Okkar Moe Htet Travel & Toure

Okkar Moe Htet Travel & Toure Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Okkar Moe Htet Travel & Toure, Travel Company, No. 13, Phoe Myay Street, Mingalar Taung Nyunt Township, Yangon.

passport လုပ်ရန်အတွက် ဝန်ဆောင်မှုရယူလိုသူများ ယုံကြည်စွာဖြင့် ဆက်သွယ်စာရင်းပေးနိုင်ပါပြီ🌎passport နှင့်ဆိုင်သော Qr ဝန်ဆေ...
31/01/2024

passport လုပ်ရန်အတွက် ဝန်ဆောင်မှုရယူလိုသူများ ယုံကြည်စွာဖြင့် ဆက်သွယ်စာရင်းပေးနိုင်ပါပြီ🌎

passport နှင့်ဆိုင်သော Qr ဝန်ဆောင်မှုအားလုံးကို အချိန်ကုန်မြန်ဆန်စွာနှင့် ဝန်ဆောင်မှုပေးနေပါပြီ💯

နိုင်ငံခြားသို့ခရီးထွက်ဖို့လိုအပ်သည်ဖြစ်စေ/ အလုပ်အတွက်ဖြစ်စေ/ ကျောင်းအတွက်ဖြစ်စေ လူကြီးမင်းတို့ Passport
📌အသစ်လျှောက်ခြင်း ( Pj/Pv/Ps/PE)
📌အပေျာက်လျှောက်ခြင်း
📌သက်တမ်းတိုးခြင်း
📌Pj > Pv, Pv > Pj ချိန်းခြင်း
Viber
အစရှိချင်းများpassport နှင့်ဆိုင်သော ဝန်ဆောင်မှုများကို ပုံမှန်စျေးနှုန်းနှင့်အချိန်တိုအတွင်း တာဝန်ယူဆောင်ရွက်ပေးနေပါပြီ

အထက်ပါအချက်တို့ကိုတန်းစီစရာ မလိုဘဲ မြန်မြန် ဆန်ဆန် ရနိုင်ရန် အတွက် ဝန်ဆောင်မှု ပေးနေပါပြီ

PASSPORT ကိစ္စများအတွက် အခက်ခဲတစုံ တစ်ရာ ရှိနေလျှင်လဲ ဆွေးနွေးတိုင်ပင်ဖို့ ကြွမြန်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ

လူကြီးမင်းတို့၏အခက်အခဲများကို အစွမ်းကုန် တတ်နိုင်သမျှကူညီဖြေရှင်းပေးမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်

📲09964370680
📲09791718434

Address အမှတ် ၁၃၊ ဖို့မြေလမ်း၊ သိမ်ဖြူ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့

Oversea and Domestic Flight Tickets များကိုအချိန်တိုတွင်း အိမ်ကနေဖုန်းလေးဆက်ပြီး ဝယ်ယူရရှိနိုင်ပါပြီရှင်ပြည်တွင်း ပြည်ပမ...
31/01/2024

Oversea and Domestic Flight Tickets များကိုအချိန်တိုတွင်း အိမ်ကနေဖုန်းလေးဆက်ပြီး ဝယ်ယူရရှိနိုင်ပါပြီရှင်

ပြည်တွင်း ပြည်ပမှ Hotel Booking ဝန်ဆောင်မှူ့လဲပေးနေပါပြီနော်

အသေးစိတ်စုံစမ်းဆက်သွယ်လိုပါက

📲Ticketing - 0994370680, 09791718434 ကိုရုံးချိန်အတွင်း ဆက်သွယ်လိုက်တော့နော် 🤗

🏠Address - အမှတ်(၁၃), မြေညီထပ်, ဖို့မြေလမ်း၊ သိမ်ဖြူစျေးမှတ်တိုင်နီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့





👉👉စာကိုသေချာလေးဖတ်ပေးပါခင်ဗျာ👈👈====================================✈️💳လေယာဉ်လက်မှတ် ဝယ်တဲ့အခါတချို့က ကလေးဆိုရင် လက်မှတ်ဝ...
31/01/2024

👉👉စာကိုသေချာလေးဖတ်ပေးပါခင်ဗျာ👈👈
====================================
✈️💳လေယာဉ်လက်မှတ် ဝယ်တဲ့အခါ
တချို့က ကလေးဆိုရင် လက်မှတ်ဝယ်စရာ မလိုဘူးလို့ ထင်တတ်ကြပါတယ်။
မဟုတ်ပါဘူး။ ကလေးဆိုရင်လည်း ကလေးလက်မှတ် ဝယ်ရပါတယ်။ အသက် ၂ နှစ်အောက်ကလေးဆိုရင် ရင်ခွင်ပိုက်ကလေးလက်မှတ်နဲ့ အသက် ၁၂ နှစ်အောက်ဆိုရင် ပုံမှန်ကလေးလက်မှတ် ဝယ်ရပါတယ်။
ဒီလိုမျိုး လေယာဉ်လက်မှတ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကို စုစည်း ဖော်ပြပေးထားပါတယ်။

🧚‍♀️ကလေးဆို လက်မှတ်ဝယ်ရလား ..?

👌ဝယ်ရပါတယ်။ မွေးကင်းစမှစပြီး လေကြောင်းလိုင်း အားလုံးအတွက် ကလေးလက်မှတ် ဝယ်ယူရပါတယ်။

🧚‍♀️ ကလေးလက်မှတ်ခ ဘယ်လောက်လဲ ..?

👌 (က) - မွေးကင်းစမှ အသက် (၂) နှစ်အောက် အရွယ်ကို ရင်ခွင်ပိုက် (Infant) ဟု လေကြောင်းလိုင်းများမှ သတ်မှတ်ပါတယ်။ ပြည်တွင်းလေကြောင်းများအတွက် လူကြီး၏ 10% နှုန်းခန့် ပေးဆောင်ရပါတယ်။ ထိုင်ခုံမရပါ။ လေယာဉ်ခရီးစဉ် တစ်ခုမှာ ရင်ခွင်ပိုက် (၄) ဦးသာ လက်ခံပါတယ်။ (၄) ဦးထက်ကျော်နေမယ်ဆိုရင် ရင်ခွင်ပိုက် ဖြစ်သော်လည်း ကလေး (Child) တစ်ယောက်ခုံ ဝယ်ယူရမှာပါ။

👌 (ခ) - အသက် (၂) နှစ်မှ (၁၂) နှစ်ကြား အရွယ်ကို ကလေး (Child) ဟု လေကြောင်းလိုင်းများမှ သတ်မှတ်ပါတယ်။ (၂-၁၂) အရွယ်အတွက် လေယာဉ်လက်မှတ်ဝယ်ယူပါက လူကြီးလေယာဉ်လက်မှတ် တန်ဖိုးရဲ့ 75% နှုန်းခန့် ပေးဆောင်ရပါတယ်။ အချို့သော လေကြောင်းလိုင်းများက 80% နှုန်းခန့် ကောက်ခံပါတယ်။

လူကြီးလိုပဲ လေယာဉ်ပေါ်မှာ ထိုင်ခုံတစ်ခုံ ရပါတယ်။ လူကြီးတစ်ယောက်ရဲ့ အခွင့်အရေးအတိုင်း ကီလို (Kg) သယ်ဆောင်ခွင့်၊ အစားသောက်ကျွေးသော ခရီးဖြစ်ပါက ကလေးအတွက်လည်းရပါတယ်။

🧚‍♀️ ကလေးလေယာဉ်စီးဖို့ ဘာတွေလိုအပ်လဲ ..?
- မွေးစာရင်း လိုအပ်ပါတယ်။

📣 ကိုယ်ဝန်ဆောင် လေယာဉ်စီးလို့ရလား ..? ကိုယ်ဝန်ဘယ်နှစ်လအထိ စီးလို့ရလဲ ..?

👌 (က) - ကိုယ်ဝန်ဆောင်ကာလ (၂၆) ပတ်အထိ ပြည်တွင်း လေကြောင်းများမှာ စီးနိုင်ပါတယ်။ ပုံမှန်ဆေးခန်း ပြထားတဲ့ PREGNANCY HISTORY (ကိုယ်ဝန်ဆောင်မှတ်တမ်း) လိုအပ်ပါတယ်။

👌 (ခ) - ကိုယ်ဝန်ဆောင်ကာလ (၂၆) ပတ်မှ (၃၀) ပတ်အတွင်း ဆရာဝန်ထောက်ခံစာဖြင့် ခရီးသွားနိုင်ပါတယ်။

👌 (ဂ) - ကိုယ်ဝန်ဆောင်ကာလ (၃၀) ပတ်ကျော်ပါက မရပါ။

**မှတ်ချက် - လေကြောင်းလိုင်း တစ်လိုင်းနှင့်တစ်လိုင်း၊ ခရီးစဉ် တစ်ခုနှင့်တစ်ခု အတွက် ကန့်သတ်ချက်များ မတူညီကြပါ။ လေယာဉ်လက်မှတ် ဝယ်ယူသော ခရီးသည်မှာ ကိုယ်ဝန်ဆောင် ဖြစ်ပါက ကြိုတင်အသိပေးရန် လိုအပ်ပါတယ်။ ထိုသို့အသိမပေးဘဲ လေဆိပ်ရောက်သွားပါက လေယာဉ်စီးခွင့်မရလျှင် ဝယ်ယူသူမှ တာဝန်ယူရပါမယ်။**

📢 ပြည်တွင်းလေယာဉ်စီးဖို့ မှတ်ပုံတင်မရှိရင်ရလား ..?

💳 လက်ရှိသတ်မှတ်ချက်အရ မှတ်ပုံတင်မူရင်းပါမှ လေယာဉ်စီးလို့ရနိုင်ပါတယ်။ မှတ်ပုံတင်မရှိရင် မရပါ။

📣 လမ်းမလျှောက်နိုင်ပါ၊ လေယာဉ်စီးလို့ရနိုင်မလား ..?

👌 ရပါတယ်။ လေယာဉ်မစီးမီ အသိပေးကာ ဘီးတပ်ကုလားထိုင် (Wheel Chair) တောင်းခံရပါမယ်။ ပြည်တွင်းလေကြောင်း ခရီးစဉ်များအတွက် အခမဲ့ ဖြစ်ပါတယ်။ သို့သော် အချို့လေကြောင်းလိုင်းများတွင် ဘီတပ်ကုလားထိုင် ဝန်ဆောင်ခ ပေးရပါတယ်။

📢 ကျမ်းမာရေး မကောင်းပါ၊ လေယာဉ်စီးလို့ရနိုင်ပါသလား ..?

👌ကျမ်းမာရေး မကောင်းသော်လည်း လေယာဉ် အတက်/အဆင်း အတွက် ခံနိုင်ရည်ရှိတယ်၊ လမ်းလျှောက်နိုင်မယ်၊ ထိုင်နိုင်မယ် ဆိုရင် လေကြောင်းလိုင်းများမှ လေယာဉ်စီးခွင့်ပြုနိုင်ပါတယ်။

သို့သော် .. မကြာခဏ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ စိတ်ကျမ်းမာရေး ချို့ယွင်းခြင်း၊ တုံးလုံး (မထိုင်နိုင်) ဖြစ်နေခြင်း နှင့် ကူးဆက်လွယ်သည့် ရောဂါများ ဖြစ်နေပါက စီးခွင့်မရှိပါ။

လေကြောင်းလိုင်းများက လေယာဉ်စီးမယ့် ခရီးသည်အား တင်ဆောင်ရန်မသင့်ဟု သတ်မှတ်ပါက လေယာဉ်စီးခွင့် မရနိုင်ပါ။

📣 လေယာဉ်လက်မှတ် အိမ်အရောက် ပို့ဆောင်ပေးပါသလား ..? လေဆိပ်ရောက်မှ ငွေပေးလို့ရလား ..?

💳 (က) - လေယာဉ်လက်မှတ် အိမ်အရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မရနိုင်သေးပါ။ အိမ်အရောက် ပို့ဆောင်ခြင်းထက် အကုန်အကျ သက်သာပြီး၊ လွယ်ကူမြန်ဆန်သော အွန်လိုင်း (Messenger, Viber, Email) မှတစ်ဆင့် E-Ticket မူရင်းအား ပို့ဆောင်ပေးပါတယ်။ လက်မှတ်ကို စာရွက်အနေဖြင့် ကိုင်ဆောင်သွားလိုပါက မြန်ထရစ်မှပို့ပေးသော E-Ticket ကို print ထုတ်ပြီးကိုင်ဆောင်သွားလို့ရပါတယ်။

✈️ (ခ) - လေဆိပ်ရောက်မှ ငွေပေးလို့ မရနိုင်ပါ။ လေယာဉ်လက်မှတ် Booking တင်ပြီးသည့်နောက် သတ်မှတ်အချိန်နာရီပိုင်းအတွင်း ငွေပေးချေပြီးမှ E-Ticket ထုတ်ပေးပါတယ်။ အဆိုပါ E-Ticket ကို လေဆိပ်ရောက်တဲ့အခါ သက်ဆိုင်ရာ လေကြောင်းလိုင်းကောင်တာမှာ ပြသပြီး လေယာဉ်စီးသွားလို့ ရနိုင်ပါတယ်။

📢 ဝယ်ယူထားသော လက်မှတ်အား ရက်ချိန်းလို့ရပါသလား ..? လူစားထိုး စီးလို့ရပါသလား ..?

✈️ (က) - လေယာဉ်လက်မှတ် အများစုမှာ ရက်ချိန်းစီးလို့ ရနိုင်ပါတယ်။ ရက်ချိန်းခ ပေးရနိုင်ပါတယ်။ လေယာဉ်မထွက်မီ အနည်းဆုံး (၂၄) နာရီ (ရုံးချိန်အတွင်း) ကြိုတင်ဆောင်ရွက်ရပါမယ်။ အချို့သော အထူးပရိုမိုးရှင်း လက်မှတ်များအတွက်မူ ရက်ချိန်းခွင့် မရနိုင်ပါ။

📢 (ခ) - လေယာဉ်လက်မှတ် အများစုမှာ လူစားထိုးစီးခွင့် မရနိုင်ပါ။ ဒါကြောင့် မစီးဖြစ်လို့ လက်မှတ်ပြန်ရောင်းတာမျိုး မရနိုင်ပါ။ ဝယ်ထားတဲ့လက်မှတ်ကို မစီးဖြစ်ခဲ့ရင် ရက်ပြောင်းစီးတာ၊ ပြန်အမ်းငွေတချို့တစ်ဝက်ပြန်ထုတ်တာမျိုးတွေပဲ ရနိုင်ပါတယ်။

လူစားထိုးခွင့်ရသော လက်မှတ်ဖြစ်ပါကလည်း လူချိန်းခ ပေးရပါတယ်။ လူချိန်းခမှာ လေကြောင်းလိုင်းများမှ သတ်မှတ်ပါတယ်။

📢 လေယာဉ်လက်မှတ် မသွားဖြစ်တော့ပါ၊ ငွေပြန်ထုတ်လို့ ရပါသလား ..?

👌 အချို့သော ပြည်တွင်း လေယာဉ်လက်မှတ်များ၊ ပရိုမိုးရှင်း လေယာဉလက်မှတ်များ အတွက် ငွေပြန်ထုတ်၍ မရနိုင်ပါ။ ငွေပြန်အမ်းခြင်းအတွက် ဆုံးဖြတ်ချက်သည် လေကြောင်းလိုင်းမှ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ပါတယ်။

လေကြောင်းလိုင်း တစ်လိုင်းနှင့် တစ်လိုင်း၊ မိမိဝယ်ယူထားသော လက်မှတ်တန်ဖိုးများ အလိုက် စည်မျဉ်းသတ်မှတ်ချက်များ ရှိပါတယ်။ ငွေပြန်ထုတ်၍ ရနိုင်ပါကလည်း လေကြောင်းလိုင်းများမှ စီစစ်ထုတ်ပေးသော ရာခိုင်နှုန်းနှင့် ကြာချိန်အား စောင့်ဆိုင်းပြီးမှသာ ငွေပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ပြန်အမ်းငွေ အပြည့်မရနိုင်ပါ။

📣 လေယာဉ်လက်မှတ် Booking တင်ထားပေးပါ။ လေဆိပ်ရောက်မှ ငွေပေးချေလို့ ရနိုင်ပါသလား ..?

🤷‍♂️ မရနိုင်ပါ။ လေယာဉ်လက်မှတ် ဆိုသည်မှာ Booking တင်ထားပြီးနောက် လေကြောင်းလိုင်းစနစ်မှ သတ်မှတ်ပေးထားသော အချိန်ကာလအတွင်း ငွေပေးချေပြီးမှသာ လေယာဉ်စီးခွင့်လက်မှတ် (E-Ticket) ထုတ်ပေးပါတယ်။ အဆိုပါ E-Ticket နဲ့ လေဆိပ်သို့ သွားရောက် စီးနင်းရသော ခရီးသွား အမျိုးအစားတစ်ခုဖြစ်ပါတယ်။

📢 လေဆိပ်ရောက်မှာ လေယာဉ်လက်မှတ် ဝယ်လို့ရနိုင်ပါသလား ..?

✈️ လက်မှတ်ကျန်ရင်တော့ လေဆိပ်ကောင်တာမှာ ဝယ်ယူလို့ရနိုင်ပါတယ်။ မသေချာပါ။ ကြိုတင်ဝယ်ယူခြင်းကသာ အချိန်ကုန်၊ လူပင်ပန်းမှုကို သက်သာစေနိုင်ပါတယ်။

အဝေးပြေးကားတွေနဲ့ ခရီးသွားတဲ့အခါ - ကားဂိတ်ရောက်မှ လက်မှတ်ဝယ်ပြီး စီးနင်းသော ခရီးသွားပုံစံကို GO SHOW ဆင်းဝယ်တယ်လို့ ခေါ်ပါတယ်။ ဒီလိုပဲ လေဆိပ်ရောက်မှ လက်မှတ်ဝယ်ပြီး စီးသွားတာကို GO SHOW ဆင်းဝယ်တယ်လို့ ခေါ်ပါတယ်။

GO SHOW ဆင်းဝယ်တဲ့အခါ လေယာဉ်မထွက်ခွာမီ ထိုင်ခုံကျန်မှသာ လက်မှတ်ရနိုင်ပါတယ်။ လက်မှတ်ဈေးနှုန်းကလည်း ကြိုတင်လက်မှတ် ဝယ်ယူထားသူတွေထက် (၂) ဆခန့် ဈေးကြီးနိုင်ပါတယ်။ ဘယ်လောက် ပေးရမလဲဆိုတာကို ကြိုတင်မသိနိုင်ပါ။

"ကြိုတင်ပြင်ဆင်၊ အောင်ပွဲဝင်" ဆိုတဲ့အတိုင်း ဘယ်လက်မှတ်ပဲဝယ်ဝယ် အတတ်နိုင်ဆုံး ကြိုတင်ဝယ်ယူပါ။ ၃/၄ ရက်လောက် ကြိုဝယ်ထားပါ။ မနက်ဖြန်ထွက်မယ့် လေယာဉ်အတွက် ဒီနေ့ဝယ်ယူခြင်းကိုတော့ ကြိုတင်ဝယ်ယူခြင်းဟု မသတ်မှတ်နိုင်ပါ။ **သို့သော်လည်း သွားဖြစ်ဖို့ သေချာမှ ကြိုဝယ်ပါ။**

📢 လေယာဉ်လက်မှတ်မှာ ကီလို (Kg) ဘယ်လောက်ပါသလဲ ..?

ပြည်တွင်းလေကြောင်းလိုင်း အားလုံးအတွက် လက်ဆွဲ (7 Kg) နှင့် ခရီးဆောင်အိတ် (20 Kg) အခမဲ့ သယ်ဆောင်ခွင့် ပါဝင်ပါတယ်။ အချို့သော လေယာဉ်ထိုင်ခုံ အမျိုးအစားများ အတွက် (30 Kg) သယ်ဆောင်ခွင့် ပါဝင်ပါတယ်။

သတ်မှတ် Kg ထက်ပိုနေပါက၊ ပိုနေတဲ့ ကီလိုအလိုက် အပိုကြေးပေးဆောင်ရပါတယ်။ 1 Kg အတွက် 2000 ကျပ်ခန့် ပေးဆောင်ရတတ်ပါတယ်။ (1 Kg) အလေးချိန်က အကြမ်းဖျင်း ရေသန့်ဘူး တစ်လီတာရဲ့ အလေးချိန်နဲ့ တူညီပါတယ်။
crd myantrip

31/01/2024

📣ကျွန်တော်တို့ Okkar Moe Htet T&T မှ Passport နှင့်ဆိုင်သော ဝန်ဆောင်မှုအားလုံးကို အချိန်ကုန်မြန်ဆန်စွာနှင့် ဝန်ဆောင်မှုပေးနေပါပြီ။ QR Code Service ပေးနေပါပြီနော်၊

📌Pv - Visit Passport
📌Pj - Job Passport
📌Ps - Seaman Passport
📌Pe - Education Passport နှင့်အခြားသော Passport အမျိုးအစားအားလုံးကို

နိုင်ငံခြားသို့ အလည်ခရီးထွက်ဖို့လိုအပ်သည်ဖြစ်စေ

အလုပ်အတွက်ဖြစ်စေ

နိုင်ငံခြားမှာ ဆေးကုဖို့လိုအပ်နေသူများ

ကျောင်းသွားတက်မည့်သူများ အတွက်ဖြစ်စေ လူကြီးမင်းတို့ Passport
အသစ်လျှောက်ခြင်း ( Pj/Pv/Ps/Pe)
အပျောက်လျှောက်ခြင်း
သက်တမ်းတိုးခြင်း
📕Pj > Pv, Pv > Pj ချိန်းခြင်း အစရှိသည့် Passport နှင့်ဆိုင်သော ဝန်ဆောင်မှုများကို ပုံမှန်စျေးနှုန်းနှင့်အချိန်တိုအတွင်း တာဝန်ယူဆောင်ရွက်ပေးနေပါပြီ

💯% ယုံကြည်စိတ်ချစွာဖြင့်ဝန်ဆောင်မှုရယူနိုင်ပါသည်။

📲09 9964370680 ကိုအခုပဲဆက်လိုက်ပါ။

ချစ်ရတဲ့တူလေး Ohkar Min Tun (Primary 2)ပြိုင်ပွဲဝင်ပုံလေးပါနိုင်ရင် UK ထိသွားပြိုင်ရမှာမို့ ကလေးရဲ့ Passion ဖြစ်တဲ့ အရာလ...
29/08/2020

ချစ်ရတဲ့တူလေး Ohkar Min Tun (Primary 2)
ပြိုင်ပွဲဝင်ပုံလေးပါ
နိုင်ရင် UK ထိသွားပြိုင်ရမှာမို့
ကလေးရဲ့ Passion ဖြစ်တဲ့ အရာလေးကို ဝိုင်းSupportကြရအောင်

( ❗❗ React မဟုတ်ပါဘူး ➡ Share ⬅ လုပ်ပေးရမှာပါနော် ❗❗ )

Thx 🙏

Age 7-8

ကျွန်တော်များ Okkar Moe Htet Travel & Toure Co,Ltd.မှ နယ်ဝေး/ မြို့တွင်း  အပန်းဖြေခရီး၊ဘုရားဖူးခရီးစဉ်များအတွက် ကားငှား ...
06/02/2018

ကျွန်တော်များ Okkar Moe Htet Travel & Toure Co,Ltd.
မှ နယ်ဝေး/ မြို့တွင်း အပန်းဖြေခရီး၊ဘုရားဖူးခရီးစဉ်များအတွက်
ကားငှား လိုပါက Toyota Hiace (၁၅ယောက်စီး)၊Mazada Biante (၈ယောက်စီး) နှင့် အခြား မိသားစု စီးကားများအား ဈေးနှုန်း ချိုသာ စွာဖြင့် ငှားရမ်း နိုင်ပါသည်။
Ph- 09791718434
- +959977011712
- 09964370680

01/09/2017

ကျွန်တော်များကုမ္ပဏီမှ နယ်အရပ်ရပ်သို့ချိုသာသောဈေးနှုန်းဖြင့်ကျွမ်ကျင်သောယာဉ်မောင်းများအားအသုံးပြု ၍ ဝန်ဆောင်မှုပေးနေပါပြီ။၁၅ယောက်စီးကားများ ။ Delivery ကားများဖြင့် ပစ္စည့် ပို့ပေးချင် များကိုလဲ လူကြီး မင်းတို့စိတ်တိုင်းကြဆောင်ရွှက်ပေးနေပါပြီ
ph 09791718434/ 09964370680

Address

Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Okkar Moe Htet Travel & Toure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category