယ်။

ကိုယ့်ဘက်က တစ်ခါလေး မကောင်းပေးလိုက်တာနဲ့ အပစ်မြင်သွားတဲ့သူတွေရှိမယ်။

ကိုယ်မရှိတော့မှ သတိရရှိပြီး ကိုယ်မရှိတဲ့အချိန် တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူတွေရှိမယ်။

တကယ်တမ်းတော့လေ ကိုယ်ကသာ ကိုယ်မရှိရင် မဖြစ်ဘူးဆိုပြီး ဖက်တွယ်လိုက်ရတာ နောက်ဆုံး တော့ ကိုယ်မရှိလည်းဖြစ်တဲ့သူတွေချည်းပါပဲ။

ဒါကြောင့်‌ "မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ ယုံတမ်းပြောတာ မင်းမရှိတော့ရင် ခဏတော့ဝမ်းနည်းမယ် ကြာတော့လည်း နေသားတကျနဲ့ မေ့သွားကြမှာပါ။

တကယ်တမ်း ကိုယ်မရှိလို့မဖြစ်တာက မိမိကိုယ်ကိုယ်ပါ ကိုယ်တိုင်မှ မကျန်းမာရင် ပြုစုဖို့ အကူမရှာနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာရေးကောင်းအောင်သာဂရုစိုက်ရမှာပါ။

ကိုယ့်စိတ်ထဲဝမ်းနည်း နေရင်တောင် ငိုပစ်လိုက် ရင်ဖွင့်ဖော်မရှာနဲ့ သင်ကလွဲပြီး သင့်ပြဿနာကို ဖြေရှင်းလို့ရတဲ့သူဆိုတာမရှိဘူး။

ဒါကြောင့် ကျန်းမာရေးဂရုစိုက်ပါ
စိတ်ချမ်းသာအောင်နေပါ
သင့်အကြောင်းသင်တွေးပါ သင်မရှိရင်တောင် အဆင်ပြေနေမယ့်သူတွေအတွက်အချိန်တွေအကုန်မခံပါနဲ့
ပိုက်ဆံစုပါ၊သင်ဖြစ်ချင်တာ‌တွေဖြစ်အောင်လုပ်ပါ၊သင့်ကိုယ်သင်ချစ်ပါ။

#မေဆု(ရာမညမြေ)30.10.2023
#မေဆုအတွေးရသစာစုလေးများ

ARSA နှင့် AA တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်နေ DMG ၊ ဇူလိုင် ၂၀ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ARSA နှင့် ရက္ခို...
07/20/2023

ARSA နှင့် AA တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်နေ

DMG ၊ ဇူလိုင် ၂၀

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ARSA နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုများရှိနေပြီး မသွားရဲ၊ မလာရဲဖြစ်နေကြောင်း DMG သို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုရှိ စိမ်းညှင်းပြား၊ အာကာပျံ၊ ကျောက်စာတိုင် ကျေးရွာများအနီး မယူတောင်ကြောတွင် ဇူလိုင်လ ၁၈၊ ၁၉ ရက်နေ့က ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်ရှိတွင်လည်း စစ်ရေးလှုပ်ရှားမှုများ အရိပ်အမြွတ်တွေ့ရသဖြင့် စိုးရိမ်မှုများရှိနေခြင်းဖြစ်သည်။

“ဒီနေ့တော့ ပစ်ခတ်သံတွေ မကြားရသေးဘူး။ မနေ့က ပစ်ခတ်သံတွေကြားတော့ စိုးရိမ်မှုတွေရှိတယ်။ ဒေသခံတွေက တောင်ယာလုပ်ဖို့လည်း မသွားရဲကြတော့ဘူး၊ လုပ်ငန်းခွင်တွေကို မသွားရဲတာတွေလည်း ရှိနေကြတယ်။ တောထဲကို ဝမ်းစာရှာဖို့မသွားရဲတော့ ဝင်ငွေလည်း ထိခိုက်သွားတာပေါ့” ဟု ကျောက်စာတိုင်ရွာသားတစ်ဦးက DMG သို့ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညအချိန်တွင် မေယုတောင်ကြောင်ရှိ အာကာပျံတောင်ကျော်လမ်းနှင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စိမ်းညှင်းပြားကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြပြီး AA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ARSA တပ်ဖွဲ့ဝင် ၅ ဦး၏ အလောင်းနှင့် လက်နက်များကို သိမ်းဆည်းရထားကြောင်း AA နှင့်နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

စိမ်းညှင်းပြား မွတ်ဆလင်ကျေးရွာမှ ဒေသခံတစ်ဦးက “အခု ကျနော်တို့က ရွာထဲမှာ ကြောက်စိတ်နဲ့နေရတာပေါ့။ တောင်ယာတွေကိုလည်း မသွားရဲတော့ဘူး။ ပစ်ခတ်သံတွေကြားထားတော့ တစ်ရွာလုံး ဘယ်မှမသွားကြတော့ဘူး။ လမ်းမတွေမှာတောင် မသွားကြတော့ဘူး” ဟု DMG သို့ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် ၂၀၁၇ ခုနှစ်ခန့်က ARSA စခန်းတချို့ရှိခဲ့ပြီး စစ်ကောင်စီတပ်ကလည်း စိမ်းညှင်းပြားတောင်ကျော်လမ်းတွင် စခန်းချနေထိုင်ခဲ့သည်။ လက်ရှိတွင် ၎င်းစစ်ကောင်စီတပ်မှာ တင်ဆက်(မွတ်ဆလင်)ကျေးရွာတွင် စခန်းချထားကြောင်း သိရသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက “သူတို့ (ARSA)က မြန်မာစစ်တပ်ကိုပဲ မကြိုက်တာ မဟုတ်ဘူး။ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကိုလည်း ကြိုက်ကြမှာ မဟုတ်ဘူး။ သူတို့ အုပ်ချုပ်ဖို့အတွက် ULA/AA ရှိနေရင် အခက်တွေ့နိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ဖို့ ကြိုးစားရာမှာ ထိတွေ့တိုက်ပွဲဖြစ်တာလို့ထင်ပါတယ်” ဟု ပြောသည်။

ARSA အဖွဲ့သည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသ မေယုတောင်ကြောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားလေ့ရှိပြီး ရက္ခိုင့်တပ်တော် (AA)မှာ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို စစ်ကောင်စီနှင့်စင်ပြိုင် လုပ်ဆောင်လျက် ရှိနေသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစပြီး အပစ်ရပ်ထားသဖြင့် သေနတ်သံများတိတ်နေသော်လည်း ယခုအခါ ARSA နှင့် AA တိုက်ပွဲကြောင့် သေနတ်သံများ ပြန်ကြားလာရခြင်းဖြစ်သည်။



ပုံစာ - တိုက်ပွဲဖြစ်ပွားခဲ့သည့် မေယုတောင်တန်းအား ဇူလိုင် ၂၀ ရက်နေ့တွင် ကျောက်စာတိုင်ရွာမှ လှမ်းမြင်ရစဉ်။ ဓာတ်ပုံ - ပေးပို့

နေအိမ်မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အခက်အခဲဖြစ်နေ  DMG ၊ ဇွန် ၂၆ မုန်တိုင်း...
06/26/2023

နေအိမ်မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အခက်အခဲဖြစ်နေ

DMG ၊ ဇွန် ၂၆

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ယာယီနေအိမ်များကို ပြန်လည် မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင်များမှာ နေထိုင်ရေးအခက်အခဲများရှိနေကြောင်း သိရသည်။

အမိုးအကာမလုံခြုံသည့်အတွက် မိုးရာသွန်းချိန်တွင် ကိုယ်ဝန်အရင့်မာကြီးနှင့် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ရသေ့တောင်မြို့ပေါ်ရှိ “ရွှေပါရမီဘုန်းတော်ကြီးကျောင်း” စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်အေးအေးသန်းက ပြောသည်။

“ပြုပြင်ထားတာလည်း မခိုင်ခံ့တော့ မိုးရွာလို့ လေပြင်းတိုက်ရင် မိုးရေတွေဝင်တယ်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့အိမ်တွေကို သေသေချာချာမလုပ်နိုင်သေးတော့ နေထိုင်ရတာ အရမ်းခက်ခဲတယ် ” ဟု ဒေါ်အေးအေးသန်းက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၇ ခုနှင့် လူဦးရေ ၁၇,၀၀၀ ကျော်ရှိပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၂၅၀ ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မုန်တိုင်းလွန်သည်မှာ တစ်လကျော်ကြာမြင့်လာသော်လည်း အကူအညီအထောက်အပံ့ရရှိမှုမှာ အလွန်နည်းပါးနေသေးပြီး နေအိမ်များကို ကိုယ်ထူကိုယ်ထပြုပြင်ရန်အတွက်လည်း ငွေကြေးအခက်အခဲများနေ၍ ဖြစ်သလိုနေထိုင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များမှာ အမိုအကာမလုံခြုံမှုကြောင့် မိုးရေစိုစွတ်ကာ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြသည်။

“အခုမိုးအရမ်းရွာတော့ အိပ်ဖို့နေရာမရှိဘူး။ ဒီနေရာက မိုးစိုရင် နောက်တစ်နေရာကို ရွှေ့ပြီးထိုင်နေရတယ်။ မိုးရေကလည်း အရမ်းအေးတော့ ခန္ဓာကိုယ်မှာ အမြဲတမ်းရေစိုနေတော့ နေမကောင်းဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မွေးကင်းစကလေးမိခင် ဒေါ်ဆန်းဆန်းကျော်က ပြောသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင် ၁၃၅ ဦးရှိပြီး ယခုအချိန်ထိ နေအိမ်များကို လုံလုံခြုံခြုံမပြုပြင်နိုင်သေးကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ အဟာရပြည့်ဝသော အစားအစာများကို စားသုံးပြီး ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုအောက်တွင် နေထိုင်သင့်သော်လည်း စစ်ဘေးရှောင်စခန်းက အမျိုးသမီးများမှာ ထိုအခွင့်အရေးများကို ဆုံးရှုံးနေကြရသည်။

အလှူရှင်များထံမှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာတချို့ကိုလည်း နေအိမ်ပြုပြင်ရန်အတွက် အသုံးပြုထားကြရ၍ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များမှာ ဖြစ်သလို စားသောက်နေကြရကြောင်း ပြောကြသည်။

“ကိုယ်ဝန်အရင့်အမာဖြစ်လာတော့ နွေးနွေးထွေးထွေးနေထိုင်သင့်တယ် ဆိုပေမယ့် အခုက ဖြစ်သလိုနေထိုင်နေရတယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်တဲ့အာဟာရတွေကိုလည်း ဝယ်မစားနိုင်ဘူး။ အဘက်ဘက်က အခက်အခဲကြုံနေကြရတယ်” ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က ပြောသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များမှာ မိုးတွင်းကာလ လုံခြုံသောအမိုးအကာအောက်တွင် နေထိုင်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေလျက်ရှိသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်မြချေက “နေထိုင်ရေးကိုတော့ အမြန်ဆုံး လုံလုံခြုံခြုံဖြစ်စေချင်ပါတယ်။ မိုးရာသီ လေပြင်းတိုက်လိုက်ရင် နေအိမ်တွေလည်း ပြန်ပြီးယိုင်လဲသွားနိုင်တယ်။ ဒီမိုးတွင်းကာလကိုတော့ အံကြိတ်ပြီးဖြတ်ကျော်ရမှာပဲ” ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော “မိုခါ ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြည်သူ တစ်သန်းနှစ်သောင်းကျော် လေဘေးဒဏ်သင့်ခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ တစ်လကျော်အထိကြာမြင့်လာပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်ကာ ပြန်လည်တည်ဆောက်ရေးအတွက်လည်း အခက်အခဲများရှိနေကြသည်။



ပုံစာ - မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။

AA သံသယဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ရသေ့တောင် ဒေသခံတစ်ဦး ချုပ်ရက်စေ့၍ ပြန်လွတ်DMG ၊ မေ ၁၃ ရက္ခိုင့်တပ်တော်(AA) နှ...
06/13/2023

AA သံသယဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ရသေ့တောင် ဒေသခံတစ်ဦး ချုပ်ရက်စေ့၍ ပြန်လွတ်

DMG ၊ မေ ၁၃

ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ ခမောင်းတုံးကျေးရွာမှ ဒေသခံတစ်ဦးမှာ ချုပ်ရက်စေ့၍ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။

လွတ်မြောက်လာသူမှာ အသက်(၃၉)အရွယ် ဦးမောင်ဘုဖြစ်ပြီး ၎င်းကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဒီနေ့ မနက်က ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတာပါ။ အဖမ်းခံရတာ သုံးနှစ်ပြည့်ဖို့ တစ်လနဲ့ ၁၆ ရက်ပဲ လိုတော့တယ်။ အပြစ်မရှိဘဲ မတရားဖမ်းဆီး ထောင်ချခံလိုက်ရတဲ့အတွက် ကျနော့်အတွက်ရော၊ မိသားစုအတွက်ပါ နစ်နာမှုတွေ အများကြီးရှိခဲ့တယ်” ဟု လွတ်မြောက်လာသူ ဦးမောင်ဘုက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဦးမောင်ဘုမှာ စစ်တွေမြို့မှ မိမိကျေးရွာသို့ အိန္ဒိယသုံးဘီး (တုတ်တုတ်)ဖြင့် အပြန်တွင် ၎င်းနှင့်အတူပါလာသည့် ခရီးသည် ဦးဦးသာဇံဆိုသူနှင့်အတူ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်ကောင်စီတပ်က တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည်။

လက်ရှိတွင် ဦးမောင်ဘုမှာ ချုပ်ရက်စေ့၍ ပြန်လွတ်လာသော်လည်း ဦးဦးသာဇံဆိုသူမှာ အကြမ်းဖက်မှုဥပဒေပုဒ်မအပြင် မူးယစ်ဆေးဝါးအမှုအချို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ် ချမှတ်ခံထားရသဖြင့် လွတ်မြောက်လာခြင်း မရှိသေးပေ။

ယခုနှစ် မေလ ၅ ရက်နေ့ကလည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတို့ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ သံချောင်းကျေးရွာမှ ကိုဝေယံစိုး (၂၅ နှစ်) နှင့် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ကိုမောင်မောင်ချေ (၂၆ နှစ်) တို့မှာ ချုပ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာခဲ့သည်။

လက်ရှိတွင် သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို စစ်ကောင်စီအနေဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“အကြမ်းဖက်မှုနဲ့ပဲဖြစ်ဖြစ် မတရားအသင်းဆက်သွယ်မှုနဲ့ပဲဖြစ်ဖြစ် သက်သေခိုင်လုံမှုမရှိရင် ဖမ်းဆီးထားတဲ့သူကို ပြန်လွတ်ပေးရမှာ ဖြစ်ပါတယ်။ သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးမှုက အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေငြာစာတန်း အပိုဒ်(၉) အရ ဥပဒေအရမဟုတ်တဲ့ ဖမ်းဆီးခြင်းမြောက်တယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် AA တို့၏ စစ်ရေးကာလအတွင်း AA နှင့်ဆက်စပ်သည် ဆိုသည့် သံသယဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော် ရှိခဲ့သည်။ ယင်းအထဲတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ချုပ်ရက်စေ့၍ လွတ်မြောက်လာသူများ ရှိလာနေသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကာလတွင် စစ်ကောင်စီတပ်က အရပ်သား ၃၂၄ ဦးကို ဖမ်းဆီးခဲ့ကာ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် နိုဝင်ဘာလက ပြောထားသည်။



ပုံစာ - ယနေ့ လွတ်မြောက်လာသည့် ရသေ့တောင်ဒေသခံ ဦးမောင်ဘု။ ဓာတ်ပုံ- ပေးပို့

Address

1335 6th Avenue
Albany, NY
10019

Alerts

Be the first to know and let us send you an email when ရသသတင်စုံများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရသသတင်စုံများ:

Featured

Share