Welcome To Ngapali-Kaung Kaung

Directions

Welcome To Ngapali-Kaung Kaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Welcome To Ngapali-Kaung Kaung, Tokyo, New City, NY.

We would like to help to satisfy all the guests when they come to Ngapali Beach.Such as rooms & tickets,trip to pagodas,islands,elephants camp, & etc;
အခုအချိန်မှာတော့ ဖတ်မိသမျှ သုတ/ရသ စာပေလေးတွေကို ဝါသနာတူ အမျိုးများအတွက် ပြန်လည် ဝေမျှပေးနေပါသည်။

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာမကြောက်နဲ့ ။သူများကို အားကိုးချင်တဲ့စိတ်လေးဖြစ်ပေါ်နေတာကမှကြောက်ဖို့ကောင်းတာပါ။ဘဝမှာ ဆင်းဆင်...
10/24/2026

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ
မကြောက်နဲ့ ။

သူများကို အားကိုးချင်တဲ့
စိတ်လေးဖြစ်ပေါ်နေတာကမှ
ကြောက်ဖို့ကောင်းတာပါ။

ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့။

စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ။

ဘဝမှာ သူများဝေဖန်မှာကို
မကြောက်နဲ့ ။

သူများဝေဖန်မှာကို ကြောက်ပြီး
ဘာမှ မလုပ်ပဲ အချိန်တွေ
အလကားဖြစ်မှာကိုပဲ
တွေးကြောက်ပါ။

ဘဝမှာမဖြစ်နိူင်တာမရှိဘူး
ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ။
ကြိုးစားရင် အရာအားလုံးက
ဖြစ်နိူင်တာချည်းပါပဲ။

(1) ကြောက်စိတ်တွေ
(2) တွေဝေမှုတွေ
(3) ပူပန်မှုတွေနဲ့
(4) ဘဝကို မရှင်သန်ပါနဲ့
(5) လွတ်လပ်စွာ ပျံသန်းပါ။

ဘဝလေ အဟုန်မှာ
ကိုယ် ခွန်အား စိုက်ရင်
စိုက်သလောက်တော့
အမြင့်ရောက်ပါတယ်။
ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့
အကျ-နာ တတ်ပါတယ်။

#ဘဝစာပေ #စိတ်ဓာတ်ခွန်အား #ဘဝအတွေးအခေါ် #ကြိုးစားမှု #ကိုယ့်အားကိုယ်ကိုး

"သူတို့ပြောချင်ရာ ပြောကြပါစေ"*******************************အချိန်တော်တော်များများမှာမဖြေရှင်းတာဟာ ဝန်ခံတာမဟုတ်ပါဘူး။အလေ...
10/23/2026

"သူတို့ပြောချင်ရာ ပြောကြပါစေ"
****************************

***အချိန်တော်တော်များများမှာ
မဖြေရှင်းတာဟာ
ဝန်ခံတာမဟုတ်ပါဘူး။
အလေးကို မထားချင်တာပါ။

***အချိန်တော်တော်များများမှာ
နှုတ်ဆိတ်နေတာဟာ
ပြောစရာ စကားမရှိလို့ မဟုတ်ပါဘူး။
ပြောတော့လည်း ထူးလာမှာ
မဟုတ်လို့ပါ။

***အချိန်တော်တော်များများမှာ
အငြင်းမပွားတာဟာ
သည်းခံစိတ်ကောင်းလွန်းလို့
မဟုတ်ပါဘူး။
ဒေါသဖြစ်ဖို့ကို မထိုက်တန်လို့ပါ။

***ကိုယ့်ကိုယ်ကိုယ်
သိလွန်းတတ်လွန်းတယ် မထင်ပါနဲ့။
တကယ်တော့ တခြားသူလည်း
မအပါဘူး။

***တခါတေလမှာ
တုံး-အ-ချင်ဟန်ဆောင်တိုင်း
သူတကယ် အ-နေတာ မဟုတ်ပါဘူး။
နှုတ်ဆိတ်ခြင်းအနုပညာကို သူနားလည်လို့ပါ။

***ငါက ဘာလဲဆိုတာ
အရေးမကြီးဘူး။
ဘယ်သူက ဘာဆိုတာလည်း
အရေးမကြီးဘူး။
ရှင်သန်ခြင်းကသာ တန်ဖိုးကြီးတယ်။
မလိုအပ်တဲ့အရာတွေအပေါ်
သိပ်မဖြုန်းမိပါစေနဲ့။

***ကိုယ့်ဘဝထဲကို လူတွေအများကြီး
ဖိတ်ဝင်စရာ မလိုသလို---
လူအများ ကိုယ့်ကို နှစ်သက်ဖို့လည်း မမျှော်လင့်ပါနဲ့။

***သင့်အပေါ် နားမလည်သူတွေကို
ဖြေရှင်းချက် ထုတ်နေစရာမလိုသလို
သင့်အပေါ် နားလည်သူတွေက
သင့်ရဲ့ဖြေရှင်းချက်တွေကို မလိုပါဘူး။

***ဒီလောကမှာ လူတိုင်း ကိုယ့်ကို
နှစ်သက်ကြမှာမဟုတ်ဘူး။

တချို့က သင့်ကို အားကျတယ်။
တချို့က သင့်ကို မုန်းတယ်။

တချို့က သင့်ကို မနာလိုဘူး။
တချို့က သင့်ကို ချစ်ခင်တယ်။

ဘဝဆိုတာ ဒီလိုပါပဲ-----

***ကိုယ်လုပ်သမျှက လူတိုင်းကို
ကျေနပ်စေမှာ မဟုတ်ဘူး။

တခြားသူနှစ်သက်လာအောင်
လုပ်ဆောင်ရင်း ကိုယ့်ပုံစံကို
မပျောက်ဆုံးပါစေနဲ့။

တခြားသူရဲ့ပါးစပ်ထဲက သင်ဟာ
စစ်မှန်တဲ့--သင် မဟုတ်ပါဘူး။

***ကိုယ့်ကိုယ်ကိုယ်သာ
အကောင်းဆုံးလုပ်ပါ။
ကိုယ်နှစ်သက်တဲ့ ကောင်းမွန်တဲ့ အလုပ်ကို လုပ်ပါ။

ကိုယ့်လမ်း ကိုယ်လျှောက်
ကိုယ့်စတိုင်လ်နဲ့ ကိုယ်နေပါ။

"သူတို့ပြောချင်တာ ပြောပါစေ"

********************************




#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

(1997)--- ခုနှစ်မှာ Facebook မရှိသေးဘူး။ ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တောင်...
10/22/2026

(1997)--- ခုနှစ်မှာ
Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။
Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တောင် ၀ယ်မရသေးဘူး။

ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်။(၁) မိနစ် ငါးဆယ်/တစ်ရာ ပေးပြောခဲ့ရတယ်။

ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။

အိပ်ယာဝင်ချိန်တွေ စောတယ်။

လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်။မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့ ဖတ်တယ်။

တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက အနာဖေးကို သွေးထွက်အောင်ခွာ သွေးထွက်လာတော့
အဲသွေးနဲ့ စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့ စာကိုရေး ကိုကြိုက်နေတဲ့ ကောင်မလေးကိုပေးလိုပေး😅

ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး။နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ် ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။

သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက်
မများသေးဘူး။

TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း။ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။

TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်။
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကားကို ရင်ခုန်စွာကြည့်ခဲ့ရတယ်။

လသာတဲ့ညတွေဆို ကောင်းကင်ကြီးက သိပ်လှတာ။ကလေးတွေပျော်ရွှင်စွာ ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား ပိုးပန်းကြတယ်။

ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က ညဘက် ဗီဒီယိုရုံထဲမှာ။ ပွဲလမ်းသဘင်တွေ တူတူသွားကြတယ်။

ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့ အချိန်တော်တော်စောင့်ကြရတယ်။

ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။

မင်းလူ တာရာမင်းဝေ မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေ ခုထိအလွတ်ရတုန်း။ ရူးသွပ်ခဲ့ရတာတွေ။

ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။

မင်းသိင်္ခ ဆရာအောင်သင်း ဆရာဖေမြင့် ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင် အရက်သောက်ချင်တယ်😁😁

ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့ သိပ်လှကြတာ။ ကျောင်းမှာ Crush ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။
မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက ဘောလုံးကန်တယ်၊ မိန်းကလေးတွေက ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်။သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ။ဘာဟန်ဆောင်မှုမှမရှိ။

ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ လူမမာတို့ရဲ့ ဓာတ်စာလို့ မှတ်ယူကြရတယ်။

သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။

အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ ပြိုင်ဆိုင်လိုစိတ်နည်းတယ်။
ချောက်တွန်းဖို့ဆိုဝေးသေး ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်။ဣဿာမစ္ဆရိယစိတ် မမွေးဘူး။

ဟိရိဩွတ္တပ္ပတရားတွေ အင်အားကြီးတုန်း။လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန် ဖြစ်ကြတုန်း။

သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက် ကြာတယ်။တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ။

တခါတလေတော့လည်း အဲ့အချိန်တွေကို လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့ မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။

ဒါတွေက-----
တို့ရဲ့ ငယ်ဘဝတွေ။
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။

အပူအပင်ကင်းတဲ့
ကလေးလေးဘဝကို တခါပြန်ပြီး
ရချင်မိသေးပါရဲ့။

ငယ်ငယ်က ဘဝလေးကို
ပြန်သတိရမိပါတယ်။

***မိတ်ဆွေတို့မှာရော ပြန်လွမ်းစရာ အမှတ်တရတွေရှိခဲ့ကြလားး???


fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
********************************

တခါတုန်းက ကြက်ဥမကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ...
10/19/2026

တခါတုန်းက
ကြက်ဥမကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။

ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ့။ကြာတော့ အကျင့် ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့ ဒါက
သူ့ကို ပေးကိုပေးရမယ်ဆိုတဲ့ စိတ် ဖြစ်လာတယ်။

တစ်နေ့ကျ တော့ ကျီးကန်းက ကြက်ဥကို ကြောင်ကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။
ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာ ဆိုတာ သူမေ့သွားတယ်။ ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။ ဒါနဲ့သူတို့စကား များကြပြီး အခင်အမင်ပျက်သွားကြတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီ အတိုင်းပါပဲ တချို့သော လူတွေဟာ သူတစ်ပါးဆီက တစ်ခါတရံ ရလိုက်တဲ့ အရာတွေကို တစ်သက်လုံး ရမယ့် အရာလို့ သတ်မှတ်တက်တဲ့
လူတွေရှိတတ်ပါတယ်။အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်း ဖို့ပဲ မျှော်လင့်ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။
ကြာလာတော့ သူများ ကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ်။

ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။ တစ်နေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချ မိတော့တယ်။တကယ်တမ်း ကျတော့ သူများ မကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။

ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလိုမြင်လာပြီး ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။ဒါကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို ကိုယ့် ရပိုင်ခွင့်လို ပုံသေသတ်မှတ်မထားသင့်ပါဘူး။

တကယ်တော့ ကြက်ဥ ဘယ်သူ့ကို ပေးမယ် ဆိုတာ ကျီးကန်းမှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။

မိတ်ဆွေတို့ရော ကြုံဘူးကြလားးး???



#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
********************************

"""အကြွေး"""******************အကြွေး သိန်း၃၀ ပေးစရာရှိရင်၆ သိန်း ၅ ခါ ခွဲဆပ် ကြေတယ်။ရွှေရှိရင် ရွှေထုခွဲရောင်းပြီး ဆပ်လိ...
10/17/2026

"""အကြွေး"""
******************

အကြွေး သိန်း၃၀ ပေးစရာရှိရင်
၆ သိန်း ၅ ခါ ခွဲဆပ် ကြေတယ်။

ရွှေရှိရင် ရွှေထုခွဲရောင်းပြီး
ဆပ်လို့ရတယ်။

အကြွေးဆိုတာ
ဆပ်တတ်တာ /မဆပ်တတ်တာ
နည်းတာ/ များတာနဲ့ မဆိုင်ဘူး။

ဆပ်ချင်စိတ်
ရှိတာ/ မရှိတာနဲ့ပဲ ဆိုင်တယ်။

လူတစ်ယောက်က အကြွေးရှိတယ်။
သူ--ဘယ်လိုတွေခေါင်းထဲထည့်
ဘယ်လောက်ပဲနည်းတဲ့ပမာဏပဲဖြစ်ပါစေ---
ရရင်-ရသလို ဆပ်တတ်တာ
လူမှန်ပဲ ဂတိတည်တဲ့သူပဲ။

၆ သိန်းကို ၅ ခါ ခွဲဆပ်အုန်း
ကျေနပ်ပီးသား။
ကိုယ်နားလည်ပေးသလို
သိတတ်ကြရင်---
သာယာသော
လောကကြီးဖြစ်မည်သာ---

အကြွေးကင်းကင်းနဲ့
နေနိုင်အောင်ကြိုးစားပါ။
အကုန် မဆပ်နိုင်သေးရင်တောင်
ပြေရာပြေကြောင်းပြောပြီး
ဆပ်နိုင်သ၍လေး ဖဲ့ဆပ်ပါ။

အကြွေးက ညဘက်ဆို
စိတ်ဖိစီးမှု့များတယ်။
နေ့ဘက်ဆို သိမ်ငယ်စေတယ်။
ဘဝမှာ ကြေအောင်ဆပ်မသွားနိုင်ရင်
နောက်ဘဝ
အပါယ်ပါကျလိမ့်မယ်။

မိတ်ဆွေတို့ရော အကြွေးတွေ
ပေးစရာရှိလား????
ရစရာရှိလား????


fans #အကြွေး
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
********************************

"""စည်းထားပါ"""****************လူတိုင်း လူတိုင်းမှာသူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာရှိပါတယ်။လူသိစေချ...
10/17/2026

"""စည်းထားပါ"""
****************

လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်။

လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်။

အဲဒါကြောင့်
ပေါင်းသင်းဆက်ဆံရေး
နယ်ပယ်မှာ
သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို
သိပေမယ့်
မပြောပဲ နေပေးရတာလည်း
ရှိပါတယ်။

ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်။

မိတ်ဆွေအစစ်လို့
ထင်ရတဲ့ ထင်ခဲ့တဲ့
လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့ မသိချင်ယောင် ဆောင်လိုက်တာလည်း
ရှိတယ်။

နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့ ရိသဲ့သဲ့
လာလာပြောတဲ့အခါ---

ဘာမှတော့ ပြန်မပြောဘူး။
ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တစ်ယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး။

ပြောချင်တာက
ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ--????

ဘာကြောင့်
ကိုယ့်ရဲ့ ပါးစပ်ကို
စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ--?????

ဘာကြောင့်
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ--????

ငါလည်း တစ်နေ့ သူ့လို
ကြုံနိုင်တယ်ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်။

လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး။

လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ။

မိတ်ဆွေတို့ရော
ဘယ်လိုထင်ကြလည်းးးးး


#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
********************************

လူတစ်ချို့မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်းမင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး...။လူတစ်ချို့မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်းမ...
10/16/2026

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး...။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး...။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး...။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေလည်း ရှိတယ်...။

လွယ်လွယ်နဲ့ရရင်
လူတော်တော်များများက
တန်ဖိုးမထားချင်ကြဘူး
ဒါကိုမင်းသိရင်နောက်တစ်ခါ
ဘယ်အရာကိုမှ အလကားမပေးနဲ့...။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
တန်ဖိုးမရှိတဲ့အမှိုက်
မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးကို
မသိတာလဲ ဖြစ်နိုင်တယ်...။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့
သူတွေကိုလောကကြီးက
သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်...။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလည်း ပင်ပန်းတာပါပဲ...။

အဲတော့ မနေချင်တဲ့
သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့
သူ့သဘောအတိုင်း ရှိပါစေ...။

သူတို့ ဆုံးရှုံးသွားကြတာက
ဂရုစိုက် ပေးဆပ်ပြီး
ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်
လုပ်တဲ့သူတွေကို...။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့
မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ်
တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့ စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော
မျက်ရည်တွေနဲ့ပါရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ်...။


#လူငယ်များအတွက် #ဘဝစာပေ #ဗဟုသုတစာပေ
********************************

Address

Tokyo
Ngapali Beach

Website

Alerts

Be the first to know and let us send you an email when Welcome To Ngapali-Kaung Kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share