Ride Behind Kalaw

Ride Behind Kalaw F**k The Coup. Ma A Loe .. Min Aung Hlaing
(526)

လွန်လေပြီးသောအတိတ်ကာလဆီက ....
08/30/2026

လွန်လေပြီးသောအတိတ်ကာလဆီက ....

ဆိုင်ကယ်စီးချင်တာမဟုတ်ဘူး... ဟိုအရင်က ဆိုင်ကယ်စီးခဲ့ဖူးတဲ့အချိန်ကာလတွေကိုပဲ ပြန်လိုချင်တာ ....
08/21/2026

ဆိုင်ကယ်စီးချင်တာမဟုတ်ဘူး...
ဟိုအရင်က ဆိုင်ကယ်စီးခဲ့ဖူးတဲ့အချိန်ကာလတွေကိုပဲ ပြန်လိုချင်တာ ....

RBK မိသားစုက ကလောကမြေကွက်တွေကို တစ်ဖက်လှည့်နဲ့ရောင်းထုတ်သွားပြီး US မှာ အဆင်ပြေပြေနေနေကြတာ ... တဲ့အဲ့ဒါကို ကလောကလူတွေရော...
07/15/2026

RBK မိသားစုက ကလောကမြေကွက်တွေကို တစ်ဖက်လှည့်နဲ့ရောင်းထုတ်သွားပြီး US မှာ အဆင်ပြေပြေနေနေကြတာ ... တဲ့

အဲ့ဒါကို ကလောကလူတွေရော ယုံနေကြသတဲ့ဗျား...

အဲ့ဒီလိုနဲ့ ကိုယ့်မြေကွက်တွေ ဘာများဖြစ်နေသလဲဆိုပြီး စုံစမ်းကြည့်ခါကျမှ အားလုံးက ကိုယ့်မိသားစုအမည်ပေါက်တွေကနေ အပြောင်းခံရပြီး အရောင်းအဝယ်ဖြစ်နေကြတာကို သိရတော့တယ်... (သိတာ ကြာပါပြီ)

ဒီလိုလုပ်ရဲသူတွေကတော့ စစ်🐕နဲ့ ပိုင်ရာဆိုင်ရာများဆိုတာကတော့ ပြေးကြည့်ဖို့တောင်မလိုဘူးပေါ့....

သူတို့တွေ လက်လွှဲပြန်ရောင်းနေကြတာလည်း နည်းမျိုးစုံနဲ့ ကြားရသိရပါတယ်...

အဲ့ဒီတော့ ရောင်းမှားဝယ်မှားမဖြစ်ကြရလေအောင်နဲ့ ရောင်းမှားဝယ်မှားထားရင်လည်း သိကြရလေအောင် မြေပုံညွှန်း Coordinate link တွေနဲ့တကွ RBK ရဲ့မြေကွက်တွေကို တင်ပေးလိုက်ပါတယ်.... (📌comment မှာကြည့်ပါ... အကုန်မဟုတ်သေးပါ)

ဒီကာလမှာ ကောင်းကောင်းမွန်မွန် တိတ်တိတ်ဆိတ်ဆိတ်ပဲ ဖြေရှင်းချင်ပါတယ်...

ရောင်းမှားဝယ်မှားထားတယ်ဆို RBK ကို ဆက်သွယ်ပေးပါ...

ဘယ်သူ့ဆီက ဘယ်လိုဝယ်ခဲ့တယ် ...
ဘယ်လောက်နဲ့ ဝယ်ခဲ့တယ် ...
ဘယ်တုန်းက ဘယ်လိုဘယ်ညာတွေ သိချင်ပါတယ်...
(လျှို့ဝှက်ထားပေးပါမယ်)

ဒီလို ကောင်းကောင်းမွန်မွန်ရှင်းမရရင်တော့ Blacklist ထဲထည့်ထားပြီး ဖြေရှင်းလို့ရတဲ့အချိန်မှာ ဖြေရှင်းလို့ရတဲ့နည်းလမ်းနဲ့ ဖြေရှင်းပါမယ်ဗျာ.... (ရိုင်းတယ်မထင်ပါနဲ့)

သိန်းထောင်သောင်းချီတဲ့ ကျွန်တော်တို့မြေကွက်တွေကို ရာဂဏန်း ထောင်ဂဏန်းနဲ့ တစ်ပါတ်ရိုက် အရောင်းအဝယ်လုပ် အမည်ပေါက်ပြောင်းတဲ့ကိစ္စတွေအထိ ကျွန်တော်တို့ သိထားပါတယ်...

မြေကိစ္စဟာ ပျောက်ပျက်ရိုးမရှိပါ...



🚨ကလောမြေပွဲစားတွေ ဒီပိုစ့်ကို သေချာဖတ်ပါ...
သိရဲ့နဲ့ဝင်ရှုပ်ရင် ဘွာတေးခတ်လို့မရပါ...🚨

သိထားတာတွေကို chat box မှာ သတင်းပေးလို့ရပါတယ်...

"ပန်ဆယ်လိုနဲ့ စီးပွားဖက်တွေဖြစ်မှာပေါ့" ဆိုတဲ့စကားတွေကိုကြားအပြီိး ပြုံးပြုံးကြီးနဲ့ ကားတွေ ဆက်ပြင်နေတာပါပဲ....😅 (စိတ်တေ...
07/14/2026

"ပန်ဆယ်လိုနဲ့ စီးပွားဖက်တွေဖြစ်မှာပေါ့" ဆိုတဲ့စကားတွေကိုကြားအပြီိး ပြုံးပြုံးကြီးနဲ့ ကားတွေ ဆက်ပြင်နေတာပါပဲ....😅 (စိတ်တော့ နည်းနည်းညစ်တာပေါ့)

ကိုယ့်အကြောင်းကိုယ် မပြောပြတာကြာတော့ လူတွေလည်း သူဟာသူလျှောက်တွေးကြတော့တာထင်တယ်...

လောလောဆယ်က Toyota Showroom တစ်ခုမှာ Technician အနေနဲ့ အလုပ်လုပ်နေပြီး အားတဲ့အချိန်တွေမှာ မိတ်ဆွေ/အသိအကျွမ်းတွေရဲ့ကားတွေ ပြင်ပေးတာလေးလောက်ပဲ လုပ်ဖြစ်တယ်...

ဆိုင်ကယ်သမားပေမဲ့ ဆိုင်ကယ်မစီးဖြစ်တော့ဘူး...
(ဆိုင်ကယ်ကို ရောင်းနေတယ် .. မထွက်သေး)

တလရထဲမှာ ထဲထဲဝင်ဝင်ပါဖြစ်တာတွေကတော့ အရင်အတိုင်း လူမသိသူမသိ လှုပ်ရှားနေဆဲပါ....

TheKey လည်း အရင်လိုပါပဲ...
အဖြေထွက်ပြီးသားအရာကိုမှ တွက်ချက်ပုံသိချင်ရတဲ့ကိစ္စဖြစ်လို့ အဖြေကတော့ အားလုံးသိပြီးတဲ့အတိုင်း ပြောင်းလဲသွားဖို့မရှိပါဘူး...

06/22/2026

မင်းခိုက်စိုးစန် လိုလူမျိုးက တကယ်တမ်း ⚽မချင်မှတော့ အမေရိကားအထိ တကူးတကပြေးလာနေစရာမလိုဘူးထင်တယ်....

စကစ ပေးထားတဲ့ဆုနဲ့ အရင် စစ်ကားတွေရိုက်ဖူးတဲ့အရှိန်နဲ့ ⚽မကားတွေရိုက်ပြီး အေးဆေးငွေရှာနေမှာပေါ့...

အနုပညာဆိုတဲ့ industry အထဲမှာ ငွေအဖြုန်းနိုင်ဆုံးနဲ့ ငွေအရနိုင်ဆုံးက ရုပ်ရှင်လောကပဲတဲ့ ...

ပြီးရင် ၂၀၁၅ ~ ၂၀ ကြားကာလမှာ စစ်တပ်အသိုင်းအဝိုင်းနဲ့ပတ်သက်ဖူးလို့ ⚽မလို့သမုတ်ကြေးဆို ကျွန်တော်တို့ တစ်ယောက်မှမလွတ်ပါဘူး...

ကျွန်တော်လက်ခံထားတာကတော့ ၂၀၂၁ နောက်ပိုင်းမှာ စကစနဲ့ အကျိုးတူမပူးပေါင်းရင် အနည်းဆုံးတော့ ရန်သူမဟုတ်ဘူး ဆိုတာပါပဲ...

ဆုတစ်ခုခေါ်ပေးခံရရုံနဲ့ ရန်သူလို့သတ်မှတ်မယ်ဆိုရင်တော့ စကစဖက်က ပျော်နေလိမ့်မယ်....
ချိုးချင်တဲ့သူမှန်သမျှကို ဆုတွေခေါ်ပေးနေရုံပဲလေ...

ထောင်ထဲကထွက်လာသူ အနုပညာသည်မှန်သမျှ တစ်နေရာမဟုတ် တစ်နေရာ ခေါ်သုံးပြီး ချိုးပစ်ခဲ့ကြတာပါပဲ...

ဒီကာလမှာ စံသတ်မှတ်ချက်တွေကို အဆင့်အတန်း အမျိုးအစားမခွဲနိုင်ကြလို့တော့ မဖြစ်ဘူး.....

ရန်သူဖြစ်ကြောင်းစံ ...
ရန်သူမဟုတ်ကြောင်းစံ...
မိတ်ဆွေဖြစ်ကြောင်းစံ...
မိတ်ရင်းဖြစ်ကြောင်းစံ...
သွေးသောက်ဖြစ်ကြောင်းစံ....
သူရဲကောင်းစံ...
.... စသဖြင့်တော့ အများကြီးခွဲခြားကြရလိမ့်မယ်...

လောကကြီးက အဖြူနဲ့ အမဲ ... နှစ်ခုထဲပဲရှိနေတာတော့မဟုတ်ဘူး....

သူနောက်ဆုံးရေးခဲ့တယ်ဆိုတဲ့ဝတ္တုကို ကျွန်တော်တို့မဖတ်ရသေးဘူး...

အဲ့ဒီအထဲမှာ ဒွိဟတွေရဲ့အဖြေကို ရှာတွေ့နေနိုင်မလားပဲ...

06/19/2026

အဝေးကိုလည်းရောက်နေတဲ့ ...
ဆိုးလည်းဆိုးတဲ့သားတစ်ယောက်အနေနဲ့ ....

BMW R 1200 GSA ရောင်းမည် .... 9,500 $ Mileage - 35,000 MilesBuffalo , NY မှာပါ ..ရောင်းချင်လွန်းလို့ ဈေးလျှော့ထားတဲ့သဘော...
06/07/2026

BMW R 1200 GSA ရောင်းမည် ....
9,500 $
Mileage - 35,000 Miles

Buffalo , NY မှာပါ ..

ရောင်းချင်လွန်းလို့ ဈေးလျှော့ထားတဲ့သဘောပါ ...
ပေါက်ဈေး 12,000 နဲ့ 15,000 ကြား ရှိပါလိမ့်မယ်...

ဘီးအကုန်ကောင်းကြောင်း အာမခံပါတယ်...

ကို RBK ရေ .. NY ကနေ California ကို မောင်းလာပို့လို့ရမလားဆို .... ဆီဖြည့်ပြီး ချက်ချင်းမောင်းထွက်လာလို့ရတဲ့အထိ ကောင်းပါတယ်...

ဘီးအကြောင်း အကုန်လုံး အသေးစိတ်မေးနိုင်ပါတယ်...

ကျွန်တော် ဘယ်သူဘယ်ဝါမှန်းမသိဘဲ ဘုမသိဘမသိနဲ့တော့ cb ကိုမလာပါနဲ့ ...

ဆိုင်ကယ်အကြောင်း မြိန်ရေယှက်ရေ နာရီနဲ့ချီ အချိန်ပေးပြောပြနိုင်ပေမဲ့ ကိုယ့်အကြောင်းကိုယ် ရှင်းပြရတာတွေတော့ မလုပ်ချင်တော့ပါဘူး...

ပွင့်ပွင့်လင်းလင်းပဲ ကြေငြာစရာကိစ္စတစ်ခုရှိပါတယ်...Federal Wings အတွက်လှူထားတဲ့ ကျွန်တော့်ဆိုင်ကယ်ကိစ္စပါ...US မှာရှိနေတ...
05/07/2026

ပွင့်ပွင့်လင်းလင်းပဲ ကြေငြာစရာကိစ္စတစ်ခုရှိပါတယ်...
Federal Wings အတွက်လှူထားတဲ့ ကျွန်တော့်ဆိုင်ကယ်ကိစ္စပါ...

US မှာရှိနေတဲ့ဆိုင်ကယ်တစ်စီးကိုအခြေပြုပြီး Federal Wings အနေနဲ့ ဘယ်လိုမှ Fundraise လုပ်လို့အဆင်မပြေတဲ့အနေအထား ဖြစ်သွားပါတယ်...

Giveaway ticket ဆိုပြီးလုပ်တဲ့ဟာကလည်း ၅ သောင်းတန်လက်မှတ် အစောင် (၁၀၀) တောင်မှ မပြည့်ပါ....

အဲ့ဒီတော့ ဆိုင်ကယ်တန်ဖိုး သိန်း (၅၀၀ ~ ၆၀၀) ခန့်နဲ့ယှဉ်တဲ့အခါ ကျွန်တော့်အနေနဲ့လည်း လှူရတာ ဘယ်လိုမှတွက်ခြေမကိုက်ပါဘူး..

တွက်ခြေမကိုက်ဘူးဆိုတာက အလှူအတန်းပေမဲ့ တော်လှန်ရေးကိစ္စဖြစ်လို့ တွေးကိုတွေးရမဲ့အရာလို့ ကျွန်တော်ကတော့ယူဆပါတယ်...

RBK ကနေ ဆိုင်ကယ်နဲ့ရင်းပြီးလုပ်ခဲ့တဲ့ Fundraising တွေထဲမှာ ဒီတစ်ခုက fail ပါတယ်...

ကျွန်တော့်ဖက်ခြမ်းက Giveaway Ticket ကိစ္စကို မတွန်းနိုင်ခဲ့တာကလည်း အဓိကဖြစ်မယ်ထင်ပါတယ်...

TheKey ကနေရတဲ့ Trauma တွေကြောင့်လည်း တွန့်ဆုတ်နေခဲ့မိတာဖြစ်ပါလိမ့်မယ်...

အဲ့ဒီတော့ .... Giveaway Ticket အနေနဲ့ သီးသန့်လာဝယ်ထားတဲ့သူတွေအားလုံးကို ငွေပြန်အမ်းပေးပါမယ်...

ဆိုင်ကယ်ကို ဒီမှာပဲ အဆင်ပြေသလိုရောင်းပြီး အဲ့ငွေကိုပဲ Federal Wings ဆီ ပို့လိုက်ပါမယ်...

ဒီကိစ္စအတွက် ကျွန်တော့်ကိုအပြစ်တင်ရင်လည်း ခံရုံပါပဲ...

ကိုယ်ကျိုးအတွက်မဟုတ်လို့ (လုံးဝ) စိတ်သန့် စိတ်ရှင်းပါတယ်...

ဆိုင်ကယ်ကတော့ နောက် (၂) နှစ်လောက်အတွင်း ပြန်ဝယ်ဖြစ်ဖို့မရှိတော့ပါဘူး...

အဓိကကတော့ အာသီသမရှိနေတော့တာနဲ့ အာရုံတွေအများကြီးမထားချင်တော့တာပါ...

လုပ်နေတဲ့ လုပ်လက်စ တော်လှန်ရေးသက်ဆိုင်ကိစ္စတွေအပေါ်မှာ နောက် (၂) နှစ်ကို အပြည့်အဝအာရုံစိုက်ချင်တာလည်း ပါပါတယ်...

"ဘာတွေများလုပ်နေလို့လဲ" မေးလာရင် လတ်တလောမှာ ဖြေလို့အဆင်မပြေပါဘူး...

ထုတ်ပြောလို့ရတဲ့တစ်နေ့ကျရင်တော့ အဲ့ဒါတွေက ခင်ဗျားတို့ရော ကျွန်တော်ကိုယ်တိုင်ပါ ဂုဏ်ယူလို့ရတဲ့ကိစ္စတွေပဲဖြစ်နေပါလိမ့်မယ်....

သားအရင်းဖြစ်သူက သူ့အမေ အသက်ရှင်နေသေးကြောင်းသိချင်လှပါချည်ရဲ့ ဆိုတဲ့ဆန္ဒလေးတစ်ခုကို ကမ္ဘာသိအောင်ကြေငြာပြီး တောင်းဆိုနေရသတ...
05/01/2026

သားအရင်းဖြစ်သူက သူ့အမေ အသက်ရှင်နေသေးကြောင်းသိချင်လှပါချည်ရဲ့ ဆိုတဲ့ဆန္ဒလေးတစ်ခုကို ကမ္ဘာသိအောင်ကြေငြာပြီး တောင်းဆိုနေရသတဲ့...

အပ်တိုတစ်ချောင်းကိုတောင်မှမကိုင်ထားတဲ့ အသက် ၈၀ ကျော် အဖွားအိုကြီးကို ဓားစာခံလုပ် ထောင်ထဲထည့်ထားပြီးတာတောင်မှ အသက်ရှင်ကြောင်းလေးကို ပေါ်ပေါ်တင်တင်မပြရဲကြတဲ့ ယောက်ျားဘသား လက်နက်ကိုင်စစ်သားကြီးဆိုသူတွေရဲ့ သူရဲဘောကြောင် ယုတ်ညံ့မှုက တွေးဆကြည့်လို့တောင်မရဘူး...

TheKey  ကိစ္စက (၂) ပိုင်းရှိပါမယ်...စာရင်းစစ်တဲ့အပိုင်းနဲ့ NUG ဆီ တိုင်ကြားအမှုဖွင့်ထားတဲ့အပိုင်းပါ...စာရင်းစစ်တဲ့အပိုင်...
04/21/2026

TheKey ကိစ္စက (၂) ပိုင်းရှိပါမယ်...

စာရင်းစစ်တဲ့အပိုင်းနဲ့ NUG ဆီ တိုင်ကြားအမှုဖွင့်ထားတဲ့အပိုင်းပါ...

စာရင်းစစ်တဲ့အပိုင်းကတော့ စစ်နေဆဲဆိုတာလောက်ပဲ ကျွန်တော်တို့လည်း သိထားပါတယ်...
ကျန်တာ ဘာဆို ဘာမှမသိပါ...

NUG ဆီ အမှုဖွင့်တိုင်ကြားထားတဲ့အပိုင်းကတော့ WLMF ဖက်က တိုင်ကြားတဲ့သူတွေနဲ့ စစ်ဆေးမဲ့သူတွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်းသိချင်တယ်လို့ အကြောင်းပြန်ကြားလာတယ်ဆိုတဲ့အကြောင်း အဲ့ဒီကိစ္စကို ဆက်ပြီးဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့တစ်လတုန်းက MOPFI ဆီက အကြောင်းကြားလာတဲ့ email ကို လက်ခံရရှိထားပါတယ်...

TheKey ကနေ သင်ခန်းစာရလိုက်တာကတော့ တော်လှန်ရေးထဲမှာ FR တွေ ဖောက်ပြန်ပြီး တကယ်လိမ်ပြီဆိုရင် Social Punishment ကလွဲပြီး အခြားအရေးယူဖို့လမ်းကြောင်း မရှိသလောက်ဖြစ်တယ်ဆိုတာပါပဲ...

TheKey ကလည်း အသေးစိတ် မျက်လုံးဒေါက်ထောက်ကြည့်နိုင်ခဲ့လို့သာ မိတာပါ...

မဟုတ်ရင် WLMF က အခုအချိန်အထိ ဘယ်သူမှမသိစေဘဲ တော်လှန်ရေးမျက်နှာဖုံးအောက်ကနေ ပိပိရိရိနဲ့ အလှူငွေတွေကိုသဲ့ယူနေဆဲ ဖြစ်နေပါလိမ့်မယ်...

စောစောစီးစီး မဖမ်းပေးနိုင်ခဲ့တာတော့ sorry ပါဗျာ...

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Ride Behind Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ride Behind Kalaw:

Shortcuts

Share