
29/12/2024
"ရေဘေးသင့်ပြည်သူများအတွက် Myanmar Voyages International Tourism Company နှင့် စေတနာရှင်အများပြည်သူများ အတူတကွ ပူးပေါင်း၍ ဒုတိယအကြိမ် ကူညီလှူဒါန်းမှု"
Myanmar Voyages International Tourism Company မှ ဦးဆောင်ကာ Myanmar Business Travel Solutions, Khari Travel မိသားစုတို့နှင့်တကွ စေတနာရှင် မိသားစုများမှ ၂၀၂၄ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ ဒေသနေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံ မြေပြိုမှု ဒဏ်ကို ခံစား နေရသည့် ရေဘေးသင့်ပြည်သူများအား ကိုယ်တိုင်မြေပြင်သို့ သွားရောက်ကာ လှူဒါန်းခဲ့သည်များကို အများပြည်သူသာဓုခေါ်နိုင်စေရန် မျှဝေလိုက်ပါတယ် ✨
ကလောမြို့(၄)ရပ်ကွက်~ ကလောချောင်းဘေးရှိနေအိမ်အချို့ ရေဘေးသင့်ပျက်ဆီးခဲ့ရသဖြင့်ဒုက္ခသည်မိသားစု (၆၄)အိမ်အတွက်
အဝတ်အထည်
ဘိနပ်
အသုံးအဆောင်ပစ္စည်းများအား
အလှုရှင်များကိုယ်စား သွား
ရောက်လှုဒါန်းမှုအစုစုတို့အတွက်
သာဓုခေါ်ဆိုနိုင်ကြပါစေ~🙏🙏🙏
Together, we can make a difference."