Travel Me

Travel Me Your trusted UAE DMC & Tour Operator. Providing Dubai Tours, Global Packages, Visas & Flight Tickets.

31/07/2026

Kimono moments in Kyoto 🫶
Customize your Japan trip with Travel Me

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ အံ့ဖွယ် စော်ဘွား ၇ ခု လာမယ့် ရာသီမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို လာရော...
27/07/2026

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ အံ့ဖွယ် စော်ဘွား ၇ ခု

လာမယ့် ရာသီမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို လာရောက်လည်ပတ်မယ့် ဧည့်သည်တော်များ အတွက် UAE ရဲ့ စော်ဘွား ၇ ခုကို တစ်ခုချင်းစီ လေ့လာကြည့်ရအောင် မျှဝေပေးလိုက်ပါတယ်။

၁။ အဘူဒါဘီ (Abu Dhabi)

UAE ရဲ့ မြို့တော်ဖြစ်ပြီး ကမ္ဘာ့အလှဆုံး ဗလီများထဲက တစ်ခုဖြစ်တဲ့ Sheikh Zayed Grand Mosque တည်ရှိရာ မြို့ဖြစ်ပြီး အနုပညာချစ်သူတွေအတွက် Louvre Abu Dhabi ၊ Zayed National Museum ၊ National History Museum နဲ့ အခြားသော စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြတိုက်ကြီးများ တည်ရှိပါတယ်။ ဒါအပြင့် ကမ္ဘာ့အမြန်ဆုံး Roller Coaster တည်ရှိရာ Ferrari World နှင့် အကြီးဆုံး Aquarium စာရင်းဝင် Sea World နှင့် အခြားသော Theme park များ Yas Island Entertainment zone ကြီးက လည်း ခရီးသွားတွေ မဖြစ်မနေ သွားရောက်လည်ပတ်ရမယ့် နေရာ တစ်ခုပါ။

၂။ ဒူဘိုင်း (Dubai)

ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa၊ ကမ္ဘာ့အကြီးဆုံး ဈေးဝယ်စင်တာ Dubai Mall၊ လူလုပ်ကျွန်း Palm Jumeirah တို့ဟာ ဒူဘိုင်းရဲ့ ဂုဏ်ယူစရာတွေပါ။ အနာဂတ် ပြတိုက် Museum of the Future နှင့် Sky diving၊ Helicopter Ride နှင့် အခြားသော ကမ္ဘာ့
အဆင့်မှီ attraction များ တည်ရှိပါတယ်။

၃။ ရှာဂျား (Sharjah)

UAE ရဲ့ ယဉ်ကျေးမှုမြို့တော်လို့ ခေါ်ကြပါတယ်။ Sharjah Art Museum၊ Al Noor Mosque နဲ့ Blue Souk (အပြာရောင်ဈေးကြီး) တို့က အနုပညာနဲ့ ရိုးရာအမွေအနှစ်တွေကို ပြသထားပါတယ်။

၄။ အဂျ်မန် (Ajman)

UAE မှာ အသေးဆုံးစော်ဘွားဖြစ်ပေမယ့် သာယာလှပတဲ့ ကမ်းခြေတွေနဲ့ ပြည့်နေပါတယ်။ Ajman Museum နဲ့ Al Zorah Nature Reserve လို သဘာဝအလှတွေ ရှိပါတယ်။

၅။ အွမ်အယ်လ်ကွိန်း (Umm Al Quwain)

ခရီးသွားအများစု မသိကြသေးတဲ့ အေးချမ်းတဲ့နေရာလေးပါ။ Mangrove Beach၊ Ed-Dur ရှေးဟောင်းသုတေသနနေရာနဲ့ Dreamland Aqua Park တို့ ရှိပါတယ်။

၆။ ရပ်စ်အယ်လ်ခါးမား (Ras Al Khaimah)

နာမည်ကျော် Dhayah Fort သမိုင်းဝင်ခံတပ်ကြီးတည်ရှိိပြီး UAE ရဲ့ အမြင့်ဆုံးတောင် Jebel Jais ရှိရာနေရာပါ။ ကမ္ဘာ့အရှည်ဆုံး zipline ကိုလည်း ဒီမှာပဲ စီးနိုင်ပါတယ်။

၇။ ဖူဂျဲးရာ (Fujairah)

UAE ရဲ့ အရှေ့ဘက်စွန်းမှာ တည်ရှိပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ထိစပ်နေပါတယ်။ Snoopy Island မှာ ရေငုပ်ခြင်း၊ ရေကူးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Al Bidya Mosque ဟာ UAE မှာ ရှေးအကျဆုံး ဗလီတစ်ခုဖြစ်ပြီး လှပတဲ့ Wadi Wurayah ရေတံခွန်တွေရှိပါတယ်။

ဘာကြောင့် ဆောင်းရာသီမှာ UAE ကို လည်ပတ်သင့်ပါသလဲ။

ရာသီဥတု သာယာခြင်း၊ ဆောင်းရာသီမှာ Dubai Shopping Festival၊ Abu Dhabi Grand Prix စတဲ့ ပွဲတော်ကြီးတွေ ကျင်းပပါတယ်။ စော်ဘွားပြည်နယ် တစ်ခုနဲ့တစ်ခု ကားနဲ့ နာရီပိုင်းအတွင်း လည်ပတ်နိုင်သည့်အပြင် Tourist visa လိုအပ်သူများ အတွက် visa လျှောက်ထားရတာလည်း လွယ်ကူ လျင်မြန်ပါတယ်။

လာမယ့်ရာသီ September မှ April အထိ ရာသီဥတု ပိုမိုသာယာလှပတဲ့အတွက် UAE ကို လာရောက်လည်ပတ်ဖို့ စီစဉ်နေတဲ့ ဧည့်သည်တော်များအတွက် ခရီးသွားလုပ်ငန်းအတွေ့အကြုံ ၁၅ နှစ်ကျော်၊ ကျွမ်းကျင်ပိုင်နိုင်သော ဝန်ဆောင်မှုများနှင့် ဒေသခံအတွေ့အကြုံများကို အခြေခံပြီး Travel Me Tourism မှ သင့်စိတ်တိုင်းကျ UAE ခရီးစဉ်များကို စီစဉ်ပေးရန် အသင့်ရှိနေပါတယ်။

UAE ရဲ့ ဗိသုကာအလှတွေ၊ သဘာဝအံ့ဖွယ်တွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ကမ္ဘာနဲ့ ချီအောင် အမြဲဆန်းသစ်မှုတွေကို Travel Me နဲ့ အတူ စူးစမ်းလေ့လာကြရအောင်နော်။


26/07/2026

Oishi Park မှာ ရှိတဲ့ Lavender ပန်းခင်းကြီး နဲ့ အရမ်းလှနေတဲ့ Mt.Fuji view တွေကို အားလုံး နဲ့ အတူ မျှဝေပေးလိုက်ပါတယ်။

အသေးစိတ်လေး share ပေးထားတဲ့ Full video လေးကိုတော့ comment က youtube link လေးကနေ ကြည့်ရှုနိုင်ပါပြီ။

UAE ကနေ ဂျပန်ကို Group Tour၊ Private Tour တွေ နဲ့ လည်ပတ်လိုသူများအတွက် Visa ပါ အပြီးအစီး Tour Package များ၊ တခြား နိုင်ငံမှ သွားရောက်လည်ပတ်လိုသူ ဧည့်သည်များ အတွက်လည်း Land Tour Package များကို Travel Me Tourism ကနေ အကောင်းဆုံး စီစဉ်ဝန်ဆောင်မှုပေးနေတာမို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

Travel Me Tourism I Your Trusted UAE DMC & Tour Operator I Worldwide Packages

14/07/2026

Chureito Pagoda (Mt.Fuji View)

04/07/2026

🇯🇵 ဂျပန် အိုခီနာဝါ ခရီးစဉ်မှာ မလွတ်တမ်း သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုကတော့ Okinawa Churaumi Aquarium ပါ 🌊🐠

ကမ္ဘာပေါ်က အကြီးဆုံး Aquarium တွေထဲက တစ်ခုဖြစ်တဲ့ ဒီနေရာမှာ ပင်လယ် ဝေလငါးမန်းကြီး၊ ပင်လယ်လိပ်ကြီးတွေနဲ့ ရောင်စုံပင်လယ်သတ္တဝါလေးတွေကို အနီးကပ် ကြည့်ရှုခွင့်ရမှာမို့ ပင်လယ်အောက်က အံ့ဖွယ်ကမ္ဘာထဲ ခဏလောက် ဝင်ရောက်သွားသလို ခံစားရစေမှာပါ။

ပင်လယ်ကြီးနားမှာ တည်ရှိတာကြောင့် လှပတဲ့ ocean view ကိုပါ တစ်ခါတည်း ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး Admin တို့ ကိုယ်တိုင် သွားရောက်လည်ပတ်စဉ် မှတ်တမ်းတင်ခဲ့တဲ့ ပုံရိပ်လေးအချို့ကို မျှဝေပေးလိုက်ပါတယ်။

UAE ကနေ Japan ရဲ့ Main Island တွေဖြစ်တဲ့ Osaka၊ Kyoto၊ Fuji၊ Tokyo မြို့တွေအပြင် Okinawa လို လှပတဲ့ ကျွန်းဆွယ်ဒေသတွေကို သွားလည်ချင်တယ်ဆိုရင် Travel Me မှ Japan Tour Package များကို အကောင်းဆုံး စီစဉ်ဝန်ဆောင်မှုပေးနေတာမို့
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

Travel Me Tourism I Your Trusted UAE DMC & Tour Operator I Worldwide Packages

၇ လကျော်ကြာ 𝐫𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬 အပြီးမှာတော့ 𝐓𝐡𝐞 𝐏𝐚𝐥𝐦 𝐌𝐨𝐧𝐨𝐫𝐚𝐢𝐥 ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။𝐃𝐮𝐛𝐚𝐢 ရဲ့ အထင်ကရနေရာများထဲမ...
28/06/2026

၇ လကျော်ကြာ 𝐫𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬 အပြီးမှာတော့ 𝐓𝐡𝐞 𝐏𝐚𝐥𝐦 𝐌𝐨𝐧𝐨𝐫𝐚𝐢𝐥 ကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

𝐃𝐮𝐛𝐚𝐢 ရဲ့ အထင်ကရနေရာများထဲမှ တစ်ခုဖြစ်တဲ့ 𝐏𝐚𝐥𝐦 𝐉𝐮𝐦𝐞𝐢𝐫𝐚𝐡 ကို ဖြတ်သန်းသွားရင်း 𝐀𝐭𝐥𝐚𝐧𝐭𝐢𝐬 𝐇𝐨𝐭𝐞𝐥 နဲ့ 𝐃𝐮𝐛𝐚𝐢 𝐒𝐤𝐲𝐥𝐢𝐧𝐞 ကို တစ်ပြိုင်နက် ကြည့်ရှုခံစားနိုင်တဲ့ 𝐦𝐮𝐬𝐭-𝐭𝐫𝐲 𝐔𝐀𝐄 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 တစ်ခု ဖြစ်ပါတယ်။

𝐔𝐀𝐄 𝐚𝐭𝐭𝐫𝐚𝐜𝐭𝐢𝐨𝐧 𝐭𝐢𝐜𝐤𝐞𝐭𝐬 နှင့် 𝐭𝐨𝐮𝐫 𝐩𝐚𝐜𝐤𝐚𝐠𝐞𝐬 များအတွက် 𝐓𝐫𝐚𝐯𝐞𝐥 𝐌𝐞 မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။ 𝐔𝐀𝐄 𝐢𝐧𝐛𝐨𝐮𝐧𝐝 𝐭𝐨𝐮𝐫𝐬 များအတွက် —
📌 𝐅𝐈𝐓
📌 𝐅𝐚𝐦𝐢𝐥𝐲 𝐓𝐫𝐢𝐩
📌 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐓𝐨𝐮𝐫
📌 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐂𝐚𝐫𝐞 𝐓𝐨𝐮𝐫
📌 𝐆𝐫𝐨𝐮𝐩 & 𝐈𝐧𝐜𝐞𝐧𝐭𝐢𝐯𝐞 𝐓𝐨𝐮𝐫

အမှတ်တရ 𝐔𝐀𝐄 𝐭𝐫𝐢𝐩 များကို အတူဖန်တီးဖို့ 𝐓𝐫𝐚𝐯𝐞𝐥 𝐌𝐞 က အမြဲရှိနေပါတယ် ✨

𝐓𝐫𝐚𝐯𝐞𝐥 𝐌𝐞 𝐓𝐨𝐮𝐫𝐢𝐬𝐦 | 𝐘𝐨𝐮𝐫 𝐔𝐀𝐄 𝐄𝐱𝐩𝐞𝐫𝐭𝐬 | 𝐈𝐧𝐛𝐨𝐮𝐧𝐝 𝐓𝐨𝐮𝐫 𝐎𝐩𝐞𝐫𝐚𝐭𝐨𝐫

#𝐯𝐢𝐬𝐢𝐭𝐝𝐮𝐛𝐚𝐢 #𝐕𝐢𝐬𝐢𝐭𝐔𝐀𝐄 #𝐯𝐢𝐬𝐢𝐭𝐚𝐛𝐮𝐝𝐡𝐚𝐛𝐢 #𝐝𝐮𝐛𝐚𝐢𝐭𝐫𝐚𝐯𝐞𝐥 #𝐝𝐮𝐛𝐚𝐢𝐭𝐫𝐚𝐯𝐞𝐥𝐚𝐠𝐞𝐧𝐭

16/06/2026

🇯🇵 ဂျပန် အိုခီနာဝါ ခရီးစဉ်မှာ ကိုယ်တိုင်သွားရောက်လည်ပတ်ပြီး သဘောကျမိခဲ့တဲ့ နေရာ (၅) နေရာကို ဒီ reel လေးမှာ စုစည်းပြီး မျှဝေပေးထားပါတယ်။

ဂျပန်နိုင်ငံက နေရာတိုင်းမှာ သူ့အလှတရားနဲ့သူ၊ သူ့ရဲ့ ထူးခြားတဲ့အငွေ့အသက်တွေနဲ့သူ ရှိနေပြီး ဂျပန်နိုင်ငံရဲ့ အခြားလှပတဲ့နေရာလေးတွေ၊ သွားလည်သင့်တဲ့ နေရာတွေကို ဆက်ပြီး မျှဝေပေးသွားဦးမှာမို့ စောင့်ကြည့်ပေးပါဦးနော်။

UAE ကနေ ဂျပန်ကို Group Tour၊ Private Tour တွေ နဲ့ လည်ပတ်လိုသူများအတွက် Visa ပါ အပြီးအစီး Tour Package များ၊ တခြား နိုင်ငံမှ သွားရောက်လည်ပတ်လိုသူ ဧည့်သည်များ အတွက်လည်း Land Tour Package များကို Travel Me Tourism ကနေ အကောင်းဆုံး စီစဉ်ဝန်ဆောင်မှုပေးနေတာမို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

Travel Me Tourism I Your Trusted UAE DMC & Tour Operator I Worldwide Packages

04/06/2026

Travel Me ရဲ့ Website အသစ်လေးနဲ့ အားလုံးကို မိတ်ဆက်ပေးပါရစေ ✨

Travel Me Team ရဲ့ အချိန်၊ အားထုတ်မှုနဲ့ စေတနာတွေ ပေါင်းစပ်ဖန်တီးထားတဲ့ ဒီ Website အသစ်ဟာ ဧည့်သည်တော်များအတွက် ပိုမိုလွယ်ကူအဆင်ပြေတဲ့ Travel Experience ကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

Website မှတစ်ဆင့် UAE Tour Package များ၊ UAE Visa ဝန်ဆောင်မှုများ၊ Attraction Ticket များနှင့် Seasonal Promotion များကို အလွယ်တကူ လေ့လာနိုင်သလို Inquiry ပေးပို့ခြင်း၊ Booking တင်ခြင်းနှင့် Payment ပြုလုပ်ခြင်းများကိုလည်း တစ်နေရာတည်းမှ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်တိုင် စိတ်ကြိုက် ခရီးစဉ်များ စီစဉ်ချင်သူများအတွက် Customized Travel Request များလည်း ပေးပို့နိုင်ပြီး UAE အပါအဝင် အခြားနိုင်ငံများအတွက် Travel Information များနဲ့ Package များကိုလည်း အမြဲ Update လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Travel Me Website က ဧည့်သည်တော်များအတွက် ပိုမိုလွယ်ကူအဆင်ပြေစေဖို့သာမက Travel Me နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ B2B Partners များအတွက်လည်း Product Information၊ Service Updates နဲ့ လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပိုမိုလွယ်ကူစွာ ရယူနိုင်မယ့် Platform တစ်ခု ဖြစ်လာမှာပါ။

Partner အသစ်များအနေနဲ့လည်း Website မှတစ်ဆင့် B2B Partnership Form ဖြည့်သွင်းပြီး B2B Offers များ ရယူနိုင်ပါပြီ။

Travel Me Tourism အနေနဲ့ UAE Inbound Tourism ဝန်ဆောင်မှုများကို အကောင်းဆုံး ပံ့ပိုးပေးသွားမယ့်အပြင် Partners များနဲ့အတူ ရေရှည်တိုးတက်မှုကို ဆက်လက်တည်ဆောက်သွားဖို့ မျှော်လင့်ထားပါတယ်။

လာမယ့်ရာသီမှာလည်း ဧည့်သည်တော်များနဲ့ ထပ်မံဆုံတွေ့ရဖို့ မျှော်လင့်နေပါတယ် 💙

🌐 Comment မှာ ဖော်ပြထားတဲ့ Website Link လေးကနေ ဝင်ရောက်လေ့လာနိုင်ပါပြီ။

03/06/2026

POV: You finally said yes to Maldives 🌊🤍

Crystal clear water. Overwater villas. Sunset skies.
Maldives is pure magic.

Pack light. Dream big. Go slow. ✨

02/06/2026

Adventure with us 🌍✨

New places. New stories. New you.

Let's go! 🚀

Address

Deira
Dubai

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+971526886355

Alerts

Be the first to know and let us send you an email when Travel Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category