23/07/2026
"ခရီးသွားရုံတင်မဟုတ်ဘဲ ဘဝအတွက် ကုသိုလ်ထူးတွေ ယူဆောင်မယ့်ခရီး"
"ဘာကြောင့် Buddha Gaya ကို လူတွေ တစ်သက်မှာ တစ်ခေါက်တော့ သွားချင်ကြတာလဲ"
“တစ်သက်မှာ တစ်ခေါက်တော့ Buddha Gaya ကို သွားဖူးချင်တယ်...
ဒီစကားကို သင်လည်း ကြားဖူးမှာပါ။
ဒါပေမယ့် ဘာကြောင့်လဲ?
ဘာကြောင့် မြန်မာနိုင်ငံကနေ ကီလိုမီတာ ထောင်ချီဝေးတဲ့ နေရာကို လူတွေ အချိန်၊ ငွေ၊ အားထုတ်မှုတွေ သုံးပြီး သွားချင်ကြတာလဲ?
အဖြေက ရိုးရှင်းပါတယ်။
အဲဒီနေရာဟာ သာမန် ခရီးသွားနေရာ မဟုတ်ပါဘူး။
အဲဒီမြေပေါ်မှာ မင်းသားသိဒ္ဓတ္ထဟာ သစ္စာတရားကို ရှာဖွေဖို့ အပြင်းအထန် ကျင့်ကြံခဲ့ပါတယ်။
အဲဒီ ဗောဓိပင်အောက်မှာပဲ အမှောင်ကို အလင်းဖြစ်စေတဲ့ ဉာဏ်အလင်း ပွင့်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး "သိဒ္ဓတ္ထမင်းသား” ဟာ “ဗုဒ္ဓ” ဖြစ်လာခဲ့ပါတယ်။
ဒီနေ့ထိလည်း ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာဝင် သန်းပေါင်းများစွာက ဒီမြေကို ကုသိုလ်ယူဖို့၊ ဂါရဝပြုဖို့၊ စိတ်ငြိမ်းချမ်းမှု ရှာဖို့ လာရောက်ကြပါတယ်။
တချို့ခရီးတွေက ဓာတ်ပုံတွေ ကျန်ရစ်စေပါတယ်။
ဒါပေမယ့် Buddha Gaya ခရီးကတော့ စိတ်ထဲမှာ အမှတ်တရတစ်ခု၊ ယုံကြည်ခြင်းတစ်ခု၊ ကုသိုလ်တစ်ခု ကျန်ရစ်စေပါတယ်။
နောက် Episode မှာတော့...
*လုမ္ဗိနီ - ဗုဒ္ဓမြတ်စွာဘုရားရှင် ဖွားမြင်တော်မူခဲ့တဲ့ မြင့်မြတ်သောမြေ” အကြောင်းကို အတူဖတ်ရှုကြပါစို့။
လာမယ့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှာ Bawdi Yadanar Travel & Tour အနေနဲ့ ဒီလိုသမိုင်းဝင် သံဝေဇနိယ ၄ ဌာန အပါအဝင် ဗုဒ္ဓဝင်ဆိုင်ရာ နေရာအစုံအလင်ကို သွားရောက်မယ့် "အိန္ဒိယ-ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်" ကို စီစဉ်ထားပါတယ်ရှင်။
→ Visa၊ လေယာဉ်လက်မှတ်၊ - Hotel၊ အစားအသောက်မှစ၍ … သွားလာရေးအထိ အစအဆုံး စနစ်တကျ တာဝန်ယူပေးမှာမို့ လူကြီးမင်းတို့အနေနဲ့ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူရုံပါပဲ။
ဒီဇင်ဘာလဟာ ရာသီဥတုအကောင်းဆုံးဖြစ်ပြီးFlight Seat နဲ့ Hotel အကန့်အသတ်ရှိတာကြောင့် အမြန်ဆုံး ကြိုတင်စာရင်းပေးသွင်းလိုက်ပါရှင်။ +
Bawdi Yadanar Travel & Tour - ယုံကြည်စိတ်ချစွာဖြင့် ကုသိုလ်ခရီး အတူလျှောက်လှမ်းစို့။ (ဖုန်းနံပါတ်၊Viber- [09765209733၊ 09429165595၊ 09254311308]တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။