13/10/2026
Nature’s Nirvana မှာ အတူတူဆုံကြမယ်နော် 🏕️
ကလောမြို့ရဲ့ ညကောင်းကင်အောက်မှာ ကြယ်မိုးလေးတွေကို အတူတူ ရေတွက်ရင်း အမှတ်တရတွေဖန်တီးကြမလား...” ✨🌌
🎁 [Event ကို free join ခွင့်ရမယ့် Stargazer "၁၀" ဦး တိတိရွေးချယ်ပေးသွားမယ့် Giveaway] ပါဝင်ပါတယ်။
နေ့စဉ်အလုပ်တွေကြား မွန်းကြပ်ရုန်းကန်နေရသူတွေ အတွက် ကလောမြို့မှာ အပန်းဖြေရင်း ကြယ်တွေကို အတူတူငေးမောဖို့ MASES က ကြယ်ကြည့်ပွဲတွေကို စီစဉ်ထားပါတယ်။ သာမန် Camping လုပ်တဲ့ ခရီးတွေ နဲ့ ကွဲပြားခြားနားတဲ့ ခရီးစဉ်တွေ ကို MASES အဖွဲ့ကနေ စီစဉ်ပေးနေတာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။
"𝐀𝐛𝐨𝐮𝐭 𝐌𝐀𝐒𝐄𝐒"
🔴 𝐌𝐀𝐒𝐄𝐒 အဖွဲ့ဟာ နက္ခတ္တဗေဒပညာရပ်တွေကို ပြည်တွင်းရှိ လူငယ်တွေအပါအဝင် အများပြည်သူတွေကြား ပိုမိုပျံ့နှံ့စေဖို့နဲ့ သိပ္ပံအသိပညာ တိုးတက်စေရန် ရည်ရွယ်ပြီး ကြယ်ကြည့်ပွဲတွေ (Star Parties) ကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပါတယ်။ ယနေ့တိုင် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကြယ်ကြည့်ပွဲတွေ ကျင်းပရာမှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အဖွဲအစည်းအဖြစ်ရော ရှေ့ဆောင်လမ်းပြအဖြစ်ပါ ရပ်တည်လျက်ရှိပါတယ်။🔴
နက္ခတ္တဗေဒနဲ့ အာကာသသိပ္ပံကို မြတ်နိုးသူတွေ၊ ဆောင်းတွင်း အားလပ်ရက်တွေမှာ သဘာဝတရားနဲ့ အေးချမ်းစွာ အပန်းဖြေချင်သူတွေအတွက် ဒီ Stargazing Party မှာ ရွေးချယ်စရာ (၂) မျိုး ရှိပါတယ်။
⭐️"၂၀၂၆ ခုနှစ်ရဲ့နောက်ဆုံး ကြယ်မိုးကို ကြည့်ချင်သူများအတွက် 𝐆𝐞𝐦𝐢𝐧𝐢𝐝 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐚𝐦𝐩"
- နှစ်စဉ် ဒီဇင်ဘာလ မှာသာ မြင်တွေ့ရလေ့ရှိတဲ့ 𝐆𝐞𝐦𝐢𝐧𝐢𝐝 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 ဟာ မြန်မာနိုင်ငံကနေ မြင်နိုင်တဲ့ ကြယ်မိုးရွာခြင်းဖြစ်စဉ်တွေထဲ ကြယ်မိုးအရေအတွက်အများဆုံးမြင်ရတဲ့ ဖြစ်စဉ်တစ်ခုပါ။ ၂၀၂၆ခုနှစ်ရဲ့ နောက်ဆုံးကြယ်ကြွေတာကို ဒီ camp မှာ ရှုစားရမှာပါ။
⭐️"၂၀၂၇ ခုနှစ်ရဲ့ ပထမဆုံး ကြယ်မိုးကို ကြည့်ချင်သူများအတွက် 𝐐𝐮𝐚𝐝𝐫𝐚𝐧𝐭𝐢𝐝 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐚𝐦𝐩"
- Quadrantid 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 ကတော့ ၂၀၂၇ခုနှစ်အတွက် ပထမဆုံးရွာမယ့်ကြယ်မိုးဖြစ်ပြီး နှစ်အစကို ကြယ်ကြွေတာကြည့်ရင်းဖြတ်သန်းချင်သူတွေအတွက် ဒီ camp ကို စီစဉ်ထားပါတယ်။
📍𝐆𝐞𝐦𝐢𝐧𝐢𝐝 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐚𝐦𝐩 ကို ဒီဇင်ဘာလ ၁၂ ၊ ၁၃ ၊ ၁၄ရက် နဲ့
📍𝐐𝐮𝐚𝐝𝐫𝐚𝐧𝐭𝐢𝐝 𝐌𝐞𝐭𝐞𝐨𝐫 𝐒𝐡𝐨𝐰𝐞𝐫 𝐂𝐚𝐦𝐩 ကိုတော့ ဇန်နဝါရီလ ၃ရက်နဲ့ ၄ရက်မှာ ကျင်းပမှာဖြစ်ပြီး
အထက်ပါ ပွဲရက်တွေထဲမှ မိမိအဆင်ပြေတဲ့ တစ်ညကို ရွေးချယ် စာရင်းပေးနိုင်ပါတယ်။
🌟 𝐌𝐀𝐒𝐄𝐒 ကကျင်းပတဲ့ ကြယ်ကြည့်ပွဲတွေကိုလာရင် မြန်မာနိုင်ငံမှာပြုလုပ်တဲ့ camping ခရီးစဉ်တွေထဲ ဘယ်မှာမှမရနိုင်တဲ့ အတွေ့အကြုံနဲ့ အခွင့်အရေးတွေကို ထပ်မံရရှိဦးမှာပါ။
🔺ဒီပွဲလေးတွေကိုတော့ ကလောမြိုရဲ့ Dark sky location တစ်ခုဖြစ်တဲ့ နှစ်စဉ်ပွဲစီစဉ်နေကျ 𝐍𝐚𝐭𝐮𝐫𝐞’𝐬 𝐍𝐢𝐫𝐯𝐚𝐧𝐚 𝐂𝐚𝐦𝐩𝐬𝐢𝐭𝐞 မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကလောအခြေစိုက်အဖွဲ့တွေဖြစ်တဲ့ Kha Yee Sin - ခရီးစဉ် ၊ At Kalaw တို့နဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။
🌄ဒီခရီးစဉ်မှာ ဘာတွေပါဝင်မလဲဆိုရင် ကလောမြို့ကိုရောက်ရှိချိန်မှစပြီး သက်ဆိုင်ရာဆုံမှတ်နေရာတွေကနေ ပွဲကျင်းပမယ့်နေရာအထိ ကားနဲ့ အသွားအပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ဒါ့အပြင် ညနေစောင်းမှာ ညနေစာထမင်းလက်ဆုံစားကြရင်း အနယ်နယ်အရပ်ရပ်က ကြယ်တာရာချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဖွဲလို့ရမယ့် အစီအစဉ်လဲရှိပါတယ်။
⭐️အထူးအစီအစဉ်အနေနဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐬𝐭𝐫𝐨𝐧𝐨𝐦𝐢𝐜𝐚𝐥 𝐔𝐧𝐢𝐨𝐧 (𝐈𝐀𝐔) ရဲ့ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐮𝐭𝐫𝐞𝐚𝐜𝐡 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫 အဖြစ် တာဝန်ယူထားသူ မြန်မာလူမျိုး 𝐃𝐚𝐫𝐤 𝐒𝐤𝐢𝐞𝐬 𝐀𝐦𝐛𝐚𝐬𝐬𝐚𝐝𝐨𝐫 နဲ့တွေ့ဆုံပြီး ညကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို အနီးကပ် လေ့လာခွင့်ရမှာပါ။ 🔭✨
ပွဲမှာ ညကောင်းကင်အကြောင်း ၊ နက္ခတ္တဗေဒပညာအကြောင်းသိချင်တာတွေအကုန် မေးမြန်းလို့ရပြီး အာကာသသိပ္ပံ ဗဟုသုတကို ဂိမ်းတွေဆော့ရင်း ပျော်ရွှင်စွာ လေ့လာသင်ယူနိုင်ဦးမှာလဲဖြစ်ပါတယ်။ အဝေးကြည့်မှန်ပြောင်း (Telescopes) တွေ နဲ့ အာကာသထဲက စိတ်ဝင်စားစရာ ဂြိုဟ်တွေ ၊ ကြယ်တာရာတွေ ၊ ဂလက်ဆီတွေ ၊ နက်ဗြူလာတွေ ကို ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ Deep Sky Objects တွေ ကိုလဲ ကိုယ်တိုင်ဓာတ်ပုံ ရိုက်ယူနိုင်မယ့် အခွင့်အရေး ရရှိမှာလဲဖြစ်ပါတယ်။
⛺️မြို့ပြရဲ့ မွန်းကျပ်မှုကနေ ဒီညလေးကို အမှတ်တရဖြစ်စေဖို နွေးထွေးတဲ့ Tent တွေ၊ Sleeping bed တွေအပါအဝင်
☕️မီးပုံဘေးမှာ ကော်ဖီပူပူလေးသောက်ရင်း စကားဝိုင်းဖွဲ့နိုင်မယ့် ညလယ်စာတွေပါ ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်လေးတွေနဲ့ package ရဲ့ ဈေးနှုန်းလေးတွေ အတွက် 𝐌𝐀𝐒𝐄𝐒 𝐏𝐚𝐠𝐞 ရဲ့ 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှဖြစ်စေ၊ 09-5109622 နှင့် 09-250789486 တိုကို ဖုန်းဆက်ပြီးဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
[🎁 Special Giveaway Alert!]
ဒီပွဲလေးမှာ MASES page followerတွေအတွက် အထူးအစီအစဉ်တစ်ခု ပြုလုပ်ပေးထားပါတယ်။
🔔နက္ခတ္တဗေပညာရပ် ကို စိတ်ဝင်စားသူတွေထဲက ၁၀ ယောက်တိတိ ကို Free Join ခွင့် ပေးသွားမှာပါ။
ဒီ Campမှာ Free Join ခွင့်ရရှိဖိုအတွက်
1) MASES page ရဲ့ follower တွေထဲက တစ်ဦးဖြစ်ရပါမယ်။
2) ဒီ Post ကို Public နဲ့Like & Share ပြုလုပ်ပေးရပါမယ်။
3) Share ထားကြောင်း Screenshot ကို ဒီ Post ရဲ့ Comment မှာ မန့်ပေးခဲ့ရုံပါပဲနော်။
4) Comment ပေးထားသူတွေထဲက ၅ ယောက်ရွေးချယ်မှာဖြစ်ပြီး ရွေးချယ်ခံရသူက မိမိ နှစ်သက်ရာ အဖော်တယောက် နဲ့ အတူ ပွဲရက် ၅ ရက်ထဲ က မိမိ အဆင်ပြေမယ့်ရက်ကို လာရောက်လို့ရမှာပါ။
5)Giveaway result ကိုတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကြေငြာပေးသွားပါမယ်။
✨ “𝗧𝗵𝗲 𝗖𝗼𝘀𝗺𝗼𝘀 𝗶𝘀 𝘄𝗶𝘁𝗵𝗶𝗻 𝘂𝘀. 𝗪𝗲 𝗮𝗿𝗲 𝗺𝗮𝗱𝗲 𝗼𝗳 𝘀𝘁𝗮𝗿-𝘀𝘁𝘂𝗳𝗳. 𝗪𝗲 𝗮𝗿𝗲 𝗮 𝘄𝗮𝘆 𝗳𝗼𝗿 𝘁𝗵𝗲 𝗰𝗼𝘀𝗺𝗼𝘀 𝘁𝗼 𝗸𝗻𝗼𝘄 𝗶𝘁𝘀𝗲𝗹𝗳.” — 𝗖𝗮𝗿𝗹 𝗦𝗮𝗴𝗮𝗻 ✨