Back to Nature Myanmar

Back to Nature Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Back to Nature Myanmar, Eco tour agency, No. 278, Dhammayun Street, Yangon, Insein.

🌿 Back to Nature Myanmar
Exploring Myanmar’s wild beauty 🌄 | Eco-friendly adventures 🌱 I Nature ConservationI Sustainable lifestyle | Supporting local communities 🤝 | Join us to protect & cherish nature 🌏

17/08/2026

မြို့ပြရဲ့ လူနေမှု ထူထပ်မှုတွေကြောင့် စိတ်တွေ ကျဉ်းကျပ် နေပြီလား...?

​ဒီလို စိတ်ရှုပ်စရာ မြို့ပြကြီးကနေ ခဏလောက် ရင်ဘတ်ချင်းနီးနီးနဲ့ သဘာဝဆီ ထွက်ပြေးချင်တယ်ဆိုရင်တော့... BTN ရဲ့ Taikkyi Trekking ခရီးစဉ်လေးက စောင့်ကြိုနေပါတယ်နော်။

​🌿 သဘာဝပတ်၀န်းကျင် စမ်းချောင်းတွေနဲ့ အနီးကပ် ထိတွေ့ချင်သူတွေ

စိတ်ပင်ပန်းမှုတွေကို လေထဲ လွှင့်ပစ်ခဲ့ချင်သူတွေ

အမှတ်တရ အသစ်စက်စက် လှလှလေးတွေ ဖန်တီးချင်သူတွေ

တိုက်ကြီးရဲ့ သဘာ၀ အလှတွေကို ခံစားချင်သူတွေအတွက်...

BTN ရဲ့ Taikkyi Trekking လေးကို အတူတူ Join လိုက်ကြရအောင်...။

ခရီးစဉ်တွင် ပါဝင်မည့်အရာများ ✨

Lunch

Coffee ☕

First Aid Kit

Special Guides

Date:22.August.2026

Price :68,000MMK

(Without Transportation)

12/08/2026
"ဆင်စွယ်တွေထက် ဆင်တွေရဲ့ အသက်က ပိုတန်ဖိုးရှိပါတယ်""ဆင်" ဆိုတဲ့ သတ္တဝါဟာ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းန...
12/08/2026

"ဆင်စွယ်တွေထက် ဆင်တွေရဲ့ အသက်က ပိုတန်ဖိုးရှိပါတယ်"

"ဆင်" ဆိုတဲ့ သတ္တဝါဟာ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းနဲ့ ခွဲခြားလို့မရအောင် ရစ်ပတ်နှောင်တွယ်နေခဲ့တာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကြီးမားခန့်ညားတဲ့ ခန္ဓာကိုယ်၊ တည်ငြိမ်အေးချမ်းတဲ့ မျက်ဝန်းတွေနဲ့အတူ တောတောင်ဂေဟစနစ်ရဲ့ အဓိကမဏ္ဍိုင်အဖြစ် ရပ်တည်နေတဲ့ သဘာဝတရားရဲ့ လက်ဆောင်မွန်တွေလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့...
သစ်တောတွေ ပြုန်းတီးလာတာ၊ တရားမဝင် အမဲလိုက်ခံရတာနဲ့ လူနဲ့ဆင် ပဋိပက္ခတွေကြောင့် ဒီဧရာမသတ္တဝါကြီးတွေရဲ့ ရှင်သန်ခွင့်ဟာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ "World Elephant Day" (ကမ္ဘာ့ဆင်များနေ့) ဟာ သူတို့ကို ချစ်ခင်ကြောင်း ပြသဖို့တင်မကဘဲ သူတို့ရဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ကနေ ကာကွယ် စောင့်ရှောက်ပေးဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ သတိပေးနေတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

ဆင်တစ်ကောင် ရှိနေခြင်းဟာ တောအုပ်တစ်ခုလုံး ရှင်သန်နေခြင်းပါပဲ။ သူတို့ဟာ သစ်စေ့တွေကို ပျံ့နှံ့စေတယ်၊ အခြားသတ္တဝါငယ်လေးတွေအတွက် လမ်းကြောင်းတွေ ဖောက်လုပ်ပေးတယ်၊ သဘာဝတရားကို ထိန်းညှိပေးတယ်။ ဆင်တွေမရှိတော့တဲ့ တောအုပ်ဟာ အသက်မဲ့နေတဲ့ အရိုးစုတစ်ခုလို ဖြစ်သွားပါလိမ့်မယ်။

ဒီနေ့မှာ...
ဆင်ရိုင်းတွေရဲ့ နယ်မြေကို တန်ဖိုးထားကြရအောင်။
ဆင်စွယ်နဲ့ ဆင်ရေ အပါအဝင် တရားမဝင် ဆင်အစိတ်အပိုင်းတွေ အရောင်းအဝယ်ပြုလုပ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရအောင်။

သူတို့ရဲ့ ကြီးမားခန့်ညားတဲ့ ခြေလှမ်းတွေ သဘာဝတောတောင်ထဲမှာ ရဲရဲဝံ့ဝံ့နဲ့ ရာသက်ပန် ဆက်လက်လျှောက်လှမ်းနိုင်ဖို့... ဒီနေ့ ကမ္ဘာ့ဆင်များနေ့ကစပြီး အသိပညာပေးမှုတွေကို အတူတူ မျှဝေလိုက်ကြရအောင်ဗျာ။ 🐘💚

🌧️👌နေ့စဉ် daily ကားစီးရတဲ့ ဒဏ်တွေကြောင့် စိတ်တွေ မှုံမှိုင်းပြီး တစ်ခါတစ်လေ အရာအားလုံးရဲ့ အဝေးမှာ အေးဆေးလေး chill နေချင်...
11/08/2026

🌧️👌နေ့စဉ် daily ကားစီးရတဲ့ ဒဏ်တွေကြောင့် စိတ်တွေ မှုံမှိုင်းပြီး တစ်ခါတစ်လေ အရာအားလုံးရဲ့ အဝေးမှာ အေးဆေးလေး chill နေချင်လိုက်တာလို့ တွေးဖူးလား?

တောင်ပေါ်ကနေ ကျလာတဲ့ ရေအေးအေးလေးတွေ စမ်းရေပမာ အေးတယ်ဆိုတဲ့ ရေလေးနဲ့ အနားယူချင်မိလား?
ကျောက်စက်ရေလို့ ခေါ်တဲ့ ဒီ waterfall လေးမှာ မသိတဲ့ သူစိမ်းတွေနဲ့ မိတ်ဖွဲ့ရင်း Trekking သွားပြီး တစ်ရက်လောက် စိတ်ကိုယ် ဖွင့်ချကြရအောင်

📅 16..August.2026
💰 140,000MMK per person
🚌 With Transportation

New adventure fully Boat trip to Meinmahla Island အာဆီယံ ရဲ့ အမွေအနှစ် မြန်မာ့အမွေအနှစ် / human-wildlife conflict အဖြစ်မ...
05/08/2026

New adventure fully Boat trip to Meinmahla Island

အာဆီယံ ရဲ့ အမွေအနှစ် မြန်မာ့အမွေအနှစ် / human-wildlife conflict အဖြစ်များတဲ့ဒေသတွေထဲကတစ်ခုဖြစ်တဲ့ မိန်းမလှကျွန်း ဒေသသို့ လေ့လာရေး ခရီး

BTN ရဲ့ အများနဲ့မတူ တစ်မူထူးခြားတဲ့ မိန်းမလှကျွန်း ခရီးစဉ်လေးကို ပြန်လည်ရောက်ရှိလာပါပြီ

ဒီတစ်ခါမှာတော့ ဒီခရီးစဥ်ကိုတော့ Fully Boat trip အဖြစ်စီစဉ်ထားပြီး BTN နဲ့အတူတူ မိန်းမလှကျွန်း နဲ့ အနီးအနားရှိ ဒေသများကိုလေ့လာနိုင်မှာဖြစ်တဲ့အပြင် ဒေသ ထွက် အစားအစာများကိုပါ သုံးဆောင်ခွင့်ရမှာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဘာတွေလုပ်ပြီး စိတ်အပန်းဖြေမလဲ 🧐❓

ဒီရေတော အတွင်း စက်လှေစီး၍

🌳 ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်းခြင်း၊

🌳 ရေချို၊ရေငန်စပ် မိကျောင်းများ၏ နေထိုင်ကျတ်စားမှု၊

🌳 ငှက်မျိုးစိတ်များ ပျံ့နှံ့ကျက်စားခြင်း၊

🌳 ဧရာ၀တီ လင်းပိုင်များ နေထိုင်ကျက်စားမှု၊

Date: 4rd September ~ 6rd September, 2026

Price:
Including

-Transportation
- 5 meals
- coffee
- professional expert guide

While you are in Meinmahla Island Adventure! Back to the wild with Back to Nature Myanmar.

🌿 Urban Detox: The Pindaya Special Trip is BACK!ပင်းတယရဲ့ အလှတရားတွေကို လွမ်းနေကြပြီလား? 💚Back To Nature Myanmar ရဲ့ “Ur...
04/08/2026

🌿 Urban Detox: The Pindaya Special Trip is BACK!
ပင်းတယရဲ့ အလှတရားတွေကို လွမ်းနေကြပြီလား? 💚
Back To Nature Myanmar ရဲ့ “Urban Detox: Pindaya Special” Trip လေး ပြန်လာပါပြီ! 🌿
မြို့ပြရဲ့ အလုပ်ရှုပ်မှုတွေ၊ နေ့စဉ်ဘဝရဲ့ စိတ်ပင်ပန်းမှုတွေကနေ ခဏတာအနားယူပြီး ပင်းတယရဲ့ လှပတဲ့ တောင်တန်းရှုခင်းတွေ၊ စိမ်းလန်းတဲ့သဘာဝတွေနဲ့ ဒေသခံရိုးရာယဉ်ကျေးမှုတွေ ကြားမှာ ကိုယ့်ကိုယ်ကို ပြန်လည် Recharge လုပ်လိုက်ပါ။
ဒီခရီးမှာတော့—
🏔 ပင်းတယတောင်တန်းတွေရဲ့ အလှတရားကို ခံစားမယ်
🌿 Nature နဲ့ အနီးကပ်ချိတ်ဆက်မယ်
🥾 တောင်တက် Adventure တွေကို ဖြတ်သန်းမယ်
🏡 တောင်ပေါ်မှာ အိပ်စက်ရင်း သဘာဝရဲ့ ငြိမ်သက်မှုကို ခံစားမယ်
🌾 ရှမ်းပြည်က ဓနုတိုင်းရင်းသားတို့ရဲ့ နေထိုင်မှုပုံစံနဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာမယ်
💚 Back To Nature Team ရဲ့ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးမယ်
ပြီးတော့…
ပင်းတယမြို့ရဲ့ နာမည်ကြီး Homes of Pindaya မှာ တည်းခိုအနားယူရင်း တောင်တန်းတွေရဲ့ အေးချမ်းတဲ့အငွေ့အသက်ကို အပြည့်အဝခံစားရမှာဖြစ်ပါ။
This is more than just a trip.
It’s your chance to Disconnect from the city. Reconnect with Nature. Recharge yourself. 🌿
🎒 Urban Detox: Pindaya Special
📍 Pindaya, Shan State
📅 Date: 20,21,22,23. August.2026
🌱 Reconnect & Recharge — Leave No Trace

သဘာဝရဲ့အလှလေး
30/07/2026

သဘာဝရဲ့အလှလေး

BTN နဲ့အတူ အမှတ်တရ ဖြစ်ပြီး သဘာဝနဲ့အကောင်းဆုံးထိတွေနိုင်ခဲ့သော ခရီးစဥ်လေးဖြစ်ဖို့မျှော်လင့်ပါတယ်ရှင်။
29/07/2026

BTN နဲ့အတူ အမှတ်တရ ဖြစ်ပြီး သဘာဝနဲ့အကောင်းဆုံးထိတွေနိုင်ခဲ့သော ခရီးစဥ်လေးဖြစ်ဖို့မျှော်လင့်ပါတယ်ရှင်။

Address

No. 278, Dhammayun Street, Yangon
Insein
11011

Alerts

Be the first to know and let us send you an email when Back to Nature Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Back to Nature Myanmar:

Shortcuts

Share