Moment Travel Agency

Moment Travel Agency Make your cherish moments with us!

ချစ်ခင်လေးစားရပါသော Moment ၏ ခရီးသွားဧည့်သည်တော်များရှင့်...လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းမတည်ငြိမ်မှုနှင့် ဆီရ...
31/03/2026

ချစ်ခင်လေးစားရပါသော Moment ၏ ခရီးသွားဧည့်သည်တော်များရှင့်...

လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းမတည်ငြိမ်မှုနှင့် ဆီရရှိရန် ခက်ခဲနေသော အခြေအနေများကြောင့် ကျွန်မတို့ Moment မှ စီစဉ်ထားသော [ဧပြီလ/သင်္ကြန်] ခရီးစဉ်များကို ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်။

ဧည့်သည်တော်များ၏ ခရီးစဉ်အတွင်း လုံခြုံစိတ်ချရမှုနှင့် အဆင်ပြေချောမွေ့မှုကို အဓိကထားသည့်အတွက် ယခုကဲ့သို့ လမ်းခရီးတွင် ဆီအခက်အခဲကြောင့် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ခေတ္တ ဆိုင်းငံ့ထားရခြင်း ဖြစ်ပါသည်။

ကြိုတင်ငွေပေးသွင်းထားသော ဧည့်သည်တော်များအားလုံးထံသို့ စရံငွေများကို အပြည့်အဝ (100% Refund) ပြန်လည်ပေးအပ်ပြီးစီးသွားပြီ ဖြစ်ပါသည်။ လူကြီးမင်းတို့ဘက်မှ နားလည်ပေးမှုအတွက် Moment မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။"

မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ခရီးစဉ်ပျက်ပြယ်သွားရသည့်အတွက် အထူးပင် တောင်းပန်အပ်ပြီး၊ နားလည်ပေးကြသော ဧည့်သည်တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါသည်။

အခြေအနေများ ပြန်လည်တည်ငြိမ်သွားပါက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ခရီးစဉ်သစ်များကို ပြန်လည်ကြေညာပေးသွားပါမည်။

လေးစားစွာဖြင့် -
Moment Travel Agency

🌸 Moment Travel Agency ရဲ့ အထူးသင်္ကြန်ခရီးစဉ်သင်္ကြန်ပိတ်ရက်မှာ ပူအိုက်တာတွေ ငြီးငွေ့နေပြီလား? ⛰️✨ဒီနှစ်သင်္ကြန်မှာတော့...
23/03/2026

🌸 Moment Travel Agency ရဲ့ အထူးသင်္ကြန်ခရီးစဉ်

သင်္ကြန်ပိတ်ရက်မှာ ပူအိုက်တာတွေ ငြီးငွေ့နေပြီလား? ⛰️✨

ဒီနှစ်သင်္ကြန်မှာတော့ ပူအိုက်တဲ့ ရန်ကုန်ကို ခေတ္တခွဲခွာပြီး
ရှမ်းတောင်ရဲ့ အေးမြတဲ့ လေညင်းတွေကြားမှာ Moment နဲ့အတူ အပန်းဖြေကြစို့။
အဆင့်မြင့် VIP 2+1 (30 Seater) ကားကြီးနဲ့ သွားမှာမို့ ခရီးစဉ်တစ်လျှောက် သက်သောင့်သက်သာ ရှိနေမှာပါ။

ရွေးချယ်နိုင်သော ခရီးစဉ် (၂) မျိုး:
📍TRIP (A) - အင်းလေး ရေပေါ်သင်္ကြန် + တောင်ကြီး - ကလော - ပင်းတယ - ရွာငံ - ဟိုပုံး ခရီးစဉ်
ထူးခြားဆန်းသစ်တဲ့ အင်းလေး ရေပေါ်သင်္ကြန် ဆင်နွှဲမှုကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားနိုင်ဖို့ Moment က
အရောက်ပို့ဆောင်ပေးမှာပါ။ ရေပေါ်ဖျော်ဖြေမှုတွေနဲ့ ရှမ်းရိုးရာ သင်္ကြန်အငွေ့အသက်ကို အပြည့်အဝရရှိမယ့် ခရီးစဉ်ပါ။
📅 ခရီးစဉ်ရက်စွဲများ:
၁။ 12-Apr-2026 မှ 16-Apr-2026 အထိ
၂။ 13-Apr-2026 မှ 17-Apr-2026 အထိ
💰 ခရီးစဉ်ဈေးနှုန်း: - တစ်ဦးလျှင် - 535,000/- ကျပ်အတိ

🚌 Moment ရဲ့ ဝန်ဆောင်မှုများ
✨တောင်ကြီးတည၊ကလော တညအိပ်
(UCT Hotel, Kalaw Silver Pine Hotel)
✨အင်းလေးဖောင်တော်ဦး စက်လှေခ
✨တောင်ပေါ်တောင်တက်ကားခ
✨Breakfast (၃)နပ်၊Lunch (၃)နပ်၊Dinner (၂)နပ်
✨ဓါတ်ပုံရိုက်ဝန်ဆောင်မှု
✨ခရီးသွားဂိုက်
✨ခရီးသွားအာမခံ
✨VIP 2+1 အဆင့်မြင့်ကား
လိုက်ပါပို့ဆောင်ပေးမည့် နေရာလေးတွေကတော့
(တောင်ကြီးမြို့)
🌾စူဠာမုနိ
🌾ရွှေဘုန်းပွင့်
🌾မြစိမ်းတောင်
🌾ပတ္တမြား လိုဏ်ဂူ
🌾ထမ်စမ်းလိုဏ်ဂူနှင့် ကိုရင်လေးမယ်တော်ကျောင်း
(ကလော)
🌾ကလော အိုးစည်တောင်
🌾ကလောဘူတာ
🌾ကလော မြို့မဈေး
🌾ကလောနာရီစင်
🌾ရေယောင်းမ View Point
🌾နန်းအွန်တောင် (ဗျိုက်တောင်)
🌾မြင်းမထိဂူ
🌾ဘဝသံသရာ ရထားလမ်း
🌾သီခေါင်တောင် View Point
(ရွာငံ)
🌾မိန်းမရဲသခင်မတောင်
🌾ရေပြာအိုင်
(ပင်းတယ)
🌾ပုန်းတလုတ်ရေကန်
🌾ရွှေဥမင်လိုဏ်ဂူ
(အင်းလေး)
🌾ဖောင်တော်ဦးဘုရား
🌾အလိုတော်ပေါက်
🌾ရိုးရာယက္ကန်းရုံ
နေရာတွေ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်
********************
📍 TRIP (B) - ပင်လောင်း ခရီးစဉ်
လွယ်မောင်းတောင်sunsetအလှ၊ ကော်ဖီခင်း ၊ လှေကားထစ်စိုက်ခင်းတွေနဲ့
သဘာဝရှုခင်းအသစ်အဆန်းတွေကို ခံစားချင်သူများအတွက်။
📅 ထွက်ခွာမည့်ရက်များ:
၁။ 13-Apr-2026 မှ 16-Apr-2026 အထိ
၂။ 15-Apr-2026 မှ 18-Apr-2026 အထိ
💰 ခရီးစဉ်ဈေးနှုန်: တစ်ဦးလျှင် 500,000/- ကျပ်

🚌 Moment ရဲ့ ဝန်ဆောင်မှုများ
✨VIP 2+1 EXPRESS
✨LOILONG RESORT (2) N
✨စားစရိတ်စုစုပေါင်း 6 နပ်
✨တဆင့်သွားကားခ
✨အဆာပြေမုန့် နှင့် အအေး
✨ရေသန့်အကန့်အသတ်မရှိ
ခရီးစဉ် တွင် လိုက်ပါပို့ဆောင်ပေးမည့်နေရာများ
✅ကလော
☘️ကလောမြို့မစျေး
☘️ဗျိုက်တောင်၊သဲကျင်း
☘️ရေယောင်းမ View Point
✅ပင်လောင်း
☘️လွယ်မောင်းတောင်
☘️လုံးနဂါးပတ်ဘုရား
☘️စမကျောက်စာ
☘️ရွက်ပုန်းသီးကော်ဖီခြံ
☘️spring rock cafe
☘️မျှော်လင့်ခြင်းတောင်ကုန်း
☘️ရသေ့ဂူ
☘️ဝင်္ကဘာဂူ
☘️မွေတော်ဘုရား
☘️golden rock ရေတံခွန်
☘️ကောင်ဒေါသဘာဝဂူ

"ဒီနှစ်သင်္ကြန်ကို Moment နဲ့အတူ အမှတ်တရရှိရှိ ဖြတ်သန်းလိုက်ပါ"
လက်မှတ်လေးတွေကို လက်မှတ်တန်ဖိုး 50% ပေးချေပြီး ထိုင်ခုံနေရာ လေးတွေ ကြိုတင်ဝယ်ထားလို့ရပါပြီနော် ...

ရန်ကုန်မြို့တွင်းကဖုန်းဆက်ပြီး၀ယ်ယူမယ့်ဧည့်သည်တော်များအတွက် အိမ်တိုင်ရာရောက် (ပို့ခအခမဲ့) လက်မှတ်လာရောက်ပို့ဆောင်ပေးပြီး

ကိုယ်တိုင်လာဝယ်ချင်တဲ့ ဧည့်သည်တော်များအတွက်
အမှတ် 193, မြိုင်တန်းသာလမ်း,14/2 ရပ်ကွက်, တောင်ဥက္ကလာပ (31) ဂိတ်အနီး သို့ လာရောက်ဝယ်ယူနိုင်ပါတယ်။

ခရီးစဥ်လေးနဲ့ပတ်သက်လို့ ထပ်မံအသေးစိတ်သိလိုသည်များရှိပါက page messenger နှင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

09 7570 02872
09 7738 43675
09 4562 33065
your cherished moments with us! 💛




#အိုးစည်တောင် #တိမ်ပင်လယ်
#အင်းလေး
#ပင်လောင်း #အပတ်စဥ်သောကြာနေ့တိုင်း

ခရီးသွားဝါသနာပါသူ သူငယ်ချင်းတို့ရေ... 🌿အားလုံးသိကြတဲ့အတိုင်း လက်ရှိ စက်သုံးဆီဈေးနှုန်းနဲ့ ကားငှားရမ်းခ အတက်အကျ အခြေအနေတွ...
23/03/2026

ခရီးသွားဝါသနာပါသူ သူငယ်ချင်းတို့ရေ... 🌿

အားလုံးသိကြတဲ့အတိုင်း လက်ရှိ စက်သုံးဆီဈေးနှုန်းနဲ့ ကားငှားရမ်းခ အတက်အကျ အခြေအနေတွေကြောင့် ကျွန်မတို့ရဲ့ ခရီးစဉ်ဈေးနှုန်းလေးတွေကို အနည်းငယ် ပြင်ဆင်သတ်မှတ်လိုက်ရပါတယ်ရှင်။ 🚐💨

ခရီးသွားဧည့်သည်တွေရဲ့ အဆင်ပြေချောမွေ့မှုနဲ့ ဝန်ဆောင်မှုပိုင်းမှာ အပြည့်အဝ တာဝန်ယူပေးနိုင်ဖို့အတွက် အခုလို ဈေးနှုန်းလေး ညှိနှိုင်းရတာကို နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 🙏

ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့၊ စိတ်အမောပြေစေမယ့် အေးချမ်းတဲ့ ခရီးစဉ်လေးဖြစ်အောင် အကောင်းဆုံး ကြိုးစားပေးသွားမှာပါ! ✨

📍 ခရီးစဉ်အသေးစိတ်နဲ့ ဈေးနှုန်းအသစ်များကို Messenger (CB) မှာ အသေးစိတ် စုံစမ်းနိုင်ပါတယ်ရှင်။

"Nature doesn't hurry, yet everything is accomplished.🌱"
23/03/2026

"Nature doesn't hurry, yet everything is accomplished.🌱"

စိတ်ဝေဒနာတွေက မိုးသားတိမ်တိုက်တွေရင်ထဲမှာ တလိပ်လိပ်တက်လာငြီးငွေ့တယ် ငြီးငွေ့တယ်အချစ်ကိုလည်း ငြီးငွေ့တယ်ဘဝကိုလည်း ငြီးငွေ...
21/03/2026

စိတ်ဝေဒနာတွေက မိုးသားတိမ်တိုက်တွေ
ရင်ထဲမှာ တလိပ်လိပ်တက်လာ

ငြီးငွေ့တယ် ငြီးငွေ့တယ်
အချစ်ကိုလည်း ငြီးငွေ့တယ်
ဘဝကိုလည်း ငြီးငွေ့တယ်
စတော်ဘယ်ရီသီးလေးကအစ ငြီးငွေ့မိတယ်

ကိုယ့်ကိုကိုယ် ဘယ်လိုမှ ဖမ်းမမိတော့ပါ
ရာသီဆိုးသွမ်းလမ်းမမှာ
ပြန်ကျမိုးလေးတစ်ဖြိုက်လောက် ရွာချလိုက်ပါတော့ကွယ်။

#မောင်ချောနွယ်

“အချိန်တွေပြောင်းသွားပေမယ့်တိတ်ဆိတ်စွာနဲ့ အလှတရားကတော့ မပြောင်းလဲဘူး“အမြင်တစ်ခုထဲမဟုတ်ဘဲခံစားမှုတစ်ခုကိုပါပေးနိုင်တဲ့နေရ...
21/03/2026

“အချိန်တွေပြောင်းသွားပေမယ့်
တိတ်ဆိတ်စွာနဲ့ အလှတရားကတော့ မပြောင်းလဲဘူး

“အမြင်တစ်ခုထဲမဟုတ်ဘဲ
ခံစားမှုတစ်ခုကိုပါပေးနိုင်တဲ့နေရာ…

📍 ပင်လောင်း ဝင်္ကဘာဂူ”

#ပင်လောင်း #ဝင်္ကဘာဂူ

“Some places don’t just show you views…They make you feel something 🌄”
21/03/2026

“Some places don’t just show you views…
They make you feel something 🌄”

"မင်္ဂလာရှိသော သောကြာနေ့ မနက်ခင်းလေးဖြစ်ပါစေရှင်။ 🌤️✨
20/03/2026

"မင်္ဂလာရှိသော သောကြာနေ့ မနက်ခင်းလေးဖြစ်ပါစေရှင်။ 🌤️✨

"ဒီနှစ်သင်္ကြန်မှာ ထူးခြားတဲ့ အတွေ့အကြုံသစ်တစ်ခု ရှာနေသလား? 🌊🛶အင်းလေးကန်ရဲ့ ရေပေါ်မှာ ကခုန်ဖျော်ဖြေကြတဲ့ ရေပေါ်သင်္ကြန်ယ...
19/03/2026

"ဒီနှစ်သင်္ကြန်မှာ ထူးခြားတဲ့ အတွေ့အကြုံသစ်တစ်ခု ရှာနေသလား? 🌊🛶

အင်းလေးကန်ရဲ့ ရေပေါ်မှာ ကခုန်ဖျော်ဖြေကြတဲ့ ရေပေါ်သင်္ကြန်ယိမ်းအကတွေ၊ လှေလှော်ပြိုင်ပွဲတွေနဲ့ ရှမ်းရိုးရာ အစားအသောက်တွေ... ဒါတွေအားလုံးက အင်းလေးမှာပဲ ရနိုင်တဲ့ အလှတရားတွေပါ။ ✨🌸

ဒီလို ပျော်စရာကောင်းတဲ့ အင်းလေး ရေပေါ်သင်္ကြန် ကို Moment နဲ့အတူ ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

📍 Trip (A) - အင်းလေး၊ ကလော၊ တောင်ကြီး ခရီးစဉ်
သင်္ကြန်ပိတ်ရက်အတွက် အခုပဲ အမြန်ဆုံး Booking တင်လိုက်တော့နော်။ 🚌💨"

"နေဝင်ချိန်ရဲ့ တည်ငြိမ်မှုတွေကြားမှာ... ကိုယ့်စိတ်ကလေးကို အနားပေးလိုက်ပါ။ 🌅✨ရှမ်းပြည်ရဲ့ ညနေခင်းတွေက ဒီလိုပဲ လှပပြီး အေး...
19/03/2026

"နေဝင်ချိန်ရဲ့ တည်ငြိမ်မှုတွေကြားမှာ... ကိုယ့်စိတ်ကလေးကို အနားပေးလိုက်ပါ။ 🌅✨

ရှမ်းပြည်ရဲ့ ညနေခင်းတွေက ဒီလိုပဲ လှပပြီး အေးချမ်းတတ်ပါတယ်။
ပုံထဲကလို ငြိမ်သက်အေးချမ်းတဲ့ ခံစားချက်မျိုးကို ခရီးစဉ်တစ်လျှောက်လုံးမှာ
အပြည့်အဝရရှိဖို့ Moment က အနားမှာ ရှိနေပေးမှာပါ။

"

19/03/2026

အစာကြီးရယ်၊ stress ကင်းရယ် 🐑
အစားလေးတွေကို မျက်စိမဖွင့်ပဲ ထိုးနေကြတာ 😂
ကျွန်တော်တို့ရဲ့ mini buffet 🐏🍽️ – မီးပူစရာမလိုဘူး!”



vibes

"တစ်ခွက်စာ ကော်ဖီဖြစ်မလာခင်... အပင်ပေါ်က ဒီလို အနီရောင်ရတနာလေးတွေကနေ အစပြုတာပါ။ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေ။ ☕🍒""F...
19/03/2026

"တစ်ခွက်စာ ကော်ဖီဖြစ်မလာခင်...
အပင်ပေါ်က ဒီလို အနီရောင်ရတနာလေးတွေကနေ အစပြုတာပါ။
မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ပါစေ။ ☕🍒"

"Farm to Cup... ကျွန်မတို့ရဲ့ ပင်လောင်းခရီးစဉ်မှာ ကော်ဖီရဲ့ ဖြစ်တည်မှု ဇာတ်လမ်းလေးတွေကို အနီးကပ် လေ့လာနိုင်ပါတယ်။"

Address

No.193,Myaing Than Tar Street
Yangon
11091

Telephone

+959796116062

Website

Alerts

Be the first to know and let us send you an email when Moment Travel Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category