Travel With Saii Travelling, Overlanding, Digital Creator, Photographing.

🌲 နှစ်ပေါင်းရာချီတဲ့ အပင်တွေလို့ပြောတာပဲ 🌲
21/08/2024

🌲 နှစ်ပေါင်းရာချီတဲ့ အပင်တွေလို့ပြောတာပဲ 🌲

 #လာအိုရောက်ရင်သွားသင့်တဲ့နေရာ    ကို   ဗီယံကျင်း မြို့တော်ကနေ 150 km လောက်   ကားနဲ့  1 hr 30 m တနာရီခွဲလောက်ကားစီးသွားရ...
21/05/2024

#လာအိုရောက်ရင်သွားသင့်တဲ့နေရာ
ကို ဗီယံကျင်း မြို့တော်ကနေ 150 km လောက် ကားနဲ့ 1 hr 30 m တနာရီခွဲလောက်ကားစီးသွားရင် တောင်ခြေနားက မြို့ကို အရင် ရောက်ပါမယ်။ ကားခကတော့ ဘတ် #400 ဝန်းကျင်လောက်ရှိပြီး ရထားနဲ့ဆို ဘတ် #700 လောက်ကျပါတယ်။ ကိုစိုင်းသွားတုန်းကတော့ ဘတ်ကားနဲ့သွားပီး ရောက်မှ ဆိုင်ကယ်ငှားပီး‌တောင်ပေါ်တက်တာပါ တရက်နုန်း ဘတ် #200 ပေးရပါတယ် ဆီဖိုးမပါပါ။ ဆိုင်ကယ်ဆီဖိုးက ဘတ် 35/Liter ဝန်းကျင်ပေးရပါတယ်။
#သွားလို့အကောင်းဆုံးအချိန် ကတော့ လာအိုမှာ ခြောက်သွေ့ပြီး အေးမြတဲ့ ကနေ လတွေထိဖြစ်ပြီး ကိုစိုင်း လမှာသွားတုန်းကတော့ ရံဖန်ရံခါ မိုးရွာတဲ့လ ဖြစ်တဲ့အတွက် မိုးရွာတတ်ပြီး မြူခိုးတွေ ထနေတာကလဲ တမျိုးလှပါတယ်။
#ဝင်ကြေး ကတော့ ဘတ် #30 ဝန်းကျင် ဖြစ်ပီး ဖွင့်ချိန်ကတော့ မနက် 9am ကနေ ညနေ 5:30 ဖြစ်တဲ့အတွက် နေစောင်းမှ သွားရင် မှောင်ပါတယ်။
#တောင်တက်ပီဆိုရင် သူကထုံးကျောက်တောင်ဖြစ်ပီး သစ်ပင်အမြစ်တွေနဲ့က မိုးရွာရင် တော်တော်ချော်တဲ့ အတွက် or ဝတ်သွားသင့်ပါတယ်။ ကိုစိုင်းက sneaker နဲ့တက်တော့ အပေါ်ရောက်တော့ ဖိနပ်က တော်တော်ဗွက်ထနေပါပြီ။ အင်းကျီကို တွေဝတ်သွားနိုင်ရင်ပိုကောင်းပါတယ်။
#တောင်တက်တာဝါသနာပါပီး စိတ်ဖိစီးမှုတွေ လျော့ကျချင်တယ်၊ လွတ်လက်တဲ့ လေတွေ တဝရှူသွင်းပြီး ဘဝရဲ့ အဓိပ္ပါယ်ရှိရှိပေါ့ပါးတဲ့ခံစားချက်မျိုး ရချင်တယ်ဆိုရင်တော့ လာအိုကို ရောက်ရင် နမ်စေး ရှူမျော်ခင်းကို ရောက်အောင်သွားဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။

#ဘတ်ကားလက်မှတ်
https://12go.asia/en
Travel With Saii

15/05/2024

🌊 ဒါနန်း မှ အလှဆုံးကမ်းခြေများ ၅-၅🌊၅. နမ်အို ကမ်းခြေ မပျက်မစီးပဲ ပင်လယ်ရေမျက်နှာပြင်အောက်ထဲမှာ ကျန်နေတဲ့ အလှတရားတွေတည်ရှ...
17/04/2024

🌊 ဒါနန်း မှ အလှဆုံးကမ်းခြေများ ၅-၅🌊
၅. နမ်အို ကမ်းခြေ

မပျက်မစီးပဲ ပင်လယ်ရေမျက်နှာပြင်အောက်ထဲမှာ ကျန်နေတဲ့ အလှတရားတွေတည်ရှိတဲ့ သန္တာကျောက်တန်းတွေရယ်၊ ရေမျက်နှာပြင်ပေါ်ထိုးထွက်နေတဲ့ ကျောက်ဆောင်ကျောက်ခဲတွေပေါ်မှာ နေရာယူထားတဲ့ စိမ်းနုရောင် ရေညှိစိမ်းတွေက ကမ်းစပ်တခုလုံးကို ကျိုးတို့ကျဲတဲ ဆေးချယ်ထားတဲ့ မြင်ကွင်းက ကမ္ဘာမှာ တကယ်ရှားပါးတဲ့ မြင်ကွင်းမျိုးက ခရီးသွားတွေ အမှတ်မပေးလို့ မနေနိုင်အောင် ဖြစ်စေတဲ့အတွက် ရောက်အောင်သွားကြည့်ရမယ့် စာရင်းထဲ ထည့်လိုက်ပါတယ်ဗျာ။

5. Nam O Beach
The famous of this unspoiled beach lies in its special underwater rock formations covered in lush green moss and it is a nature's artistic masterpiece that is sure to give an inspiring surprise to any visitors.

🌊 ဒါနန်း မှ အလှဆုံး ကမ်းခြေများ ၅-၄၃။ စွန်း တရူး ကမ်းခြေ မျက်စိတဆုံးမြင်ရတဲ့ ရောင်နီ ကို နေထွက်ချိန်ရော နေဝင်ချိန်ပါ ကြည...
13/04/2024

🌊 ဒါနန်း မှ အလှဆုံး ကမ်းခြေများ ၅-၄
၃။ စွန်း တရူး ကမ်းခြေ

မျက်စိတဆုံးမြင်ရတဲ့ ရောင်နီ ကို နေထွက်ချိန်ရော နေဝင်ချိန်ပါ ကြည့်ရတာကို ကြိုက်တဲ့ ခရီးသွားတွေရဲ့ ကမ်းခြေဖြစ်ပါတယ်။ လေပြေညင်းတွေ တိုက်ခတ်နေတဲ့ ပင်လယ်သဲတောင်ပြင်ရယ် အာရုံဦး နဲ့ ဆည်းဆာ ရဲ့ ရောင်နီရယ်က သင့်ကို အသက်ဝင်နေတဲ့ ပန်းချီကားတချပ်ကို ထိုင်ကြည့်နေရတဲ့ အံဩသက်ဝင်‌စေတဲ့ ခံစားမှု့ကို ရစေမှာ ဖြစ်တဲ့အတွက် ဘဝမှာတခေါက်တခါတော့ သွားကြည့်သင့်တဲ့နေရာ ဖြစ်ပါတယ်။

Xuan Thieu Beach

The enchanting red beach famous for its red makeover during sunrise and sunset. As the sun touch the horizon, its warm rays spread the magical glow over the seaand painting the beach with a romantic shade that let the visitors with an awe-inspiring experience.



🌊 ဒါနန်း မှ အလှဆုံး ကမ်းခြေများ ၅-၃၃။ နွန်းနုတ် ကမ်းခြေ ငြိမ်းချမ်းပီး အနှောက်အယှက်ကင်းတဲ့ နေရာကို ရှာဖွေနေတဲ့ ခရီးသွားတ...
10/04/2024

🌊 ဒါနန်း မှ အလှဆုံး ကမ်းခြေများ ၅-၃
၃။ နွန်းနုတ် ကမ်းခြေ

ငြိမ်းချမ်းပီး အနှောက်အယှက်ကင်းတဲ့ နေရာကို ရှာဖွေနေတဲ့ ခရီးသွားတွေအတွက်ဆိုရင်တော့ ဒီ Non Nuoc ကမ်းခြေက သင့်အတွက်အနားယူရာ ထွက်ပေါက်ပဲ ဖြစ်ပါတယ်။ အမှိုက်သရိုက်တွေကင်းပြီး မပျက်စီးသေးတဲ့ ကမ်းခြေအလှရယ် စီးချက်မှန်မှန်နဲ့ ကမ်းစပ်ကို လာတိုးနေတဲ့ လှိုင်းခတ်သံက သင့်ကို စိတ်ရောခန္ဓာကိုယ်ပါ နှစ်မျိုးစလုံးကို သီးသန့်နေရာလေးဖြစ်စေပြီး စိတ်ပူစရာတွေ စိတ်ဖိစီးမှု့တွေကို ရေလှိုင်းခတ်သံတွေနဲ့အတူ ပင်လယ်ထဲကို ဆွဲချသွားတဲ့ ပေါ့ပါးမှု့မျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။

3. Non Nuoc Beach
The harmony of nature for those seeking a peaceful vacation and an undisturbed escape. With its unspoiled beauty and rhythmic sound of the ocean waves here creates a pleasant, tranquil, and calming atmosphere will let your worries be washed away.



🌊"ဒါနန်း"မှ အလှဆုံးကမ်းခြေများ ၅-၂🌊၂။ စွန်ချာ ကမ်းခြေမြစိမ်းရောင် တလက်လက် ဖြစ်နေတဲ့ စွန်ချာ ပင်လယ်အော် ကမ်းခြေက အမြဲစိမ်...
09/04/2024

🌊"ဒါနန်း"မှ အလှဆုံးကမ်းခြေများ ၅-၂🌊

၂။ စွန်ချာ ကမ်းခြေ

မြစိမ်းရောင် တလက်လက် ဖြစ်နေတဲ့ စွန်ချာ ပင်လယ်အော် ကမ်းခြေက အမြဲစိမ်းတောအုပ်ကြီးကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ကမ်းခြေနဲ့ ထိစပ်နေတဲ့ အမြဲစိမ်းတောအုပ်ကြီးက တောအနောက်မှာရှိတဲ့ တောင်ကုန်းကြီးနဲ့ ဆက်ရပ်ဖြစ်နေပီးတော့ အဲ့ဒီတောင်ကို ဒေသခံတွေခေါ်တဲ့ အခေါ်ကတော့ ကျနော်တို့ မြန်မာမှာရှိတဲ့ ပုပ္ပါးတောင်မှာလို မျောက်တွေခဏခဏတွေ့ရတဲ့အတွက် "မျောက်တောင်" လို့လဲခေါ်ကြပါတယ်။ ခရီးသွားတွေ စွန်ချာ ကမ်းခြေက တောအုပ်ထဲကို သွားရင် တောကြောင် တွေ ကြွက်အရွယ် သမင်ပုံစံ အကောင်လေးတွေနဲ့ ခြေထောက်တွေ အနီရောင်ဖြစ်တဲ့ ရှားပါးမျောက် မျိုးစိတ်တွေကို အဲ့ဒီတောအုပ်ထဲမှာ‌ တွေ့ရနိုင်တဲ့အတွက် စွန်ချာ ကမ်းခြေက ပင်လယ်ကမ်းခြေခံစားမှု့ နဲ့ တောနင်းတဲ့ တောတွင်း ခံစားမှု့နှစ်မျိုးလုံးကို ပေးနိုင်တာကြောင့် တောရိုင်း တိရိစ္ဆာန် လိုက်ကြည့်ရတာ ဝါဿနာပါတဲ့သူတွေ ကို စွန်ချာ ကမ်းခြေကို ရောက်အောင်သွားဖို့ အကြံပြုချင်ပါတယ်ဗျာ။
🌊🐒🐆🐈🐁🌊

2. Son Tra Beach
The sparkling emerald bay with lush of green forest and soft blue sky that reflect the sea surface. You may have a chance to witness the jungle-cat, chevrotain and red-shanked douc langur in the green forest.


🌊" ဒါနန်း " မှ အလှဆုံးကမ်းခြေ ၅-၁🌊၁။ မိခေ ကမ်းခြေက ဟိုတယ်ဇုံတွေနဲ့ အနီးဆုံး ကမ်းခြေဖြစ်ပြီး ပင်လယ်ပြင်ကို ဟော်တယ်အိပ်ခန်...
08/04/2024

🌊" ဒါနန်း " မှ အလှဆုံးကမ်းခြေ ၅-၁🌊

၁။ မိခေ ကမ်းခြေက ဟိုတယ်ဇုံတွေနဲ့ အနီးဆုံး ကမ်းခြေဖြစ်ပြီး ပင်လယ်ပြင်ကို ဟော်တယ်အိပ်ခန်းကနေ အများဆုံးမြင်ရတဲ့အပြင် မီတာ ၉၀၀ ကျော်ရှည်တဲ့ အဖြူရောင်သဲနုကမ်းစပ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ဟိုတယ်ကနေ ကမ်းခြေကို အဝေးကြီး မသွားချင်တဲ့ ခရီးသွားတွေအတွက် အဆင်ပြေဆုံးကမ်းခြေဖြစ်ပါတယ်။ အဖြူရောင်သဲသောင်ခုံပေါ်မှာ ပေါက်ရောက်နေတဲ့ အုန်းပင်တွေကြားက အိပ်စဉ်ပေါ်မှာလှဲပြီး ပင်လယ်လှိုင်းသံကို နားထောင်ရင်း အနားယူရတာက ခရီးသွားတွေကို နွေရာသီကမ်းခြေရဲ့ အရသာကို အပြည့်အဝ ခံစားရစေမှာ ဖြစ်ပါတယ်။

Beaches in DaNang

5-1. My Khe Beach

A coastal beauty with tropical vibes, with over 900 meter of silky soft white sand and swaying coconut palms.

ที่อยู่

Sukhumvit 77
Bangkok
10110

เบอร์โทรศัพท์

+66661206292

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Travel With Saiiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Travel With Saii:

ทางลัด

แชร์