Dream Place Travels&Tours

Dream Place Travels&Tours Dream Place Travels & Tours သည်ဧည့်သည်များ
စိတ်ချမ်းသာမှုကို ငွေကြေးထက်ပို၍တန်ဖိုးထားပါသည်

03/05/2026

“ကနေဒါကို ဘယ်လိုသွားလို့ရမလဲ?” 🇨🇦

ဒီမေးခွန်းကို ကျွန်တော်ကို လာမေးတဲ့သူတွေ တော်တော်များပါတယ်။

တချို့က မြန်မာပြည်ကနေ၊
တချို့ကတော့ ဂျပန်၊ စင်ကာပူ၊ ဒူဘိုင်း၊
ထိုင်းကနေတဆင့်“ဘယ်လိုကူးရမလဲ”
ဆိုပြီး မေးလာကြတာတွေ့ရတယ်

အရင်ဆုံးပြောချင်တာက
ကျွန်တော်သည် professional visa consultant မဟုတ်ပါဘူး။

ဒါကြောင့် ဒီ post က ကျွန်တော်ရဲ့ ကိုယ်တိုင်ကြုံခဲ့တဲ့ experience ပေါ်မူတည်ပြီးပဲ ပြောထားတာဖြစ်ပြီး
လူတိုင်းရဲ့ လမ်းကြောင်းက မတူနိုင်ပါဘူး။

📌 ကျွန်တော့် story တစ်စိတ်တစ်ပိုင်း

ကျွန်တော် ကနေဒါလာဖို့ ကြိုးစားချိန်မှာ
အသက် ၂၇ ဝင်ခါစ။

မြန်မာအစိုးရတက္ကသိုလ်က ဘွဲ့ရ
ဒါပေမဲ့ ပညာနဲ့ဝေးကွာနေတာ ၆ နှစ်ကျော်ခဲ့ပြီး

အင်တာနေရှင်နယ်ကျောင်းထွက်မဟုတ်တော့
အင်္ဂလိပ်စာလည်း မကောင်း

အနောက်နိုင်ငံကိုသွားပြီး ဘဝကိုစမယ်ဆိုတာလည်း တခါမှ မစဉ်းစားဖူးခဲ့တဲ့အရာ

ပြည်ပမှာ အလုပ်လုပ်ဖူးပေမဲ့
ခေတ်ကောင်းချိန်မှာ အမိမြေပြန်အလုပ်လုပ်ခဲ့တယ်

ဒါပေမဲ့ နိုင်ငံရေးအခြေအနေကြောင့်
ဆက်နေလို့ မရတော့ဘဲ

စင်ကာပူကို ပြန်ထွက်လာခဲ့ရတယ်။

အဲ့ဒီအချိန်မှာ…
လမ်းပျောက်နေခဲ့တယ်။

💡 ဘဝရဲ့ အလှည့်အပြောင်း

တနေ့မှာ အသိအမတယောက်က

“မင်းအရည်အချင်းနဲ့ အနောက်နိုင်ငံမှာ
အခွင့်အလမ်းပိုရှိတယ်”

ဆိုပြီး အတွေးတခု ထည့်ပေးခဲ့တယ်။

အဲ့ဒီအချိန်က AI တွေမရှိသေးတော့
အနောက်နိုင်ငံနဲ့ပတ်သက်တာတွေလေ့လာဖို့
Google နဲ့ YouTube ပဲ အားကိုးခဲ့ရတယ်။

* Canada မှာ အသိမရှိ
* မေးမယ့်သူမရှိ
* Facebook group တွေမှာ မေးရင်လည်း ကိုယ်လိုချင်တဲ့ info အတိအကျမရ

သွားဖို့ပြင်ဆင်သူတွေကိုကြည့်လိုက်ရင်
သူတို့က already prepared ဖြစ်ပြီးသား
(ပညာရေး၊ ငွေကြေး၊ background)

ကိုယ့်ကိုယ်ကို ကြည့်ရင်… Nothing

“ငါနဲ့မဖြစ်နိုင်ဘူးလား?” ဆိုပြီး စိတ်ကျမိတယ်။

🔥 ဒါပေမဲ့… မလက်လျော့ခဲ့ဘူး

တနေ့မှာ စာပို့မေးဖူးတဲ့ကနေဒါကျောင်းတခုက reply ပြန်လာတယ်။

👉 “IELTS 7.5 ရရင် ကူညီနိုင်တယ်” လို့ပြောတယ်။

ဒါနဲ့…
အင်္ဂလိပ်စာကို သေချာ လေ့လာခဲ့တယ်

* သင်တန်းတွေကစျေးကြီးတော့မတက်နိုင်
* YouTube
* Online resources
* ကိုယ်တိုင် self study လုပ်

နေ့တိုင်း အရူးလိုတယောက်တည်း စကားပြောလေ့ကျင့်တယ်

၃ လနီးပါး ကြိုးစားပြီး

👉 တခါတည်းနဲ့ 7.5 ရသွားတယ်

🎓 ကျောင်းလျှောက်တဲ့အချိန်

* ဘာဘာသာရွေးမလဲ → ကိုယ်ဝါသနာနဲ့ကိုက်ညီတာရွေး သူများပြောတာနားမယောင်မိဖို့အရေးကြီး

* Scholarship → ကနေဒါ မရှိသလောက်ရှား

ဒါပေမဲ့… ရှာရင်းဖွေရင်း ကျောင်း Website တခုမှာ Essay ရေးပြီး ပြိုင်ရတဲ့ Student Award တခုကိုတွေ့ပြီး ကံစမ်းလိုက်တာ

👉 $3000 discount ရခဲ့တယ်

🛂 Visa အပိုင်း

ဒီနေရာက အခက်ဆုံး

* Bank statement နဲ့ပိုင်ဆိုင်မှု
* Job proof
* SOP (ဘာကြောင့် Canada သွားချင်လဲ)
* Home ties (ပြန်လာမယ်ဆိုတာ prove)

ကံကောင်းစွာနဲ့
အသိမိတ်ဆွေတချို့က စာရွက်စာတမ်းအတွက်
ကူညီပေးလို့

👉 Visa ရခဲ့တယ်

⚠️ လာချင်တဲ့သူတွေ သိထားသင့်တာ

1. English က အဓိက

* တနေ့ 1–3 နာရီ လေ့ကျင့်ပါ

2. တက်မဲ့ဘာသာရပ်နဲ့ အလုပ်ထပ်တူကျဖို့

* သူများပြောတာနောက်မလိုက်ပါနဲ့

3. အလုပ်မရွေးလုပ်နိုင်ဖို့လိုတယ်

* Canada မှာ အလုပ်အရမ်းရှားပါတယ်

ဒါပေမဲ့မပျင်းမရိတဲ့သူတွေအတွက်နေရာတခုတော့နေရာတခုရှိစမြဲပါ

4. ပထမ ၂ နှစ် = သေအောင်ရုန်း

* စိတ်ပိုင်းဆိုင်ရာ + ငွေကြေး

5. PR ထိသွားမယ်ဆို

* တက်မဲ့ ဘာသာ ရပ်ကိုသေချာရွေးပါ
* Demand များတဲ့ Health Care ပိုင်းသွားပါ
* Master တိုင်းကလည်း PR မလွယ်ပါ
* မြို့ကြီးတွေထပ်နယ်မြို့ငယ်လေးတွေသွားပါ
* တစ်နှစ်လောက်အချိန်ရှိသေးရင်
ပြင်သစ်စာသင်လာပါ

* ပြင်သစ်စကားတတ်ရင် အလုပ်ရော PR ပါ အရမ်း
လွယ်ပါတယ်

⚠️ Reality (Dark side)

Canada ကို အိပ်မက်လိုထင်ကြပေမဲ့…

* အလုပ်ရှားတယ်
* အိမ်ငှါးခ အခွန် မြင့်တယ်
* အိမ်ယာမဲ့, drug issue တွေမြင်ရတယ်
* မူးယစ်စေတဲ့ အရာတွေက အလွယ်တကူရ
* လူတွေ တစ်ကိုယ်ကောင်းဆန်တတ်တယ်

👉 Singapore / Japan လောက် မသာယာပါဘူး

❗ Final message

👉 “ဖြစ်ချင်တန်ရင် ဖြစ်လာပါမယ် “

ဒါပေမဲ့ အမှန်တရားကို လက်ခံနိုင်မှ လာပါ”
အပေါ်ယံနိုင်ငံရဲ့အလှတရားတွေကိုကြည့်ပြီး
လှည့်စားမခံပါနဲ့ ကိုယ်နဲ့ကိုက်ညီမညီသေချာ
လေ့လာပါ အသေးစိပ် လူနေမှုဘဝကနေ
ရာသီဥတုအနေထားထိ

👉 Agent တွေကို အယုံမလွယ်ပါနဲ့
👉 ကိုယ်တိုင် research လုပ်ပါ
👉 Google, YouTube, ChatGPT ကို အသုံးချပါ

ဒီ post ကို ဖတ်ပြီး…
“လာချင်သေးလား?” ဆိုတာ ကိုယ်တိုင် မေးကြည့်ပါ။

➡️ ကိုယ်မိတ်ဆွေ အသိုင်းဝိုင်းရယ်

ကနေဒါလာချင်တဲ့သူ လာဖို့ ကြိုးစားနေသူတွေကို

မန်းရှင်းခေါ် Tag တွဲပြီး များများ

Share ပေးပါ တကယ်လိုအပ်နေသူတွေအတွက်

အချက်အလက်အများကြီးရနိုင်ပါတယ် ❤️

03/05/2026

ည ၁၁ နာရီလောက်…
အလုပ်ပြီး အိမ်ပြန်လာတဲ့ လမ်းပေါ်မှာ အပူချိန်ကအနုတ် ၁၅ ထိကျနေပြီး တိုက်တဲ့ လေတွေက ခန္ဓာကိုယ်တခုလုံး ခိုက်တုန်တဲ့အထိအရမ်းအေးနေတယ်။

ဖုန်းထဲကို ကြည့်လိုက်တော့
အမေက “စားပြီးပြီလား” အမေတို့ အသုံးစရိတ်ပါးလာလို့ ပို့ပေးပါဦး ဆိုပြီး message တစ်စောင်ပို့ထားတယ်။

“စားပြီးပြီ” လို့ ပြန်လိုက်ပေမယ့်
တကယ်တော့ ဒီနေ့ တစ်နေ့လုံး coffee တစ်ခွက်နဲ့ပဲ ကျော်ခဲ့တာ။ ငွေလည်းပို့ပေးထားမယ်ဆိုပြီးစာသာပြန်လိုက်ရတာ ဘဏ်အကောင့်ထဲဝင်ကြည့်လိုက်တော့ မနက်ကတင် အိမ်လခပေးလိုက်လို့ ဒေါ်လာ ၃၀၀ ကျော်လောက်သာကျန်တော့တယ်
အမှန်တိုင်းပြောရင် လကုန်ထိ သုံးရမဲ့ စရိတ်

နိုင်ငံခြားရောက်လာတဲ့နေ့တုန်းက
ဘဝအသစ်စမယ်… ပိုကောင်းလာမယ်လို့ ထင်ခဲ့တယ်။

ဒါပေမယ့်
နေ့တွေက မနက်အလုပ်သွား → ညအလုပ်ပြီးပြန်
ဒီလိုပဲ ထပ်ခါထပ်ခါ လည်ပတ်နေတယ်

မိတ်ဆွေတွေကို တွေ့ဖို့အချိန်မရှိ
အိမ်ပြန်ရင် တိတ်ဆိတ်တဲ့အခန်းတစ်ခန်းပဲရှိတယ်။

အေးတဲ့ရာသီရောက်လာတဲ့အချိန်
ကနေဒါရဲ့ အပြင်မှာ နှင်းကျနေတာ လှတယ်လို့ လူတွေပြောကြတယ်…

ဒါပေမယ့် ကိုယ်အတွက်တော့
အဲ့ဒါက လမ်းလျှောက်ဖို့တောင် ခက်ခဲတဲ့ အရာတစ်ခုပဲ။

အပူချိန်က အနုတ်ထိကျ
လက်တွေတောင် မာလာတယ်
ဒါပေမယ့် အလုပ်သွားတာတော့ ရပ်လို့မရဘူး။

တချို့နေ့တွေမှာ
အလုပ်တစ်ခုနဲ့ မလောက်လို့
ဒုတိယအလုပ်ထပ်လုပ်ရတယ်။

ရှာသမျှထဲက တချို့ကို
ကိုယ်သုံးဖို့တင်မဟုတ်ဘဲ
အိမ်ကို ပြန်ပို့ရတယ်။

“အဆင်ပြေလား” လို့ မေးရင်
အမြဲတမ်း “အဆင်ပြေတယ်” လို့ပဲ ပြန်ဖြေဖြစ်တယ်။

ဘာလို့လဲဆိုတော့
မပြေဘူးလို့ပြောရင် နားလည်မယ့်သူထက်
ဝေဖန်မယ့်သူတွေ ပိုများလို့ပါ။

တကယ်တော့
နိုင်ငံခြားမှာ နေနေရတာဆိုတာ
လူတွေမြင်တဲ့လို ပန်းခင်းလမ်းမဟုတ်ဘူး။

အပြုံးနောက်ကွယ်မှာ
မပြောဖြစ်တဲ့ အခက်အခဲတွေ အများကြီးရှိတယ်။

အိမ်လွမ်းတာ
စိတ်ဖိစီးတာ
တိတ်တဆိတ် အားနည်းသွားတဲ့နေ့တွေ

ဒါတွေကို လိုင်းပေါ် မတင်ဘဲ
ကိုယ်တစ်ယောက်တည်း ဖြေရှင်းနေကြတာ။

ဒါကြောင့်…

နိုင်ငံခြားမှာ နေနေသူတစ်ယောက်ကို တွေ့ရင်
“အဆင်ပြေတယ်နော်” လို့ မထင်ပါနဲ့။

တခါတလေ
သူတို့လိုအပ်တာက
နားလည်ပေးမယ့် စကားလေးတစ်ခွန်းရယ် ဂရုစိုက်ပါဆိုတဲ့ နွေးထွေးမှုလေးတခုပါဘဲ။

မြေမြတ်မဟာ ဗုဒ္ဓဂယာရက်တိုခရီးစဉ် 🙏🙏🙏 ဟိုတယ်အိပ် ဟိုတယ်စား (၃ညအိပ်/၄ရက်)👉၂၃-၂၆ ဖေဖော်ဝါရီအပြန် 👈ဗုဒ္ဓဂယာကို အကြိမ်ကြိမ်ရေ...
07/02/2023

မြေမြတ်မဟာ ဗုဒ္ဓဂယာရက်တိုခရီးစဉ် 🙏🙏🙏

ဟိုတယ်အိပ် ဟိုတယ်စား (၃ညအိပ်/၄ရက်)

👉၂၃-၂၆ ဖေဖော်ဝါရီအပြန် 👈

ဗုဒ္ဓဂယာကို အကြိမ်ကြိမ်ရောက်ဖူးသူများ

ကားအကြာကြီး မစီးချင်သူများ

သက်ကြီး သူ ကျန်းမာရေး အရမ်းမကောင်းသူများ

အချိန် အများကြီး မရသူများ

အေးဆေး တရားထိုင် ဘုရားဝတ်ပြုချင်သူများ အတွက်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗုဒ္ဓဘာသာမှန်လျှင် ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူရာ မြေမြတ်မဟာကို ဘဝမှာအနည်းဆုံးတစ်ကြိမ်ခန့်သွားရောက်ဖူးမျှော်သင့်ပါသည်

ထို့သို့သွားရောက်ဖူးမျှော်ရာတွင်လည်း
ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာ ဟိုတယ်များမှာတည်းခိုပြီး သန့်ရှင်းသပ်ရပ်သော
အစားအသောက်များကို သုံးဆောင်နိုင်ဖို့က အဓိက ကျလွန်းပါတယ်👍

များသောဘုရားဖူးဧည့်သည်များခရီးစဉ်ကပြန်လာရင် ပိန်သွားတတ်ကျပြီး အစားအသောက် အနေအထိုင် အဆင်မပြေဘူးလို့ ပြန်ပြောတာကြားရလေ့ရှိလို့ တချို့ဘုရားသွားဖူးဖို့စဉ်းစားထားသူများတောင် မသွားဖူးဖြစ်ကြသေးတာ အက်မင်တို့ကိုယ်တွေ့ဘဲဖြစ်ပါတယ် 😢

အခုဆိုအဲ့လို အဆင်မပြေမှုများမဖြစ်ရစေအောင် အကောင်းဆုံးဟိုတယ်တွေမှာတည်းပြီး အကောင်းဆုံးဟိုတယ်တွေမှာ တည့်ခင်းဧည့်ခံကျွေးမွေးမည် ရွှေထက်အဖိုးတန်သော ခရီးစဉ်လေးလာပါပြီး🤗

အကောင်းဆုံး ဟိုတယ် များကိုသာအသုံးပြုထားပြီး
အစားအသောက်ကို ဟိုတယ် Buffet များဖြင့်
သာစီစဉ်ပေးကာ သက်တောင့်သက်သာအနားယူ ဘုရားဖူးကုသိုလ်ယူနိုင်ရန် ဘုရားဖူးခရီးစဉ်တစ်ခုကိုလူအနည်းငယ်သာ လက်ခံပါသည်။

သွားရောက်ဖူးမြော်မည်နေရာများ

ဗုဒ္ဓဂယာ ရာဇဂြိုလ် နလန္ဒာ

ခရီးစဉ်တစ်လျှောက်လုံးတွင်လည်း အတွေ့ကြုံရှိ ပြီး ဧည့်သည်များကို မိသားစုရင်းသဖွယ် ဂရုစိုက်ပေးနိုင်သော မြန်မာခရီးသွား ခေါင်းဆောင် အပြင် အဓိကနေရာများတွင် တရားဟောကြားသွားပေးမဲ့ မြန်မာဘုန်းတော်ကြီးတစ်ပါးလည်းပါဦးမည်ဖြစ်ပါတယ်❤️

🙅‍♂️ခရီးစဉ်တွင် အပိုထပ်ဆောင်းငွေများလုံးဝလုံးဝ
ထပ်ကောက်ခြင်းမရှိပါဘူး ခင်ဗျ။
ဧည့်သည်များစိတ်ချမ်းသာမှုကို ငွေကြေးထက်ပို၍တန်ဖိုးထားပါသည်❤️

"We serve by heart"

လူပြည့်မြန်သောခရီးစဉ်လေးဖြစ်တာမို့အခုဘဲ အမြန်ဆုံးဆက်သွယ်ပြီး Booking တင်လိုက်ကြရအောင်နော် ❤️

📞 09756966994

📞 09789930429

မြေမြတ်မဟာ ဗုဒ္ဓဂယာခရီးစဉ် 🙏🙏🙏 ဟိုတယ်အိပ် ဟိုတယ်စား (၇ညအိပ်/၈ရက်)👉၂၂ မတ်လအထွက် ၂၉ မတ်လအပြန်👈သီးသန့် သွားချင်သည့်ရက်လည်း ...
06/02/2023

မြေမြတ်မဟာ ဗုဒ္ဓဂယာခရီးစဉ် 🙏🙏🙏

ဟိုတယ်အိပ် ဟိုတယ်စား (၇ညအိပ်/၈ရက်)

👉၂၂ မတ်လအထွက် ၂၉ မတ်လအပြန်👈

သီးသန့် သွားချင်သည့်ရက်လည်း စီစဉ်ပေးပါသည်

ဗုဒ္ဓဘာသာမှန်လျှင် ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူရာ မြေမြတ်မဟာကို ဘဝမှာအနည်းဆုံးတစ်ကြိမ်ခန့်သွားရောက်ဖူးမျှော်သင့်ပါသည်

ထို့သို့သွားရောက်ဖူးမျှော်ရာတွင်လည်း
ခရီးစဉ်တစ်လျှောက် သက်တောင့်သက်သာ ဟိုတယ်များမှာတည်းခိုပြီး သန့်ရှင်းသပ်ရပ်သော
အစားအသောက်များကို သုံးဆောင်နိုင်ဖို့က အဓိက ကျလွန်းပါတယ်👍

များသောဘုရားဖူးဧည့်သည်များခရီးစဉ်ကပြန်လာရင် ပိန်သွားတတ်ကျပြီး အစားအသောက် အနေအထိုင် အဆင်မပြေဘူးလို့ ပြန်ပြောတာကြားရလေ့ရှိလို့ တချို့ဘုရားသွားဖူးဖို့စဉ်းစားထားသူများတောင် မသွားဖူးဖြစ်ကြသေးတာ အက်မင်တို့ကိုယ်တွေ့ဘဲဖြစ်ပါတယ် 😢

အခုဆိုအဲ့လို အဆင်မပြေမှုများမဖြစ်ရစေအောင် အကောင်းဆုံးဟိုတယ်တွေမှာတည်းပြီး အကောင်းဆုံးဟိုတယ်တွေမှာ တည့်ခင်းဧည့်ခံကျွေးမွေးမည် ရွှေထက်အဖိုးတန်သော ခရီးစဉ်လေးလာပါပြီး🤗

4 Star ဟိုတယ် များကိုသာအသုံးပြုထားပြီး
အစားအသောက်ကို ဟိုတယ် Buffet များဖြင့်
သာစီစဉ်ပေးကာ သက်တောင့်သက်သာအနားယူ ဘုရားဖူးကုသိုလ်ယူနိုင်ရန် ဘုရားဖူးခရီးစဉ်တစ်ခုကို အများဆုံး လူ ၁၀ ဦးသာလက်ခံပါသည်။👍

သွားရောက်ဖူးမြော်မည်နေရာများ
သံဝေဇနိယ လေးဌာနာနှင့် အဝိဇဟိတ သုံးဌာန

🙏 လုမ္ဗိနီ အင်ကြင်းတောနီပေါနိုင်ငံ (ဖွားတော်မူရာ)
🙏 ဂယာ (ပွင့်တော်မူရာ)
🙏 ဗာရာဏသီ(တရားဦးဟောတော်မူရာ)
🙏 ကုသိနာရုံ ( ပရိနိဗ္ဗာန်စံဝင်တော်မူရာ)
🙏 သာဝတ္ထိ၊ ရာဇဂြိုဟ်၊ နာလန္ဒာ

ခရီးစဉ်တစ်လျှောက်လုံးတွင်လည်း အတွေ့ကြုံရှိ ပြီး ဧည့်သည်များကို မိသားစုရင်းသဖွယ် ဂရုစိုက်ပေးနိုင်သော မြန်မာခရီးသွား ခေါင်းဆောင် အပြင် အဓိကနေရာများတွင် တရားဟောကြားသွားပေးမဲ့ မြန်မာဘုန်းတော်ကြီးတစ်ပါးလည်းပါဦးမည်ဖြစ်ပါတယ်❤️

🙅‍♂️ခရီးစဉ်တွင် အပိုထပ်ဆောင်းငွေများလုံးဝလုံးဝ
ထပ်ကောက်ခြင်းမရှိပါဘူး ခင်ဗျ။
ဧည့်သည်များစိတ်ချမ်းသာမှုကို ငွေကြေးထက်ပို၍တန်ဖိုးထားပါသည်❤️

"We serve by heart"

လူပြည့်မြန်သောခရီးစဉ်လေးဖြစ်တာမို့အခုဘဲ အမြန်ဆုံးဆက်သွယ်ပြီး Booking တင်လိုက်ကြရအောင်နော် ❤️

2023 ခုနှစ်ကို ဗုဒ္ဓဂယာ ခရီးစဉ်ဖြင့် Dream Place Travels and Tours ကအစဖွင့်ပေးလိုက်သည့် အမှတ်တရပုံများ 😍
06/02/2023

2023 ခုနှစ်ကို ဗုဒ္ဓဂယာ ခရီးစဉ်ဖြင့် Dream Place Travels and Tours ကအစဖွင့်ပေးလိုက်သည့် အမှတ်တရပုံများ 😍

🇹🇭 ၁ည Quarantine ဖြင့် ဘန်ကောက်ကို သွားလိုရပါပြီး 🇹🇭❤️ စျေးနှုန်းကတော 515$ ကနေစပြီး သွားနိုင်ပါပြီး ❤️📢 ဘန်ကောက် Test an...
27/01/2022

🇹🇭 ၁ည Quarantine ဖြင့် ဘန်ကောက်ကို သွားလိုရပါပြီး 🇹🇭

❤️ စျေးနှုန်းကတော 515$ ကနေစပြီး သွားနိုင်ပါပြီး ❤️

📢 ဘန်ကောက် Test and Go Program မှာပါဝင်ဖို့

ကိုဗစ် ကာကွယ်ဆေး ၂ ကြိမ်ထိုးတာ ၁၄ ရက်ပြည့်ပြီးသူဖြစ်ရပါမည်

Package မှာပါဝင်တာတွေကတော့

✅ လေယာဉ်လက်မှတ် (ရန်ကုန်-ဘန်ကောက် အသွား)
✅ အသက်အာမခံ
✅ Day 1 and Day 5 ASQ Hotel Quarantine Booking
✅ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း Certificate အထောက်အထား Notry

✅ Thailand Pass တို့ဖြစ်ပါတယ်

ထိုင်းကို သွားဖို့ လိုအပ်ချက်များကို All in One
Package အနေနဲ့ စျေးနုန်းသက်သာစွာဝန်ဆောင်မှုပေးနေပါပြီး

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

ထိုင်းရောက်ရင်လိုအပ်ချက်များဖြစ်တဲ့

✅ ကွန်ဒို/တိုက်ခန်း/အိမ်လုံးချင်းငှါးခြင်း
✅ Visa သက်တမ်းတိုးခြင်း
✅ ထိုင်း ဘဏ်အကောင့်ဖွင့်ခြင်း
✅ ထိုင်း-မြန်မာ ငွေလွှဲခြင်း
✅ ဆေးရုံ Appointment ယူပေးခြင်း
✅ ကားငှါးဝန်ဆောင်မှုများ
✅ အလည်အပတ်ခရီးများစီစဉ်ပေးခြင်း
✅ ဟိုတယ် ဝန်ဆောင်မှုများ
✅ သံရုံးထောက်ခံစာ အမျိုးမျိုးယူပေးခြင်း

များကိုလည်း စျေးနုန်းတိကျပြီး Reply အမြန်ဆုံးဖြင့် ဝန်ဆောင်မှုပေးနေပါပြီး

ကျွန်တော်တို့ Dream Place Travels and Tours သည်
ဧည့်သည်များစိတ်ချမ်းသာမှုကို ငွေကြေးထက်ပို၍တန်ဖိုးထားပါသည်❤️

"We serve by heart"

ဆယ်သွယ်ရန်

📞 Hotline - 09795055888(Yangon),09972086554


📞Thai - 0992203826

👉 Viber- +959756966994

👇 Viber Group

https://invite.viber.com/?g=BNeytuolpE7BDCVtOvPNo8j_vqquHNlW

ကိုယ်တွေရဲ့ နှာခေါင်းလေးတွေကို  မနှိုက်တော့ဘူးတဲ့😎❤️ဒီတော့X’mas နဲ့ နှစ်သစ်ကူးမှာ ကမ်းခြေမှာအေးဆေး အနားယူပေတော့…👉( ဆေးတေ...
23/11/2021

ကိုယ်တွေရဲ့ နှာခေါင်းလေးတွေကို မနှိုက်တော့ဘူးတဲ့😎

❤️ဒီတော့X’mas နဲ့ နှစ်သစ်ကူးမှာ ကမ်းခြေမှာအေးဆေး အနားယူပေတော့…

👉( ဆေးတော့၂ကြိမ်ထိုးပြီးသားဖြစ်ရမယ်နော် )

X’mas ၃ညအိပ် ၄ရက် ငပလီ ခရီးစဉ်
( 24Dec – 27Dec)

❤️ ရန်ကုန် အထွက် ခရီးသည်များအတွက်
365,500 ကျပ် ( တိုက်ရိုက်လေယာဉ် )

❤️ မန္တလေး အထွက် ခရီးသည်များအတွက်
395,000 ကျပ် ( တိုက်ရိုက်လေယာဉ် )

ဟိုတယ်တွေက 4 Stars အဆင့်ရှိ Amata ဟိုတယ်မှာတည်းခိုးခွင့် ၃ ညစာ နှင့် မနက်စာ

🛫🛫လေယာဉ်လက်မှတ်အသွားအပြန်

လေဆိပ်အကြိုအပို့ လည်း ပါ၀င်ပါတယ်နော်

🎊🎉နှစ်သစ်ကူး ၃ညအိပ် ၄ရက် ငပလီခရီးစဉ်

( 30Dec – 2Jan )

ရန်ကုန် အထွက် ခရီးသည်များအတွက်
420,000 ကျပ် ( တိုက်ရိုက်လေယာဉ် )

မန္တလေး အထွက် ခရီးသည်များအတွက်
450,000 ကျပ် ( တိုက်ရိုက်လေယာဉ် )

ဟိုတယ်တွေက 4 Stars အဆင့်ရှိ Amata ဟိုတယ်မှာတည်းခိုးခွင့် ၃ ညစာ နှင့် မနက်စာ

New Year Special Gala Dinner

🛫လေယာဉ်လက်မှတ်အသွားအပြန်

🛫လေဆိပ်အကြိုအပို့ လည်း ပါ၀င်ပါတယ်နော်

🗣၆ယောက်အထက်အားပေးသော Customer
များအတွက် Boat Trip ကျွန်းလည် ခရီးစဉ်ကိုလည်း လက်ဆောင်ထည့်ပေးမယ်...

ဟိုတယ်အခန်းရော လေယာဉ်ခုံတွေရော ကြိုတင်ယူထားတာဖြစ်လို့ အခန်းမရမှာ ခုံမရမှာ စိတ်မပူနဲ့နော်…ဒါပေမယ့် ကြိုယူထားတာလေးတွေတော့ မြန်မြန်ကုန်သွားမှာစိုးမိတယ်…

😄😄Mobile banking နဲ့ လည်း လက်ခံပါတယ်နော်…% ပေါင်းခြင်း လုံးဝမရှိပါဘူးနော်…

09972086554

သို့ ချစ်ရပါသော မန်းလေးက ဧည့်သည်များ၂၆-၂၉ နိုဝင်ဘာလ မန်းလေး ငပလီ တိုက်ရိုက် ခရီးစဉ်လေးရှိပါတယ်လေယာဉ်ကလည်း တိုက်ရိုက်ဟိုတ...
16/11/2021

သို့ ချစ်ရပါသော မန်းလေးက ဧည့်သည်များ

၂၆-၂၉ နိုဝင်ဘာလ

မန်းလေး ငပလီ တိုက်ရိုက် ခရီးစဉ်လေးရှိပါတယ်
လေယာဉ်ကလည်း တိုက်ရိုက်ဟိုတယ်ကလည်း
Amata 4 Star မှာ ၃ ညဆိုတော့ ❤️

အခု Promotion ထပ် မိုက်တာဘာရှိဦးမလဲ
မန်းလေးက ကမ်းခြေနဲ့ ဝေးလို့ ကမ်းခြေ မမုန်းလိုက်စေဖို့

မမုန်းလေနဲ့ ငပလီ မန်းလေး ခရီးစဉ်နဲ့ စဖွင့်လိုက်ပါပြီးနော်

စျေးနှုန် 345000 တစ်ဦးလျှင်

ပါဝင်တာတွေက

🌸 မန်းလေး သံတွဲ မန်းလေး အသွားအပြန်လေယာဉ်

🌸 သံတွဲလေဆိပ် အကြို အပို့

🌸 Amata Hotel ၃ ည မနက်စာအပါအပြင်

အပိုဆုနေနဲ့ ကျွန်းသွားလဲဖို့ boat tour တစ်ရက်

သွားချင်တယ်ဆို အခု ဘဲ CB မှာ Hi လိုက်ပါ

လေယာဉ်စင်းလုံး ငှါးထားတာမို့ အယောက် ၆၀ ဘဲဆန့်တာအခု အယောက် ၃၀ ရပြီးမို့ နောက်ထပ် ၃၀ ဘဲထပ်လိုပါတော့တယ်

☎️ 09972086554

နောက်ကျရင် အပေါက်ဝက စောင့်ပြန်ရမှာနော် 😍

13/11/2021

🙏🙏🙏

Address

No. 45, Kwin Kyaung Street, Ahlone Township
Yangon
095

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 14:00

Telephone

+959972086554

Website

Alerts

Be the first to know and let us send you an email when Dream Place Travels&Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dream Place Travels&Tours:

Shortcuts

Share

Category