Classical City Travels

Classical City Travels World Wide Travel Service and Hajj Pilgrimage Tours Service
(1)

ဂန္ထဝင်မြို့တော် Hajj & Umrah လုပ်ငန်းမှသင့်အတွက် အကောင်းဆုံး Service ပေးရန်စီစဉ်ထားသည်ကို အကျဉ်းချုပ်၍ သတင်းကောင်း ပါးအ...
23/07/2026

ဂန္ထဝင်မြို့တော် Hajj & Umrah လုပ်ငန်းမှ
သင့်အတွက် အကောင်းဆုံး Service ပေးရန်
စီစဉ်ထားသည်ကို အကျဉ်းချုပ်၍ သတင်း
ကောင်း ပါးအပ်ပါသည် ။

📱ဝန်ဆောင်မှုအစအဆုံး သိရန်စုံစမ်းနိူင်ပါသည်။
🪪 အွမ္မရဟ် ဗီဇာ ( With Insurance )
✈️ ကမ္ဘာ့အဆင့်မှီလေကြောင်း Eithad Air Line
🏨 ဂျမာအာသ် နှင့် နမားဇ်အတွက်အနီးဆုံးHotel
🍽️ အစားအသောက် မြန်မာဟင်းလျှာ လေးမျိုး
🚠🚢🚌ဇေယာရသ် သမိုင်းဝင်နေရာများစွာ
( Makkah+Madinah+Taif )
🕋 အေဗာဒသ် သီးသန့် အွမ္မရဟ် နှစ်ကြိမ်
🚄 အစီးအနှင်း ကျည်ဆံရထားနှင့်ကား
🛍️ ကီလို 30Kg + 7 kg + 5 liter zam zam
🧳 လက်ဆောင် အိတ်+အဲဟ်ရာမ်နှင့် စသည်များ

Insha'allah

August Umrah Trip
ထွက်ခွါမည့်ရက် 24.8.2026
ဆိုက်ရောက်ရက် 7.9.2026

October Umrah Trip
ထွက်ခွါမည့်ရက်. 4.10.2026
ဆိုက်ရောက်ရက် 18.10.2026

သီးတင်းကျွတ် အားလပ်ရက်
ထွက်ခွာမည့့်ရက် 19.10.2026
ဆိုက်ရောက်ရက် 2.11.2026

ဂန္ထဝင်မြို့တော်မှ စီစဉ်ထားသော အွမ္မရဟ်
ခရီးစဉ်များထဲမှ သင်နှစ်သက်ရာ ခရီးစဉ်ကို
စောလျင်စွာ Booking လုပ်နိူင်ပါပြီ ။

၎င်းအပြင် 2027 ခုနှစ် Hajj ခရီးစဉ် အတွက်
ယခု အချိန်မှစပြီး Booking များ စတင်လက်
ခံနေကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

မှတ်ချက်// သင်၏ Hajj Umrah ခရီးစဉ်တွင် သင်ပေးသောငွေကြေးနှင့် သင့်ရရှိမည့် ဝန်
ဆောင်မှုများ အတွက် စိတ်ကျေနပ်နှစ်သက်
ပါမည်ဟု ဂန္ထဝင်မြို့တော်မှ အာမခံပါသည် ။

ဂန္ထဝင်မြို့တော် Hajj & Umrah Service
အမှတ် (၁၀၆) မြေညီထပ် ၊ ၃၉ လမ်အောက်၊
ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။

☎️ 09 50 15712 .,☎️ 0942861 3996
☎️ 09 4500 63174 .

2018 ခုနှစ်က ရေးထားတဲ့ အကြောင်းအရာပါဟောင်းပေမဲ့လဲ ကောင်းနေဆဲမို့ ပြန်တင်ခြင်းပါ။
18/07/2026

2018 ခုနှစ်က ရေးထားတဲ့ အကြောင်းအရာပါ
ဟောင်းပေမဲ့လဲ ကောင်းနေဆဲမို့ ပြန်တင်ခြင်းပါ။

Insha'allah.ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုသည် Hotel ဝေးသော ဝန်ဆောင်မှုမျိုး မဟုတ်ပါ ။Haramain Sharifine ၏ Hotel သည် (5) မ...
06/07/2026

Insha'allah.
ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုသည် Hotel
ဝေးသော ဝန်ဆောင်မှုမျိုး မဟုတ်ပါ ။

Haramain Sharifine ၏ Hotel သည် (5) မိနစ်
သာလျှောက်ရသည့် ဝန်ဆောင်မှုမျိုးဖြစ်သည်။

ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုသည် အစား
အသောက်မပါသော ဝန်ဆောင်မှုမျိုး မဟုတ်ပါ။

မြန်မာထမင်းဟင်းဖြင့် ဟင်းအမယ် စုံလင်စွာ
ဝန်ဆောင်မှုမျိုး ပေးသောဝန်ဆောင်မှုမျိုး ဖြစ်
ပါသည် ။

ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုသည် အလည်
အပတ်မပါသော ဝန်ဆောင်မှုမျိုး မဟုတ်ပါ ။

အစ္စလာမ့်သမိုင်းဝင်နေရာများကို အပြည့်အဝ
လိုက်လံ ပြသသော ဝန်ဆောင်မှု ဖြစ်ပါသည်။

ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုသည် ကမ္ဘာ့
အဆင့်မှီ လေကြောင်းလိုင်းဖြင့်ကမ္ဘာ့အဆင့်မှီ ကြည်ဆံ ရထားဖြင့်ပို့ဆောင်ပေးသော ဝန်
ဆောင်မှု ဖြစ်ပါသည် ။

ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုသည်
ကီလိုနည်းသော ဝန်ဆောင်မှု မဟုတ်ပါ။
ရက်နည်းသော ဝန်ဆောင်မှု မဟုတ်ပါ။
ဟိုကြေး ဒီကြေး ထပ်မံတောင်းဆိုသော
ဝန်ဆောင်မှု မဟုတ်ပါ။အွမ္မရဟ်သွားရရုံ
အဖြစ်သဘော ဝန်ဆောင်မှုမျိုးမဟုတ်ပါ ။

ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုတိုင်းသည် ဟာဂျီ
များကို စိတ်ရင်း စေတနာ အပြည့်အဝ ထားကာ
ဝန်ဆောင်မှု အပြည့်အဝ ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းတခု ဖြစ်ပါသည် ။

ဂန္ထဝင်မြို့တော်၏ ဝန်ဆောင်မှုတွင် ရယူခြင်း
သက်သက်မဟုတ် ၊ တန်ပြန်လက်ဆောင်များ
ပေးအပ်သော ဝန်ဆောင်မှု ဖြစ်ပါသည် ။

ဂန္ထဝင်မြို့တော်နှင့်အတူ Hajj Umrah သွားဘူး
သူတိုင်း သင့်အား ဂန္ထဝင်မြို့တော်နှင့်အတူ
Hajj Umrah လိုက်ရန် INSHA'ALLAH.......
တိုက်တွန်းပါလိမ့်မည် ။

ကဲ ဟာဂျီများ တွေဝေမနေပါနဲ့ ၊
Hello လုပ်လိုက်ပါ ။
ကဲ မိတ်ဆွေ အစားပြန်ရမဲ့ ငွေကြေးအတွက်
မစဉ်းစားပါနဲ့ ၊ Hello လုပ်လိုက်ပါ ။
ငွေကြေးပြောလို့ ဈေးများမယ် ထင်သလား
မထင်လိုက်ပါနဲ့ ၊ ဈေးချိုပါတယ်။ ပေးရသော
ငွေကြေးနှင့် ရရှိမည့် ဝန်ဆောင်မှုကို သင်ကျေ
နပ်မည်ဟု တာဝန်ယူပါသည်။
ဒါကြောင့် Hello သာ မြန်မြန်လုပ်လိုက်ပါ။ အဆင်ပြေစေရမယ် INSHA'ALLAH.

ဂန္ထဝင်မြို့တော် Hajj Umrah ခရီးသွားလုပ်ငန်း

09 50 15712,09 42861 3996,09 4500 63174

2026 Hajj က ပြီးဆုံးသွားပါပြီ။ဂန္ထဝင်မြို့တော်နှင့် လိုက်ပါခဲ့သော ဟာဂျီများအားလုံး သူ မတူအောင်  ကြိုးစားပမ်းစားလုပ်ခဲ့သေ...
03/07/2026

2026 Hajj က ပြီးဆုံးသွားပါပြီ။
ဂန္ထဝင်မြို့တော်နှင့် လိုက်ပါခဲ့သော ဟာဂျီများအားလုံး သူ မတူအောင် ကြိုးစားပမ်းစားလုပ်ခဲ့သော အမလ်များကို အလ္လာဟ် လက်ခံကဗူလ်
ပြုတော်မူပါစေ။ ဆက်ကာ ဆက်ကာ Hajj Umrahရဲ့ သောဝ်ဖိက် ချီးမြင့်တော်မူပါစေ ။

နေ့မအား ညမနား အမလ်လုပ်ခဲ့တဲ့ ဟာဂျီ
ဟာဂျီမများအတွက် ပို၍ အကျိူးရှိရန် ဤ
စာတိုလေး ရေးလိုက်ရခြင်း ဖြစ်ပါသည် ။

Hajj ပြုခြင်းက ပြီးဆုံးသွားခဲ့ပါသည် ။
သွဝါးဖ် လုပ်ခြင်း ပြီးဆုံးခဲ့ပါပြီ
စအီ လုပ်ခြင်းလည်း ပြီးဆုံးခဲ့ပြီ
အရ်ဖာသ်ရဲ့ ရက်တွေလည်း ပြီးခဲ့ပြီ
မွဇ်လေဖာရဲ့ညလည်း ကုန်ခဲ့ပြီ
ရှိုင်သွာန်ခဲပေါက်တာလည်း ပေါက်ပြီးပြီ

ဒါပေမဲ့ မပြီးဆုံးသေးတာ ရှိပါသေးတယ်။
ဆက်လက်ကြိုးစားရန် ကျန်ပါသေးတယ်။

အဲ့တာ ဘာလဲ ဆိုတော့ Hajj လုပ်ရခြင်း၏
အဓိက မပ်က်စဒ် အဓိက အချက် ၊ အဓိက
ရည်ရွယ်ချက် အပြည့်အဝ ရခဲ့ပြီးလား

Hajj ရဲ့ အဓိက မပ်က်စဒ်က Hajj လုပ်ပြီး
နောက်မှ စတင် ကြုံရပါလိမ့်မယ် ။

မီနာမှာ စဗရ် လုပ်တာ လွယ်ကူပါတယ် ။
အခု အိမ်မှာ စဗရ် လုပ်ရမှာ ဖြစ်တယ် ။

အာရ်‌ဖဟ်မှာ မျက်ရည်
တွေ ချပြီး ငိုယို တောင်းခံကတာ လွယ်ကူ
ပါတယ် ။
အခု တယောက်ထဲရှိတဲ့အခိုက် မိမိရဲ့ ရဗ် အရှင်
သခင်ကို သတိရ တသပြီး ငိုယို တောင်းခံ နေ
ပြီးလား

ဂျမရာသ်မှာ ရှိုင်သွာန်
ဆိုပြီး သတ်မှတ်ခဲ့တဲ့ ကျောက်တိုင်ကို ခဲနဲ့ပေါက်တာ လွယ်ကူပါတယ် ။
အခု မိမိရဲ့စိတ်ရိုင်းကို ဟရာမ် လုပ်ရပ်အားလုံး
ကို ရှောင်ရှားနိူင်ပြီးလား ၊ ရှောင်ဘို့ ဆုံးဖြတ်
ချက်ချလိုက်ပြီလား ။

မိမိ စိတ်ရိုင်း ၊နပ်ဖ်စိတ်ရိုင်းထဲမှာ ကိန်းအောင်နေတဲ့ ရှိုင်သွာန်ကို ခဲနဲ့ပေါက်တာ ခက်ခဲတယ်။
မီနာမှာပေါက်ရုံတင်မဟုတ် အမြဲတန်း နပ်ဖ်
စိတ်ရိုင်းကို ထိန်းသိမ်း ဆုံးမ နေရအုန်းမယ် ။

အဲဟ်ရာမ်ကို ချွတ်လိုက်တာ လွယ်ကူတယ်။
ဒါပေမဲ့ ဂုနာဟ်တွေကို ချွတ်ကယ်ပြီး စင်ကြယ်
အောင် ထားစေဘို့ခက်ခဲတယ် ။အမြဲသတိပြု‌
နေရမယ်။သန့်စင်အောင် ထားနေရမယ် ။

Hajj လုပ်ပြီးနောက်ပိုင်း လူနေမှုဘဝသက်တန်း
က ပြောင်းသွားရုံသာမက လူနေမှု ဘဝသက်တန်း
မွေးမြူတဲ့ ပုံစံက Hajj လုပ်ခဲ့ခြင်း၏ သက်သေ ဖြစ်သွားရပါလိမ့်မယ် ။

အကယ်၍ ကျနော်က အရင်အတိုင်းဘဲ မကောင်း
တာလုပ်‌‌နေအုန်းမယ် ၊ ပြောနေအုန်းမယ်ဆိုရင်
အရင်အတိုင်းဘဲ လူတွေကို ဒုက္ခ ပေးနေအုန်းမယ်
အရင်အတိုင်းဘဲ လိမ်လည် လှည့်စားအုန်းမယ်
အရင်အတိုင်းဘဲ အလ္လာဟ်ကို မေ့နေအုန်းမယ်
ဆိုရင် ....... သင် မက္ကာက ဘာယူလာခဲ့သလဲ
ဆိုတာ စဉ်းစားပါ ။

ဇမ်ဇမ်ဘဲ ယူခဲ့သလား ၊ စွန်ပလွန်သီးဘဲ ယူခဲ့
သလား ၊ ဓါတ်ပုံတွေဘဲ ယူခဲ့သလား ၊ ဆယ်လီ
ဘွဲ့တွေ ယူခဲ့လေသလား ၊ ဟာဂျီဆဗ်ဆိုတဲ့
နာမည်တွေဘဲ ယူခဲ့သလား ။ စဉ်းစားကြနော်။

ဟာဂျီတိုင်း ဟာဂျီတိုင်းက မက္ကာ မဒီနာကနေ
နှလုံးသား အသစ် တခု ယူလာခဲ့ဘို့ လိုပါတယ်။

ဘယ်လို နှလုံးသားမျိုးလဲ ၊
နူညံ့တဲ့ နှလုံးသား
ဘယ်လို နုတ်လျှာမျိုးလဲ၊
စကားလျော့ပြောတဲ့ နုတ်လျာ ၊ အမှန်ကိုသာ
ပြောတဲ့ နုတ်လျှာ နုညံ့ သိမ်မွေ့စကား
အဆိုးကြည့်ခြင်းကနေ အကောင်းကို ရှာဖွေ
ကြည့်ရှုတဲ့ မျက်လုံး ၊

မကောင်းသော လမ်းကို‌ရှောင်ပြီး မှန်ကန်တဲ့ လမ်းကိုသာရွေးလျောက်တဲ့ ခြေထောက် ၊
ဗလီဘက်ကို သွားတဲ့ခြေလှမ်း။လောကမှာ
နေရင်း အလ္လာဟ်ဘက် အာခေရသ်ဘက် စွဲလန်း
နေတဲ့ အသိတရား

Hajj ဆိုတာက အမလ်အေဗာဒသ် စတင်ဘို့
အတွက်တင်မဟုတ်ဘူး ၊ ဘဝ အသစ်တခု ၊
ခရီး အသစ်တခု အတွက် စတင်ခဲ့ခြင်းဖြစ်၏

ဟာဂျီတဦးအတွက် စစ်မှန်တဲ့ စမ်းသတ်မှုက
မက္ကာ မဒီနာမှာသာ ဖြစ်တာမဟုတ်ဘူး ။

တကယ် စမ်းသတ်ခံနေရာမှာ သွဝါးဖ် ဆိုတာ
လည်းမရှိဘူး ၊ မီနာလည်း မရှိဘူး ၊ အာရဖဟ်
လည်း မရှိဘူး ၊ အဲဟ်ရာမ်လည်း မရှိဘူး ။

ရိုးရိုးသာမန် ဘဝသက်တန်းမွေးမြူတဲ့နေရာက
တကယ့် စမ်းသတ်ခံနေရာ တခု ဖြစ်ပါတယ်
လို့ဘဲ ပြောချင်ပါတယ်။

ဒီလို သာမန်ဘဝမျိုးမှာဘဲ ကျနော်တို့က
သက်သေထူရမယ် ။

ကျနော်တို့က Hajj ကိုသာလုပ်ပြီး ပြန်လာ
ကြတာမဟုတ်ဘူး။

Hajj ရဲ့ မပ်က်စဒ် ရည်ရွယ်ချက်က ကျနော်တို့ရဲ့
ခန္ဒာကိုယ်အတွင်း ကျနော်တို့ရဲ့ ဘဝအတွင်း
စီးဆင်း ‌ဝင်ရောက်ပြီးသားဖြစ်ရမှာ ဖြစ်တယ် ။
အဲ့ဒိ ပြောင်းလဲခြင်းတွေ ကျနော်တို့ ယူပြီး ပြန်
လာကြသူတွေ ဖြစ်တယ် ၊ ဖြစ်ရမယ် ၊ တစတစ
နဲ့ ဖြစ်အောင်ကြိုးစားရမယ် ။

မဖြစ်ဘူးဆိုတာ မရှိဘူး ၊ မဖြစ်သေးတာဘဲ
ရှိရမယ် ၊ ဖြစ်သွားသူတွေက ဖြစ်သွားကြသလို
ငါတို့လည်း ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ ရှင်သန်ပါ
ကြိုးစားပါ ။

အလ္လာဟုအရှင်မြတ်က အရှင်နဲ့ နီးကပ်အောင်
ကြိုးစားသူကို ဘယ်တော့မှ အဝေးကို မထုတ်
ဘူး ၊ အနားကို ဆွဲခေါ်ယူတဲ့ အရှင် ဖြစ်ပါသည်။

အလ္လာဟုအရှင်မြတ် Hajj လုပ်ခဲ့သူအားလုံးကို
အမလ်အေဗာဒသ်များစွာနှင့် Hajj ရဲ့ မပ်က်စဒ်
ပြည့်ဝအောင် စွမ်းအား သောဝ်ဖီက် ချီးမြင့်
တော်မူပါစေ ။

ဂန္ထဝင်မြို့တော် Hajj Umrah လုပ်ငန်း
Farooq Azam

30/05/2026
29/05/2026

နောက်ဆုံးနေ့နေမဝင်ခင် ခဲပေါက်ပြီးပြီ
အားလုံးကို အကောင်းဆုံးဝန်ဆောင်ပေးခဲ့ပါတယ်။
ဟာဂျီများ စိတ်ကျေနပ်မှု အပြည့်အဝ
ရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ချစ်စရာကောင်းတဲ့ ဟာဂျီများနှင့်
နောက်နှစ် နောက်အခါ ပေါင်းများစွာ
ပြန်လည်ဆုံ‌တွေ့ချင်သေးတယ်။

ဂန္ထဝင်မြို့တော်

السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُအီဒ်ဒွလ်အဒွ်ဟာမုဘာရပ်က်Classical City Travel & Tours ဂန္ထဝင်ဟာဂျီ ...
27/05/2026

السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ
အီဒ်ဒွလ်အဒွ်ဟာမုဘာရပ်က်
Classical City Travel & Tours
ဂန္ထဝင်ဟာဂျီ / ဟာဂျီမများ၏
Hajj အေဗာဒသ်နှင့် ကမ္ဘာ့ဟာဂျီ
များ၏ Hajj ကို အလ္လာဟုအရှင်မြတ်
Hajj E Mabroor အဖြစ် လက်ခံကဗူလ်
ပြုတော်မူပါစေ ။

ဂန္ထဝင်မြို့တော်
Farooq Azam

ALHAMDULILLAH .ကျနော်တို့ AL FOUAD TOWER HOTEL ၌ တည်းခိုနေသော ဟာဂျီများအားDr ZAW TUN LIN မှ ဟာဂျီများ၏ကျန်းမာရေး အတွက် ဆ...
21/05/2026

ALHAMDULILLAH .
ကျနော်တို့ AL FOUAD TOWER HOTEL
၌ တည်းခိုနေသော ဟာဂျီများအား
Dr ZAW TUN LIN မှ ဟာဂျီများ၏
ကျန်းမာရေး အတွက် ဆောင်ရွက်ပေးနေစဉ်။

Alhamdulillah.2026 ခုနှစ် Hajj ခရီးစဉ်က အလွန် လွယ်ကူ သက်သာသော ခရီးစဉ် တခု ဖြစ်ခဲ့ပါတယ်။ပထမဦးဆုံး လွယ်ကူခဲ့သော အချက်မှာ ရ...
21/05/2026

Alhamdulillah.
2026 ခုနှစ် Hajj ခရီးစဉ်က အလွန် လွယ်ကူ
သက်သာသော ခရီးစဉ် တခု ဖြစ်ခဲ့ပါတယ်။

ပထမဦးဆုံး လွယ်ကူခဲ့သော အချက်မှာ
ရန်ကုန် KSA မှ ဝယ်ယူထားသော လက်မှတ်
များကို KSA မှ တရက်ကြိုတင် ထုတ်ပေးခဲ့သည့်
အတွက် ဟာဂျီများ တန်းစီ စောင့်ဆိုင်းရခြင်းများ
မရှိခဲ့ဘဲ ဒါရိုက် အိတ်များကို အပ်နိူင်ခဲ့ပါသည် ။

ကျနော်တို့၏ လေယျာဉ်လက်မှတ်သည် BKK
တွင် စောင့်ရမည့်အချိန် များသောကြောင့် BKK
မြို့တွင် ဟော်တယ်နှင့် ထမင်းစားရန် အကူအညီ
တောင်းခံခြင်းအား ကူညီခဲ့သည့်အတွက် ဟာဂျီ
များ ဟိုတယ်တွင် နားနားနေနေ နေပြီး ရေချိုး
အဲဟ်ရာမ်ဝတ်ခြင်း စသည်များ အေးအေးဆေးဆေး
လုပ်နိူင်ခဲ့ပါသည် ။

တတိယ အချက်ကတော့ အထူးအထူး ကျေးဇူး
တင်ရမှာ ဖြစ်ပါတယ် ၊ အဲ့တာကတော့ KSA ထံမှ
လက်မှတ်အားပေးခဲ့သည့်အတွက် ကျနော်တို့အား
Business Class Ticket ကို လက်ဆောင်ပေးခဲ့ခြင်း
အား အထူး ကျေးဇူးတင်ကြောင်း ဤနေရာမှ
မှတ်တမ်းတင်အပ်ပါသည် ။

2026 Hajj သည် ကျနော်တို့ အေဂျင့်များ စိတ်ဖိစီး
မှု အလွန်ခံရသော နှစ်တနှစ် ဖြစ်ပါသည်၊အဆိုးဆုံး
က လေလှိုင်းပေါ်က ဆရာသခင်ကြီးများကြောင့်ပင်
ဖြစ်ပါသည်။

ထိုသူတွေက ဘာမှ မသိနားမလည်ဘဲ စိုးရိမ်စိတ်
တခုထဲနဲ့ ရေးချင်ရာရေး ၊ပြောချင်ရာပြော ခဲ့တော့
ခရီးသွားမည့် ဟာဂျီများ များစွာ စိတ်အနှောက်ယှက်
ဖြစ်ခဲ့ရပါသည် ။

အမှန်တကယ်တော့ ဒီခရီးက ဘာသာရေးအရ
တာဝန်ချရသည့် ခရီးတခုဖြစ်ခြင်း ၊ ငွေကြေးအရင်း
အနှီးများသည့်ခရီး ဖြစ်ခြင်းကြောင့် လက်လွတ်စပယ်
မည်သူမှ မလုပ်ရဲကြပါ ။

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေကို မျက်ခြေမပြတ်
လေ့လာနေရသလို လက်မှတ် အရောင်းဌာန ရုံးချုပ်
ထိ နေ့စဉ် email ဖြင့်ဆက်သွယ် ၊ ခိုင်မာမှု ရှိကြောင်း
အာမခံချက်တောင်းခံ ၊ လူကိုယ်တိုင် အကြိမ်ကြိမ်
အခါခါ ဘန်ကောက်ထိ သွားရောက်တွေ့ဆုံ၍
လက်မှတ်ကိစ္စများအား ညှိနိူင်း စီစဉ်ခဲ့ရပါသည် ။

ကျနော်တို့ ဘက်က အပူကပ်လွန်အားကြီးလို့
စောဓက တတ်လွန်အားကြီးလို့ အရှက်ရခဲ့သေးတယ်။
အဲ့တာက 😀😀😀

မင်းတို့ မြန်မာပြည်က လက်မှတ်ဝယ်တာ အစောင်
ရေ 3000 သုံးထောင်မပြည့်ဘူး ၊ ငါတို့ ကမ္ဘာအရပ်ရပ်
ကို ရောင်းထားတာ အစောင်ရေ သိန်းချီ ရှိတယ် ။

ဘယ်သူကမှ မေးတာ မြန်တာ စိုးရိမ်တာ ပယ်ဖျက်တာ
မရှိဘူးတဲ့ ၊ မင်းတို့ ဒီလူဦးရေးလောက်ကို ငါတို့
စီစဉ်ပေးဖို့ ဘာအခက်အခဲမှ မရှိဘူး၊စိတ်ချပါ ။
ငါတို့ ပုံမှန် ပြေးဆွဲပေးပါမယ်လို့ ပြောတဲ့အတိုင်း
ပြေးဆွဲ ပေးခဲ့ပါတယ် ။

အဆုံးသတ် ပြောရရင် ၊
ဒီနှစ်က အရင်အစဉ်အလာအတိုင်း မဟုတ်ဘဲ
ရှောဝ်ဝလ် တရက်နေ့ အီးဒ် နေအတွင်း Visa
အားလုံး အပြီးထုတ်ရမည့် စနစ်သစ် ပြဌာန်းခဲ့သည့်
အတွက် အလွန်ဘဲ စိတ်ဖိဆီးမှု ခံခဲ့ရတဲ့နှစ်ဖြစ်တယ်။

တဆက်တည်း သတိပေးချင်တာက နောက်နှောင်
တွင်လည်း ယခုနှစ်ကဲ့သို့ပင် Visa ပိတ်မည်ဟု ထင်
ရပါသည် ၊ ထို့ကြောင့် 2027 တွင် စောစောစီးစီး
ကြိုတင် ပြင်ဆင်ထားရန် အကြံပြုလိုပါသည် ။

အမှန်အတိုင်း ဝန်ခံရရင် ရာမ်သွာန် လမှာ အေဗာဒသ်
တောင် ဖြောင့်အောင် မလုပ်ရတဲ့ နှစ်ဖြစ်တယ် ။
Hj များရဲ့ တာဝန်ယူထားတဲ့အတွက် ဒီစိတ်ဖိစီးမှုက
စဲဟ်ရီ အိဖ်သာရီတောင် စိတ်ဖြောင့်အောင် စားဖို့
မပေးတဲ့ စိတ် ဖိစီးမှုပါ ။

တခါ လိုင်းပေါ်မှာ လောင်မြိုက်စေခဲ့တဲ့ မီးကို အပြင်
မှာ ငြိမ်း ပေးရပြန်‌တယ် ။

နောက်ဆုံးတော့လေ တချိန်လုံး စိတ်ဖိစီးခဲ့သမျှ
နောက်ဆုံး ခရီးထွက်လိုက်ချိန်မှာတော့ ဘယ်အထိ
အောင် အေးဆေး ဖြစ်ခဲ့သလဲဆိုရင် ရန်ကုန်ကနေ
မက္ကာကို ရောက်သာသွားတယ် ပင်ပန်းခြင်းဒါဏ်
မခံစားလိုက်ရဘူး ၊ ကျနော်အတွက် အလွယ်ကူဆုံး
နှစ်တနှစ်လို့ဘဲ ပြောချင်တယ် ။

အခုလို အလ္လာဟ်ဘက်က အစစ အရာရာ အဆင်ပြေ
ဖို့အတွက် လူများစွာရဲ့ သောကနဲ့ ဒုအာ ၊ လိုင်းပေါ်က
မိတ်ဆွေများ၏ သောကနဲ့ဒုအာ
ရန်ကုန် KSA လက်မှတ်ရောင်းဌာန၏ စေတနာရင်းခံ
နဲ့ကူညီပံ့ပိုးမှု အားလုံးအတွက် အလ္လာဟုအရှင်မြတ်
ဘက်မှ အားလုံး အားလုံးကို ကောင်းမွန်မြင့်မြတ်သော
အစားပေးတော်မူပါစေဟု သွဝါးဖ်မှာ ဆုတောင်း
ဒုအာပြု‌ပေးခဲ့ပါသည်။

Classical City Travel & Tours
ဂန္ထဝင်မြို့တော် Hajj Umrah လုပ်ငန်း
အမှတ် 106 မြေညီထပ် ၊ 39 အောက်လမ်း
ကျောက်တံတား မြို့နယ် ရန်ကုန်မြို့

Masha Allah ۔ Takabballah ۔Alhamdulillah ...2026 ခုနှစ် မြန်မာပြည် Hajj Agent များ၏ မုအလ္လင်မ်الماسية SERVICES ALMASIAမှ...
19/05/2026

Masha Allah ۔ Takabballah ۔
Alhamdulillah ...
2026 ခုနှစ် မြန်မာပြည် Hajj Agent များ၏ မုအလ္လင်မ်

الماسية SERVICES ALMASIA
မှ ငါးရက်တာ Hajj ကာလအတွက် အလွန်လိုအပ်သည့်
အခြေခံကျသောပစ္စည်းများကို ဟာဂျီများအား လက်ဆောင်
အဖြင့် ပေးအပ်ခဲ့ပါသည် ။

ထို ပေးအပ်သော လက်ဆောင်များမှာ
ငါးရက်တာအတွက် အလွန်ကြီးသော ပစ္စည်းများ
ထီး
ဂျာအေနမားဇ်
သပ်စ်ဗီ
ယပ်တောင်
ရေဗူး
ဆပ်ပြာ 2 ခဲ
မတ်စ်
Shampoo 2 ထုတ်
သွားပွတ်တံ
သွားတိုက်ဆေး
မျက်စိအုပ်
Shaving Kit တခါသုံးဂျုတ်နှင့် Cream
AL MASIAH အိတ်တလုံးစီကို ဟာဂျီများ အားလုံးကို
မေတ္တာလက်ဆောင် ပေးအပ်ခဲ့ပါသည် ။

အလ္လာဟုအရှင်မြတ် ဟာဂျီများအတွက် လှူဒါန်းမှု
ခိသ်မသ်အား အထူး လက်ခံပေးသနားတော်မူပါစေ ။
အလ္လာဟုအရှင်မြတ် ကောင်းသောအစား ပေးတော်မူပါစေ။

CLASSICAL CITY TRAVEL & TOURS
ဂန္ထဝင်မြို့တော် ဟဂ်ျ အွမ္မရဟ် ဝန်ဆောင်မှု လုပ်ငန်း

Address

No. 106, Ground Floor, 39th Street(Lower Block), Kyauktada Township
Yangon
11182

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595015712

Alerts

Be the first to know and let us send you an email when Classical City Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category