ရသသတင်စုံများ

ရသသတင်စုံများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရသသတင်စုံများ, Tourist Information Center, 1335 6th Avenue, Albany, NY.

01/16/2024
01/16/2024
01/16/2024

မဂ်လာပါ

❝ မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး❞ကိုယ်ကသာ ကိုယ်မရှိရင်မဖြစ်ဘူးဆိုပြီးနေရာတကာ ပူလိုက်ရတာ ဒါပေမယ...
11/02/2023

❝ မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး❞

ကိုယ်ကသာ ကိုယ်မရှိရင်မဖြစ်ဘူးဆိုပြီးနေရာတကာ ပူလိုက်ရတာ ဒါပေမယ့် ကိုယ်မရှိလဲ အရာရာက သူ့ဟာသူလည်ပတ်နေတာပါပဲ။

ကိုယ့်ဘက်က အဆက်အသွယ်လေး စမလုပ်လိုက်တာနဲ့ပြတ်တောက်သွားမယ့် ဆက်ဆံရေးတွေရှိတယ်။

ကိုယ့်ဘက်က တစ်ခါလေး မကောင်းပေးလိုက်တာနဲ့ အပစ်မြင်သွားတဲ့သူတွေရှိမယ်။

ကိုယ်မရှိတော့မှ သတိရရှိပြီး ကိုယ်မရှိတဲ့အချိန် တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူတွေရှိမယ်။

တကယ်တမ်းတော့လေ ကိုယ်ကသာ ကိုယ်မရှိရင် မဖြစ်ဘူးဆိုပြီး ဖက်တွယ်လိုက်ရတာ နောက်ဆုံး တော့ ကိုယ်မရှိလည်းဖြစ်တဲ့သူတွေချည်းပါပဲ။

ဒါကြောင့်‌ "မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ ယုံတမ်းပြောတာ မင်းမရှိတော့ရင် ခဏတော့ဝမ်းနည်းမယ် ကြာတော့လည်း နေသားတကျနဲ့ မေ့သွားကြမှာပါ။

တကယ်တမ်း ကိုယ်မရှိလို့မဖြစ်တာက မိမိကိုယ်ကိုယ်ပါ ကိုယ်တိုင်မှ မကျန်းမာရင် ပြုစုဖို့ အကူမရှာနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာရေးကောင်းအောင်သာဂရုစိုက်ရမှာပါ။

ကိုယ့်စိတ်ထဲဝမ်းနည်း နေရင်တောင် ငိုပစ်လိုက် ရင်ဖွင့်ဖော်မရှာနဲ့ သင်ကလွဲပြီး သင့်ပြဿနာကို ဖြေရှင်းလို့ရတဲ့သူဆိုတာမရှိဘူး။

ဒါကြောင့် ကျန်းမာရေးဂရုစိုက်ပါ
စိတ်ချမ်းသာအောင်နေပါ
သင့်အကြောင်းသင်တွေးပါ သင်မရှိရင်တောင် အဆင်ပြေနေမယ့်သူတွေအတွက်အချိန်တွေအကုန်မခံပါနဲ့
ပိုက်ဆံစုပါ၊သင်ဖြစ်ချင်တာ‌တွေဖြစ်အောင်လုပ်ပါ၊သင့်ကိုယ်သင်ချစ်ပါ။

#မေဆု(ရာမညမြေ)30.10.2023
#မေဆုအတွေးရသစာစုလေးများ

ARSA နှင့် AA တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်နေ DMG ၊ ဇူလိုင် ၂၀ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ARSA နှင့် ရက္ခို...
07/20/2023

ARSA နှင့် AA တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်နေ

DMG ၊ ဇူလိုင် ၂၀

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ARSA နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုများရှိနေပြီး မသွားရဲ၊ မလာရဲဖြစ်နေကြောင်း DMG သို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စုရှိ စိမ်းညှင်းပြား၊ အာကာပျံ၊ ကျောက်စာတိုင် ကျေးရွာများအနီး မယူတောင်ကြောတွင် ဇူလိုင်လ ၁၈၊ ၁၉ ရက်နေ့က ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်ရှိတွင်လည်း စစ်ရေးလှုပ်ရှားမှုများ အရိပ်အမြွတ်တွေ့ရသဖြင့် စိုးရိမ်မှုများရှိနေခြင်းဖြစ်သည်။

“ဒီနေ့တော့ ပစ်ခတ်သံတွေ မကြားရသေးဘူး။ မနေ့က ပစ်ခတ်သံတွေကြားတော့ စိုးရိမ်မှုတွေရှိတယ်။ ဒေသခံတွေက တောင်ယာလုပ်ဖို့လည်း မသွားရဲကြတော့ဘူး၊ လုပ်ငန်းခွင်တွေကို မသွားရဲတာတွေလည်း ရှိနေကြတယ်။ တောထဲကို ဝမ်းစာရှာဖို့မသွားရဲတော့ ဝင်ငွေလည်း ထိခိုက်သွားတာပေါ့” ဟု ကျောက်စာတိုင်ရွာသားတစ်ဦးက DMG သို့ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညအချိန်တွင် မေယုတောင်ကြောင်ရှိ အာကာပျံတောင်ကျော်လမ်းနှင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စိမ်းညှင်းပြားကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြပြီး AA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ARSA တပ်ဖွဲ့ဝင် ၅ ဦး၏ အလောင်းနှင့် လက်နက်များကို သိမ်းဆည်းရထားကြောင်း AA နှင့်နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

စိမ်းညှင်းပြား မွတ်ဆလင်ကျေးရွာမှ ဒေသခံတစ်ဦးက “အခု ကျနော်တို့က ရွာထဲမှာ ကြောက်စိတ်နဲ့နေရတာပေါ့။ တောင်ယာတွေကိုလည်း မသွားရဲတော့ဘူး။ ပစ်ခတ်သံတွေကြားထားတော့ တစ်ရွာလုံး ဘယ်မှမသွားကြတော့ဘူး။ လမ်းမတွေမှာတောင် မသွားကြတော့ဘူး” ဟု DMG သို့ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် ၂၀၁၇ ခုနှစ်ခန့်က ARSA စခန်းတချို့ရှိခဲ့ပြီး စစ်ကောင်စီတပ်ကလည်း စိမ်းညှင်းပြားတောင်ကျော်လမ်းတွင် စခန်းချနေထိုင်ခဲ့သည်။ လက်ရှိတွင် ၎င်းစစ်ကောင်စီတပ်မှာ တင်ဆက်(မွတ်ဆလင်)ကျေးရွာတွင် စခန်းချထားကြောင်း သိရသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက “သူတို့ (ARSA)က မြန်မာစစ်တပ်ကိုပဲ မကြိုက်တာ မဟုတ်ဘူး။ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကိုလည်း ကြိုက်ကြမှာ မဟုတ်ဘူး။ သူတို့ အုပ်ချုပ်ဖို့အတွက် ULA/AA ရှိနေရင် အခက်တွေ့နိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်ဖို့ ကြိုးစားရာမှာ ထိတွေ့တိုက်ပွဲဖြစ်တာလို့ထင်ပါတယ်” ဟု ပြောသည်။

ARSA အဖွဲ့သည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသ မေယုတောင်ကြောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားလေ့ရှိပြီး ရက္ခိုင့်တပ်တော် (AA)မှာ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို စစ်ကောင်စီနှင့်စင်ပြိုင် လုပ်ဆောင်လျက် ရှိနေသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစပြီး အပစ်ရပ်ထားသဖြင့် သေနတ်သံများတိတ်နေသော်လည်း ယခုအခါ ARSA နှင့် AA တိုက်ပွဲကြောင့် သေနတ်သံများ ပြန်ကြားလာရခြင်းဖြစ်သည်။



ပုံစာ - တိုက်ပွဲဖြစ်ပွားခဲ့သည့် မေယုတောင်တန်းအား ဇူလိုင် ၂၀ ရက်နေ့တွင် ကျောက်စာတိုင်ရွာမှ လှမ်းမြင်ရစဉ်။ ဓာတ်ပုံ - ပေးပို့

နေအိမ်မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အခက်အခဲဖြစ်နေ  DMG ၊ ဇွန် ၂၆ မုန်တိုင်း...
06/26/2023

နေအိမ်မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အခက်အခဲဖြစ်နေ

DMG ၊ ဇွန် ၂၆

မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ယာယီနေအိမ်များကို ပြန်လည် မပြုပြင်နိုင်သေး၍ စစ်ဘေးရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင်များမှာ နေထိုင်ရေးအခက်အခဲများရှိနေကြောင်း သိရသည်။

အမိုးအကာမလုံခြုံသည့်အတွက် မိုးရာသွန်းချိန်တွင် ကိုယ်ဝန်အရင့်မာကြီးနှင့် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ရသေ့တောင်မြို့ပေါ်ရှိ “ရွှေပါရမီဘုန်းတော်ကြီးကျောင်း” စစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်အေးအေးသန်းက ပြောသည်။

“ပြုပြင်ထားတာလည်း မခိုင်ခံ့တော့ မိုးရွာလို့ လေပြင်းတိုက်ရင် မိုးရေတွေဝင်တယ်။ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့အိမ်တွေကို သေသေချာချာမလုပ်နိုင်သေးတော့ နေထိုင်ရတာ အရမ်းခက်ခဲတယ် ” ဟု ဒေါ်အေးအေးသန်းက ပြောသည်။

ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၇ ခုနှင့် လူဦးရေ ၁၇,၀၀၀ ကျော်ရှိပြီး ထိုအထဲတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၂၅၀ ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မုန်တိုင်းလွန်သည်မှာ တစ်လကျော်ကြာမြင့်လာသော်လည်း အကူအညီအထောက်အပံ့ရရှိမှုမှာ အလွန်နည်းပါးနေသေးပြီး နေအိမ်များကို ကိုယ်ထူကိုယ်ထပြုပြင်ရန်အတွက်လည်း ငွေကြေးအခက်အခဲများနေ၍ ဖြစ်သလိုနေထိုင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များမှာ အမိုအကာမလုံခြုံမှုကြောင့် မိုးရေစိုစွတ်ကာ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေကြသည်။

“အခုမိုးအရမ်းရွာတော့ အိပ်ဖို့နေရာမရှိဘူး။ ဒီနေရာက မိုးစိုရင် နောက်တစ်နေရာကို ရွှေ့ပြီးထိုင်နေရတယ်။ မိုးရေကလည်း အရမ်းအေးတော့ ခန္ဓာကိုယ်မှာ အမြဲတမ်းရေစိုနေတော့ နေမကောင်းဖြစ်မှာကို စိုးရိမ်နေရတယ်” ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မွေးကင်းစကလေးမိခင် ဒေါ်ဆန်းဆန်းကျော်က ပြောသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင် ၁၃၅ ဦးရှိပြီး ယခုအချိန်ထိ နေအိမ်များကို လုံလုံခြုံခြုံမပြုပြင်နိုင်သေးကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ အဟာရပြည့်ဝသော အစားအစာများကို စားသုံးပြီး ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုအောက်တွင် နေထိုင်သင့်သော်လည်း စစ်ဘေးရှောင်စခန်းက အမျိုးသမီးများမှာ ထိုအခွင့်အရေးများကို ဆုံးရှုံးနေကြရသည်။

အလှူရှင်များထံမှ ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာတချို့ကိုလည်း နေအိမ်ပြုပြင်ရန်အတွက် အသုံးပြုထားကြရ၍ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များမှာ ဖြစ်သလို စားသောက်နေကြရကြောင်း ပြောကြသည်။

“ကိုယ်ဝန်အရင့်အမာဖြစ်လာတော့ နွေးနွေးထွေးထွေးနေထိုင်သင့်တယ် ဆိုပေမယ့် အခုက ဖြစ်သလိုနေထိုင်နေရတယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်တွေမှာ လိုအပ်တဲ့အာဟာရတွေကိုလည်း ဝယ်မစားနိုင်ဘူး။ အဘက်ဘက်က အခက်အခဲကြုံနေကြရတယ်” ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က ပြောသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များမှာ မိုးတွင်းကာလ လုံခြုံသောအမိုးအကာအောက်တွင် နေထိုင်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေလျက်ရှိသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်မြချေက “နေထိုင်ရေးကိုတော့ အမြန်ဆုံး လုံလုံခြုံခြုံဖြစ်စေချင်ပါတယ်။ မိုးရာသီ လေပြင်းတိုက်လိုက်ရင် နေအိမ်တွေလည်း ပြန်ပြီးယိုင်လဲသွားနိုင်တယ်။ ဒီမိုးတွင်းကာလကိုတော့ အံကြိတ်ပြီးဖြတ်ကျော်ရမှာပဲ” ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော “မိုခါ ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြည်သူ တစ်သန်းနှစ်သောင်းကျော် လေဘေးဒဏ်သင့်ခဲ့ရသည်။

မုန်တိုင်းတိုက်ခတ်ခဲ့သည်မှာ တစ်လကျော်အထိကြာမြင့်လာပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဆဲဖြစ်ကာ ပြန်လည်တည်ဆောက်ရေးအတွက်လည်း အခက်အခဲများရှိနေကြသည်။



ပုံစာ - မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။

AA သံသယဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ရသေ့တောင် ဒေသခံတစ်ဦး ချုပ်ရက်စေ့၍ ပြန်လွတ်DMG ၊ မေ ၁၃ ရက္ခိုင့်တပ်တော်(AA) နှ...
06/13/2023

AA သံသယဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ရသေ့တောင် ဒေသခံတစ်ဦး ချုပ်ရက်စေ့၍ ပြန်လွတ်

DMG ၊ မေ ၁၃

ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ ခမောင်းတုံးကျေးရွာမှ ဒေသခံတစ်ဦးမှာ ချုပ်ရက်စေ့၍ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။

လွတ်မြောက်လာသူမှာ အသက်(၃၉)အရွယ် ဦးမောင်ဘုဖြစ်ပြီး ၎င်းကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဒီနေ့ မနက်က ချုပ်ရက်စေ့ပြီး ပြန်လွတ်လာတာပါ။ အဖမ်းခံရတာ သုံးနှစ်ပြည့်ဖို့ တစ်လနဲ့ ၁၆ ရက်ပဲ လိုတော့တယ်။ အပြစ်မရှိဘဲ မတရားဖမ်းဆီး ထောင်ချခံလိုက်ရတဲ့အတွက် ကျနော့်အတွက်ရော၊ မိသားစုအတွက်ပါ နစ်နာမှုတွေ အများကြီးရှိခဲ့တယ်” ဟု လွတ်မြောက်လာသူ ဦးမောင်ဘုက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ဦးမောင်ဘုမှာ စစ်တွေမြို့မှ မိမိကျေးရွာသို့ အိန္ဒိယသုံးဘီး (တုတ်တုတ်)ဖြင့် အပြန်တွင် ၎င်းနှင့်အတူပါလာသည့် ခရီးသည် ဦးဦးသာဇံဆိုသူနှင့်အတူ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းနောက် ၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်ကောင်စီတပ်က တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည်။

လက်ရှိတွင် ဦးမောင်ဘုမှာ ချုပ်ရက်စေ့၍ ပြန်လွတ်လာသော်လည်း ဦးဦးသာဇံဆိုသူမှာ အကြမ်းဖက်မှုဥပဒေပုဒ်မအပြင် မူးယစ်ဆေးဝါးအမှုအချို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ် ချမှတ်ခံထားရသဖြင့် လွတ်မြောက်လာခြင်း မရှိသေးပေ။

ယခုနှစ် မေလ ၅ ရက်နေ့ကလည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတို့ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ သံချောင်းကျေးရွာမှ ကိုဝေယံစိုး (၂၅ နှစ်) နှင့် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ကိုမောင်မောင်ချေ (၂၆ နှစ်) တို့မှာ ချုပ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာခဲ့သည်။

လက်ရှိတွင် သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထားသည့် အရပ်သားပြည်သူများကို စစ်ကောင်စီအနေဖြင့် ပြန်လွှတ်ပေးသင့်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“အကြမ်းဖက်မှုနဲ့ပဲဖြစ်ဖြစ် မတရားအသင်းဆက်သွယ်မှုနဲ့ပဲဖြစ်ဖြစ် သက်သေခိုင်လုံမှုမရှိရင် ဖမ်းဆီးထားတဲ့သူကို ပြန်လွတ်ပေးရမှာ ဖြစ်ပါတယ်။ သက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးမှုက အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေငြာစာတန်း အပိုဒ်(၉) အရ ဥပဒေအရမဟုတ်တဲ့ ဖမ်းဆီးခြင်းမြောက်တယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် AA တို့၏ စစ်ရေးကာလအတွင်း AA နှင့်ဆက်စပ်သည် ဆိုသည့် သံသယဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော် ရှိခဲ့သည်။ ယင်းအထဲတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ချုပ်ရက်စေ့၍ လွတ်မြောက်လာသူများ ရှိလာနေသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကာလတွင် စစ်ကောင်စီတပ်က အရပ်သား ၃၂၄ ဦးကို ဖမ်းဆီးခဲ့ကာ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့် နိုဝင်ဘာလက ပြောထားသည်။



ပုံစာ - ယနေ့ လွတ်မြောက်လာသည့် ရသေ့တောင်ဒေသခံ ဦးမောင်ဘု။ ဓာတ်ပုံ- ပေးပို့

■ စစ်ကောင်စီမှ ခရီးသွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် အသက်ကယ်ဆယ်ရေးအတွက် နစ်နာရကြောင်း UN ပြောWestern News| ဇွန် ၁၃ မြန်မ...
06/13/2023

■ စစ်ကောင်စီမှ ခရီးသွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် အသက်ကယ်ဆယ်ရေးအတွက် နစ်နာရကြောင်း UN ပြော

Western News| ဇွန် ၁၃

မြန်မာစစ်တပ် ဦးဆောင်သော စစ်ကောင်စီသည် UN အပါအဝင် INGOs အများစုကို ခရီးသွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအား အသက်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဖြူးရေးအတွက် နစ်နာရကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ UN က ပြောသည်။

ရခိုင်ပြည်အပါအဝင် မုန်တိုင်းသင့်ပြည်သူများအား ကူညီကယ်ဆယ်လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရန် UNOCHA မှ ဦးဆောင်ပြီး INGOs အဖွဲ့ ၁၁ ခုအတွက် စစ်ကောင်စီနှင့် ဆွေးနွေးခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ဘဲ ခရီးသွားလာခွင့် ပိတ်ပင်ခံရခြင်းအပေါ် UN မှ ဇွန်လ ၁၂ ရက်နေ့က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်ခံခဲ့ရသော ရခိုင်ပြည်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို ဆိုင်းငံ့ထားရကြောင်း ကုလသမဂ္ဂဌာနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက Mr. Balakrishnan က ပြောသည်။

"ဒီသဘာဝဘေးအန္တရာယ် တုံ့ပြန်မှုမှာ လေးပတ်ကြာပြီး မုတ်သုံရာသီမှာ ကောင်းမွန်စွာလုပ်ဆောင်နေတာကြောင့် နားမလည်နိုင်စရာပါပဲ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ လိုအပ်နေတဲ့သူတွေကို ထောက်ပံ့ဖို့ ငြင်းပယ်ခံနေရပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးကတည်းက လူသားချင်းစာနာမှု အကူအညီများ ပေးနေသည့် လူများတိုးလာနေသော်လည်း ရခိုင်ပြည်တွင် နှစ်ရှည်လများ လုပ်ကိုင်နေသည့် အဖွဲ့အစည်းများအား ခရီးသွားခွင့်ပြုချက်အကန့်အသတ်မှု ရှိနေသည်။

မုန်တိုင်းသင့်ဒေသများမှ လူပေါင်း ၁.၆ သန်းကို အမိုးအကာနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများကူညီရန် ပြင်ဆင်စီစဉ်ခဲ့သော်လည်း စစ်ကောင်စီ၏ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းကြောင့် လူပေါင်း တစ်သိန်းသောင်းကိုသာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ရခိုင်ပြည်တွင် မွတ်ဆလင်အပါအဝင် ဒေသခံ ၃ သိန်းကိုသာ ထောက်ပံ့မှုပေးခဲ့ရကြောင်း UN က ဆိုသည်။

စစ်ကောင်စီ၏ ဆုံးဖြတ်ချက် အသစ်ကြောင့် ကျန်နေသေးသည့် မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မှု ရပ်တန့်ခဲ့ရသည်ဟု ပြောသည်။

"ဒီဆုံးဖြတ်ချက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံချက်ချထားတဲ့ လူတစ်သန်းကျော်အတွက် ဆိုးရွားတဲ့ ဆုတ်ယုတ်မှုတစ်ခုပါပဲ။ မုန်တိုင်းသင့်ဒေသက ထိခိုက်လွယ်သော အသိုက်အဝန်းများသည် ကျွန်ုပ်တို့၏အကူအညီကို အလိုအပ်ဆုံးဖြစ်နေတယ်" ဟု Mr. Balakrishnan က ပြောသည်။

အစိုးရမဟုတ်သောအဖွဲ့အစည်း NGO များအနေဖြင့် ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက သက်ဆိုင်ရာဒေသ မြို့နယ်အာဏာပိုင်များကို အသိပေးအကြောင်းပြီးမှ ခွင့်ပြုနိုင်မည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ပရဟိတအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူများအနေဖြင့် ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ကူညီပေးအပ်နိုင်ပြီး တားမြစ်ခြင်းမရှိကြောင်း ဦးလှသိန်းက ဆိုသည်။

သို့သော်လည်း ယူအန်အပါအဝင် ယူအန်အိုချာနှင့် မိတ်ဖက်အဖွဲ့အစည်း ၁၁ ခုအတွက် စစ်ကောင်စီက ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ကို ပိတ်ပင်ထားသည့်အပြင် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို စစ်ကောင်စီမှတစ်ဆင့် ပေးအပ်လှူဒါန်းရန် ပြည်ထောင်စုဒုဝန်ကြီး စိုးကြည်က ဇွန်လ ၇ ရက်နေ့က ပြောထားသည်။

ယူအန်နှင့် ယူအန်အိုချာအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေးပစ္စည်းများကို စစ်ကောင်စီမှတစ်ဆင့် ထောက်ပံ့ပေးမည် ရှိမရှိကို ယူအန်အနေဖြင့် ပြန်လည်ထုတ်ပြန်လာခြင်းမရှိသေးပေ။

ယင်းကဲ့သို့ ယူအန်အဖွဲ့အစည်းများ၏ အကူအညီများကို စစ်ကောင်စီမှ ပိတ်ပင်ခြင်းသည် ရခိုင်ပြည်ကို အငတ်ဘေးသို့ ကျရောက်အောင် စစ်ကောင်စီမှ ဆောင်ရွက်နေခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ချွတ်ယွင်းမှုရှိအောင် ပြုလုပ်နေခြင်းဟု ဒေသခံများက ဝေဖန်နေကြသည်။

ရခိုင်ပြည်သူပြည်သားများအား စစ်ကောင်စီမှ ယင်းကဲ့သို့ ပြုမှုဆောင်ရွက်ခြင်းကို ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် အင်အားသုံးမဖြေရှင်းဘဲ နည်းပရိယယ်နှင့်ဖြေရှင်းကာ စိန်ခေါ်မှုများကို စည်းစည်းလုံးလုံးဖြင့် ဖြတ်ကျော်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်၏ နောက်ဆုံးထုတ်ပြန်ချက် စာရင်းအရ ရခိုင်ပြည်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မွတ်ဆလင်အပါအဝင် ဒေသခံ စုစုပေါင်း ၁၂ သိန်းကျော် ထိခိုက်ဆုံးရှုံးမှုရှိခဲ့ပြီး လူပေါင်း ၁၄၆ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Western News ၏ စုံစမ်းချက်များအရ ရခိုင်ပြည်သူများမှာ ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး ထောက်ပံ့မှုမရရှိသည့် ကျေးရွာ အများအပြားရှိနေပြီး စစ်ကောင်စီမှ ထောက်ပံ့ပေးသော်လည်း အပြည့်အဝမရရှိကြ၍ အမိုးအကာ၊ အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

Western News-WN

ရက္ခိုင့်တပ်တော်မှ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးအင်တိုက်အားတိုက်လုပ်ဆောင်နေနိရဉ္စရာ၊ ဇွန် ၁၁/ ၂၀၂၃မိုခါမုန်တိုင်းအလွ...
06/11/2023

ရက္ခိုင့်တပ်တော်မှ မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးအင်တိုက်အားတိုက်လုပ်ဆောင်နေ

နိရဉ္စရာ၊ ဇွန် ၁၁/ ၂၀၂၃

မိုခါမုန်တိုင်းအလွန် ရခိုင်ပြန်လည်ထူထောင်ရာတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှ သူတို့ ထိန်းချုပ်ရာနယ်မြေများတွင် အင်တိုက်အားတိုက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့နယ် ဒေသခံတစ်ဦးက “ ကျွန်တော်တို့ မြို့နယ်မှာဆိုရင် ကျေးရွာတော်တော်များမျာ ရေငန်တွေဝင်ပြီး ရေကန်တော်တော်များများပျက်စီးသွားတယ်။ ရွာသားတွေက ပြိုပျက်သွားတဲ့ ကိုယ့်အိမ်ကိုကိုယ်တောင် မပြင်နိုင်ကြဘူး။ ရေကန်တွေဆို ပြန်ပြင်ဖို့မလွယ်ဘူး။ အခုတော့ အေအေတပ်ဖွဲ့ဝင်တွေ တစ်ရွာပြီးတစ်ရွာရေကန်တွေကို သန့်ရှင်းပြီး ပြုပြင်ပေးနေတော့ တော်တော် အဆင်ပြေပါတယ်။ ပြည်သူတွေက အရမ်းဝမ်းသာသလို အားလည်းကိုးကြပါတယ် ”ဟု ပြောဆိုသည်။

ရက္ခိုင့်တပ်တော်သည် ရသေ့တောင်မြို့နယ် အပါအဝင် မြို့နယ်အတော်တော်များမှ ရေငန်ဝင်၍ ပျက်စီးသွားသော ကျေးရွာများရှိ ရေကန်ရာနှင့်ချီပြီးကို ရေညစ်များကို ရေစုတ်စက်များဖြင့် ပြန်လည်စုတ်ထုတ်ပြီး သန့်ရှင်းပေးမှု ပြုလုပ်ပေးနေသည်ဟု သိရသည်။

ယခုဓာတ်ပုံများမှာ ရသေ့တောင်မြို့နယ်တွင် ကျေးရွာတချို့၌ မိုခါ ဆိုင်ကလုန်းမုန် တိုင်းကြောင့် ရေငန်ဝင်၍ ပျက်စီးသွားခဲ့ရသည့် သောက်သုံးရေကန်များအား ပြန်လည်သန့်ရှင်းရေး ပြုပြင် ပေးနေသည့် ပုံများဖြစ်ကြပါသည်။

အလားတူ မြောက်ဦးမြို့နယ်တွင် ကျေးရွာတချို့၌ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်သူများ၏ နေအိမ်များကို တပ်တော် တပ်ဖွဲ့ဝင်များက ဆက်လက် ကူညီ ပြုပြင်ပေးလျက်ရှိသည်ဟု သိရှိရသည်။

ဓာတ်ပုံ- Khaing Thu Kha Twitter

ယခုသတင်းအား အောက်ပါလင့်တွင်လည်း ဖတ်ရှုနိုင်ပါသည်>>>>>

https://burmese.narinjara.com/news/detail/6485b1ed29fdb689550e6c3c

■ ဂွေးစိကို ခြင်ကိုက်ခံနေရသည့် အချိန်တွင် အားသုံးရင် ပိုဆိုးမည်ဟု AA စစ်ဦးစီးချုပ် ပြောWestern News| ဇွန် ၉ဂွေးစီကို ခြင...
06/09/2023

■ ဂွေးစိကို ခြင်ကိုက်ခံနေရသည့် အချိန်တွင် အားသုံးရင် ပိုဆိုးမည်ဟု AA စစ်ဦးစီးချုပ် ပြော

Western News| ဇွန် ၉

ဂွေးစီကို ခြင်ကိုက်ခံနေရသည့် အခြေအနေတွင် အင်အားသုံးရင် ပိုဆိုးမည်ဖြစ်ပြီး သည်းခံစိတ်ရှည်ပြီး နည်းပရိယာယ် ကြွယ်ဝစွာနှင့် ခွန်အားများကို စုစည်းကာ စည်းစည်းလုံးလုံးဖြင့် ဖြတ်ကျော်ကြမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် တွယ်တာစာမျက်နှာတွင် ယနေ့ ဇွန် ၉ ရက်နေ့ နေ့လယ်ပိုင်းက ယင်းကဲ့သို့ ရေးသားလာခြင်းဖြစ်သည်။

"ဂွေးစိကို ခြင်ကိုက်ခံနေရတဲ့အခြေအနေမျိုးမှာ အားသုံးရင် ပိုဆိုးမယ်။ သည်းခံစိတ်ရှည်ပြီးတော့ နည်းပရိယာယ် ကြွယ်ဝစွာနဲ့ ခွန်အားတွေကို စုစည်းပြီးတော့ စည်းစည်းလုံးလုံးဖြတ်ကျော်ကြမယ်" ဟု ၎င်း၏ တွယ်တာ စာမျက်နှာတွင် ရေးသားထားသည်။

ဇွန် ၈ ရက်နေ့က နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို သွားလာခွင့်များနှင့် ကူညီခွင့်များကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီးနောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ ရေးသားလာခြင်း ဖြစ်နိုင်ဟု ရခိုင့်နိုင်ငံရေးသမားများက သုံးသပ်ပြောဆိုကြသည်။

ယင်းအသုံးအနှုန်းသည် လူထုအနေဖြင့် မှတ်မိလွယ်အောင် ဘန်းစကားများအရ သုံးနှုန်း ရေးသားခြင်းဖြစ်နိုင်ကြောင်း ဝါရင့် ရခိုင်လူမျိုး စာရေးဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

"သူဆိုလိုတဲ့အဓိပ္ပာယ်ကတော့ လက်ရှိအချိန်မှာ ရခိုင်ပြည်သူတွေဟာ ဒုက္ခနဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့အချိန်မှာ အဲ့ဒီပြဿာနာကို အင်းအားနဲ့ မသုံးဘူးပေါ့။ သုံးမယ်၊ စစ်ရေးအရ ဖြေရှင်းလိုက်ရင် ပိုဆိုးမယ်။ အင်အားကိုချွေတာပြီးတော့ စိတ်ရှည်ရှည်နဲ့ စည်းစည်းလုံးလုံး ငါတို့ ဖြတ်ကျော်ကြမယ်ဆိုတာကို ပြောတာဖြစ်တယ်။ အခြားနည်းလမ်းတွေရှာပြီးတော့ သွားကြမယ်လို့ သူက ဆိုလိုတာပါ"ဟုပြောဆိုသည်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်ကြသည့် ICRC, WFP, UNDP, အစရှိသည့် အဖွဲ့အစည်းများအပါအဝင် ပြည်တွင်း လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများကို ဇွန် ၇ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၏ လက်မှတ်ဖြင့် အဖွဲ့အစည်းများအား အကြောင်းကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၂ နိုင်ဝင်ဘာ ၂၆ ရက်နေ့ မှစ၍ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ နှစ်ဖက် နားလည်မှုဖြင့် ယာယီ အပစ်ခတ်ရပ်စဲထားပြီး လက်ရှိအချိန်အထိ ဆိုပါက ၆ လနီးပါးရှိနေပြီးလည်းဖြစ်သည်။

ထိုတိုက်များကြောင့် လက်ရှိအချိန်အထိ ရခိုင်ပြည်အတွင်း မြို့နယ်အချို့တွင် စစ်ဘေးရှောင် ဦးရေ ၇ သောင်းကျော်အထိ ရှိနေသေးပြီး မိုခါ မုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းများ အားလုံးနီးပါးပျက်စီးခဲ့ရသလို စားနပ်ရိက္ခာများလည်း အရေးပေါ် အကူအညီများလိုအပ်နေသည်။

ထို့အပြင်ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း လူတစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပြီး လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မုန်တိုင်းသင့် ရခိုင်ပြည်သူ ၈ သိန်းကျော်သည်လည်း စားနပ်ရိက္ခာများ၊ အထောက်အပံ့များ အရေးပေါ်လိုအပ်လျှက်ရှိနေပြီး တစ်ချို့ မြို့နယ်များမှာ ထောက်ပံ့မှုများ မရရှိကြသေးပေ။

အလားတူ ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များနှင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ WFP အနေဖြင့် စားနပ်ရိက္ခာအထောက်အပံ့များ ဆက်လက် ပံ့ပိုးနိုင်ရေး ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

Western News-WN

မုန်တိုင်းဒဏ်သင့် မွတ်ဆလင်များကို AA က လူသားချင်းစာနာမှု အကူအညီများပေးနေ DMG ၊ ဇွန် ၉ရခိုင်ပြည်အတွင်း မြောက်ဦး၊ ကျောက်တေ...
06/09/2023

မုန်တိုင်းဒဏ်သင့် မွတ်ဆလင်များကို AA က လူသားချင်းစာနာမှု အကူအညီများပေးနေ

DMG ၊ ဇွန် ၉

ရခိုင်ပြည်အတွင်း မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြိုနယ်များရှိ မုန်တိုင်းဒဏ်သင့် မွတ်ဆလင်ကျေးရွာများကို ရက္ခိုင့်တပ်တော် (AA) က စားနပ်ရိက္ခာထောက်ပံ့မှုအပြင် နေအိမ်များကိုလည်း ပြုပြင်ပေးနေကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသည့် ရခိုင်ပြည်သူများ အရေးပေါ်လိုအပ်နေသည့် ဆန်အပါအဝင် စားနပ်ရိက္ခာများကို ULA/AA အဖွဲ့ဝင်များက မြေပြင်သို့ ကွင်းဆင်းထောက်ပံ့လျက်ရှိကြောင်း “Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) က ထုတ်ပြန်သည်။

Cyclone Mocha ERRCA တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ရခိုင်ကမြို့နယ်တွေမှာ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ထောက်ပံ့ပေးတယ်။ တခြား နိုင်ငံတကာနဲ့ အရပ်ဘက် အသင်းအဖွဲတွေကလည်း ပေးတဲ့ရွာတွေရှိတယ်။ ကျနော်တို့က မွတ်ဆလင်အိမ်တွေဆိုရင်လည်း ဆောက်ပေးတာရှိတယ်။ နောက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးတယ်” ဟု ပြောသည်။

Cyclone Mocha ERRCA သည် မုန်တိုင်းသင့်ပြည်သူများအတွက် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်နိုင်ရန်၊ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန်၊ လတ်တလော စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အထွေထွေလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် AA ဒုတပ်ချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်ပြီး ULA က ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် ပရိန်၊ ပေါင်းတုတ်၊ သရက်ချို၊ ယိန်သည်၊ ဇီဇာ၊ နဂါးကွေ့၊ အမြောက်တောင်၊ ဘူးတလုံး၊ ကိုင်းတော စသည့် မွတ်ဆလင်ကျေးရွာများတွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ULA/AA က ပြုပြင်ပေးလျှက်ရှိကြောင်း ကျေးရွာတာဝန်ခံများက ပြောသည်။

သရက်ချိုကျေးရွာတာဝန်ခံ ဦးမောင်ကျော်လှက “အဓိကဦးစားပေးအနေနဲ့ လုံးဝ ဆင်းရဲနွမ်းပါးပြီးတော့ အိမ်ပြန်မဆောက်နိုင်သူတွေကို ULA/AA က အိမ်ဆောက်ပေးတာရှိတယ်။ စားနပ်ရိက္ခာတော့ မရောက်သေးဘူး။ ကျနော်တို့ရွာမှာတော့ လုံးဝပျက်စီးသွားတဲ့ အိမ် ၁၄ ဆောင်ရှိတယ်။ အဲဒီထဲက ဆင်းရဲနွမ်းပါးတဲ့ နေအိမ် ၃ ဆောင်ကို ဆောက်ပေးတာရှိပါတယ်” ဟု ပြောသည်။

ယိန်သည် ကျေးရွာတာဝန်ခံ ဦးမောင်အေးသာ ကလည်း “လုံးဝ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စု ၅ စုအတွက် နေအိမ် ၅ ဆောင် ဆောက်ပေးခဲ့တာရှိတယ်။ စားနပ်ရိက္ခာတော့ မပါသေးဘူး။ စစ်ကောင်စီဖက်ကတော့ ဆန်အိတ် ၃ အိတ် ထောက်ပံ့တာရှိတယ်။ အခုလို ဆင်းရဲနွမ်းပါးတဲ့သူတွေကို နေအိမ်ဆောက်ပေးတဲ့ အတွက် ကျေးဇူးတင် ကြိုဆိုပါတယ်” ဟု ပြောသည်။

အလားတူ ကျောက်တော်မြို့နယ်ရှိ ပေါက်တောပလောင်၊ ဂုတ်ပီထောင့်၊ ဆင်ဦးချိုင်အပါအဝင် မွတ်ဆလင် ၅ ရွာတို့တွင် ပျက်စီးသွားသည့် နေအိမ်များကို AA က ကူညီဆောက်လုပ်ပေးထားကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း စေတီတောင်၊ ဝက်မကျ၊ ချွတ်ပြင် စသည့် မွတ်ဆလင်ကျေးရွာများတွင် ULA/AA က စားနပ်ရိက္ခာထောက်ပံ့မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဝက်မကျကျေးရွာနေ အမျိုးသမီးတစ်ဦးက “ကျမတို့ရွာမှာ အိမ်ထောင်စုတစ်စုကို ဆန်တစ်တောင်းစီ ထောက်ပံ့တယ်။ လုံလောက်မှုတော့ မရှိဘူးပေါ့။ ဒါပေမယ့် အခုလို ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးတာတော့ ကောင်းတာပေါ့။ နောက်ပြီးတော့ တာပေါ်လင်စတွေ ပေးတယ်။ ပြိုလဲသွားတဲ့ နေအိမ်တွေကို ပြန်ပြီးတော့ ပြုပြင်ပေးတာရှိတယ် ”ဟု ဆိုသည်။

ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲများက ရက္ခိုင်အမျိုးသားအဖွဲချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှတစ်ဆင့် လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်းတစ်သောင်း လက်ခံရရှိထားကြောင်း AA က ထုတ်ပြန်ထားသည်။

လတ်တလောတွင် ပြည်တွင်း၊ ပြည်ပ ရခိုင်နှင့် အခြားအဖွဲ့အစည်းများကလည်း မုန်တိုင်းသင့် ရခိုင်ပြည်သူတို့အတွက် ULA/AA မှ တစ်ဆင့် အလှူငွေများပေးနေကြောင်း Cyclone Mocha ERRCA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် MOCHA ဆိုင်ကလုန်းမုန်တိုင်း ရခိုင်ပြည်မြောက်ပိုင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြိုနယ်များတွင် အိမ်ခြေ စုစုပေါင်း ၂၁၆,၆၈၁ ဆောင် ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁,၂၀၀,၀၀၀ (တစ်သန်း နှစ်သိန်း) ကျော် ထိခိုက်နစ်နာခဲ့ကြောင်း AA က ပြောဆိုထားသည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီကသည် ရခိုင်ပြည်ရှိ မုန်တိုင်းသင့်မြို့နယ်များတွင် အရေးပေါ်စားနပ်ရိက္ခာများနှင့် အမိုးအကာများ ထောက်ပံ့ပေးလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း တချို့ကျေးရွာများတွင် စစ်ကောင်စီ၊ AA အပါအဝင် အခြားလူမှုကူညီရေးအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေး မရောက်သေးသည့်အခြေအနေများလည်း ရှိနေသေးသည်။

ဓာတ်ပုံ - Cyclone Mocha ERRCA

06/09/2023

Address

1335 6th Avenue
Albany, NY
10019

Alerts

Be the first to know and let us send you an email when ရသသတင်စုံများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရသသတင်စုံများ:

Share