USA Sharing by Kyaw

USA Sharing by Kyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from USA Sharing by Kyaw, Travel Service, Texas City, TX.

တခုခုဆို ကလေးတွေအတွက် အလွယ်တကူ identity ပြဖို့ Texas Identification Card လုပ်ပေးထားပါတယ်။ကလေး (age under 21)အတွက် Texas ...
10/02/2024

တခုခုဆို ကလေးတွေအတွက် အလွယ်တကူ identity ပြဖို့ Texas Identification Card လုပ်ပေးထားပါတယ်။
ကလေး (age under 21)အတွက် Texas ID လုပ်ချင်ရင် driving license လိုပဲ DPS (Texas Department of Public Safety) မှာ appointment ယူပြီး ID သွားလုပ်လို့ရပါတယ်ရှင်။ DPS ရုံးမှာ ID လုပ်ဖို့အတွက် form ဖြည့် ဓာတ်ပုံရိုက်ပြီး $16-$20 ငွေသွင်းရုံပါပဲ။
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- proof of address ၂ခု
- evidence of lawful presence အထောက်အထား
Card ကတော့ Mail ကနေ USPS delivery နဲ့ 7-14 days အတွင်းအိမ်ကိုပို့ပေးပါတယ်။

🌟Texas မှာရောက်ရောက်ခြင်း passport နဲ့ကားဝယ်နည်း Texas မှာကားရှိမှအဆင်ပြေမှာပါ Texas မှာ ကား‌မောင်းဖို့ လိုအပ်တာက (၁) တခ...
07/14/2024

🌟Texas မှာရောက်ရောက်ခြင်း passport နဲ့ကားဝယ်နည်း

Texas မှာကားရှိမှအဆင်ပြေမှာပါ
Texas မှာ ကား‌မောင်းဖို့ လိုအပ်တာက
(၁) တခြားနိုင်ငံ က driving license ( ရောက်ရောက်ခြင်း Texas driving license မလုပ်ရသေးခင် ၃လ မောင်းခွင့်ရှိ)
(၂) car
(၃) car insurance

🚗 စစချင်းရောက်တဲ့သူတွေအတွက် ကားကို CARFAX လို site မှာ ကြိုက်တဲ့ dealer ဆီက ကြိုက်တဲ့ကားရှာဝယ်လို့ရပါတယ်။ ကိုကြိုက်တဲ့ကားက clean title/ clear title / rebuilt title/ salvage title လားဆိုတာ CARFAX မှာကြည့်လို့ရသလို / ကားရဲ့ VIN number နဲ့ online မှာလည်းစစ်ကြည့်လို့ရပါတယ်။ Dealer ကို Passport နဲ့ I-94 ပြပြီး cash down ပေးပြီးဝယ်လို့ရပါတယ်။ Dealer တွေကonline ကနေ car registration လုပ်ပေးတာမို့ အဲ့နေ့မှာ ယာယီနံပတ်ပြား စာရွက်ရပါတယ် ဘာမှထပ်လုပ်စရာမလိုပါဘူး။ 3 weeks to 6 weeks နေရင် စာတိုက်ကနေ အိမ်ကိုကို့နာမည်နဲ့Texas certificate of title ရောက်လာပါတယ်။ ကားနံပါတ်ပြားကတော့ ၁လခွဲ-၂လ လောက် ကြာတတ်ပီး dealer စီပဲဖြစ်ဖြစ် အိမ်ကိုပဲဖြစ်ဖြစ် ပို့ခိုင်းလည်းရပါတယ်။

🚗 Car Dealer မဟုတ်ပဲ အပြင်Facebook Market place လိုနေရာကနေ ဝယ်မယ်ဆိုရင် car registration က ကိုယ့်ဘာသာသွားလုပ်ရပါတယ်။ registration လုပ်ဘို့ ကြားထဲမှာ အချိန် 2 weeks-4 weeks လောက်ပေးပါတယ်။ ဘာနံပတ်ပြား မှ ကားမှာမရှိတော့ ဟိုနားဒီနားသာမောင်းဘို့ပဲအဆင်ပြေပါမယ်။

၀ယ်တုန်းက seller က သူ့ certificate of title မှာ ကို့နာမည်ဖြည့်ပေးလိုက်တယ်။ ပြီးရင်သတ်မှတ်ထားတဲ့ court လို ရုံးနေရာတွေမှာ title transfer and registration appointment ယူရပါတယ်။ လိုအပ်တဲ့စာရွက်စာတန်း list ပုံတင်ပေးထားပါတယ်ရှင်။ Registration သွားလုပ်တဲ့နေ့မှ ပဲ အခွန်ဆောင် နာမည်ဖောက် နံပါတ်ပြားထုတ်ပေးလိုက်ပါတယ်။

🚗 Car insurance ကတော့ passport နဲ့ ဝယ်လို့ရပါတယ်။ တခြားနိုင်ငံကdriving license နဲ့မို့လို့ စျေးကတော့ပုံမှန်စျေးတွေထပ်ပိုကြီးပါတယ်။ ကျမတို့တုန်းက စစရောက်ချင်း ကားဝယ်ပြီး Go Auto မှာ car insurance 6 months / 1 years ဝယ်လိုက်ပါတယ်။

နောက်ထပ်သိတာလေးတွေ sharing လုပ်ပေးမှာမို့ stay tune နော်။
Page ကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော်။

Texas မှာ SSN & EAD မရသေးခင် Driving License လုပ်နည်း>>> Texas စစချင်းရောက်တဲ့သူတွေ Driving license / Learner permit လုပ...
07/05/2024

Texas မှာ SSN & EAD မရသေးခင် Driving License လုပ်နည်း

>>> Texas စစချင်းရောက်တဲ့သူတွေ Driving license / Learner permit လုပ်မယ်ဆိုရင် DMV ရုံးသွားရပါတယ်။ SSN မရှိသေးလို့ online က appointment လုပ်လို့မရရင် walk-in သွားလုပ်လို့ရပါတယ်။ မောင်းတတ်ပြီးသားဆိုရင် learner မလုပ်ဘဲ license တန်းလုပ်လို့ရပါတယ်။

အရင်ဆုံး Online ကနေ 6 hours online course အရင်တက်ရပါတယ်။ အဲ့ course ကပေးတဲ့ certificate ၂ခုနဲ့ personal documents (မေ့သွားပြီမို့ ဘာdocuments တွေလိုအပ်လဲဆိုတာ DMV website မှာရှာကြည့်ပါနော်) တွေယူပြီး DMV ရုံးမှာ driving test (မောင်းပြရတဲ့ test) ဖြေဖို့ appointment date သွားယူရပါတယ်။ Driving test အောင်သွားရင် I-94 သက်တမ်းရှိသမျှ license ထုတ်ပေးပါတယ်။

>>> License သက်တမ်းကုန်သွားရင်လဲ SSN & EAD တွေလည်းမရသေးဘူးဆိုရင် License သက်တမ်းထပ်တိုးလို့ရပါတယ်။ သက်တမ်းကုန်ခံနီး DMV ရုံးသွား check-in ဝင် renew လုပ်ဖို့ form ဖြည့် ပြီးရင် officer နဲ့တွေ့ သူတို့ system ထဲစစ်ပြီးတဲ့ခါ lawfully presence ဟုတ်မဟုတ် စစ်ပါတယ်။ EAD မလျောက်ရသေးတဲ့အချိန်မို့ သူတို့ system မှာ pending ပဲရှိသေးတယ် တချို့ officer ကသေချာမရှင်းပြပဲ သက်တမ်းတိုးလို့မရဘူးဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ တချို့ officer တွေကသေချာရှင်းပြပါတယ် USCIS ကို ငါတ်ု့ verify လုပ်ရမယ် ၂ပတ်လောက်နေရင် နင့်စီစာရောက်လိမ့်မယ် စာမရောက်လည်း ၂ပတ်ကျော်ရင်ပြန်လာပါလို့ရှင်းပြပါတယ်။

အိမ်ကိုစာရောက်ရင် DMV ရုံးထပ်သွားပြီး check-in ဝင် renew form ထပ်ဖြည့်စရာမလိုပါ officer နဲ့တွေ့ စာပြလိုက်ရင် သက်တမ်း ၁နှစ်ထပ်တိုးပေးပါတယ်။ ၂ပတ်ကျော်လို့စာမရောက်ရင်လည်း သူတို့systemထဲမှာ USCIS နဲ့ verify လုပ်ပြီး‌ပီမို့ approved ဖြစ်နေပါပြီ DMV ရုံးသွားပြီး သက်တမ်းသွားတိုးပါ ၁နှစ်ထပ်တိုးပေးပါတယ်။

နောက်ထပ်သိတာလေးတွေ sharing လုပ်ပေးမှာမို့ stay tune နော်။
Page ကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော်။

Texas state ရဲ့ ပညာရေးသိလာသလောက်လေး sharing လုပ်ပေးတာပါရှင်။ USAမှာ Elementary school, Middle school, High School ၃မျိုး...
07/05/2024

Texas state ရဲ့ ပညာရေးသိလာသလောက်လေး sharing လုပ်ပေးတာပါရှင်။

USAမှာ Elementary school, Middle school, High School ၃မျိုးရှိတယ် age နဲ့ grade ဘယ်လိုခွဲလဲဆိုတာအောက်မှာပုံထည့်ပေးထားပါတယ်။

အသက် ၅နှစ်ကစပြီး Kindergarten တက်လို့ရပါတယ်။ တချို့ကျောင်းတွေက Pre-Kindergarten အတန်းရှိပါတယ် ၄နှစ်ကစထားလို့ရပါတယ်။

School term က August to May ပါ။
Semester 1 to 4 ရှိပါတယ် semester တခုနဲ့တခုကြားမှာ 1 week or 2 weeks school holidays ရှိတယ်။ Elementary ကျောင်းကနေစပြောရရင် ကိုနေတဲ့နေရာနဲ့နီးတဲ့ကျောင်းပဲတက်ခွင့်ရှိပါတယ်။ Rating ကောင်းတဲ့ကျောင်းတက်ချင်ရင် အဲ့နားမှာ နေရမှာပါ။

ကျောင်းရှာတဲ့ခါ ကျောင်းကောင်း/မကောင်း School rating ကိုကြည့်သလို ကျောင်းကဘယ်school district (ပညာရေး နယ်မြေ) မှာပါလဲ Asian, Hispanic, White, Black ဘယ်လောက် % ရှိလဲ ရှာကြည့်လို့ရပါတယ်။ School district တခုအောက်က ကျောင်းတွေ အားလုံး အုပ်ချုပ်မှု နဲ့ facilities တွေကတော့ အတူတူပါပဲ။

ကျောင်းအပ်တဲ့ခါ ကိုဘယ်မှာနေကြောင်း utility bill ဖြစ်ဖြစ် proof တခုခုပြရပါတယ်။ ကလေးအသက်ပေါ်မူတည်ပြီး ဘယ်grade ဆိုပြီး စတက်လို့ရပါပြီ။ ကို့ကလေးကထူးခြားနေတယ် grade ကျော်တက်ချင်တယ်ဆိုရင် Gifted and Talented test ဝင်ဖြေလို့ရပါတယ်။

ကျောင်းချိန်က အကြမ်းမျဉ်း 7:30am-3:30pm တကျောင်းနဲ့တကျောင်း အချိန်မတူပါဘူး။ ကျောင်းလခ မရှိပါဘူး။ School bus လည်း free ပါ။ Income နည်းတဲ့သူဆို ကျောင်းက Free ကျွေးပါတယ်။ ထမင်းဗူးထည့်ပေးစရာမလိုပါဘူး breakfast, lunch ကျောင်းကကျွေးပါတယ်။

Elementary School တွေမှာ ဘာစာအုပ်မှယူစရာမလိုပါဘူး။ Subject တွေက Language Art (English), Math, Science, Social Studies တွေပါ။ အတန်းထဲမှာ iPad /laptop တယောက်တခုပေးထားပါတယ်။ Game ဆော့လိုက် စာသင်လိုက် Project လုပ်လိုက် PE, Art, Music လုပ်လိုက်နဲ့ ကလေးတွေအကြိုက်။

Weekly test, semester test တို့ဘယ်တော့လည်းမပြောပါဘူး။ Test scores တွေကို parent အကောင့်ထဲ update လုပ်ပေးထားပါတယ်။ Grade 3 ကစပြီး Texas State ကစစ်တဲ့ STAAR test ကိုကျောင်းပိတ်ခံနီး May လလည်လောက်မှာဖြေရပါတယ်။ အဲ့ test တခုပဲ ဘယ်နေ့မှာ ဘယ်subject စစ်မယ်ဆိုပြီး မိဘတွေကိုအသ်ပေးပါတယ်။

ကို့ကလေးကစာမလိုက်နိုင်ဘူး test scores တွေလည်းမကောင်းဘူးဆိုရင် ကျောင်းက Summer ကျောင်းပိတ်ချိန် (June-July) မှာ training လာတက်ဖို့စီစဉ်ပေးပါတယ်။

နောက်ထပ်သိတာလေးတွေလည်း sharing လုပ်ပေးသွားမှာမို့ Stay tune နော်။
Page ကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော်။

05/27/2024

Address

Texas City, TX

Website

Alerts

Be the first to know and let us send you an email when USA Sharing by Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category