ShareHugs

Directions

ShareHugs Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ShareHugs, .

August 18, 2025 ကစပြီး Texas ရဲ့ Driver License ဒီဇိုင်းသစ်လေးပါ။ ဒီဇိုင်းအသစ်ရော အဟောင်းမှာရော ညာဘက်ထောင့်မှာ Star ⭐️ ပ...
16/10/2025

August 18, 2025 ကစပြီး Texas ရဲ့ Driver License ဒီဇိုင်းသစ်လေးပါ။ ဒီဇိုင်းအသစ်ရော အဟောင်းမှာရော ညာဘက်ထောင့်မှာ Star ⭐️ ပါပါတယ် Real ID တွေပါ။ ပြည်တွင်းလေကြောင်းစီးတဲ့ခါ Real ID ဆိုရင် ဒီကဒ်နဲ့ပဲရပါတယ်နော်။

တခုခုဆို ကလေးတွေအတွက် အလွယ်တကူ identity ပြဖို့ Texas Identification Card လုပ်လို့ရပါတယ်။ကလေး (age under 21)အတွက် Texas I...
02/10/2024

တခုခုဆို ကလေးတွေအတွက် အလွယ်တကူ identity ပြဖို့ Texas Identification Card လုပ်လို့ရပါတယ်။
ကလေး (age under 21)အတွက် Texas ID လုပ်ချင်ရင် driving license လိုပဲ DPS (Texas Department of Public Safety) မှာ appointment ယူပြီး ID သွားလုပ်လို့ရပါတယ်ရှင်။ DPS ရုံးမှာ ID လုပ်ဖို့အတွက် form ဖြည့် ဓာတ်ပုံရိုက်ပြီး $16-$20 ငွေသွင်းရုံပါပဲ။

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- proof of address
- evidence of lawful presence အထောက်အထား
Card ကတော့ Mail ကနေ USPS delivery နဲ့ 7-14 days အတွင်းအိမ်ကိုပို့ပေးပါတယ်။

ShareHugsက​နေ နောက်ထပ်သိတာလေးတွေ sharing လုပ်ပေးမှာမို့ stay tune နော် Page ကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော် 🫶🥰

🌟Texas မှာရောက်ရောက်ခြင်း passport နဲ့ကားဝယ်နည်း Texas မှာကားရှိမှအဆင်ပြေမှာပါ Texas မှာ ကား‌မောင်းဖို့ လိုအပ်တာက (၁) တခ...
14/07/2024

🌟Texas မှာရောက်ရောက်ခြင်း passport နဲ့ကားဝယ်နည်း

Texas မှာကားရှိမှအဆင်ပြေမှာပါ
Texas မှာ ကား‌မောင်းဖို့ လိုအပ်တာက
(၁) တခြားနိုင်ငံ က driving license ( ရောက်ရောက်ခြင်း Texas driving license မလုပ်ရသေးခင် ၃လ မောင်းခွင့်ရှိ)
(၂) car
(၃) car insurance

🚗 စစချင်းရောက်တဲ့သူတွေအတွက် ကားကို CARFAX လို site မှာ ကြိုက်တဲ့ dealer ဆီက ကြိုက်တဲ့ကားရှာဝယ်လို့ရပါတယ်။ ကိုကြိုက်တဲ့ကားက clean title/ clear title / rebuilt title/ salvage title လားဆိုတာ CARFAX မှာကြည့်လို့ရသလို / ကားရဲ့ VIN number နဲ့ online မှာလည်းစစ်ကြည့်လို့ရပါတယ်။ Dealer ကို Passport နဲ့ I-94 ပြပြီး cash down ပေးပြီးဝယ်လို့ရပါတယ်။ Dealer တွေကonline ကနေ car registration လုပ်ပေးတာမို့ အဲ့နေ့မှာပဲ ယာယီနံပတ်ပြား စာရွက်ရပါတယ်။ 3 weeks to 6 weeks နေရင် စာတိုက်ကနေ အိမ်ကိုကို့နာမည်နဲ့Texas certificate of title ရောက်လာပါတယ်။ ကားနံပါတ်ပြားကတော့ ၁လခွဲ-၂လ လောက် ကြာတတ်ပီး dealer စီပဲဖြစ်ဖြစ် အိမ်ကိုပဲဖြစ်ဖြစ် ပို့ခိုင်းလည်းရပါတယ်။

🚗 Car insurance ကတော့ passport နဲ့ ဝယ်လို့ရပါတယ်။ တခြားနိုင်ငံက driver license နဲ့မို့လို့ စျေးကတော့ပုံမှန်စျေးတွေထပ်ပိုကြီးပါတယ်။ ကျမတို့တုန်းက စစရောက်ချင်း စျေးနည်းနည်းသက်သာလို့ GoAuto မှာ car insurance 6 months ဝယ်လိုက်ပါတယ်။

ShareHugsက​နေ နောက်ထပ်သိတာလေးတွေ sharing လုပ်ပေးမှာမို့ stay tune နော် Page ကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော် 🫶😍

Texas မှာ SSN & EAD မရသေးခင် Driving License လုပ်နည်း>>> Texas စစချင်းရောက်တဲ့သူတွေ Driving license / Learner permit လုပ...
05/07/2024

Texas မှာ SSN & EAD မရသေးခင် Driving License လုပ်နည်း

>>> Texas စစချင်းရောက်တဲ့သူတွေ Driving license / Learner permit လုပ်မယ်ဆိုရင် DMV ရုံးသွားရပါတယ်။ SSN မရှိသေးလို့ online က appointment လုပ်လို့မရရင် walk-in သွားလုပ်လို့ရပါတယ်။ မောင်းတတ်ပြီးသားဆိုရင် learner မလုပ်ဘဲ license တန်းလုပ်လို့ရပါတယ်။

အရင်ဆုံး Online ကနေ 6 hours online course အရင်တက်ရပါတယ်။ အဲ့ course ကပေးတဲ့ certificate ၂ခုနဲ့ personal documents (မေ့သွားပြီမို့ ဘာdocuments တွေလိုအပ်လဲဆိုတာ DMV website မှာရှာကြည့်ပါနော်) တွေယူပြီး DMV ရုံးမှာ driving test (မောင်းပြရတဲ့ test) ဖြေဖို့ appointment date သွားယူရပါတယ်။ Driving test အောင်သွားရင် I-94 သက်တမ်းရှိသမျှ license ထုတ်ပေးပါတယ်။

>>> License သက်တမ်းကုန်သွားရင်လဲ SSN & EAD တွေလည်းမရသေးဘူးဆိုရင် License သက်တမ်းထပ်တိုးလို့ရပါတယ်။ သက်တမ်းကုန်ခံနီး DMV ရုံးသွား check-in ဝင် renew လုပ်ဖို့ form ဖြည့် ပြီးရင် officer နဲ့တွေ့ သူတို့ system ထဲစစ်ပြီးတဲ့ခါ lawfully presence ဟုတ်မဟုတ် စစ်ပါတယ်။ EAD မလျောက်ရသေးတဲ့အချိန်မို့ သူတို့ system မှာ pending ပဲရှိသေးတယ် တချို့ officer ကသေချာမရှင်းပြပဲ သက်တမ်းတိုးလို့မရဘူးဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ တချို့ officer တွေကသေချာရှင်းပြပါတယ် USCIS ကို ငါတ်ု့ verify လုပ်ရမယ် ၂ပတ်လောက်နေရင် နင့်စီစာရောက်လိမ့်မယ် စာမရောက်လည်း ၂ပတ်ကျော်ရင်ပြန်လာပါလို့ရှင်းပြပါတယ်။

အိမ်ကိုစာရောက်ရင် DMV ရုံးထပ်သွားပြီး check-in ဝင် renew form ထပ်ဖြည့်စရာမလိုပါ officer နဲ့တွေ့ စာပြလိုက်ရင် သက်တမ်း ၁နှစ်ထပ်တိုးပေးပါတယ်။ ၂ပတ်ကျော်လို့စာမရောက်ရင်လည်း သူတို့systemထဲမှာ USCIS နဲ့ verify လုပ်ပြီး‌ပီမို့ approved ဖြစ်နေပါပြီ DMV ရုံးသွားပြီး သက်တမ်းသွားတိုးပါ ၁နှစ်ထပ်တိုးပေးပါတယ်။

နောက်ထပ်သိတာလေးတွေ sharing လုပ်ပေးမှာမို့ stay tune နော်။
Page ကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော်။

Texas state ရဲ့ ပညာရေးသိလာသလောက်လေး sharing လုပ်ပေးတာပါရှင်။ USAမှာ Elementary school, Middle school (Junior High School...
05/07/2024

Texas state ရဲ့ ပညာရေးသိလာသလောက်လေး sharing လုပ်ပေးတာပါရှင်။

USAမှာ Elementary school, Middle school (Junior High School), High School ၃မျိုးရှိတယ် age နဲ့ grade ဘယ်လိုခွဲလဲဆိုတာအောက်မှာပုံထည့်ပေးထားပါတယ်။

အသက် ၅နှစ်ကစပြီး Kindergarten တက်လို့ရပါတယ်။ တချို့ကျောင်းတွေက Pre-Kindergarten အတန်းရှိပါတယ် ၄နှစ်ကစထားလို့ရပါတယ်။

School term က August to May ပါ။
Semester 1 to 4 ရှိပါတယ် semester တခုနဲ့တခုကြားမှာ 1 week or 2 weeks school holidays ရှိပါတယ်။ Elementary ကျောင်းကနေစပြောရရင် ကိုနေတဲ့နေရာနဲ့နီးတဲ့ကျောင်းပဲတက်ခွင့်ရှိပါတယ်။ Rating ကောင်းတဲ့ကျောင်းတက်ချင်ရင် အဲ့နားမှာ နေရမှာပါ။

ကျောင်းရှာတဲ့ခါ ကျောင်းကောင်း/မကောင်း School rating ကိုကြည့်သလို ကျောင်းကဘယ်school district (ပညာရေး နယ်မြေ) မှာပါလဲ Asian, Hispanic, White, Black ဘယ်လောက် % ရှိလဲ ရှာကြည့်လို့ရပါတယ်။
https://www.greatschools.org/

ကျောင်းအပ်တဲ့ခါ ကို​နေတဲ့ ISD (Independent Schhol District) website မှာအကောင့်ဖွင့်ပြီးလျှောက်လို့ရပါတယ်။ ဘယ်မှာနေကြောင်း utility bill ဖြစ်ဖြစ် proof တခုခုပြရပါတယ်။ လျောက်ပြီးရင် ESL assessment (4 skills) သွား​ဖြေဖို့ email ပို့​ပေးပါတယ်။

ကျောင်းချိန်က အကြမ်းမျဉ်း 7:30am-3:30pm တကျောင်းနဲ့တကျောင်း အချိန်မတူပါဘူး။ ကျောင်းလခ မရှိပါဘူး။ School bus လည်း free ပါ။ Income မရှိသေးရင် ကျောင်းက breakfast & lunch free ကျွေးပါတယ်။

Elementary School မှာသင်ရတဲ့ subject တွေက Language Art (English), Math, Science, Social Studies တွေပါ။ အတန်းထဲမှာ iPad /laptop တယောက်တခုပေးထားပါတယ်။ Activity လုပ်လိုက် စာသင်လိုက် Project လုပ်လိုက် PE, Art, Music လုပ်လိုက်နဲ့ ကလေးတွေအကြိုက်။

စာ​တော်ရင်​တော်သလို/ စာမလိုက်နိုင်ရင် မလိုက်နိုင်သလို Gifted and Talented, Special class တွေလည်းရှိပါတယ်။ Gifted and Talented ကတော့​ကျောင်းဖွင့်ပြီးရင် register လုပ်လို့ရပါတယ် test က​တော့ Nov-Dec လောက်စစ်တယ် result က​တော့ Feb-March / Fall လောက်သိရပါတယ်။

Major, Minor, Others ဆိုပြီး test တွေခနခနစစ်ပါတယ်။ Test scores တွေကို ISD parent အကောင့်ထဲကနေဝင်ကြည့်လို့ရပါတယ်။ Grade 3 ကစပြီး Texas State ကစစ်တဲ့ STAAR test ကိုကျောင်းပိတ်ခံနီး May လလည်လောက်မှာဖြေရပါတယ်။ Scores မကောင်းရင် ကျောင်းက Summer ကျောင်းပိတ်ချိန် (June-July) မှာ training လာတက်ဖို့စီစဉ်ပေးပါတယ်။

PreK to Grade1 ထိ Summer School (June-July မှာ Monday to Thursday) free တက်ချင်ရင်လည်း တက်လို့ရပါတယ်။

Middle School အ​ကြောင်း​နောက်မှ​ရေး​ပေးမယ်​နော်။

ShareHugsက​နေ နောက်ထပ်သိတာလေးတွေ sharing လုပ်ပေးမှာမို့ stay tune နော် Page ကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော် 🫶🥰

27/05/2024

Address


Website

Alerts

Be the first to know and let us send you an email when ShareHugs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed travel agency?

Share