Tourism Pyay

Tourism Pyay Hotels and Tourism Pyay

25/07/2026

သရေခေတ္တရာလို့ အမည်တွင်တယ့် ပြည် မြို့လေးဆီသို့ DEMU Aircon ရထားကြီးတွေ အမှန်တကယ် ရောက်ရှိလို့ လာပါပြီ 🇲🇲

10/07/2026
30/06/2026
ထိုင်းနိုင်ငံသားကမ္ဘာလှည့်ခရီးသည်(၃၇)ဦးသည်(၂၅-၆-၂၀၆)မှ(၂၈-၆-၂၀၆)အတွင်းရန်ကုန်-ပြည်-အကောက်တောင်/ပြည်-ရွှေတောင်-ရန်ကုန်ခရ...
29/06/2026

ထိုင်းနိုင်ငံသားကမ္ဘာလှည့်ခရီးသည်(၃၇)ဦးသည်(၂၅-၆-၂၀၆)မှ(၂၈-၆-၂၀၆)အတွင်းရန်ကုန်-ပြည်-အကောက်တောင်/ပြည်-ရွှေတောင်-ရန်ကုန်ခရီးစဥ်အတွင်းပြည်မြို့ရှိရွှေဆံတော်ဘုရားနင့်သရေခေတ္တရာမြို့ဟောင်းအတွင်းလည်ပတ်ခဲ့ပါသည်
🚘

ပြည်ဝင်ပြည်ထွက် စီးပွါးတက် အဓိဋ္ဌာန်  ပြည်ဝင်အဓိဋ္ဌာန်ကို စလုပ်မယ်ဆိုရင်တော့ရန်ကုန်ဖက်ကနေ လာမယ်ဆိုရင် ရွှေနတ်တောင်ဘုရား ...
28/06/2026

ပြည်ဝင်ပြည်ထွက် စီးပွါးတက် အဓိဋ္ဌာန်

ပြည်ဝင်အဓိဋ္ဌာန်ကို စလုပ်မယ်ဆိုရင်တော့

ရန်ကုန်ဖက်ကနေ လာမယ်ဆိုရင် ရွှေနတ်တောင်ဘုရား ကို အရင်ဆုံးဝင်ဖူးပြီး သက်ဆိုင်ရာ ဂြိုလ်နံထောင့်က ဘုရားတွေမှာ လိုအပ်တာတွေလှူဒါန်း ပြီး ပြည်ဝင်ပြည်ထွက်သိဒ္ဓိဝင် ဂါထာတော်ကို သတ်မှတ်ထားတဲ့ အခေါက်ရည်အတိုင်းရွတ်ရပါတယ်

ဒုတိယအနေနဲ့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး ဆီသွားဖူးပြီး အထက်ပါအတိုင်းပြုလုပ်ဆောင်ရွက်ရမှာပါ

တတိယအနေနဲ့ ရွှေဆံတော်ဘုရား မှာလဲ အတူတူဘဲ ပြုလုပ်လှူဒါန်းပြီးပြီဆိုရင်တော့ ပြည်ဝင်တာ ပြီးသွားပါပြီရှင်

ပြန်မယ့်ရက်ရောက်လို့ ပြည်ထွက်အဓိဋ္ဌာန်လေးစလုပ်မယ်ဆိုရင်

အရင်ဆုံး ရွှေဆံတော် ဘုရား သွား ပြီးမှ ရွှေဘုံသာမုနိဘုရား နောက်ဆုံး ရွှေနတ်တောင်ဘုရားဆိုပြီး အဆင့်ဆင့် ပြုလုပ်လှူဒါန်းပြီးမှ ​ပြည်ဝင်ပြည်ထွက် အဓိဋ္ဌာန် အောင်မြင်စွာ ပြီးဆုံးတာဖြစ်ပါတယ်😄
🚘

သရေခေတ္တရာမြို့ဟောင်း😄ကမ္ဘာအမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းကို ပြည်မြို့နဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာမှာရှိတာပါ။...
29/05/2026

သရေခေတ္တရာမြို့ဟောင်း😄

ကမ္ဘာအမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းကို ပြည်မြို့နဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာမှာရှိတာပါ။ ပြည်ကနေ ကားနဲ့သွားရင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်သွားရပါတယ်။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်း ၃ မြို့ထဲမှာလည်း အကြီးဆုံးမြို့ဟောင်းဖြစ်ပါတယ်။ ရှေးသုပညာရှင်တွေရဲ့ အဆိုမှာတော့ သရေခေတ္တရာမြို့ကို ခရစ်နှစ်(၄)ရာစုမှာ ထူထောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းနဲ့ သရေခေတ္တရာမှ စာပေအထောက်အထားအချို့မှာတော့ အေဒီ (၄ - ၆) ရာစုမှာ ပေါ်ပေါက်ဖွံဖြိုးလာခဲ့တာလို့ သိရပါတယ်။ မြို့ဟောင်းထဲကိုတော့ ဆိုင်ကယ်၊ ကားတို့နဲ့ လည်ပတ်ကြသလို တချို့လည်း နွားလှည်းလေးတွေစီးပြီး လည်ပတ်ကြပါသေးတယ်။
မြို့ဟောင်းမှာတော့ ထင်ရှားတဲ့ ဘောဘောကြီး၊ ဘဲဘဲကြီး၊ ဘုရားမာ၊ အောင်မြင်ဗာဟု၊ ရဟန္တာဂူ နဲ့ ရဟန္တာကန်၊ ဘုရားထောင်၊ အရှေ့စျေးဂူဘုရား၊ လေးမျက်နှာဂူဘုရား စတဲ့ဘုရားတွေကိုဖူးမြော်ရင်း ပျူခေတ်လက်ရာ၊ ယဉ်ကျေးမှုအငွေ့အသက်နဲ့ ပုဂံထက်စောတဲ့ ရှေ့ပြေးလက်ရာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရမှာပါ။ သုံးပန်လှဘုန်းကြီးကျောင်းနဲ့ လက်သည်းကန်၊ မှော်ဇာ သီရိခေတ္တရာပြတိုက်(ဝင်ကြေး မပေးရပါဘူး)၊ နန်းတော်ရာ၊ ဗိဿနိုးမိဖုရားသင်္ချိုင်းတော်၊ မသီးကျကုန်း၊ ခင်ဘကုန်း စတဲ့နေရာတွေကိုလည်း အချိန်ရရင်ရသလို လေ့လာလည်ပတ်လို့ရနိုင်ပါသေးတယ်။

Address

Pyay, Bago(west), Myanmar(Burma)
Pyay
08151

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+959423666599

Alerts

Be the first to know and let us send you an email when Tourism Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tourism Pyay:

Shortcuts

Share