Tourism Kachin

Tourism Kachin Tourism Kachin

15/01/2021
15/01/2021

မိုးကောင်းမြို့အနီး၌ အများပြည်သူလည်ပတ်နိုင်သည့် ရေတံခွန်နှစ်ခု ရှာဖွေတွေ့ရှိ
***********************************************
မိုးကောင်း ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် မိုးကောင်းမြို့အား ခရီးစဉ်ဒေသသစ် ဖော်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၉ ရက်က မိုးကောင်းမြို့ အနီး၌ အများပြည်သူများ လည်ပတ် အပန်းဖြေစရာနေရာဖြစ်လာမည့် ရေတံခွန်နှစ်ခုကို We Love Mo- gaung အဖွဲ့နှင့် ဒေသခံများပူးပေါင်း၍ ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်ဒေသသစ် ဖော်ဆောင်နေမှုနှင့်ပတ်သက်၍ We Love Mo- gaung အဖွဲ့ခေါင်းဆောင် ဦးဝင်းနိုင်က "ကျွန်တော်တို့အဖွဲ့ကို မိုးကောင်း ချစ်သူလူငယ်တွေနဲ့ ဖွဲ့စည်းထားတာ ပါ၊ ပထမ ဦးဆုံးဖော်ဆောင်ခဲ့တဲ့နေရာက လွိုင်ဟင်းချယ်တောင် တိမ်ပင်လယ်၊ ဒုတိယနေရာက ခေါက်စန်း တောင်ကျောက်သင်္ဘော၊ အခုတတိယ နေရာအဖြစ် "နနတ်ရွာဟောင်း ရေတံခွန်" နဲ့ "မန်ပင် နှစ်ထပ်ရေတံခွန်" တို့ပဲ ဖြစ်ပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ရေတံခွန်ထက် ပိုပြီးလှပတဲ့ရေတံခွန် နှစ်ခု လည်း ရှိနေသေးတဲ့အတွက် ဆက်လက်ဖော်ထုတ်သွားမှာပါ" ဟု ပြောသည်။

ပေါ်လာခဲ့

အဆိုပါ ရေတံခွန်နှစ်စင်းမှာ ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးကွယ် ပိတ်ဆို့နေပြီး We Love Mogaung အဖွဲ့နှင့် ဒေသခံများမှ ခုတ်ထွင် ရှင်းလင်းခဲ့ရာမှ ပေါ်လာခဲ့ခြင်းဖြစ်ကာ "နနတ်ရွာ ဟောင်းရေတံခွန်"မှာ အမြင့် ပေလေးဆယ်နီးပါးရှိပြီး "မန်ပင်နှစ်ထပ်ရေတံခွန်" မှာလည်း ပထမ အထပ်မှာ ပေ ၄၀ ခန့် အမြင့်နှင့် ဒုတိယ အထပ်မှာ ၂၅ပေခန့် အမြင့်ရှိကြောင်း သိရသည်။

အဆိုပါ ရေတံခွန်သည် မိုးကောင်းမြို့နယ်၊ လွဲလောကျေးရွာအုပ်စု၊ မန်ပင်ကျေးရွာအနီး၌ တည်ရှိပြီး မိုးကောင်းမြို့မှလေးမိုင်ခန့် ကွာဝေးကာ ရေတံခွန်သို့ သွားရောက်မည်ဆိုပါက မိုးကောင်းမြို့မှ မန်ပင်ကျေးရွာအထိ ကား၊ ဆိုင်ကယ်ဖြင့် သွားရောက်ရပြီး တောင်ခြေသို့ လယ်ကွင်းများကိုဖြတ်ကျော်ကာ လှည်းလမ်းအတိုင်းနာရီဝက် ခန့်လမ်းလျှောက် သွားရမည်ဖြစ် ကြောင်းနှင့် ဇန်နဝါရီ ၁၂ ရက်က လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိကြောင်း၊ မြစ်ကြီးနား အခြေစိုက်မြန်မာ့ရုပ်မြင်သံကြား (MRTV) တိုင်းရင်းသား အစီအစဉ်မှလည်း မှတ်တမ်း များ ရိုက်ကူးသွားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)

Source From: မြန်မာ့အလင်း

16-12-2020(1000~1200)ပြည်နယ် ဝန်ကြီး နှင့်MTM ဥက္ကဋ္ဌ ၊ဒု ဥက္ကဋ္ဌ ၊အတွင်းရေးမှူး၊တွဲ အတွင်းရေးမှူးDMO ဥက္ကဋ္ဌ များ(မြစ်က...
21/12/2020

16-12-2020
(1000~1200)
ပြည်နယ် ဝန်ကြီး နှင့်
MTM ဥက္ကဋ္ဌ ၊ဒု ဥက္ကဋ္ဌ ၊အတွင်းရေးမှူး၊တွဲ အတွင်းရေးမှူး
DMO ဥက္ကဋ္ဌ များ(မြစ်ကြီးနား ၊ပူတာအို၊ ဗန်းမော် ၊မိုးညှင်း)
တတ်သိပညာရှင် တို့နှင့် RTEC အတွင်းရေးမှူး(ကချင်)
DMO တနှစ်စာ A P နှင့် ကချင်ပြည်နယ်အတွက် ၅ နှစ်စာ
(2021~2025) M P ရေးဆွဲနိုင်ရေး Zoom meeting

15/12/2020

မြစ်ကြီးနား-မိုးကောင်းလမ်း ၊ (၁၉)မိုင် ၊ " မလိခ" ရေတံခွန်

15/12/2020

Address

No (15/2), Ayar Quarter
Myitkyina

Alerts

Be the first to know and let us send you an email when Tourism Kachin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tourism Kachin:

Share