Mudra Journeys ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Mudra Journeys, บริษัทท่องเที่ยว, หมู่ที่ 6 88/8-9 ถนน ซุปเปอร์ไฮเวย, Chiang Mai.

🔴 ချင်းမိုင်မှာ cost effective ဖြစ်ဖြစ်နဲ့ cancer treatment ရယူချင်ရင်ဒီစာလေးဖတ်ကြည့်ပါ🔴ဒီတစ်ခါတော့ထိုင်းနိုင်ငံရဲ့ ဂုဏ်...
05/06/2026

🔴 ချင်းမိုင်မှာ cost effective ဖြစ်ဖြစ်နဲ့ cancer treatment ရယူချင်ရင်ဒီစာလေးဖတ်ကြည့်ပါ🔴

ဒီတစ်ခါတော့ထိုင်းနိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကင်ဆာအထူးကုဆရာဝန်မကြီးဖြစ်တဲ့ Dr. Sumitra Thongprasert အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ဆရာမကြီးက ကြင်နာနွေးထွေးမှုရှိပြီး လူနာတွေရဲ့လိုအပ်ချက်၊ငွေကြေးအင်အားပေါ်မူတည်ပြီးအဆင်ပြေဆုံးဖြစ်မဲ့ treatment ကိုလဲ ဂရုတစိုက်ဆွေးနွေးရွေးချယ်ပေးပါတယ်။ ကင်ဆာကုသမှုဟာ အချိန်ပေးကုသရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက် ချင်းမိုင်မြို့မှာ နေစရိတ်၊စားစရိတ်၊သွားလာစရိတ် သက်သက်သာသာနဲ့ လာရောက်ကုသချင်ရင်တော့ Mudra Journeys နဲ့ အခမဲ့ဆွေးနွေးလို့ရပါတယ်။

ဒေါက်တာ Sumitra Thongprasert ဟာ ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး ကင်ဆာဆေးပညာရှင် (Medical Oncologist) များထဲမှ တစ်ဦးဖြစ်ပြီး၊ အထူးသဖြင့် အဆုတ်ကင်ဆာ သုတေသနနှင့် ကင်ဆာကုသရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင် ကင်ဆာဆေးပညာ (Medical Oncology) ကို သီးခြားအထူးပြု ဆေးပညာဘာသာရပ်တစ်ခုအဖြစ် တည်ထောင်ပြီး ဖွံ့ဖြိုးလာစေရန် အဓိက ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိတာဝန်များ

* ချင်းမိုင်တက္ကသိုလ် ဆေးပညာဌာန၏ ဂုဏ်ထူးဆောင် ပါမောက္ခ (Professor Emeritus)
* Bangkok Hospital Chiang Mai ရှိ ကင်ဆာအထူးပြုစင်တာ (Center of Excellence in Cancer) ၏ ဒါရိုက်တာနှင့် အကြီးတန်း ကင်ဆာအထူးကု အကြံပေး

ပညာရေး

* MD (ဆေးပညာဘွဲ့) – ချင်းမိုင်တက္ကသိုလ် (၁၉၇၅)
* Internal Medicine အထူးပြုလေ့ကျင့်မှု – ချင်းမိုင်တက္ကသိုလ် (၁၉၇၉)
* Hematology-Oncology Fellowship – Memorial Sloan Kettering Cancer Center, နယူးယောက် (၁၉၈၃)
* Medical Oncology အထူးပြု – ချင်းမိုင်တက္ကသိုလ်

အဓိက ပံ့ပိုးမှုများ

* နယူးယောက်မြို့တွင် ကင်ဆာအထူးပြု သင်တန်းပြီးဆုံးပြီးနောက် ချင်းမိုင်တက္ကသိုလ်၌ Medical Oncology Unit ကို စတင်တည်ထောင်ခဲ့သည်။
* Thai Society of Clinical Oncology ၏ တည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၀၂ မှ ၂၀၀၆ အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
* International Association for the Study of Lung Cancer (IASLC) ၏ ဘုတ်အဖွဲ့ဝင်အဖြစ် ၂၀၁၁ မှ ၂၀၁၅ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
* European Society for Medical Oncology (ESMO) ၏ Far East ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ၂၀၀၈ မှ ၂၀၁၅ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဆုများနှင့် ဂုဏ်ပြုအသိအမှတ်ပြုမှုများ

* ၂၀၁၆ ခုနှစ် ESMO Women for Oncology Award ကို ရရှိခဲ့ပြီး၊ ကင်ဆာဆေးပညာနယ်ပယ်ရှိ အမျိုးသမီးများအား ထောက်ပံ့အားပေးမှုနှင့် ခေါင်းဆောင်မှုအတွက် အသိအမှတ်ပြုခံခဲ့ရသည်။
* ၂၀၁၆ ခုနှစ် IASLC Merit Award ကို ရရှိခဲ့ပြီး၊ အဆုတ်ကင်ဆာ သုတေသနနှင့် နိုင်ငံတကာ ကင်ဆာဆေးပညာ အသိုင်းအဝိုင်းအတွက် ထူးခြားသော ပံ့ပိုးမှုများကြောင့် ချီးမြှင့်ခံခဲ့ရသည်။
* Asian Scientist 100 စာရင်းတွင်လည်း ပါဝင်ဖော်ပြခံခဲ့ရသည်။

သုတေသနလုပ်ငန်းစဉ်များ

* အဆုတ်ကင်ဆာ (အထူးသဖြင့် Non-Small Cell Lung Cancer)
* Chemotherapy နှင့် Targeted Therapy များ
* ကင်ဆာကုသမှု ရလဒ်များနှင့် လူနာဘဝအရည်အသွေး
* ထိုင်းနိုင်ငံရှိ ကင်ဆာကုသမှုများ စရိတ်သက်သာပြီးထိရောက်မှုရှိစေရေး

✅ချင်းမိုင်မှာ လည်ပါတ်သွားလာတော့မယ်ဆိုတစ်ချို့ဧည့်သည်တွေမှာသူတို့ချစ်မြတ်နိုးရတဲ့🧡သားသားမီးမီး အာဝုလေးတွေ🐶မြောင်လေး🐱တွေပ...
30/04/2026

✅ချင်းမိုင်မှာ လည်ပါတ်သွားလာတော့မယ်ဆို
တစ်ချို့ဧည့်သည်တွေမှာသူတို့ချစ်မြတ်နိုးရတဲ့🧡
သားသားမီးမီး အာဝုလေးတွေ🐶မြောင်လေး🐱တွေ
ပါလာတတ်ပါတယ်ဗျ🧡
✅သူတို့လေးတွေနဲ့အတူတူခရီးထွက်ဖို့အတွက်
တစ်ချို့မိဘတွေမှာအခက်အခဲလေးတွေရှိတတ်ကြပါတယ်
ကျတော်ကတော့ချင်းမိုင်တစ်ခွင်အလည်ပါတ်လာတဲ့
သူတို့မိသားစုလေးတွေအစဉ်ပြေပြေနဲ့အတူတူလည်ပါတ်နိုင်အောင် extra charges မရှိပဲအဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်ဗျ🤍
👆🏻ကျတော်ကိုယ်တိုင်လည်း တိချစ်သူဖြစ်တာကြောင့်ပါခဗျ🙏🏻❤️
Model-အိမ်ကသမော်တီး

မင်္ဂလာပါရှင့်။ကျွန်မက Mudra Journeys ရဲ့ founder တစ်ယောက်ဖြစ်တဲ့ Dr.ဖွေးနုမိုးပါ။ ဖေဖေ၊မေမေတို့ နဲ့ အုပ်ထိန်းသူတွေ ကိုယ...
29/04/2026

မင်္ဂလာပါရှင့်။ကျွန်မက Mudra Journeys ရဲ့ founder တစ်ယောက်ဖြစ်တဲ့ Dr.ဖွေးနုမိုးပါ။ ဖေဖေ၊မေမေတို့ နဲ့ အုပ်ထိန်းသူတွေ ကိုယ့်ကလေးရဲ့ အမူအကျင့်၊အပြောအဆိုလေးတွေအများနဲ့မတူပဲထူးခြားနေတာ၊အာရုံစိုက်ဖို့ ငြိမ်ငြိမ်နေဖို့ ခက်ခဲတာ၊စကားပြောနောက်ကျနေတာ စတဲ့အခြေအနေတွေကိုသတိထားမိပြီး စိုးရိမ်နေရတယ်ဆိုဒီ post လေးက ဖေဖေ၊မေမေတို့အတွက်ပါ။

ကျွန်မကိုယ်တိုင် ကလေးတွေရဲ့အမူအကျင့်၊စိတ်နေစိတ်ထား၊ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့ စိတ်ဝင်စားတာကြောင့် Chiang Mai Bangkok Hospital ရဲ့ ကလေးဖွံ့ဖြိုးမှု နဲ့ အမူကျင့်ဆိုင်ရာ အထူးကုဆရာဝန်မကြီး Dr. Patareya Lertcheewakarn (Developmental and Behavioral Pediatrics)နဲ့ ဖွံ့ဖြိုးမှုဆိုင်ရာစိတ်ပညာရှင် Khun Chonthida Sonphakdree @ Kru Luknam ( Developmental Psychologist)တို့နဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။ငယ်ရွယ်စဉ်ကထဲက ကလေးဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး ဂရုတစိုက်ပျိုးထောင်ပေးတာဟာ ကလေးရဲ့အနာဂတ်အတွက် တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ။မွေးရာပါအခြေနေတွေကြောင့် ကလေးဖွံ့ဖြိုးမှုနဲ့ အမူအကျင့်ပိုင်းဆိုင်ရာမတူကွဲပြားတာရှိနိုင်သလိုအခုခေတ်အခါက မိဘတွေအလုပ်များတာကြောင့် ကလေးသင်ယူလေ့လာနိုင်အောင် device တွေမပါပဲ လှုံ့ဆော်မှုကောင်းကောင်းမပေးနိုင်တာ၊screen time ကိုမစီစစ်နိုင်တာတွေကြောင့် အာရုံစိုက်ဖို့ခက်ခဲလာတာ၊ဒေါသကြီးတာ၊စကားပြောနောက်ကျတာတွေလဲဖြစ်တတ်ကြပါတယ်။Chiang Mai Bangkok Hospital ရဲ့ ဆရာဝန်၊ပညာရှင်တွေနဲ့ သေချာဆွေးနွေးပြီး therapy မျိုးစုံရယူနိုင်တဲ့အပြင် မိဘများအတွက် parenting program တွေလဲဆောင်ရွက်ပေးနိုင်ပါတယ်။ကုထုံရယူနေချိန်မှာလဲ လိုအပ်ရင် ကျွန်မကိုယ်တိုင် ဘာသာပြန် interpret လုပ်ပေးမှာဖြစ်ပါတယ်။

ချင်းမိုင်မျိုးက ဘန်ကောက်နဲ့ယှဉ်ရင် slow living ဖြစ်တယ်။ မိဘရော ကလေးပါ အေးဆေးသက်သာစွာ နေထိုင်နိုင်တဲ့အပြင် နေထိုင်စားသောက်စရိတ်ကလဲ ဘန်ကောက်ထက်အများကြီးသက်သာပါတယ်။ဒါ့ကြောင့် အချိန်ယူပြီးလေ့ကျင့်ကုသရမဲ့ အနေအထားတွေအတွက် တကယ်ကိုသင့်လျှော်ပါတယ်။ Passport မရှိတဲ့သူတွေအတွက်လဲ တာချီလိတ်-မယ်ဆိုင် နယ်စပ်ကတရားဝင်ဖြတ်သန်းပြီး လာရောက်ဆွေးနွေးကုသလို့ရပါတယ်။အသေးစိတ်သိချင်တာရှိရင် chatbox ကနေတစ်ဆင့်မေးမြန်နိုင်ပါတယ်။အခမဲ့ဆွေးနွေးတိုင်ပင်ပေးပါမယ်။

Hello…🙏🏻Mudra journeys ရဲ့servicesတွေထဲက တစ်ခုဖြစ်တဲ့ car rental service ကဆိုရင်တော့ဖြင့်ချင်းမိုင်မှာ အားလုံးသိကြတဲ့ ခရ...
05/02/2026

Hello…🙏🏻
Mudra journeys ရဲ့servicesတွေထဲက တစ်ခုဖြစ်တဲ့
car rental service ကဆိုရင်တော့ဖြင့်
ချင်းမိုင်မှာ အားလုံးသိကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ ခရီးစဉ်တွေလမ်းကြောင်းတွေအပြင်…
ချင်းမိုင်မြို့တွင်း အိမ်အပြောင်းရွှေ့၊ပစ္စည်းအကြီးတွေရွှေ့ပြောင်း ပို့ဆောင်၊ နာရီပိုင်းအငှါး၊လေယာဉ်ကွင်းကြို/ပို့ ၊self drive အငှါး၊အစရှိတဲ့ ကားနဲ့ပါတ်သက်အသုံးပြုရမည့် service အမျိုးမျိုး ကို customers တွေအဆင်ပြေအောင်ဆောင်ရွက်ပေးနေပါတယ်🤍
ပုံမှန်ခရီးသွားအလည်ပါတ်ဧည့်သည်တွေကတော့
လည်ပါတ်နေကြအထင်ကရနေရာတွေကို တစ်ဦးထဲကစပြီးမိသားစု သူငယ်ချင်း အဖွဲ့တွေနဲ့လည်း တစ်စုတစ်စည်းထဲသွားလို့ရတဲ့ ၁၂ယောက်စီးအထိ ဧည့်သည်များအဆင်ပြေအောင် ခရီးစဉ် တွေစီစဉ်ပေးပါတယ်ခဗျ….🙏🏻

မင်္ဂလာပါ…Mudra Journeys ကအားလုံးကိုကြိုဆိုလိုက်ပါတယ်Migration ဆိုတဲ့ရွှေ့ပြောင်းနေထိုင်ချင်းဆိုတာ သဘာဝရဲ့အစိတ်အပိုင်းတစ...
31/01/2026

မင်္ဂလာပါ…
Mudra Journeys ကအားလုံးကိုကြိုဆိုလိုက်ပါတယ်

Migration ဆိုတဲ့ရွှေ့ပြောင်းနေထိုင်ချင်းဆိုတာ သဘာဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို ကျွန်တော်တို့လူသားတွေဟာလဲ အချိန်တန်လာတဲ့အခါ ရေကြည်ရာ မြက်နုရာကိုရှာဖွေလာရပါတယ်။ဒီတော့ ကျန်မားရေ၊ပညာရေး၊စားဝတ်နေရေးအတွက်ဖြစ်စေ၊ခဏတာအလည်အပတ်အတွက်ဖြစ်စေ၊ရွှေ့ပြောင်းအခြေချဖို့ဖြစ်စေ ချင်းမိုင် မြို့ကိုလာချင်တယ်ဆိုရင်တော့ အားလုံးကိုဖေးမကူညီပေးဖို့ Mudra Journeys ကအသင့်ရှိနေပါတယ်။

ကျွန်တော်တို့ပေးနိုင်တဲ့ဝန်ဆောင်မှုတွေကတော့

- Car Rental နှင့် ခရီးစဉ်များစီစဉ်ပေးချင်း
- ခရီးစဉ်တစ်လျှောက်ဓာတ်ပုံရိုက်ကူးရေး
- ဆေးကုသမှုအတွက် Medical Coordination
- အခြေခံနှင့်အဆင်မြင့်ပညာရေးဆိုင်ရာ ဆွေးနွေးချိတ်ဆက်မှုများ

Mudra Journeys အနေနဲ့ ထပ်မံ Highlight လုပ်ပြီးဖော်ပြချင်တာကတော့ ကျွန်တော်တို့ရဲ့ medical coordination services များပဲဖြစ်ပါတယ်။ချင်းမိုင်မြို့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေအပြင် ဆေးကုသမှုစရိတ်လျှော့ချခင်သူများအတွက် အစိုးရဆေးရုံမှာပြသရန်အတွက်ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ထို့အပြင် passport မလိုပဲ မှတ်ပုံတင်ရှိရုံနဲ့ ထိုင်းနိုင်ငံ ချင်းရိုင်မြို့မှာ ဆေးကုသမှုရယူနိုင်ရန်လဲဝန်ဆောင်မှုပေးနေပါတယ်။ကျွန်တော်တို့ Mudra Journeys ရဲ့ Medical Coordinator ဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စိတ်ကျန်းမာရေးပညာရှင်တစ်ယောက်လဲဖြစ်တာကြောင့် ကုသမှုခံယူနေစဉ်အတွက် ကိုယ်ကာယပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုလဲအပြည့်အဝပေးနိုင်ပါတယ်။ Neurodivergent (autism/ADHD and other developmental differences) ဆိုင်ရာကုထုံးများရယူနိုင်အောင်လဲဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

ที่อยู่

หมู่ที่ 6 88/8-9 ถนน ซุปเปอร์ไฮเวย
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mudra Journeysผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์