21/05/2025
🏆 ထိုင်းရောက်ကုန်ကြပြီ၊
ဂျပန်ရောက်ကုန်ကြပြီ၊
စလုံးရောက်ကုန်ကြပြီ၊
ဒူဘိုင်း၊ မလေးကိုလည်း သွားကုန်ကြပြီတဲ့....
လူကြီးမင်းတို့ကကော 🤔
နိုင်ငံရပ်ခြားသွားပြီး ကျွမ်းကျင်ရာပညာရပ်တွေအသုံးချပြီး
အိမ်အတွက် ပိုက်ဆံအများကြီးရှာချင်တယ်
ဘဝတက်လမ်းအတွက် ရွေးချယ်ချင်ကြတယ်
ဘယ်ကနေစလုပ်ရမှာလဲ
သူများတွေဘယ်လိုသွားနေကြတာလဲ
စတာတွေကို သိချင်ကြမှာပါ.....
မြန်မာကနေ ဂျပန်၊ စလုံး၊ ဒူဘိုင်း၊ မလေး တိုက်ရိုက်သွားကြမယ်
တိုက်ရိုက်သွားလို့မရခဲ့ရင်ကော၊
အthက် သတ်မှတ်ချက် အကျုံးဝင်နေရင်ကော
ပထမဆုံးနိုင်ငံခြားသွားမှာဆိုရင်ကော
OWIC ကဒ်မရှိရင်ကော
မြန်မာဘက်ခြမ်းတင်ပဲလားဆိုတော့
ဒါတင်မကသေးပါဘူး...
ထိုင်း လ.ဝ.က မှာကော အဆင်ပြေပါ့မလား...
ဘာတွေလိုမှာလဲ...
ဘာတွေမေးတတ်တာလဲ...
လေယာဉ်တစ်ခါမှ မစီးဖူးတော့အဆင်ပြေပါ့မလား.....
စတဲ့စတဲ့ ကိစ္စရပ်တိုင်းမှာ ဖြေရှင်းနည်းဆိုတာရှိပြီးသားပါ။
ရေကြည်ရာဆီရောက်လာသူတိုင်းအတွက်တော့ ပြည်တွင်း/ပြည်ပလေဆိပ်တွေမှာ မျက်စိမလည်ပဲ ကျွမ်းကျွမ်းကျင်ကျင်သွားလာတတ်စေရမယ်။
နောက်ပြီး လှလှနဲ့ကျော့ကျော့လေး အပြုံးမပျက်ဖြစ်အောင် VIP လိုပါ စီစဥ်ပေးထားပါသေးတော့ အမေးအမြန်းထူမှာ စိတ်မပူနဲ့....
ဘာလို့ ဒီလိုပြောနိုင်တာရလဲဆိုတော့ Clients ပေါင်းရာချီသွားချင်ကြတဲ့ နိုင်ငံတွေကို ဒီကာလအပိုင်းအခြားလေးတခုထဲမှာ ရေကြည်ရာက ကိုယ်တိုင်ကိုယ်ကျ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးလိုက်နိုင်တာမို့ပါပဲ။
🔥 ၀န်ဆောင်မှုဆိုတဲ့နေရာမှာလည်း အခုလိုကြေငြာပိုစ့်လေးတင်၊ အလုပ်လာအပ်လို့ ၀န်ဆောင်ခရပြီးတာနဲ့ အခြားသူတွေနဲ့ ဖြစ်ကတတ်ဆန်းလွှတ်ပေးထားတာမျိုးမဟုတ်ပဲ ခရီးစဥ်မတိုင်မှီ ဖုန်းနဲ့ တဦးချင်းအသေးစိတ်ဆွေးနွေးပေးတဲ့အပြင် ခရီးစဥ်အတွင်းမှာလည်း ရေကြည်ရာ ကိုယ်တိုင်ကိုယ်ကျ၀န်ဆောင်မှုပေးတာမျိုးပါ။
ဒါကြောင့်မို့လည်း လူသတင်း လူချင်းဆောင်ဆိုသလို တယောက်စကား၊ တယောက်နားနဲ့ အခုလို Clients တွေအများကြီးက အလုပ်လာအပ်နေကြတာပါ။
မြင်သာအောင်ပြရရင် အခုလို ပြီးခဲ့တဲ့ သင်္ကြန်ကာလလေးအတွင်းမှာပဲကို ဂျပန် နဲ့ အခြားမြေမှာ ခြေချသွားကြပြီဖြစ်တဲ့ Clients ပေါင်း (၉၃)ဦး အား မြန်မာ - ထိုင်း - ဂျပန်/အခြားနိုင်ငံများ ခရီးစဉ်ဖြင့် တရား၀င်ပို့ဆောင်ပေးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။
ဘာပဲလုပ်လုပ် ရေရှည်ကို အမြဲထည့်သွင်းစဉ်းစားတတ်တဲ့အကျင့်ရှိသူဖြစ်ပြီး ကိုယ်တိုင်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာကိုရှေ့ထားတတ်သူမို့ အလုပ်လာအပ်သူတိုင်းအတွက်ပစ္စုပ္ပန်မှာ အဆင်ပြေအောင်မြင်သွားသလို အနာဂတ်မှာလည်း အသုံးပြုတတ်ရင် အကျိုးရှိစေမယ့် ဘယ်အေဂျင်စီမှာမှ မရနိုင်တဲ့ Super Convi အပါအ၀င် အခြားမေတ္တာလက်ဆောင်မွန်တွေလည်း အခမဲ့ ပေးအပ်လိုက်နိုင်ပါသေးတယ်ရှင်။
ဒါကြောင့်မလို့ မြန်မာ - ထိုင်း ကနေတဆင့် - တရား၀င်လိုရာခရီးဆက်နိုင်ဖို့ လုပ်ငန်းကျွမ်းကျင်ပြီး အောင်မြင်အောင် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ရေကြည်ရာဆီကို အမြန်ဆုံးဆက်သွယ်နိုင်ပါပြီ။ တဆက်တည်းမှာပဲ အားလုံး အားလုံး လိုရာခရီးအမြန်ဆုံး ဆက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်....
ရက်ပိုင်းအတွင်း ထိုင်းအမြန်လာချင်သူများအတွက်လည်း မျှဝေပေးချင်တဲ့ သတင်းကောင်းလေးတွေကတော့.....
🔹ထိုင်းအလည်ဗီဆာ အမြန် (သို့) ပုံမှန် ဝန်ဆောင်မှုများ
🔹မြန်မာကနေ ထိုင်းနိုင်ငံလေဆိပ်သို့ လေယာဉ်ဖြင့် တိုက်ရိုက်လာချင်သူများလျှောက်ထားနိုင်သည့်ဗီဆာများအပါအဝင်
🔹ထိုင်းကနေတဆင့် တခြားသောနိုင်ငံများကို သွားရောက်ဖို့အတွက် ထိုင်းနိုင်ငံရှိသက်ဆိုင်ရာသံရုံးများတွင် ဗီဆာလျှောက်ထားခြင်းအတွက် အထောက်အပံ့ဖြစ်စေမည့် ထိုင်းဗီဆာများ
🔹ဘန်ကောက်နှင့်ချင်းမိုင်ရှိ မြန်မာသံရုံးများတွင် ပတ်စပို့သက်တမ်းတိုး အမြန်ဝန်ဆောင်မှု
မတ်လအတွင်း PV, PE, PJ, PT မည်သည့်ပတ်စပို့အမျိုးအစားကိုမဆို ဘန်ကောက်နှင့် ချင်းမိုင်တွင် ပျက်ဆီးနှင့် သက်တမ်းတိုး စာအုပ်ရေ အုပ် (၂၀) ကျော်လဲလှယ်ပေးခဲ့ပါတယ်။
🔹University Education Visa, Retirement Visa စသည်တို့အပြင် တခြားသောထိုင်းနိုင်ငံနှစ်ရှည်ဗီဆာအမျိုးမျိုးဝန်ဆောင်မှုများအားလည်း အားမနာတမ်း အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသေးတယ်ရှင်။
စာနည်းနည်းရှည်သွားလို့် ခွင့်လွှတ်ပါရှင့်