Htet Ko Ko

Htet Ko Ko Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Ko Ko, Travel Company, Hanoi.

ဝန်ထမ်းတစ်ဦး အလုပ်ထွက်တော့မယ်ဆိုရင် – ဘာတွေလုပ်သင့်လဲ?သင့်အဖွဲ့အစည်းမှ လူကောင်းတစ်ယောက် အလုပ်ထွက်တော့မယ်ဆိုရင်၊ ဘာကြောင့...
09/08/2025

ဝန်ထမ်းတစ်ဦး အလုပ်ထွက်တော့မယ်ဆိုရင် – ဘာတွေလုပ်သင့်လဲ?

သင့်အဖွဲ့အစည်းမှ လူကောင်းတစ်ယောက် အလုပ်ထွက်တော့မယ်ဆိုရင်၊ ဘာကြောင့် ထွက်တာလဲ ဆိုတဲ့အကြောင်းရင်းကို နားလည်ဖို့ အရေးကြီးပါတယ်။

✅ ပိုကောင်းတဲ့ အခွင့်အလမ်းအတွက် ထွက်တာ → ဝမ်းသာပေးပါ၊ အောင်မြင်စေချင်စိတ်နဲ့ နှုတ်ဆက်လိုက်ပါ။

❌ Management, Work Culture (သို့) အဆင်မပြေမှုတွေကြောင့် ထွက်တာ → ဒါဟာ သင့်အဖွဲ့အတွက် ပြန်လည်သုံးသပ်စရာ တစ်ခုပါ။
ဘာတွေလုပ်သင့်လဲ?

1️⃣ Exit Interview ကို အလေးထားပါ – သူတို့ရဲ့ Feedback တွေက သင့်ကုမ္ပဏီကို ပိုကောင်းအောင် ပြုပြင်နိုင်စွမ်းရှိပါတယ်။

2️⃣ Brain Drain ကို ကာကွယ်ပါ – တတ်နိုင်ရင် ထိုဝန်ထမ်းကို ပြန်ထိန်းဖို့ ကြိုးစားပါ (သို့) သူတို့နဲ့ Network ဆက်ထားပါ။

3️⃣ Workflow ကို ပြန်ဆန်းစစ်ပါ – Manpower Shortage မဖြစ်စေဖို့ အစားထိုးရမယ့်နေရာကို အရေးတကြီး စီမံပါ။

4️⃣ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပါ – ကျန်ရှိတဲ့ ဝန်ထမ်းတွေ စိတ်ဓာတ်မကျစေဖို့ ဂရုစိုက်ပါ။

"အကောင်းဆုံးဝန်ထမ်းတွေကို စွန့်လွှတ်ရတာထက်၊ သူတို့နဲ့အတူ ကြီးထွားဖို့ ကြိုးစားပါ။"

ဘဝမှာ စွန့်လွှတ်ရမယ့်အရာ (၄)ခု • အတုအယောင် သူငယ်ချင်း• သိမ်ငယ်စေတဲ့ ရပ်ဝန်း• အထင်သေးတတ်တဲ့ဆွေမျိုး• တကယ်မချစ်တဲ့လူ ၁။ အတ...
08/08/2025

ဘဝမှာ စွန့်လွှတ်ရမယ့်အရာ (၄)ခု

• အတုအယောင် သူငယ်ချင်း
• သိမ်ငယ်စေတဲ့ ရပ်ဝန်း
• အထင်သေးတတ်တဲ့ဆွေမျိုး
• တကယ်မချစ်တဲ့လူ

၁။ အတုအယောင် သူငယ်ချင်း(Fake Friends)

သူငယ်ချင်းသည် ဘဝအတွက် မရှိမဖြစ်တဲ့
အရာတစ်ခု။Second Home,Second
Family ဆိုတဲ့အတိုင်း ကိုယ့်ကို နွေးထွေးစေ
တဲ့လူမျိုးပဲ ဖြစ်သင့်တယ်။သစ္စာဖောက်ခံရမှာ
အတင်းတုတ်ခံရမှာကို ကြောက်နေစရာ မလိုဘူး။
သူငယ်ချင်းကောင်းဆိုတာ တစ်သက်တာ
ဘဝအဖော်ပဲ။ဒါကြောင့် သေချာရွေးချယ်ပေါင်း
သင်းပါ။သာပေါင်း ညာစား မိတ်ဆွေမျိုးရှောင်သင့်တယ်။

၂။သိမ်ငယ်စေတဲ့ ရပ်ဝန်း
(Toxic Society )

လောကမှာ Toxic ဖြစ်စေတဲ့ လူမျိုး
အဆိပ်ဖြစ်စေတဲ့ ပတ်ဝန်းကျင်တွေ အများကြီး
ပါပဲ။ကိုယ့်ကို သိမ်ငယ်စေတယ်။ရှိသလို မထင်
ဘူး။သူတို့ထက် သာသွားမှာ ကြောက်တယ်။
အမြဲဝေဖန်တိုက်ခိုက်တတ်တယ်။ကြာလာရင်
ကိုယ့်စိတ်ပါ ညိုးနွမ်းသွားလိမ့်မယ်။မထင်ရင်
Trauma အကြီးစား ရသွားလိမ့်မယ်။
ကိုယ့်ကို လိုလားတဲ့နေရာဆီ သွားသင့်တယ်။
ကိုယ်ရော တန်ဖိုးရှိတဲ့လူတစ်ဦးဆိုတာ
အမြဲအမှတ်ရပါ။

၃။ အထင်သေးတတ်တဲ့ဆွေမျိုး
(Have a low opinion of relatives)

ဆွေမျိုးများတိုင်းလည်း ကံကောင်းတာ
မဟုတ်သလို ဆွေမျိုးနည်းတိုင်းလည်း ကံဆိုးတာ
မဟုတ်ပါ။ဆွေမျိုးသာပြောတာ ကိုယ့်ကို
ဆွဲချမယ်။မနာလိုမုန်းတီးမယ်။အပြစ်တင်မယ်။
မဟုတ်မမှန်သတင်းပြောမယ်။ကြားထဲ ပိုက်ဆံ
မရှိလို့ကတော့ အထင်သေးသလား မမေးနဲ့။
ဒီလိုဆွေမျိုးတွေ အများကြီးရှိတယ်။ဒါကြောင့်
ဆွေမျိုးနဲ့ပတ်သက်လာရင် ကိုယ်တော့ အဝေးကပဲ ရှောင်ဖြစ်တယ်။မခံချင်စိတ်နဲ့ အများကြီး
ပိုကြိုးစားဖြစ်တယ်။ပိုက်ဆံသာ ရှိလာကြည့်
မျက်နှာချိုသွေးပြီး လာဖားမဲ့လူတွေချည်းပဲ။
သူတို့ထက်ကောင်းစားသွားမှာကို ကြောက်တဲ့
အထဲ ကိုယ့်အနားက ဆွေမျိုးတွေ ထိပ်ဆုံးက
ပါနေတတ်တယ်။

၄။ တကယ်မချစ်တဲ့လူ
(Wrong Person)

အချိန်တွေ နှမြောစရာကောင်းတယ်။အထူး
သဖြင့် ကိုယ့်အချစ်တွေ၊ ကိုယ့်နုပျိုချိန်တွေ
ပိုနှမြောဖို့ကောင်းတယ်။ကိုယ်က အများကြီး
ချစ်သော်လည်း သူ့ဘက်က မချစ်တော့ရင်
ခြေလှမ်းတစ်လှမ်း နောက်ဆုတ်ပြီး လှည့်ထွက်ခဲ့ဖို့
လိုတယ်။ဒါဟာ ကိုယ့်အပေါ်
တန်ဖိုးထားခြင်းပဲ။Unhealthy Relationship ကနေ ရုန်းထွက်ဖို့ လိုတယ်။

အနှစ်ပြန်ချုပ်ရရင် ဘဝမှာ ဆုပ်ကိုင်ထားခြင်းနဲ့
စွန့်လွှတ်ခြင်းနှစ်ခုက balance မျှနေရမယ်။
စွန့်လွှတ်သင့်တာ စွန့်လွှတ်နိုင်တဲ့အခါ
ရင်ဘတ်ထဲ သန့်ရှင်းပြီး နေရာအလွတ်ကျန်မယ်။
ဒီနေရာထဲ ကိုယ့်အတွက် ပိုပိုကောင်းမွန်တဲ့အရာတွေ
ပြန်ဝင်လာမယ်။ကောင်းတဲ့အရာတွေ နေရာယူ
လာမယ်။ဒါဆိုရင် လူလည်း
ပိုပေါ့ပါးလာပြီး ပိုပျော်ရွှင်လာလိမ့်မယ်။

#မနူးနူး

ဗီယက်နမ် Hanoi City ကို ကျွန်တော် AI နဲ့ ခံစားကြည့်လိုက်ပါတယ် ။ 🥰🇻🇳🇲🇲Create by Meta AI 🤖 Thanks Meta AI Market mate 🧉🫶🏼 ...
07/08/2025

ဗီယက်နမ် Hanoi City ကို ကျွန်တော် AI နဲ့ ခံစားကြည့်လိုက်ပါတယ် ။ 🥰🇻🇳🇲🇲

Create by Meta AI 🤖
Thanks Meta AI Market mate 🧉🫶🏼


"လေ"ဘဝတလျှောက်လုံး မိမိတို့ကျွမ်းကျင်-ကျင်လည်ရာနယ်ပယ်အသီးသီးမှာ လူမျိုးစုံနဲ့ တွေ့ပြီပြီ...တချို့တွေ စေတနာနဲ့တချို့တွေ မ...
06/08/2025

"လေ"

ဘဝတလျှောက်လုံး မိမိတို့ကျွမ်းကျင်-ကျင်လည်ရာနယ်ပယ်အသီးသီးမှာ လူမျိုးစုံနဲ့ တွေ့ပြီပြီ...

တချို့တွေ စေတနာနဲ့
တချို့တွေ မေတ္တာနဲ့
တချို့တွေ အကြံနဲ့
တချို့တွေက အသုံးချယုံသက်သက်
တချို့တွေက ပညာလာစမ်းသလိုလိုနဲ့
(အာလာချောင်တာ)
တချို့က အားကိုးတကြီး...

အချိန်ပို အချိန်အားလပ်နေရင်
မိမိဘဝမိမိ ပျော်ရွှင်မှု အရယူပြီး

မိမိအခက်အခဲနဲ့ ဘဝအမောနဲ့
ကြုံတော့..မိမိတို့ တယောက်တည်း
မဖြတ်သန်းချင်ဘူး..

အဲ့တော့ လိုမှ ဆွဲတဲ့ လက်တွေ

- လေနဲ့လာရင် လေနဲ့ဆက်ဆံပေးလိုက်ပါမယ်"
-ငွေနဲ့လာရင် တန်ရာတန်ကြေးပြန်
အပြည့်အဝ ပြန်ပေး တယ်။
-မေတ္တာနဲ့လာရင် မေတ္တာပြန်ပေးမယ်
-အကြံနဲ့လာရင် ပညာပြန်ပြခြင်းပဲ ရမယ်
-ပညာစမ်းသပ်ဖိုလာရင်- ပြန်ပြီး စိန်ခေါ်သံ
ကို သင် ပြန်ရမယ်..
-အသုံးချယုံသက်သက် လာခဲ့ရင်
တကွက်ချန် ပြန်ရမယ်...

မူရင်း #ဟိဏ်းမာန်အိမ်
သဘောကျလို့ ပြန်လည်
ကူးယူဖော်ပြချင်းဖြစ်ပါတယ်။

ချင်းမိုင်မြို့ အကြောင်းကို ကျယ်ပြန့်လာတဲ့  ChatGPT ၊ DS တို့ အသုံးပြုပြီး Open AI 🤖 ထဲက ပြောသလို ကာလာတွေ နဲ့ ရေးနေကြတာတ...
06/08/2025

ချင်းမိုင်မြို့ အကြောင်းကို ကျယ်ပြန့်လာတဲ့ ChatGPT ၊ DS တို့ အသုံးပြုပြီး Open AI 🤖 ထဲက ပြောသလို ကာလာတွေ နဲ့ ရေးနေကြတာတွေ တွေ့လို့ သဘောကျပြီး

ချင်းမိုင်မြို့ကို ကျွန်တော်လဲ AI နဲ့ ခံစားကြည့်လိုက်ပါတယ် ။ 🥰🇹🇭🇲🇲

Create by Meta AI 🤖
Thanks Meta AI Market mate 🧉🫶🏼


No Drug Day for me … 😆 Vietnam 🇻🇳
04/08/2025

No Drug Day for me … 😆 Vietnam 🇻🇳

28/06/2025

Make ur way … 🙌🏻

ရှယ်တန်တဲ့ ချင်းမိုင်က 249 ဘတ်တန် Premium Buffet … 😋🥳🥰🇹🇭🇲🇲အောက်က YouTube Link ကနေ ကြည့်ပါ ။ 🫶🏼https://youtu.be/JEl9A9hgT...
09/06/2025

ရှယ်တန်တဲ့ ချင်းမိုင်က 249 ဘတ်တန် Premium Buffet … 😋🥳🥰🇹🇭🇲🇲

အောက်က YouTube Link ကနေ ကြည့်ပါ ။ 🫶🏼
https://youtu.be/JEl9A9hgTac?si=dsBRk0M_ZVxyJLtd

Address

Hanoi

Website

Alerts

Be the first to know and let us send you an email when Htet Ko Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category