Welcome To Ngapali-Kaung Kaung

Welcome To Ngapali-Kaung Kaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Welcome To Ngapali-Kaung Kaung, Vacation Home Rental, New City, NY.

We would like to help to satisfy all the guests when they come to Ngapali Beach.Such as rooms & tickets,trip to pagodas,islands,elephants camp, & etc;
အခုအချိန်မှာတော့ ဖတ်မိသမျှ သုတ/ရသ စာပေလေးတွေကို ဝါသနာတူ အမျိုးများအတွက် ပြန်လည် ဝေမျှပေးနေပါသည်။

""အမှားတွေဆီက သင်ယူပါ"""( ဘဝဆိုတာ---သင်ယူဖို့ပါ )****************************အမှားတွေဆီကသင်ယူတတ်တဲ့သူက ပိုတော်လာတယ်။နာကျ...
07/31/2026

""အမှားတွေဆီက သင်ယူပါ"""
( ဘဝဆိုတာ---သင်ယူဖို့ပါ )
****************************

အမှားတွေဆီက
သင်ယူတတ်တဲ့သူက ပိုတော်လာတယ်။

နာကျင်မှုတွေကို
ခံနိုင်ရည်ရှိသွားတဲ့သူတွေက
ပိုရင့်ကျက်လာတယ်။

မျက်ရည်ကို
ဆေးဖတ်ဝင်အောင် အသုံးချတတ်သူတွေက ခံစားမလွယ်တော့ဘဲနဲ့
ပိုမာကျောသွားတယ်။

ပျော့ညံ့တဲ့စိတ်ဓာက်ကို
မခံချင်စိတ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ အဲ့ဒီသူရဲ့အနာဂတ်ဟာ
ပိုတောက်ပလာတယ်။

လဲကျတာကို
အရှုံးလို့ မသတ်မှတ်တဲ့သူတွေက
အောင်မြင်မှုနဲ့ ပိုနီးသွားတယ်။

နားလည်ပေးတတ်တဲ့သူက
အမုန်းနဲ့ ဒေါသတွေကင်းပြီး
ပိုအေးချမ်းတယ်။

ခွင့်လွှတ်ပေးတတ်တဲ့သူက ပိုပြည့်ဝပြီး လွတ်မြောက်မှုကို ခံစားရတယ်။

သည်းခံတတ်တဲ့သူက
ရန်မများဘဲ ကိုယ့်စိတ်နဲ့ကိုယ် နေနိုင်သွားတယ်။

သူ့နေရာမှာ ငါသာဆိုပြီး
ကိုယ်ချင်းစာပေးတတ်တဲ့သူက
လူ ပီ သ သွား တယ်။

ငါ ဘာယူသွားမလဲဆိုတဲ့စိတ်နဲ့ မရှင်သန်နဲ့ ငါ ဘာပေးခဲ့ရမလဲဆိုတဲ့စိတ်နဲ့ပဲ ရှင်သန်ပါ။

မတော်လို့ တစ်ခုခုလွဲချော်သွားရင်
ငါတော့ မှားသွားပြီးလို့ မတွေးပါနဲ့။

တကယ်တော့ ဘဝဆိုတာ
အရှုံးတွေနဲ့ ပြိုလဲနေဖို့မဟုတ်ဘူး။

ဘဝဆိုတာ
အမှားတွေဆီက သင်ယူဖို့ပါ။



fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
***********************************

"""ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)"""********************************အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ပြီး က...
07/29/2026

"""ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)"""
********************************

အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ပြီး ကြိုးစားသမျှ အားလုံး အကျိုးရှိသောရလဒ်များအဖြစ် ပိုင်ဆိုင်နိုင်ကြပါစေ။

မျှော်လင့်ထားသော အိပ်မက်များ၊ ရည်မှန်းချက်များနှင့် ဘဝအစီအစဉ်များအားလုံး အမြန်ဆုံး အကောင်အထည်ပေါ်လာ​ကြပါစေ။

လုပ်ငန်းခွင်တိုင်းတွင် ကူညီမည့်သူများနှင့်သာ တွေ့ဆုံရပြီး အခက်အခဲတိုင်းကို ဉာဏ်ပညာ၊ သည်းခံနိုင်စွမ်းနှင့် ဇွဲလုံ့လတို့ဖြင့် ကျော်ဖြတ်နိုင်ကြပါစေ။

ကံကောင်းခြင်းများ တံခါးဖွင့်ဝင်လာပြီး စီးပွားလာဘ်လာဘများ တိုးပွားကာ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းများ
အမြဲပြည့်စုံနိုင်ကြပါစေ။

နေ့ရက်တိုင်းသည် မျှော်လင့်ချက်အသစ်များကို ယူဆောင်လာပြီး စိတ်ပျက်စရာများထက် အောင်မြင်မှုများက ပိုမိုများပြားလာကြပါစေ။

လုပ်သမျှအလုပ်တိုင်း အဆင်ပြေချောမွေ့၍ ဝင်ငွေတိုးပွားကာ မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေဟု စေတနာအပြည့်ဖြင့် ဆုတောင်း​မေတ္တာများ
ပို့သအပ်ပါသည်။


fans
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်ဝေမျှပါသည်
***********************************

07/29/2026

I got over 2,000 reactions on one of my posts last week! Thanks everyone for your support! 🎉

ရှိတာလည်း လူမသိစေနဲ့။မနာလိုစိတ်နဲ့ဆက်ဆံလိမ့်မယ်။မရှိတာလည်း လူမသိစေနဲ့။ နှိမ်ပြီးဆက်ဆံလိမ့်မယ်။သိန်း (၁၀၀၀)လောက် ချမ်းသာတ...
07/28/2026

ရှိတာလည်း လူမသိစေနဲ့။
မနာလိုစိတ်နဲ့ဆက်ဆံလိမ့်မယ်။
မရှိတာလည်း လူမသိစေနဲ့။
နှိမ်ပြီးဆက်ဆံလိမ့်မယ်။

သိန်း (၁၀၀၀)လောက် ချမ်းသာတာလား? သိန်းပေါင်း ၁၀၀၀၀၊ သိန်းပေါင်း ၁၀၀၀၀၀ စသည်ဖြင့်ချမ်းသာသူတွေ အများကြီးပါ။
အဲ့လိုဆို သိန်း ၁၀၀၀ လောက်ပိုင်တာက အားငယ်စရာဖြစ်သွားပြီလား?

Noပါ။
သိန်း ဆယ်ဂဏန်းလောက်တောင်မပိုင်တဲ့သူတွေအများကြီးပါ။

သိန်းဆယ်ဂဏန်းလောက်ပဲရှိလို့ကော အားငယ်ရတော့မှာလား? No ပါ။ မနက်ဖြန်စားစရာတောင်မရှိတဲ့သူတွေအများကြီးပါ။

ဆိုလိုချင်တာက ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ့်စိတ်ထဲမှာပဲထား။
မောက်လည်း မမောက်မာနဲ့။
သိမ်လည်း မသိမ်ငယ်နဲ့။

Money is just a fuel ပါ။ ကိုယ်လုပ်ချင်တာကို အားပေးမယ့် လောင်စာဆီတစ်မျိုးပါ။ ကောင်းတဲ့နေရာကိုသွားချင် ကောင်းတာကို လုပ်ချင်ရင်လည်း မြန်မြန်ရောက်အောင် ဖြစ်အောင် Money က ကူပေးလိမ့်မယ်။
မကောင်းတဲ့နေရာကို သွားချင်
မကောင်းတာကို လုပ်ချင်ရင်လည်း မြန်မြန်ရောက်အောင် ဖြစ်အောင် Money က ကူပေးလိမ့်မယ်။

ငွေရှာပါ။
ဖြစ်ချင်တာတွေဖြစ်ဖို့ ငွေလိုပါတယ်။
သွားချင်တာတွေ စားချင်တာတွေ လုပ်ချင်တာတွေ အကုန်လုပ်နိုင်ဖို့ ငွေ လိုပါတယ်။ တစ်ခုမှတ်ထားရမှာက ငွေက ကြားခံပစ္စည်းလောင်စာဆီ မိမိက မော်တော်ကားမောင်းသူဖြစ်ပါတယ်။ သွားရမယ့် ရည်မှန်းချက်နေရာက မိမိဆုံးဖြတ်ရမှာဖြစ်ပါတယ်။


fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
***********************************

""ကြိုးစားနေချိန်မှာ တစ်ကိုယ်ကောင်းဆန်ပါ""***********************အဲ့လိုပြောလိုက်လို့ မကောင်းတာကိုပြောတာတော့ မဟုတ်ဘူး။ကို...
07/20/2026

""ကြိုးစားနေချိန်မှာ
တစ်ကိုယ်ကောင်းဆန်ပါ""
***********************

အဲ့လိုပြောလိုက်လို့ မကောင်းတာကိုပြောတာတော့ မဟုတ်ဘူး။

ကိုယ့်ရဲ့အချိန်တွေကို မလိုအပ်တဲ့သူတွေကို မပေးပါနဲ့။

ငွေကို ကိုယ့်ကိုယ်ကိုယ် တောင်မသထာဘူးလို့ ထင်ရလောက်အောင် ချွေတာပါ။

မလိုအပ်ပဲ အချိန်လာဖြုန်းနေသူတွေကို
ရှောင်ပါ။

အပျော်အပါး တွေ များတဲ့ ရပ်ဝန်းကိုရှောင်ပါ။

အကူအညီ မလိုအပ်တဲ့သူကိုအရမ်းကြီး မကူညီချင်ပါနဲ့။

ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပါ။

တိုးတက်ခြင်းကသင့်ရဲ့super power
ဖြစ်ပါတယ်။



#ဘဝ #စာပေ #အချိန် #ငွေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
***********************************

တိဘက်က သိုးအရမ်းမွေးတယ်။ သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင်က လာစားတဲ့ ဝံပုလွေကိုသတ်ဖို့ ညဖက်စောင့်တယ်။ အဲ...
07/19/2026

တိဘက်က သိုးအရမ်းမွေးတယ်။
သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင်က လာစားတဲ့ ဝံပုလွေကိုသတ်ဖို့ ညဖက်စောင့်တယ်။

အဲ့ဒီမှာ အဖြစ် တစ်ခုသွားတွေ့တယ်။
ညဖက် ဝံပုလွေလာခါနီး သိုးတွေက အနံ့ကြိုရတယ်။

ဂဏာမငြိမ်တွေဖြစ်တယ်။ အော်တယ် ဟိုပြေးသည်ပြေးလုပ်ကြတယ်။

ခဏနေတော့ ဝံပုလွေဝင်လာတယ်။
အေးအေးဆေးဆေးပဲ ဝင်လာတာ။
တစ်ကောင်ထဲပဲ။

သိုးတွေမှာ အော်ပြီး ပြေးကြတယ်။
တစ်ခြံလုံးကို ဆူညံနေတာပဲ ။
တကယ်က သိုးအုပ်က ရာချီတယ် အများကြီးပဲ။

တစ်ကောင်တစ်ချက် တက်နင်းရင်ကို ဝံပုလွေ အစအနရှာရမှာမဟုတ်ဘူး။
ဒါပေမယ့် ဝံပုလွေ အနားကို မကပ်ဘူး။
ဝံပုလွေကို မထိရဲဘူး။

အချင်းချင်းပဲ တိုးကြဝှေ့ကြတယ်။ အချင်းချင်းပဲ တက်ကြနင်းကြတယ်။
ငယ်သံပါအောင်ပဲ အော်နေကြတယ်။

ခဏနေတော့ ဝံပုလွေက
သိုးတစ်ကောင်ကို ဖမ်းကိုက်တယ်။
အဖမ်းခံရတဲ့ သိုးခမြာ အော်လိုက်တာ
ဘေးကသိုးတွေက ကြည့်နေတယ်။

အဖမ်းခံရတဲ့သိုးခမြာ သွေးတွေရွှဲပြီး
ရုန်းလိုက် ကန်လိုက်တာ ဘေးကသိုးတွေ ကြည့်နေကြတယ်။

ခဏနေတော့ အဖမ်းခံရတဲ့သိုး သေသွားတယ်။အသံငြိမ်သွားတယ်။
ဘေးကသိုးတွေလဲ အသံငြိမ်သွားတယ်။

ဝံပုလွေဟာ သိုးအုပ်အလည်မှာ ကျကျနနထိုင်ပြီး သူဖမ်းထားတဲ့သိုးကို အေးအေးဆေးဆေး ထိုင်စားတယ်။

ဘေးက သိုးတွေကလဲ မြက်လေးဝါးတဲ့သူကဝါး ချောင်လေးမှာခွေတဲ့သူကခွေ ဖြစ်ကုန်တယ်။

ခဏကြာလို့ ဝံပုလွေက စားသောက်ပြီး ဗိုက်ဝလို့ ပြန်ထွက်သွားတဲ့အချိန်မှာ---

တချို့သိုးတွေက ပြန်အိပ်ပြီး ဟောက်တောင်ဟောက်နေပြီ။ သူတို့စိတ်ချတယ်လေ ဒီနေ့တော့ ငါ မဟုတ်ဘူး။
ငါ အစားမခံရဘူး။

တခြားအစားခံလိုက်ရတဲ့သိုးဟာ ငါမဟုတ်ဘူး။ငါနဲ့ မဆိုင်ဘူး ။

နောက်နေ့ဝံပုလွေလာရင် ငါမဟုတ်ဖို့ပဲ အရေးကြီးတယ်။
ငါနဲ့လွတ်အောင် ငါနေမယ် ။
ဝံပုလွေမမြင်ဖို့ မမိဖို့ပဲ လိုတယ်။

ဝံပုလွေမမိဖို့ တခြားသိုးကို နင်းဆိုလဲနင်းမယ်။ဝှေ့ဆိုလဲဝှေ့မယ် ဝံပုလွေကိုတော့
ကြည့်တောင်မကြည့်ရဲ ထိတောင်မထိရဲ ငါနေမယ်။

ဒါဟာ တိရိစ္ဆာန်လောကမှာတော့ ဖြစ်နေကျပါပဲ။

မထူးဆန်းပါဘူး။

ဒါပေမယ့်
ဒီလိုအဖြစ်မျိုး လူတွေကြားမှာ ဖြစ်လာရင်တော့ အတိုင်းထက်အလွန် ဝမ်းနည်းစရာပဲ ။

ကျွန်တော်တို့က လူတွေမဟုတ်လား။

လူသားဆန်ကြရဲ့လားလို့ ကိုယ့်ဘာသာမေးကြပါ။

#ခင်နှင်းယု


#ဘဝ #စာပေ #လူသားဆန်မှု
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
***********************************

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့ (၇၉)ကြိမ်မြောက် အာဇာနည်နေ့။၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်(၁၀)နာရီ(၃၇)မိနစ် အချိန်တ...
07/19/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့ (၇၉)ကြိမ်မြောက် အာဇာနည်နေ့။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်(၁၀)နာရီ(၃၇)မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အာင်ဆန်း နှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝ ပြုအပ်ပါသည်။



fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
************************************

"""သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့"""********************************ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွ...
07/17/2026

"""သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့"""
********************************

ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေး
ရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။ ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။

ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။ စစ်မှန်တဲ့
အောင်မြင်မှုဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။

ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။ အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။ ပျာယာမခပ်ဖို့ လောဘမကြီးဖို့ ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်။

ီ_ဘာ_ဘာ


fans
#ဘဝ #စာပေ ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
************************************

"""""ရင့်ကျက်ပါတော့"""""************************ဝေဖန်သံတိုင်းကို ပြန်လည်ချေပနေတတ်တဲ့ စိတ်ဟာ မရင့်ကျက်သေးဘူး။လှောင်ပြောင်...
07/14/2026

"""""ရင့်ကျက်ပါတော့"""""
************************

ဝေဖန်သံတိုင်းကို ပြန်လည်ချေပနေတတ်တဲ့ စိတ်ဟာ မရင့်ကျက်သေးဘူး။

လှောင်ပြောင်စကားတိုင်းကို ခံစားနေတတ်တဲ့ စိတ်ဟာ မရင့်ကျက်သေးဘူး။

အကြောင်းမရှိဘဲ တိုက်ခိုက်လာသူတိုင်းကို အနိုင်ယူဖို့ ကြိုးစားနေတတ်တဲ့ စိတ်ဟာ မရင့်ကျက်သေးဘူး။

ရိုးသားတာ ကောင်းပေမယ့် အားနာလွန်းတဲ့စိတ်ကြောင့် ခဏခဏ အလိမ်ခံနေရတဲ့ အကျင့်ဟာလည်း မရင့်ကျက်သေးဘူး။

ကိုယ့်အမြင်ကိုပဲ အမှန်ထင်ပြီး တခြားသူရဲ့အမြင်ကို လေးစားမပေးတတ်သူတွေနဲ့ အမြဲပြိုင်ငြင်းနေတတ်တဲ့ စိတ်ဟာလည်း မရင့်ကျက်သေးဘူး။

စေတနာနဲ့ ကူညီပေးတာ ကောင်းပေမယ့် သနားစိတ်တစ်ခုတည်းကြောင့် လူတိုင်းကို ယုံကြည်ပြီး ထပ်ခါထပ်ခါ လိမ်ညာခံနေရတာဟာလည်း မရင့်ကျက်သေးဘူး။

ကိုယ်ပြောတာကိုသာ နားထောင်စေချင်ပြီး ကိုယ့်စကားကို နားထောင်ဖို့ စိတ်မရှိတဲ့သူတွေနဲ့ အချိန်ကုန်ခံပြီး ဆက်ငြင်းနေတတ်တဲ့ အကျင့်ဟာလည်း မရင့်ကျက်သေးဘူး။

အမှန်တရားကို မမြင်ချင်ဘဲ အပြစ်တင်ဖို့ပဲ ရှာနေသူတွေရဲ့ စကားတွေကြောင့် စိတ်ထိခိုက်နေတတ်သေးတဲ့ စိတ်ဟာလည်း မရင့်ကျက်သေးဘူး။

မရင့်ကျက်သေးတဲ့ စိတ်တွေနဲ့ ဘယ်တော့ ပြတ်သားနိုင်မှာလဲ။

အမှတ်မထားတတ်သရွေ့တော့ တူညီတဲ့အမှားတွေကို ထပ်ခါထပ်ခါ ကြုံရဦးမှာပဲ။

မမြဲတဲ့ ဘဝခရီးလမ်းမှာ သူတစ်ပါးပေးတဲ့ သောကတွေနဲ့ အချိန်ဖြုန်းမနေပါနဲ့။

ရင့်ကျက်ပါ
ပြတ်သားပါ
ကိုယ့်စိတ်အေးချမ်းမှုကို ကိုယ်တိုင်ကာကွယ်ပါ။

#နှင်းဆီစာပေ


fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
************************************

ဂျာမနီမှာနေတယ်။ ဘာတစ်ခုမှ မပိုင်ဆိုင်ဘူး။ နာမည်က အီယာမာလင်း ဒီကာပရီယို။ ကိုယ်ဝန်ဆောင်တစ်ယောက်။ အိုးမဲ့အိမ်မဲ့။ အထီးကျန်။...
07/12/2026

ဂျာမနီမှာနေတယ်။ ဘာတစ်ခုမှ မပိုင်ဆိုင်ဘူး။ နာမည်က အီယာမာလင်း ဒီကာပရီယို။ ကိုယ်ဝန်ဆောင်တစ်ယောက်။ အိုးမဲ့အိမ်မဲ့။ အထီးကျန်။

သူမကို မြင်မိတဲ့ လူစိမ်းတစ်ယောက်က သူ့အိတ်ထဲကနေ ဒေါ်လာငါးဆယ်ထုတ်လိုက်တယ်။

"ဒီပိုက်ဆံယူသွားလိုက်... အမေရိကားကိုရောက်အောင်သွား... မင်းဗိုက်ထဲက ကလေးကို အခွင့်အရေးပေးလိုက်..."

ဒေါ်လာငါးဆယ်။ စည်းစိမ်ဥစ္စာကြီးမဟုတ်ဘူး။ ဘဝအောင်မြင်ရေး စီမံချက်တစ်ခုမဟုတ်ဘူး။ ငွေစက္ကူလေးတစ်ရွက်ထဲက မျှော်လင့်ချက်အလင်းရောင်လေးတစ်ခုပဲ။

အီယာမာလင်းက နောင်နှစ်တွေကြာတော့ ပြန်ပြောပြတယ်။

"အဲဒီပိုက်ဆံကြောင့်မဟုတ်ပါဘူး... ကျွန်မဘဝ အဆုံးသတ်မသွားသေးဘူးလို့ ယုံကြည်ထားတဲ့ လူတစ်ယောက်ကြောင့် ကျွန်မမှာ သတ္တိတွေရှိသွားတာပါ..."

သူမဟာ ဘတ်စ်ကားလက်မှတ်တစ်စောင်ဝယ်လိုက်တယ်။ အန္တရာယ်ကင်းဘေးရှင်းဖို့အတွက် ဘာအာမခံချက်မှမရှိဘဲ နယ်စပ်ကိုဖြတ်ခဲ့တယ်။ လော့စ်အင်ဂျလိစ်ကိုရောက်လာခဲ့တယ်။ ဗိုက်ထဲမှာ ကလေးတစ်ယောက်နဲ့။ စီးထားတဲ့ဖိနပ်တွေမှာ အပေါက်အပြဲတွေနဲ့။

သူမဟာ ကိုယ်ဝန်ကြီးကိုးလနဲ့ အိမ်သန့်ရှင်းရေးအလုပ် ဝင်လုပ်ရတယ်။ သူမက ပြန်ပြောပြတယ် -

"ကျွန်မသားလေး ဇတ်ခုံတွေပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့အတွက် ကျွန်မ ဒူးထောက်ပြီးကြမ်းတိုက်ခဲ့ရတယ်..."

သူမမှာ ဘာမိသားစုမှ မရှိဘူး။ ဘာကျောထောက်နောက်ခံမှလည်းမရှိဘူး။ အရံစီမံကိန်းလည်းမရှိဘူး။

သူမရဲ့သားလေးကို ကုသိုလ်ဖြစ်ဆေးရုံမှာ သွားမွေးရတယ်။ အခမဲ့ပြုစုစောင့်ရှောက်မှုယူရတယ်။ သူမရဲ့ဘဏ်စာရင်းမှာ ပိုက်ဆံတစ်ပြားမှမရှိဘူး။

မွေးလာတဲ့ကလေးလား... ?
အဲဒီကလေးက လီယိုနာဒို ဒီကာပရီယိုလေ။

လီယိုနာဒိုကြီးပြင်းလာတဲ့ဘဝတလျှောက်လုံးမှာ သူ့မွေးနေ့ရောက်တိုင်း သူမက အကြောင်းအရာတစ်ခုတည်းကိုပဲ အမြဲတမ်းပြောပြတယ်။

"လူစိမ်းတစ်ယောက်က မင်းကိုဂရုစိုက်လိုက်တဲ့အတွက်ကြောင့် မင်းဘဝကို ဒီလို အစပြုနိုင်ခဲ့တာ... ဒေါ်လာငါးဆယ်ဟာ ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာ မင်း ဘယ်တော့မှမမေ့နဲ့..."

သူ မမေ့ခဲ့ဘူး။

ဒီနေ့မှာ လီယိုဟာ ကော်ဇောနီပေါ်မှာ လမ်းလျှောက်နေပြီ။ အော်စကာဆုတွေလည်းရပြီးပြီ။ ဘဏ်ထဲမှာလည်း ဒေါ်လာတွေ သန်းနဲ့ချီအောင် ရှိနေပြီ။ ကမ္ဘာကျော်နေပြီ။

ပြီးတော့ သူ့ဘေးမှာ ဘယ်သူရှိတဲ့ထင်လဲ။ သူ့အမေရှိတယ်။ အချိန်တိုင်းမှာ သူ့အမေရှိတယ်။ လီယိုကပြောတယ် -

"ဘယ်ပွဲမဆို ကျွန်တော် အမေ့ကိုအရင်ဖိတ်ပါတယ်... အမေ မပါဘဲ ဘယ်ကော်ဇောနီပေါ်ကိုမှ ကျွန်တော်မလျှောက်ပါဘူး..."

သူဟာ တစ်ခါတုန်းက ဒေါ်လာသန်းပေါင်းများစွာ လှူခဲ့ဖူးတယ်။ တိုးတိုးတိတ်တိတ်ပဲ။ ဘယ်မီဒီယာကိုမှ အသိမပေးဘူး။ ဘယ်သတင်းဌာနရဲ့ခေါင်းကြီးပိုင်းမှာမှ အဲဒီအကြောင်းမပါခဲ့ဘူး။ သူက သူ့သူငယ်ချင်းတစ်ယောက်ကို တစ်ခါက ပြောပြဖူးတယ်။

"ငါက အကြွေးတင်နေတဲ့ ဒေါ်လာငါးဆယ်ကို ပြန်ဆပ်ပေးတာပါ... အတိုးနဲ့ပေါ့..."

စဉ်းစားကြည့်ပါ။

၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံကလူတစ်ယောက်ဟာ အိမ်ခြေယာမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ဒေါ်လာငါးဆယ်ပေးခဲ့တယ်။

သူ အဲဒီအမျိုးသမီးကို နောက်တစ်ခါ ထပ်မတွေ့ရတော့ဘူး။ အဲဒီအမျိုးသမီးရဲ့နာမည်ကိုလည်း သူမသိဘူး။ မွေးလာတဲ့ကလေးနဲ့လည်း သူ ဘယ်တော့မှ မဆုံခဲ့ဘူး။

ဒါပေမယ့် အဲဒီဒေါ်လာငါးဆယ်က ဘာဖြစ်သွားခဲ့သလဲ... ?

အဲဒီဒေါ်လာငါးဆယ်ဟာ Titanic ရုပ်ရှင်ဖြစ်သွားတယ်။ The Revenant ရုပ်ရှင်ဖြစ်သွားတယ်။ တခြားလူတွေရဲ့ဘဝကို အသစ်တစ်ဖန်ပြန်စဖို့အတွက် အလှူငွေ သန်းပေါင်းများစွာဖြစ်သွားတယ်။

အီယာမာလင်းက ပြောတယ်။

"မင်း ဘယ်သူ့ကို ကူညီနေတယ်ဆိုတာ မင်းကိုယ်တိုင်တောင် ဘယ်တော့မှသိမှာမဟုတ်ဘူး... မင်းဟာ တစ်ကမ္ဘာလုံးကို ကူညီပေးနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ််..."

ကြင်နာခြင်းတရားဆိုတာ ကြီးကျယ်ခမ်းနားနေစရာမလိုပါဘူး။
လိုအပ်နေတဲ့အချိန်မှာ ချက်ချင်းအကာင်အထည်ဖော်ပေးဖို့ပဲလိုပါတယ်... ။

(Translated by


Germany. She had nothing. Irmelin DiCaprio. Pregnant. Homeless. Alone. A stranger looked at her and pulled out fifty dollars.

Take this, he said. Get to America. Give that baby a shot. $50. Not a fortune. Not a plan. Just hope in paper form.

It wasnt the money, Irmelin would say years later. It was someone believing I wasnt finished yet.

She bought a bus ticket. Crossed borders with no safety net. Landed in Los Angeles with a baby in her belly and holes in her shoes.

She cleaned houses 9 months pregnant. I scrubbed floors so my son could stand on stages, she told him.

No family. No backup. No plan B.

Her son was born in a charity hospital. Free care. Zero dollars in the bank.

That baby? Leonardo DiCaprio.

Growing up, she told him the same story every birthday. Your life started because a stranger chose to care, shed say. Never forget what $50 can do.

He didnt.

Today, Leo walks red carpets. Oscars. Millions in the bank. Global fame.

And right next to him? Mom. Every time.

Shes my first invite, Leo said. No red carpet without her.

Hes given away millions since. Quietly. No press. No headlines. Im just paying back a $50 debt, he once told a friend. With interest.

Think about it.

One man in Germany, 1974. He gave $50 to a homeless pregnant woman.

He never saw her again. Never knew her name. Never met the kid.

But that $50?

It became Titanic. It became The Revenant. It became millions donated to help other people start over.

You never know who youre helping, Irmelin says now. You might be helping the whole world.

Kindness doesnt need to be huge.

It just needs to be right now.



fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
************************************

Address

New City, NY

Website

Alerts

Be the first to know and let us send you an email when Welcome To Ngapali-Kaung Kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share