30/11/2025
ချင်းမိုင်ကနေ ဖူးခက်ကို ဒီနေ့ဘဲ ကူးရတော့ နေ့တစ်ဝက်လောက်တော့ ကုန်သွားတယ် ဖူးခက်မှာတော့karonက ဘက်ဂျက်ဟိုတယ်လေးဘဲ တည်းဖြစ်တယ် ဆိုင်ကယ်ငှားတယ် နေ့လည်စာစားတယ် phi phi သွားဖို့လက်မှတ်ဖြတ်ရတယ်
ဒီနေ့က Sunday night market ရှိတယ်ဆိုတော့ Phuket old Town ဆိုင်ကယ်နဲ့သွားတယ် ဖူးခက်မှာက ဆိုင်ကယ်စီးရတာ အတော်ပျော်ဖို့ကောင်းတယ် ကျွမ်းကျင်တယ်ဆိုရင် ဆိုင်ကယ်နဲ့ ပတ်သွားရတာ တန်လဲတန်တယ် နေရာစုံလဲရောက်ပါတယ် 🥰
မနက်ဖန်တော့ ဖူးခက်တလျောက်လှတဲ့ ကန်းခြေတွေမှာ ရေပတ်ချိုးမယ် စားမယ်သောက်မယ် 😎