Nay Pyi Taw Online Car Rental Service

  • Home
  • Nay Pyi Taw Online Car Rental Service
Directions

Nay Pyi Taw Online Car Rental Service ကားဌားလိုသူမျာျးဆက်​သွယ်​​ပေးပါ

27/08/2019

အမြန်လမ်းအသုံးပြုသူ ကားမောင်းသူမှမဟုတ်ပါဘူး ယဉ်ပေါ်ပါ ခရီးသွားပြည်သူတိုင်း သိမ်းထားကြပါ

#ဘာပဲလိုလိုဒီPostကိုသတိရလိုက်ပါ
#အမြန်လမ်းမှာ ......
လုယက်မှု့ဖြစ်ဖြစ်
အက်ဆီးဒင့်ဖြစ်ဖြစ်
ဘာပဲလိုလို ဒီ Post ကို သတိရလိုက်ပါ
Save ထားရင် ပို အဆင်ပြေနိုင်ပါတယ် ။

အမြန်​လမ်းရဲတပ်​ဖွဲ့ ၊ ရဲစခန်းတည်​​နေရာနှင့်​ဆက်​သွယ်​ရမည့်​ဖုန်းနံပါတ်​များ

ရဲစခန်းအမည်​ အမှတ်​(၃)လမ်းဆုံ
မိုင်​တိုင်​ ၁၁/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၀၅

ရဲကင်းအမည်​ မယ်​ဇလီကုန်း
မိုင်​တိုင်​ ၇/၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၁

ရဲကင်းအမည်​ ငမိုးရိပ်​တံတား
မိုင်​တိုင်​ ၁၁/၃
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၃

ရဲကင်းအမည်​ ​လှေ​လှော်​ကင်း
မိုင်​တိုင်​ ၁၄/၅
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၄

ရဲကင်းအမည်​ မြို့ရိုး​တောင်
မိုင်​တိုင်​ ၂၀/၅
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၅

ရဲစခန်းအမည်​ ​ဘောနက်​ကြီး
မိုင်​တိုင်​ ၃၉/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၀၆

ရဲကင်းအမည်​ အင်းက​လေး
မိုင်​တိုင်​ ၂၉/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၆

ရဲကင်းအမည်​ စစ်ပင်ဆိပ် .
မိုင်​တိုင်​ ၃၇/၂-၃
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၇

ရဲစခန်းအမည်​ ​ဘောနီ
မိုင်​တိုင်​ ၅၈/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၉

ရဲကင်းအမည်​ ဝါးကတုက်
မိုင်​တိုင်​ ၄၆/၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၀

ရဲကင်းအမည်​ သစ်​နီ
မိုင်​တိုင်​ ၅၂/၃
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၁

ရဲကင်းအမည်​ မအူတန်း
မိုင်​တိုင်​ ၅၃/၇
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၂

ရဲစခန်းအမည်​ အုပ်​ရှစ်​ကုန်း
မိုင်​တိုင်​ ၇၂/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၀၇

ရဲကင်းအမည်​ ပွဲက​လေး
မိုင်​တိုင်​ ၆၃/၁
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၄

ရဲကင်းအမည်​ ​ကောလိယ
မိုင်​တိုင်​ ၆၆/၇
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၅

ရဲကင်းအမည်​ မရမ်း​ချောင်း မိုင်​တိုင်​ ၆၈/၂-၃
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၆

ရဲစခန်းအမည်​ မြို့​ချောင်း
မိုင်​တိုင်​ ၈၃/၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၀၉

ရဲကင်းအမည်​ ကျန်​​ချောင်း
မိုင်​တိုင်​ ၇၆/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၇

ရဲကင်းအမည်​ ဘိုင်းဒါး
မိုင်​တိုင်​ ၇၇/၃
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၃၉

ရဲကင်းအမည်​ တုံကန်
မိုင်​တိုင်​ ၉၃/၃
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၀

ရဲကင်းအမည်​ တူ​မောင်
မိုင်​တိုင်​ ၉၈/၁
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၁

ရဲကင်းအမည်​ ဆင်​ဇလုပ်
မိုင်​တိုင်​ ၁၀၁/၁
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၂

ရဲစခန်းအမည်​ ဖြူး
မိုင်​တိုင်​ ၁၁၅/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၀

ရဲကင်းအမည်​ ကွန်း​ချောင်း မိုင်​တိုင်​ ၁၀၅/၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၃

ရဲကင်းအမည်​ ဇဟား
မိုင်​တိုင်​ ၁၁၀/၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၅

ရဲကင်းအမည်​ ဖြူး​ချောင်း မိုင်​တိုင်​ ၁၁၄/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၆

ရဲကင်းအမည်​ ​ပြောင်း​သေ မိုင်​တိုင်​ ၁၁၉/၂
ဖုန်းနံပါတ်​ ၀၉-၂၅၀၃၀၁၇၄၉၂

ရဲစခန်းအမည်​ ​ဗောဓိကုန်း မိုင်​တိုင်​ ၁၃၇/၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၁

ရဲကင်းအမည်​ နတ်​​ရေတွင်း မိုင်​တိုင်​ ၁၂၄/၎
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၉

ရဲကင်းအမည်​ မင်းရဲ မိုင်​တိုင်​ ၁၂၇/၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၅၀

ရဲကင်းအမည်​ ခ​ပေါင်းတံတား မိုင်​တိုင်​ ၁၄၅/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၅၁

ရဲကင်းအမည်​ ဇီးပင်​သာ မိုင်​တိုင်​ ၁၄၆/၎
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၄၇

ရဲကင်းအမည်​ ရွာသစ်​ မိုင်​တိုင်​ ၁၅၄/၁-၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၅၃

ရဲစခန်းအမည်​ သာဂရ မိုင်​တိုင်​ ၁၇၂/၇
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၂

ရဲကင်းအမည်​ စမိုး
မိုင်​တိုင်​ ၁၅၈/၅-၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၅၄

ရဲကင်းအမည်​ သိုင်းဝ
မိုင်​တိုင်​ ၁၆၅/၀-၁
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၅၆

ရဲကင်းအမည်​ ကရင်​လယ်​ကျင်း မိုင်​တိုင်​ ၁၈၀/၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၅၇

ရဲစခန်းအမည်​ ပ​လွေး မိုင်​တိုင်​ ၂၀၁/၅
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၀

ရဲကင်းအမည်​ ရဘိန်း
မိုင်​တိုင်​ ၁၉၂/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၅၉

ရဲစခန်းအမည်​ ပန်းတင်
မိုင်​တိုင်​ ၂၂၀/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၄

ရဲစခန်းအမည်​ ဘုရား​တောင်​ မိုင်​တိုင်​ ၂၃၃/၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၅

ရဲစခန်းအမည်​ ​ပေပင်​​လေး မိုင်​တိုင်​ ၂၆၂/၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၆

ရဲကင်းအမည်​ ဆင်​​သေ
မိုင်​တိုင်​ ၂၄၃/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၁

ရဲကင်းအမည်​ အိုင်​တုံ မိုင်​တိုင်​ ၂၅၆/၅
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၂

ရဲကင်းအမည်​ ရင်​ခတ်​ကုန်း မိုင်​တိုင်​ ၂၇၁/၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၃

ရဲစခန်းအမည်​ သီးကုန်း မိုင်​တိုင်​ ၂၈၄/၎
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၇

ရဲကင်းအမည်​ ကံ​ကောင်း မိုင်​တိုင်​ ၂၉၃/၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၄

ရဲကင်းအမည်​ ကန်​ပတ်​လည်​ မိုင်​တိုင်​ ၃၁၁/၆-၇
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၅

ရဲစခန်းအမည်​ ပြင်​စည်​ မိုင်​တိုင်​ ၃၂၅/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၁၉

ရဲကင်းအမည်​ ခံတက်​ကုန်း မိုင်​တိုင်​ ၃၁၇/၎
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၇

ရဲကင်းအမည်​ ​ရေတွင်းကြီး မိုင်​တိုင်​ ၃၃၀/၆
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၈

ရဲစခန်းအမည်​ စကားအင်း မိုင်​တိုင်​ ၃၅၁/၂
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၂၀

ရဲကင်းအမည်​ သ​ပြေငူ မိုင်​တိုင်​ ၃၃၅/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၆၉

ရဲကင်းအမည်​ ဥမင်​ မိုင်​တိုင်​ ၃၄၄/ဝ
ဖုန်းနံပါတ်​ ၀၉-၄၂၀၈၈၈၈၇၀

Credit

27/08/2019

#တစ်ကယ်ရောတန်သလား
✿✿✿✿✿✿✿✿✿✿✿✿

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။

" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့
ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊

ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။

" ခွေးရူးကိုနိုင်တော့
ဂုဏ်ယူစရာ ကောင်းသလား သား " ၊

ကျားငယ်ခေါင်းခါပါတယ်။

" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား "

ကျားငယ်က ခေါင်းခါပြန်တယ်။

" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊
ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာ
လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား
မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊
လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တူ
ကိုက်နေကြတာ " တဲ့။
_______________________________________
#သင်ခန်းစာ
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။
-
မူရင်း ရေးသူ crd ပေးပါတယ်

23/08/2019

ရန်ကုန်....နေပြည်တော်...
မန္တလေးအမြန်လမ်း
( သို့မဟုတ်)
၃၆၆ မိုင် ၃ ဖာလုံ

မိတ်ဆွေတွေအတွက် သိနေပြီးသား
ဖြစ်နိုင်ပေမဲ့
တနှစ်တစ်ခေါက်လောက် ရုံးပိတ်ရက် သွားမဲ့ မိတ်ဆွေတွေ မသိတဲ့ နေရာလေးတွေရှိခဲ့ရင် အသုံးဝင်ခဲ့ရင် ကျနော် လက်ညောင်းရကျိုးနပ်ပါပြီ။

ဒီမိုင်တိုင် ( ၃၆၆/ ၃ မိုင် )အတွင်းမှာနေရာတွေ အများကြီးပါ
ဒီထဲက ကျနော် မှတ်သားထားတာလေးတွေ ခေါင်းစဉ်တစ်ခုဆီအောက်မှာ
ရှယ်ပေးချင်ပါတယ်။

၁။ အကွေ့

အမြန်လမ်းမှာ အရေးအကြီးဆုံးပါ
ကိုယ့်အရှိန်ကို မထိန်းနိုင်ပဲ အိပ်မငိုက်ပဲနဲ့
မှောက်တာ အကွေ့တွေမှာပါ

•၄၆ မိုင်

•၁၀၅ မိုင်( ရွှေလီဦး ၁၇ယောက်သေ)

•၁၇၃ သာဂရအကွေ့

•၁၉၇ (ရာဇာမင်း ၉ယောက်သေ)

•၂၂၂

•၂၂၇ ကွေ့ဆင်း

••၂၄၂ အကွေ့အကြမ်းဆုံး သတိပြုရမဲ့အကွေ့••££££ # #

မန်းလေးဘက်သွားတဲ့ဘက်မှာတော့
•၃၅၆
•၃၅၉ အကွေ့အရမ်းကြမ်းပါတယ်။

၂။ဂငယ်ကွေ့
အမြန်မောင်းနေတဲ့ လမ်းမှာ ရှေ့ကားဂငယ်ကွေ့ရင်
အရမ်းသတိထားရပါတယ်၊

•၁၅မိုင်ဘရားကြီးအနီး
ဘုရားဖူးကားတွေ ရန်ကုန်ပြန်ဖို့ ဂငယ်ပြန်ကွေ့ကြတယ်
•၁၁၃ ကြက်ကာလသားချက်ဆိုင်
•၁၄၇ တောင်ငူအနီး

၃။ကျွဲဖြတ် နွားဖြတ်

၁၁၀-၁၄၇ ကြားမှာ ကျွဲအုပ် နွားအုပ်တွေ ဖြတ်သန်းသွားလာပါတယ်။ သတိထားပါ
တိုက်မိရင် ပိုင်ရှင်စုံစမ်းမရပါ။

၎။ဆိုင်ကယ်အဖြတ်အများဆုံး

ဟိုဘက်ဒီဘက် ကျေးရွာရှိတဲ့ နေရာတွေမှာ အဓိက ဖြတ်သန်းပါတယ်
၁၃မိုင် - မိုင်တိုင် ၂ဝကြား
၁၄၇မိုင်- မိုင်တိုင် ၁၅၃ကြား (တောင်ငူ-ကေတုမနီ)
၂၅၆မိုင် - မိုင်တိုင် ၂၆၂ကြား( ပျော်ဘွယ်လမ်းခွဲ)

၅။ကီလိုမီတာဖမ်း (ရဲစခန်းနဲ့ အနီးဆုံးနေရာများ)

၈၃မိုင်
၁၄၇မိုင်
၂၂၇ ကုန်းဆင်း
၃၂၅ မိုင်
လမ်းဘေးမှာ Light truck ကားလေးရပ်ထားရင်
သတိထားပါ သတိထားကြည့်ရင်
နောက်ဖုံးမှာ Highway Police စာတန်းလေးပါပါတယ်။
(ဒီစာပိုဒ်က စည်းကမ်းမဲ့မို့အတွက်မဟုတ်ပေမဲ့
တခါတလေ အရေးကြီးလို့ အမြန်မောင်းမိရင်
ဒီနေရာတွေကို သတိမထားလို့ ရဲဖမ်းခံရရင် ပိုကြာတတ်လို့ပါ)
PS. ကျနော့် ၂၅၀၀၀၀ ဖိုး အတွေ့အကြုံပါ

၆။ နယ်မြေကြမ်း
မြေနေရာ မသန့်ဘူးပဲ ပြောရမလား
အတိုက်အခိုက်အများဆုံးနဲ့
ယာဉ်မောင်း အိပ်အငိုက်ဆုံးနေရာတွေပါ
•၁၃မိုင် ၁၅မိုင်ကြား

•မိုင် ၂၀ ပတ်လည်

•မိုင် ၈၄-၁၀၀မိုင်တိုင်ကြား

•မိုင်တိုင် ၂၈၅-၃၃၀ ကြား

၇။ ညသရဲခြောက်

•၈၄-၁၀ဝကြား
•၂၈၅-၃၃ဝကြား ညနက်ပိုင်းတစ်ယောက်ထဲ မိတ္တီလာကထွက်လာရင် သတိထားမိတယ် အဲဒီမိုင်တိုင်တွေမှာ ကျောချမ်းလာတယ်

•၁၁၅-၉၀ ကြား

၈။လုယက်မှု့

•မိုင်၂၀ပတ်လည်
•မိုင် ၉၀ပတ်လည်
•၁၅၈-၂၀ဝကြား

၉။ရဲစခန်း
အကျဉ်းဖျင်း ၈မိုင်ခြားတစ်ခု
အမြန်လမ်းရဲကတော့ တစ်ကယ်ချီးကျုးဖို့ကောင်းပါတယ် နေပူကျဲထဲမှာ ညနက်သန်းခေါင်မှာ ကားဘီးပေါက်တာ
ကားပျက်တာကအစ ကူညီပေးပါတယ်
ရဲစခန်းလိပ်စာနဲ့ ဖုန်းနံပါတ်တွေကတော့
ပို့တစ်ခုရှိပါတယ် လင့်ရှာပေးပါ့မယ်။

၁၀။ ယာဉ်ကြံခိုင်ရေး
ခရီးဝေးသွားမယ်ဆို
တာယာ မနှမျောပါနဲ့
အင်ဂျင်ဝိုင်
ရေတိုင်ဂီရေ
ကားကြံခိုင်ရေး သေချာပြင်ဆင်သင့်ပါတယ်။

၁၁။ တံတားဦး လေဆိပ်အဝိုင်း
မန်းလေး တိုးဂိတ် ကျော် အရှိန် အရမ်းတင်ပြီး ညပိုင်းဆို သတိထားပါ ရှေ့အလယ်တည့်တည့်မှာ မီးမရှိတဲ့အဝိုင်းကြီး
စောင့်ကြိုနေပါတယ်

၁၂။ မိုးရွာရင်

•ရေဝပ်တဲ့နေရာတွေ သတိထားပါ
•အချက်ပြမီး ရှေ့မီးကြီး ဖွင့်ထားပါ။
•ကီလိုမီတာ ( ၆၀) ထက် ပိုမောင်းလို့ မကောင်းပါ။

ကားကြံခိုင်ရေး စစ်ဆေးချိန် မရရင် ညပိုင်းသွားခြင်း ရှောင်ကြည်ပါ။

အမြန်လမ်း အသုံးပြုတဲ့
မိတ်ဆွေတွေ ဘေးကင်းနိုင်ကြပါစေ...။

နောက်ထပ် သတိမှုစရာလေးများကျန်ခဲ့လျှင် ဖြည့်စွက် ရေးသားကြပါ။ ဒီစာကိုရေးသားနိုင်တာဟာ ကျနော်တစ်ဦးထဲအတွေ့အကြုံမဟုတ်ပါ။ ယာဉ်မောင်းသက် ၁၅နှစ်ကျော် ရှိတဲ့ ယာဉ်မောင်း မိတ်ဆွေကြီး တွေ ရဲ့ အတွေ့အကြုံတွေကြောင့်ပါ။
...............။.............။
လိုအပ်တဲ့ နေရာ နဲ့ သတိပြုရန် အချက်များလည်း ထပ်ပြီးဖော်ပြရေးသားပေး ခြင်းဖြင့်
ခရီးသွား နှင့် ခရီးဖော် ဘဝတူယာဉ်မောင်းများအား
ကူ ညီ ပေး ကြ ပါ ခင် ဗျ...... !!!!!!!

Copy by......
Crd ......
ရေးသား သူ နှင့် ရိုက်ကူး ပေးသူ
အားလုံးထံသို့......

နေပြည်တော် (Nay Pyi Taw car rental service)-လေဆိပ် ကြို ပို့ ၊ကားဂိတ်ကြို ပို့ ။ ရုံးတက် ရုံးဆင်း ၊အစည်းအဝေးအတွက် လိုအပ်...
19/08/2019

နေပြည်တော် (Nay Pyi Taw car rental service)
-
လေဆိပ် ကြို ပို့ ၊ကားဂိတ်ကြို ပို့ ။ ရုံးတက် ရုံးဆင်း ၊အစည်းအဝေးအတွက် လိုအပ်သောကားများကို ငှားရမ်းနိုင်ပါသည် ။
-
လချုပ်နှစ် ချုပ်များ အတွက် ကားမျိုးစုံ ငှား ရမ်းနိုင်ပါသည်။(ယာဉ်မောင်း ၊ဆီ ) အပါ ။
-
Full day , Half day - အချိန် ပိုင်း အတွက် လည်း ကားမျိုးစုံ ၊ ငှားရမ်းနိုင်ပါသည်။
-
ပြည်တွင်း ၊ပြည်ပ NGO များ အတွက် ရုံးသုံးကားများ ကိုလည်း ညှိနိုင်းဈေး ဖြင့် လက်ခံ ဆောင်ရွက် ငှားရမ်းပေးပါသည်။
-
Without driver. မငှားပါ ။
-
ဆက်သွယ်ရန်

09448 540 326
09250 694 575

မိုင်းခွဲခံရသည့်ဂုတ်တွင်းတံတားခြေနေပါမည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာလို့မရပါသြဂုတ်(၁၅)  နေ့လည်(၁၂း၃၀)
15/08/2019

မိုင်းခွဲခံရသည့်
ဂုတ်တွင်းတံတားခြေနေပါ
မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာလို့မရပါ
သြဂုတ်(၁၅) နေ့လည်(၁၂း၃၀)

ဂုတ်တွင်းတံတားမိုင်းခွဲခံရကြောင်းကနဦးကြားသိရပြီးအခြေအနေသတင်းအတည်ပြုချက်ရဖို့ကြိုးစားနေပါတယ်။သီပေါနှင့်ကျောက်မဲကြားမှာနယ...
15/08/2019

ဂုတ်တွင်းတံတားမိုင်းခွဲခံရကြောင်းကနဦးကြားသိရပြီး
အခြေအနေသတင်းအတည်ပြုချက်ရဖို့ကြိုးစားနေပါ
တယ်။
သီပေါနှင့်ကျောက်မဲကြားမှာနယ်မြေအခြေအနေစိုးရိမ်
ရတဲ့အတွက်အဆင်းကားကြီးကားငယ်တွေကိုသီပေါ
ဘော်ကြိုဘုရားအနီးမှာ၎င်း သီပေါတံတားအနီးမှာ၎င်း
ခေတ္တတားထားပါတယ်။
အခြေအနေမကောင်းသေး၍ကားကြီးကားလေးများ
ယာဉ်ထိန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၏စီစဉ်မှုအတိုင်းလိုက်နာ
သွားလာပေးကြဖို့လိုပါမယ်။

ကီလို ၃,၀၀၀ မှ ၅,၀၀၀ အတွင်း အင်ဂျင်ဝိုင်မလဲဘူးဆို ဘာတွေ ဖြစ်လာနိုင်လဲ? 🤔လုံးဝ ဖြစ်လာနိုင်တဲ့ အချက်တစ်ချက်ကတော့ အင်ဂျင်လဲ...
15/08/2019

ကီလို ၃,၀၀၀ မှ ၅,၀၀၀ အတွင်း အင်ဂျင်ဝိုင်မလဲဘူးဆို ဘာတွေ ဖြစ်လာနိုင်လဲ? 🤔

လုံးဝ ဖြစ်လာနိုင်တဲ့ အချက်တစ်ချက်ကတော့ အင်ဂျင်လဲ လိုက်ရခြင်းပါပဲ…. 😔
ကားတစ်စီးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ကိုပြပါဆို “အင်ဂျင်” လို့ပဲ ပြောရမှာပါ..
အင်ဂျင်ဝိုင် ဆိုတာကတော့ အင်ဂျင် လည်ပတ်တဲ့အခါ ချောမွေ့မှုရှိဖို့အတွက် အသုံးပြုတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

သတ်မှတ် ကီလိုအတွင်း အင်ဂျင်ဝိုင် ပုံမှန်မလဲတဲ့အခါ (သို့) အရည်အသွေး ပြည့်မှီတဲ့ အင်ဂျင်ဝိုင် မသုံးတဲ့အခါ အင်ဂျင်အတွင်း ပွန်းပဲ့တိုက်စားမှုတွေ ဖြစ်လာပြီး စွမ်းဆောင်ရည် စတင်ကျဆင်းလာပါတယ်…
ဒုတိယအဆင့်အနေနဲ့ အင်ဂျင်အပူချိန်က အရင်ထက် မြင့်မားလာပြီး Piston Ring နဲ့ Cylinder Wall တွေပါ ပျက်စီးတဲ့အထိ တိုက်စားသွားနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အင်ဂျင်တစ်ခုလုံး ဂျိုးတွေတက်လာကာ အင်ဂျင် လဲလိုက်ရသည်အထိ ကုန်ကျစရိတ် ကြီးမားသွားနိုင်လို့ပါ။

ဒါ့ကြောင့် လူကြီးမင်းတို့အနေဖြင့် နေ့စဉ် ကား အသုံးမပြုခင်မှာ မိမိကားရဲ့ အင်ဂျင်ဝိုင် ကို ပုံမှန် စစ်ဆေး ပေးသင့်ပါတယ်။ အင်ဂျင်ဝိုင် မဲညစ်နေတာမျိုး၊ သံချေးတက်လာမျိုးတွေ မဖြစ်အောင် အင်ဂျင်ဝိုင် ပုံမှန်လဲရင်း မိမိကား အင်ဂျင်ကို ကာကွယ်လိုက်ပါ ခင်ဗျာ။


14/08/2019
အလုပ် အတွက် သတိထား သင့် သော အ ချက် .-၁- လွန်ခဲသော နှစ် အနည်းငယ်က ဓါတ် ဆီ ကား ၊ ကာဘရိုက် တာ တွေ ပြင် တဲ့ ဆိုင် တွေ ဟာ တော...
13/08/2019

အလုပ် အတွက် သတိထား သင့် သော အ ချက် .
-
၁- လွန်ခဲသော နှစ် အနည်းငယ်က ဓါတ် ဆီ ကား ၊ ကာဘရိုက် တာ တွေ ပြင် တဲ့ ဆိုင် တွေ ဟာ တော် တော် အလုပ် ဖြစ် ကြတယ်.. ။ ၀င်ငွေ ကောင်းခဲ့ ကြ တယ် ပေါ့ ဗျာ..။ အဲ ---- ကားတွေ အလှည့် အပြောင်းမှာ တော့ အခက် ခဲ တွေ နဲ့ အကြီးအကျယ် ဖြစ်လာ ကြ တော့ တာပါပဲ .။ ကားအသစ်တွေ လည်း ထွက် လာ ရော .. အဲ ဒီစနစ် တွေ က ပြင် စရာ မလို တော့ ပါ ဘူး.။ အဲဒီတော့ - ပြင်တဲ့ ဆိုင် တွေ ရဲ့ ၀င်ငွေ က နည်းသထက် နည်းလာ တော့ ကာ နောက် ဆုံး တော့ ဆိုင် ပိတ် လိုက် ၇ တော့ တာ ပါပဲ .။ အဲဒီ အလုပ် ကို လုပ်တဲ့ သူက တော့ နောက် ထပ် အလုပ် အသစ် တစ် ခု ထပ် ရှာ ပေါ့ .။…
-
၂-၁၉၉၀ ၀န်းကျင်က ဗီဒီယို နဲ့ အခွေ ငှား ဆိုင် ၊ စာအုပ် အငှားဆိုင် ။
အဲဒီ ဆိုင် တွေ အားလုံး က ၀င် ငွေ ကောင်း ခဲ့ ကြ တယ်.- မိသားစု တစ်နိုင် တစ်ပိုင် ပေါ့ .. … အခွေ ငှားတဲ့ ဆိုင် ဆို ရင် လက် မလည် အောင် အလုပ် ဖြစ် တယ်..။ ရုံ ထိုး ပြ စားတဲ့ သူတွေ ပိုလို့ တောင် တွက် ခြေကိုက်တာ ပေါ့ … ။ အဲ ---- မကြာ ပါ ဘူး ဗျာ….. အဲဒီ လော က ကို မုန်းတိုင်း ၀င်တော့ တာပါပဲ .။
နောက် ဆုံး မင်းသမီး မင်းသား နဲ့ လူကြမ်း ဇာတ်ရံ တွေ ပါ အပြင်မှာ ဆိုင် ဖွင့် အလုပ် လုပ် ရ တဲ့ အဖြစ် ကို ရောက် တော့ တာ ကို ယနေ့ မီဒီယာ ခေတ် မှာ အားလုံး သိကြ တဲ့ အတိုင်းပါ ပဲ .။
-
၃-ရပ်ကွက် တွေ ထဲ မှာ တစ်ခေတ် စား လိုက် ပါသေးတယ် - တီဗီ ဂိမ်း - အင်တာနက် ဆိုင် နဲ့ အင်တာ နက် ဂိမ်း ၊ ဘောလုံးပွဲ ပြစားတဲ့ ရုံ - အဲဒီ ဆိုင်တွေ အားလုံး ဟာ အဲဒီ ခေတ် က ၀င်ငွေ ကောင်းခဲ့ ကြ ပါတယ် နောက် တော့ ဂိမ်း ဆိုင် ဆိုတဲ့ အတိုင် ဂိမ်း ဘော တွေ ဆိုက် ကြ တော့ တာပါပဲ .။ အဲ လို ဂိမ်းတော့ အလုပ် အသစ် တစ်ခု ထပ် ရှာ ပေါ့ …။
-
၎-ဖလင် ခေတ် က ဓါတ် ပုံရိုက် တဲ့ ဆိုင်တွေ ဓါတ်ပုံ ဆရာ တွေ ဟာ အဲဒီခေတ် က ၀င်ငွေ တွေ ကောင်းခဲ့ ကြ ပါတယ်.. .။ စီး ပွားဖြစ် လောက် တယ် ပေါ့ ဗျာ….။ အဲ---ဒီဂျတယ် ခေတ် လည်း ရောက် တော့ ကိုနီကာ ဖလင် တွေ က အမှိုက် တွေ ဖြစ် ကုန် တော့ တာ ပါ ပဲ .။ အဲ လို ဖြစ် ရုံ မက ဓါတ် ပုံ ရိုက်တဲ့ သူတွေ ပါ ..ဒီ ဘက် ခေတ် မှာ အလုပ် မဖြစ် တော့ ဘူး … ဘာကြောင့် လည်း ဆိုတော့ လူ တိုင်း လူတိုင်း ဖုံး တွေ ရှိနေ တော့ ဓါတ် ပုံ ကို ကင်မရာ နဲ့ မရိုက်ဘဲ ဖုံးနဲ့ ပဲ ရိုက် ကြ ပါတော့ တယ်..။ ဒါ ကြောင့် ဓါတ်ပုံ လော က အလုပ် မကောင်းတော့ ပဲ ဖြစ် လာ ခဲ့  ပါ တယ်..။ အလုပ် အသစ် ရှာ ကြ ပေါ့ .။
-
၅- ဒါ တွေ လောက် နဲ့ မပီးသေးဘူး - အစိုးရ ၀န်ထမ်း အဆင့်မြင့် အရာရှိကြီးတွေ ၊ ဆရာဝန်တွေ ၊ အင်္ဂျင်နီယာတွေ ၊ သဘောင်္သားတွေ သူတို့ တစ်တွေ အားလုံး မိသားစု အတွက်ြ့ပီးပြည့် စုံလောက် တဲ့ ၀င်ငွေ ကိုရှာ ဖွေ ပေးနိုင်ကြ တယ်..။ တစ်ခြား အလုပ် ကိုမလုပ် နိုင်ဘူး ဒါ ပဲ လုပ် မယ်.. ဒီဟာ က ပဲ ပိုက် ဆံ ရ တယ်.. ဆြို့ပီးထင်ကာ.. ရ တဲ့ လစာ ၊ အထောက် အပံ့ ကား ၊ ဆီ၊ အိမ်၊ နဲ့ မိသားစု အေးဆေး သာယာ နေခဲ့ ကြ တယ် .. ။ နောက် ဆုံး တော့ ဘာ တွေ ဖြစ် ကြ သလဲ ဆိုရင် - နဖူးတွေ့ ဒူးတွေ ရင် ဆိုင်နေရ တဲ့ သူတွေ အသိ ဆုံး ပါ ..။ အသက် ၆၀ ပြည့် မှ သိကြ တော့ တာ ပဲ ။
-
ဒါ တွေ အားလုံး ကို ကြည့် လိုက် ရင် တော့ မိမိ ကိုယ် တိုင် သင်ယူလေ့ လာ ဆန်းသစ် တီထွင် မှု တွေ ကို မလုပ် ဘဲ ရပ် နေခဲ့ ကြ လို့ ပါပဲ .။ ငါ တို့ အတွက် ဒါ တွေ သင်ယူ လေ့ လာ ဖို့ မလို ဘူး ဆိုတဲ့သူတွေ က ယနေ့ နောက် ကျ ကျန်ခဲ့ တဲ့ သူတွေ ဖြစ် ကုန် တော့ တာ ပါပဲ .။.. ဒီလို ပါပဲ ယနေ့ ဒီစာ ကိုရေးနေ တဲ့ ကျွန်တော် နဲ့ ဒီ စာကို ဖတ် နေတဲ့ သူ လည်း သင်ယူလေ့ လာ ဆန်းသစ် တီထွင် မှု တွေ မလုပ်ဘူး ၊ ရပ် လိုက် မယ် ဆိုရင် တော့ သေချာ ပေါက် ကျရှုံး ပါလိမ့် မယ် ..။ ၁နှစ် က နေ ၂နှစ် အတွင်းမသိသာ ပေမယ့် ။ နောက် ထပ် ၅နှစ် ၀န်းကျင် နောက် ပိုင်း မှာ တော့ တိုးတက် လာ တဲ့ နည်းပညာ တွေ ကို ဘယ်လိုမှ လိုက်လို့ မှီနိုင်တော့ မှာ မဟုတ် သလို - လက် ရှိ လုပ် ကိုင်နေ တဲ့ စီးပွားေ ရး သည် လည်း - အထက် က ပြော ခဲ့ သလို ဂိမ်းဘော တွေ တစ်သီ ကြီး ဆိုက် ရောက် လာ ပါ လိမ့် မယ်..။
-
ထို့ ကြောင့် - လေ့ လာ သင်ယူပြီး တီထွင် ဆန်းသစ် မှု တွေ ကို ရှာ ဖွေ ရင်း တိုးတက် ပြောင်းလဲ လာ တဲ့ နည်းပညာ နဲ့ ခေတ် စနစ် ကို မျက် ခြေ မပြတ် ထပ် ချပ်မကွာ လိုက် နိုင်အောင် ကြိုးစား ကြ ပါ လို့ တိုက် တွန်းလိုက် ရပါသည်..။
-
ကျန်းမာ ချမ်းသာကြ ပါ စေ..။
-
MKK Business Group.

မိဘနဲ့ သားသမီး ပေးဆပ်ပုံခြင်းကွာခြားလှပါတယ် ...အမေ က သားလေး ကို မေးတယ် .. သားရယ် အကယ်လို့ များ မေမေ ဟာ မျက်စိမမြင် ရတော့...
13/08/2019

မိဘနဲ့ သားသမီး ပေးဆပ်ပုံခြင်းကွာခြားလှပါတယ် ...

အမေ က သားလေး ကို မေးတယ် .. သားရယ် အကယ်လို့ များ မေမေ ဟာ မျက်စိမမြင် ရတော့ ရင် သားလေး မေမေ ကို ဘာလုပ်ပေးမှာလဲတဲ့ လေ.. အဲဒီတော့ သားလေး က ပြန်ဖြေတယ် .. မေမေ ရယ် သား တစ်သက်လုံး မေမေ ကို ရှာကျွေးပါ့မယ်တဲ့ ။ ( ဒီလို သားလိမ္မာလေးမျိုးလည်း လောကမှာ ရှားနေပါပြီ )
သားလေး ကလည်း သူ့မေမေ ကို ပြန်မေးလိုက်တယ် ... အဲ့ဒီလိုဆို မေမေ ရယ် တကယ်လို့ များ သားမျက်စိမမြင်ရရင်ရော မေမေ က သား ကို ဘာလုပ်ပေးမှာလဲတဲ့ ... သူ့မေမေ ရဲ့ အဖြေလေးကြားလိုက်ရချိန်မှာ မိခင်တွေ ရဲ့ အနန္တမေတ္တာ ကို သိရှိခံစားလိုက်ရပါတော့တယ် ။
မေမေ ရဲ့ အဖြေလေးက ... သြော် သားလေး ရယ် သားလေးသာမျက်စိမမြင်ရတော့ရင်လေ မေမေ ရဲ့ မျက်လုံးတစ်စုံ ကို ဖောက်ထုတ်ပြီး သားလေးမျက်စိနှစ်ကွင်း အလင်းရအောင် လုပ်ပေးမှာပေါ့ တဲ့ ။

Address


Website

Alerts

Be the first to know and let us send you an email when Nay Pyi Taw Online Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed travel agency?

Share