Thar Thar & Dar Dar

Thar Thar & Dar Dar Happy Tour
Happy Goal
Foodie Wow

03/22/2025


Burmese Breakfast (Rice with Yellow Peas)
ပဲပြုတ်ဆီဆမ်း မနက်စာလေးလုပ်ဖို့ စားတော်ပဲလေးပြုတ်မယ် 😋
လေးစားလျက် crd ပန်းခရေ
#စိုက်ပျိုးချစ်သူ နည်းကို အေခြေခံ၍❤️

03/16/2025



Curry Salmon Fish with Tamarind Sauce
Burmese Curisine😋

03/04/2025

သာသာ 👱‍♀️နဲ့ ဒါဒါ 👩‍🦰page လေးမှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်

အခုကတော့လွယ်ကူမြန်ဆန်ပြီး အရံဟင်းတခွက်အဖြစ် ထမင်းဝိုင်းမှာ ခံတွင်းမြိန်စေမယ့် ပဲရေဖွ ဟင်းလေးတခွက် ချက်မယ်နော့ 😋

03/05/2024

လုပ်ရတာအရမ်းလွယ်ပြီး ထမင်းမြိန်စေသော ငါးကျီးခြောက် သရက်ချဥ်ကြော်လေး စားကြပါဦးရှင့်....!!! 🍜🍝🍤

11/13/2023

မွန်ငါးနှပ်ဟင်းလေးချက်စားကြမယ် 😋😋

08/09/2023

သာသာနဲ့ဒါဒါ တို့ရဲ့ page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့ကတော့ သာသာ နဲ့ ဒါဒါ တို့ ရောက်ရှိနေတဲ့ စင်္ကာပူနိုင်ငံ ရဲ့ ထူးခြားတဲ့နေ့လေးပါ။ 🇸🇬

🇸🇬 လိုအပ်ချက်တွေနဲ့ လူတွေ ရောက်လာ…နားခိုပြီးလျင် ပြန်သွားမှာကိုလည်း သိသိလျက်နဲ့ အလုပ်အကိုင်တွေပေး၊ အတွေအကြုံတွေပေးတယ်…မိသားစုရဲ့ အားကိုးရာ အဖြစ်ရပ်တည်လာနိုင်စေတဲ့ ယုံကြည်ချက်တွေ ရလာစေတဲ့နေရာမို့….မီးပြတိုက်လို့ တင်စားမိပါတယ်နော်…Thanks Singapore 🇸🇬

အဲလို တိုင်းပြည်တခုရဲ့ အထွဋ်အမြတ်ထားတဲ့ National Day ဆိုတဲ့ နေ့လေး မှာ ပါဝင်ဆင်နွှဲရင်း အမှတ်တရ တခု ကို သူငယ်ချင်း ၂ယောက် အတူဖန်တီးထားပါတယ်….
ချစ်ရတဲ့ ပရိတ်သတ်ကြီး အားပေးပါဦးနော် 😍😍
အမှတ်တရ...!!!❤️❤️❤️

07/02/2023

ချစ်သော မိတ်ဆွေများရှင့်သာသာနဲ့ ဒါဒါတို့ရဲ့ page ကနေ ပြန်လည် ကြိုဆိုပါရစေ 👱‍♀️👩

ဘဝကြီးက တိုပါတယ်
ကိုယ့်တကိုယ်ရေ အတွက်တောင် ၂၄ နာရီဆိုတဲ့ အချိန်က မလောက်ပါဘူး။ အချိန်မရှိဘူး မလောက်ဘူးဆိုတဲ့ ဆင်ခြေတွေပေးပြီး ချစ်တဲ့သူတွေနဲ့ အရမ်းကင်းကွာနေတာမျိုး၊ စိတ်အပန်းဖြေဖို့ မလုပ်တာမျိုး၊ ကျန်းမာရေးလိုက်စား ဖို့မေ့နေ တာမျိုးတွေ မလုပ်ကြပါနဲ့နော်။😋🌳👭🏃‍♀️
ငွေလည်းမကုန်၊ လူလည်းမပန်း၊ စိတ်လည်းလန်းဆန်း ရအောင်
သာသာနဲ့ဒါဒါတို့ အခုလို relax လုပ်သလိုမျိုးလေး တခါတရံ လုပ်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်နော်။ 😊😊

05/14/2023

👋🤗❤️ဟယ်လို ချစ်မိတ်ဆွေတို့ရေ❤️
စင်္ကာပူမှ 👱‍♀️👩‍🦰သာသာ နဲ့ ဒါဒါ တို့ရဲ့ page လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့် 👏👏👏
ချစ်မိတ်ဆွေတို့နဲ့ မတွေ့ရတာလည်း အတော်ကြာပြီ။ 😊😊မေ့တောင် မေ့လောက်ရောပေါ့နော်။ 👱‍♀️👩သာသာ နဲ့ ဒါဒါ တို့လည်း အချင်းချင်း မတွေ့ရတာ အတော်လေးကြာပြီဆိုတော့ ဒီနေ့ ရုံးပိတ်ရက် တနင်္ဂနွေနေ့လေး မှာ ဒါဒါ့အိမ်မှာ ဆုံဖြစ်ကြပါတယ် 😍😍

👥၂ယောက်စလုံး အလုပ်အရမ်းများတာမို့ ကိုယ့်ဖာသာ ဘာမှ မလုပ်စားဖြစ်တော့ပဲ ကိုယ်တွေအတွက် အမြဲအားထားရာ Singapore Clementi က Little Myanmar 🇲🇲 ဆိုင်မှ မြန့်ရိုးရာ စားစရာလေးတွေကို ပါဆယ်ဝယ်ယူပြီး စားလိုက်ကြပါတယ်ရှင့်👍👍မုန့်ဟင်းခါးနဲ့ နန်းကြီးသုတ်😋😋😋 အဟုတ်တကယ်ကောင်း😋

တင်ဆက်စရာ အထွေ အထူးမရှိပေမယ့် 👱‍♀️👩သာသာနဲ့ ဒါဒါတို့ရဲ့ page သက်တမ်းလေး တနှစ်ပြည့် အထိမ်းအမှတ်လေး ဖြစ်တာက တကြောင်း၊ ပရိတ်ကြီး နဲ့ အဆက်အသွယ်မပြတ်အောင် ပရိတ်သတ်ကြီးမေ့မသွားအောင် ပြန်လည်အမှတ်လည်းရအောင်…တင်ဆက်လိုက်တာပါရှင့် 🙏🏻🙏🏻🙏🏻

03/10/2023

ငါ့အတွက် ငါရှိတယ်...!!! 💪💪💪
I can buy myself flowers
Write my name in the sand
Talk to myself for hours
Say things you don’t understand
I can take myself dancing
And I can hold my hands
Yeah I can love me better than U Can! ❤️💕❤️💯

02/27/2023

👋🤗❤️ဟယ်လို ချစ်မိတ်ဆွေတို့ရေ❤️
စင်္ကာပူမှ 👱‍♀️👩‍🦰သာသာ နဲ့ ဒါဒါ တို့ရဲ့ page လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့် 👏👏👏
ချစ်မိတ်ဆွေတို့နဲ့ မတွေ့ရတာလည်း အတော်ကြာပြီ။ 👱‍♀️👩သာသာ နဲ့ ဒါဒါ တို့လည်း အချင်းချင်း မတွေ့ရတာ အတော်လေးကြာပြီဆိုတော့ ဒီနေ့ တွေ့ဖြစ်အောင်ချိန်းဆိုရင်း တိုင်းရင်းသားရိုးရာစားစရာလေးလုပ်စားကြမယ်။😋😋
☝️☝️☝️ထုံစံအတိုင်း သာသာရဲ့ ကျန်းမာသောအစားအစာ ရခိုင်ရိုးရာ စားစရာပါ။
နာမည်လေးက ရခိုင်ရိုးရာ ဟင်းသနပ်သုပ်ပါရှင့်။
🍲🥗🍝အလှူပွဲတွေမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာပဲ သုပ်စားစား ခံတွင်းမြိန်စေမယ့် ဟင်းကောင်းလေးတခွက် ထမင်းဝိုင်းမှာ တိုးစေနိုင်တာမို့ ဘယ်လိုမျိုးလေး စီမံသလဲ၊ ဘာတွေ ပါဝင်မှာလဲ၊ လျှို့ဝှက်ချက်လေးများပါသလား၊ သိပ်ရောခက်မလား လွယ်မလား ဆိုတာလေး တွေ သိရအောင် သာသာ ဒါဒါ တို့နဲ့ အတူတူ သုပ်ကြည့်ကြမယ်၊စားကြည့် ကြမယ်နော့ 👏👏👏
ပရိတ်သတ်ကြီးကို အများကြီးချစ်ပါတယ်နော်❤️❤️❤️။ အိမ်ရှင်မတွေလည်း 👨‍👩‍👦👩‍👩‍👦‍👦မိသားစုတွေ အချစ်တိုးအောင် ဟင်းတပွဲထည့်မှတ်လိုက်ပါ။
Diet လုပ်နေတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ မောင်လေး ညီမလေး တူလေး တူမလေး များစွာတို့လည်း လုပ်စားကြည့်ကြနော်။ အဆီနည်းသော healthy food လေးပါ 😋😋😋😋
တာ့တာ 👋🏻👋🏻👋🏻နောက်မှ ပြန်တွေ့မယ်နော် …

ရခိုင်ရိုးရာဟင်းသနပ်သုပ်...စားကြပါဦးရှင့်....🙏🙏🙏

01/01/2023

👋🤗❤️ဟယ်လို ချစ်မိတ်ဆွေတို့ရေ❤️
စင်္ကာပူမှ 👱‍♀️👩‍🦰သာသာ နဲ့ ဒါဒါ တို့ရဲ့ page လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင့် 👏👏👏

🗓️၂၀၂၂ ကိုနှုတ်ဆက်ပြီး ၂၀၂၃ ကို ကြိုဆိုကြရမယ့် အချိန်ရောက်ရှိလို့လာပါပြီ။ အများနည်းတူ သာသာ နဲ့ ဒါဒါ တို့လည်း အများနည်းတူ နှုတ်ဆက်မယ် ကြိုဆိုကြမယ်ပေါ့...🎉🎊🎉🎊✨🎉
ဒီနေ့တော့ သူငယ်ချင်း၂ယောက် Jurong East က Jcube မှာ ဆုံပြီး ထိုင်းစားသောက်ဆိုင်မှာ ညစာ စားဖို့ ချိန်းဆိုထားကြပါတယ်... 🌮🥘🥗🍲
Jcube မြေညီထပ်က Sanook မှာဆုံကြပြီး ကကတစ် ငါးချိုချဉ် နဲ့ မှိုကိုက်လန် ခရုစီ အုန်းစိမ်းရည် တို့ကို မှာပြီး စားသည်သောက်သည်ပေါ့နော်....
သူငယ်ချင်း တဦးနဲ့တဦး လိုအပ်မယ်ထင်တဲ့ နှစ်သစ်ကူး လက်ဆောင်လေးတွေ 🎁🎀🎁👜🛍️အပြန်အလှန်ပေးရင်း.... ကောင်းမွန်တဲ့ အနာဂတ်တွေ သယ်ဆောင်ပေးလာမယ့် ၂၀၂၃ ကို နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်....

ချစ်မိတ်ဆွေတို့လည်း ၂၀၂၃ မှာ ကောင်းသော အချင်းအရာများနဲ့ ပြည့်စုံ ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်ရှင့်...

11/28/2022

သာနဲ့ဒါတို့ရဲ့ အောချာတ်လမ်းမပေါ်မှ ခရစ်စမတ်အကြိုညလေးတစ်ည....!!!😍😘🥰
မန်မိုရီ bring back ….!!!

Address

San Jose, CA

Website

Alerts

Be the first to know and let us send you an email when Thar Thar & Dar Dar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share