Kaung Sithi Overseas Employment Co.,Ltd.

Kaung Sithi Overseas Employment Co.,Ltd. Focus On Your Career ! 🌍✈️

 #ကိုရီးယားနိင်ငံအလုပ်အကိုင်သိကောင်းစရာ #ရာသိီချိန်လုပ်သား​ကိုရီးယားနိင်ငံအလုပ်အကိုင်နဲ့ပက်သက်ပြိး ညီငယ်/ညီမငယ်တွေ ခဏခဏ ...
23/11/2024

#ကိုရီးယားနိင်ငံအလုပ်အကိုင်သိကောင်းစရာ
#ရာသိီချိန်လုပ်သား

​ကိုရီးယားနိင်ငံအလုပ်အကိုင်နဲ့ပက်သက်ပြိး ညီငယ်/ညီမငယ်တွေ ခဏခဏ မေးကျလွန်းလို့ အကြံပြု မျှဝေပေးပါမယ်။ကိုယ်သိသလောက်ပေါ့.......အကျိုးရှိစေမယ်လို့မျော်လင့်ပါတယ်။

ကိုရီးယားနိင်ငံမှမဟုတ်ပဲ မည့်သည့်နိင်ငံကိုမဆို အလုပ်လုပ်ကိုင်ဖို့သွားရောက်မည့်လူတွေက မိမိသွားရောက်မည့်နိင်ငံရဲ့ Visa အမျိုးအစားနဲ့တရားဝင်လုပ်သားခေါ်ယူမူ နည်းစနစ်တွေကို သိထားလေ့လာထားသင့်ပါတယ်။ဒါမှ အလိမ်မခံရမှာဖြစ်ပါတယ်။

ကဲ.....ကိုရီးယားနိင်ငံနဲ့ပက်သက်ပြိးလေ့လာကြည့်ရအောင်.....

ကိုရီးနိင်ငံမှာ visa အမျိုးအစားပေါင်း A မှ H ထိ ရှိပါတယ်။တစ်ခုခြင်းစိမှာလဲ အမျိုးအစားထပ်မံခွဲထားတာတွေရှိပါတယ်။
ဥပမာ.....
အစိုးရတာဝန်ဆို A1 / A2
အလည်အပတ်ဆိုရင် C3 / C4
အလုပ်အကိုင်ဆိုရင် E7/E8/E9/E10
ပညာရေးအတွက်ဆိုရင် D2/D4

👆👆👆ဒီလောက်အကျမ်းဖျဥ်းသိထားရင်ကိုအဆင်ပြေပါတယ်။

မြန်မာနိင်ငံမှ တောင်ကိုရီးယားနိင်ငံကို
တရားဝင်သွားရောက်ဖို့ လမ်းကြောင်း ( ၆ ) နည်းရှိပါတယ်။

👇👇👇
(1) EPS (E-9)
(2) Ship Yard (E7-3)
(3) Education (D2-D4)
(4) Dependant (F3)
(5) Visit (C3)
(6) Seasonal Worker (E8) တို့ဖြစ်ပါတယ်။

------------------------------------

(1) စနစ်(E-9 visa)
မြန်မာပြည်မှာတော့
မင်းသားကြီး စနစ်ပေါ့ဗျာ...,😀

လူအများဆုံး သိရှိထားကျတဲ့ စနစ်တစ်ခု....
မြန်မာပြည်ရဲ့ တစ်ခုထဲသော အစိုးရအေးဂျင့်စိဖြစ်တဲ့ POEA တစ်ခုထဲကသာ ပြုလုပ် စိစဥ်ပို့ဆောင်ခွင့်ရှိသော စနစ်တစ်ခုဖြစ်ပါတယ်။
ပုဂ္ဂလိက ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေးဂျင့်စိများ ပို့ဆောင်ပေးလို့လုံးဝ(လုံးဝ)မရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
EPS စနစ်ကို ပွဲစား/အကျိုးဆောင်/ကိုယ်စားလှယ်များလဲ လုပ်ပေးနိင်စွမ်းလုံးဝ(လုံးဝ)မရှိပါ။ မြန်မာပြည်ကနေ ကိုရီးယားနိင်ငံကို လူဦးရေအများဆုံးသွားရောက်နေတဲ့ နည်းလမ်းတစ်ခုပါ။အရင်က ယောက်ကျားလေးတွေပဲ သီးသန့်ခေါ်ပေမယ့် ယခု 2024 မှစပြိး မိန်းကလေးများကိုပါ ပထမဆုံးစတင်ခေါ်ယူနေပါပြိ......ဒီနှစ်တော့ စားမေးပွဲ ဖြတ်မှတ်အရမ်းများလို့ပွဲအတော်ဆူခဲ့တာ.....
EPS စနစ်အကြောင်း အသေးစိတ် နောက်အားတဲ့အခါ မျှဝေပေးပါမယ်။

(2) (E-7-3)

ဒါကတော့ သင်္ဘောကျင်းအလုပ်ပါ။ပြည့်ပြည့်စုံစုံပြောရရင် ပညာရှင်တွေခေါ်တဲ့ Visa ပဲဖြစ်ပါတယ်။ (E-7-3) နဲ့ မြန်မာနိင်ငံမှ သွားရောက်ခဲ့သူ လူဦးရေအားလုံးစုစုပေါင်းမှာ ယခုချိန်ထိ 171 ဦးပဲရှိပါသေးတယ်။
(E-7-3) visa နဲ့ မြန်မာပြည်မှ ပို့ဆောင်ပေးခဲ့သော တရားဝင်လိုင်စင်ရအေးဂျင့်စိ စုစုပေါင်းမှာယနေ့ချိန်ထိ (၆)ခုသာရှိပါတယ်။
(1) Arbourfield အေးဂျင့်စိ
(2)Aries Marine အေးဂျင့်စိ
(3)Labour Asia အေးဂျင့်စိ
(4)Rakhita အေးဂျင့်စိ
(5)Royal Gate အေးဂျင့်စိ
(6) Thukha Su San အေးဂျင့်စိ

(E-7-3)visa အနေနဲ့ ကုန်ကျစရိတ် အနည်းဆုံး မြန်မာငွေ သိန်း ၂၀၀ မှ ၃၀၀ ကျော်နိင်ပါတယ်။
ကျွန်တော်ကတော့ ကုန်ကျစရိတ် တက်နိင်တယ်ဗျာ.....(E-7-3)နဲ့သွားချင်ပါတယ်ဆိုရင်တော့.....အကျမ်းဖျဥ်းလေ့လာကြည့်ရအောင်......
တိုတိုနဲ့လိုရင်းပြောရရင် (E-7-3)နဲ့သွားရဖို့အတွက် ကိုရီးယားကမ်းလွန်သင်္ဘောတည်ဆောက်ရေးအဖွဲ့ (Koshipa)စာမေးပွဲလာစစ်ပါတယ်။မိမိမှာ Welding နဲ့ပက်သက်တဲ့ သင်တန်းဆင်းလက်မှတ်တွေ...... ISO လက်မှတ် / NSSA လက်မှတ် ပဲရှိနေပါစေ KOSHIPA အဖွဲ့မှ လာစစ်လို့ အောင်တယ်ဆိုမှ အောင်တယ်လို့မှတ်ယူရတဲ့အခြေနေတစ်ခုပါ..... KOSHIPA အဖွဲ့ကလဲ အခုလာဆိုတိုင်းလဲ မလာပါဘူး...သူ့သတ်မှတ်ချက်နဲ့ကိုက်ညီမှသာ လာရောက်စစ်ဆေးပေးတဲ့အဖွဲ့ဖြစ်ပါတယ်။အခြေခံသဘောအရတော့ စစ်ဆေးခံမည့်လုပ်သား (၃၀)ဦးနဲ့အထက်ရှိမှသာ လာရောက်စစ်ဆေးပေးပါတယ်။
KOSHIPA အဖွဲ့က လာမစစ်ပဲ အလုပ်ရှင်သူဌေးက ကိုယ်တိုင်လာစစ်ပြီး ခေါ်မယ်ဆိုရင် ဂျင်းထည့်ခံရပြိလို့သာမှတ်ပါ.....
KISHIPA အဖွဲ့က စစ်ဆေးတဲ့အခါ
Skills / Language / Obedience ကိုအခြေခံကြည့်ပြိးရွေးတယ်လို့ ဆိုတယ်။
E-7-3 visa အနေနဲ့ လူအများကြီး သွားနိင်တဲ့အနေထားမျိုးမဟုတ်တာမို့ ငွေကုန်ကြေးကျ အလွန်များပြိး တကယ်အချိန်အများကြီးပေးပြိး ကြိုးစားမှသာ ရနိင်ပါတယ်။အလုပ်သမားတွေက ငွေနဲ့အချိန်တွေ အများကြီးရင်းနှီးရသလို အေးဂျင့်စိတွေကလဲ Demand ရဖို့အများကြီးကြိုးစားရပါတယ်။
ဒါမို့လဲ ပညာရှင် visa ဖြစ်နေရတာပေါ့.....
E-7-3 လိုပဲ တရားဝင်လိုင်စင်ရအေးဂျင့်စိ အစိစဥ်နဲ့သွားလို့ရတဲ့ E-10-2 visa ဖြစ်တဲ့ရေလုပ်သားအနေနဲ့လဲ သွားလို့ရပါသေးတယ်။ရေလုပ်သားတွေဆိုတော့ ပင်ပန်းမူနဲ့ရာသီဥတုဒဏ် အအေးဒဏ်ကတော့ ရှယ်ပလန်နဲ့ကိုခံစားရတာမို့ တော်ရုံလူ မခံနိင်ဘူးပြောရမယ်....အရင်ကရေလုပ်သားတွေ သွားခဲ့တာရှိပြိး ထွက်ပြေးကျတဲ့အခြေနေဖြစ်ခဲ့တာမို့ မြန်မာနိင်ငံကိုရေလုပ်သားနဲ့ခေါ်ယူခွင့်ပိတ်ခဲ့ပါတယ်။သို့သော် ယခုအခါ ကိုရီးယားနိင်ငံမှ မြန်မာနိင်ငံကို E-10-2 visa ဖြစ်တဲ့ရေလုပ်သားခေါ်ယူခွင့်ကို ပြန်လည်ဖွင့်ပေးလိုက်တာမို့ PEK အေးဂျင့်စိကနေ လုပ်သား (4)ဦး စတင်သွားရောက်လို့ ကိုရီးယားကိုရောက်ရှိနေပြိဖြစ်ပါတယ်။
------------------------------------

(3) (D-2 / D-4) Visa

ပညာရေးအတွက် visa ပဲဆိုပါတော့... တက္ကသိုလ်တက်တဲ့သူတွေ D2ပါ
Language Program ဆိုရင် D4ပါ

က်ိုယ့်မြန်မာတွေရဲ့ plan က်ိုကပညာရေးအတွက် မဟုတ်ဘူးထင်ပါရဲ့ ဟိုရောက်တဲ့အခါအချိန်ပိုင်းအလုပ်နဲ့အားမရလို့ G1 visa တွေပြောင်းကျတွေ ဖြစ်လာတော့ နောက်ပိုင်း ပညာရေးအတွက် visa လျောက်ရင် အတော်လေးခက်လာတယ်လို့ သိရတယ်။
အထက်တန်းအောင်တယ် ငွေကုန်ခံနိင်တယ်ဆိုရင်တော့ လေ့လာပြိးကြိုးစားကြည့်ပေါ့ဗျာ....

(4) (F-3)visa

မှီခို visa တစ်မျိုးဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံမှာ မိမိအမျိုးသားက E-7-4 Visaရထားရင် ဇနီးဖြစ်သူကို ခေါ် F-3 visa နဲ့ခေါ်လို့ရပါတယ်။ F-3 visa အနေနဲ့ အလုပ်လုပ်ခွင့်မရှိပါဘူး။ခိုးလုပ်ပေါ့ မိရင်တော့ ခံရမှာပေါ့...
F3 Visa က မိမိအမျိုးသား
E-7-4 ကနေ F-2-R ပြောင်းရင်
အလုပ် လုပ်ခွင့်ရပါပြီ...။

(5) (C-3)visa

အလည်အပတ် visa တစ်မျိုးဖြစ်ပါတယ်။

အရင်ကတော့ မြန်မာနိုင်ငံထဲက လာမယ့်လူတွေဆိုရင် တင်းကြပ်ပါတယ် Over stay နေမှာစိုးလို့နေမယ်

အခုကျ ပြည်ပကနေ ပတ်ပြီး ဝင်လာမယ့်သူတွေကိုပါ
တင်းကြပ်လိုက်ပါတယ် G1ပြောင်းမှာစိုးလို့နေမယ် 😀

C3 visa
လျှောက်မယ်ဆိုရင် ၁၀၀ မှာ ၁၀ ယောက်တောင်ရဖို့မလွယ်ဘူး
အမျိုးသားက E-7-4 ဆိုရင်တော့ ဖိတ်ခေါ်ရင် ရနိုင်ပါတယ်....လွယ်လွယ်နဲ့တော့ မရနိင်ပါဘူး

(6) Worker (E-8) visa

မြန်မာပြည်မှာ လိမ်လည်မူအများဆုံးနဲ့ ခေတ်အစားဆုံး ရာသီချိန်လုပ်သားဆိုပါတော့.....

အရင်က ဂျင်းသွတ်ခံရတဲ့ E8 ပါ
အခုကတော့ ဂျင်းကို ရိုးရိုးမသွတ်ပဲ ထောင်းပြီးမှ သွတ်တယ်တဲ့ သွားမလုပ်ပါနဲ့ ...😀

ဒါပေမယ့် ဘာလို့ ဒါကိုထည့်ရေးလဲဆိုတော့
အစိုးရခြင်း ချိတ်ဆက်တဲ့ E8 ကိုသာ မခေါ်တာ
ဆွေမျိုးသားခြင်းက ဖိတ်ခေါ်ပေးတဲ့ E8 တွေကတော့ ရပါတယ်

Visaကတော့ E8 ပါ
E8-1
E8-2
E8-3
E8-4 စသည်ဖြင့်ရှိပြီး
အစိုးရခြင်းခေါ်တာက E8-1
ဆွေမျိုးသားခြင်းချိတ်ဆက်ခေါ်တာက E8-3 မတူပါဘူး ....

အဲ့တော့ E8နဲ့ အလုပ်လာလုပ်မယ်ဆိုရင် F2/F5/F6 စတဲ့ Visa ရထားသူတွေကို အမျိုးရအောင်စပ်ပါ 😄
စတာ သူကလည်းအမျိုးဆို တစ်ဝမ်းကွဲထက် ကျော်လို့မရဘူးလို့ သိရဖူးတာပဲ

E8 ဗီဇာ ဖြစ်တဲ့ ရာသီချိန်လုပ်သားကိစ္စနဲ့ပက်သက်ပြိး လွန်ခဲ့တဲ့နှစ်တွေမှာ အကြိမ်ကြိမ်သတိပေးရဲ့သားနဲ့ ရက်ရက်စက်စက် အလိမ်ခံခဲ့ရသူတွေ ဒုနဲ့ဒေးပါ။အဲ့တုန်းက ပွဲစားအပေါင်းများစွာနဲ့ အတိုက်အခံတွေ ပြောဆိုပြိး သတိပေးခဲ့တာတောင် ကိုယ့်စကားကို မယုံခဲ့သူတွေ အလိမ်ခံခဲ့ရလို့ သာဓု အကြိမ်ကြိမ်ခေါခဲ့ရပါတယ်😀😀
ရာသီချိန် လုပ်သားဘာလို့မခေါ်လဲဆိုရင် နိင်ငံရေးကြောင့်ပါ။အခုထိလဲ ရာသီချိန်လုပ်သားခေါ်ယူဖို့ကြိုးစားနေကျပေမယ့် ကိုယ့်အထင်အရတော့ ကိုရီးယားဘက်က သဘောတူဦးမည် မဟုတ်သေးဘူးလို့ သုံးသပ်ရပါတယ်။ဆိုတော့....ရာသီချ်ိန်လုပ်သားအဖြစ်ခေါ်နေပြိဆိုရင် သတိကြီးကြီးသား ထားပေါ့....အကယ်၍ ရာသီချိန်လုပ်သား ခေါ်ခဲ့ရင်လဲ G to G စနစ်နဲ့ပဲခေါ်မှာဖြစ်ပြိး အစိုးရအေးဂျင့်စိဖြစ်တဲ့ POEA ကပဲစိစဥ်ခေါ်ယူမှာပါ။တစ်ခြားသော ပုဂ္ဂလိက အေးဂျင့်စိနဲ့ အဖွဲ့စည်းတွေကနေ ခေါ်ယူပေးနိင်မှာ မဟုတ်ပါဘူး....ညောင်နှစ်ပင်မှာ သင်တန်းတက် ငွေတွေပေးခဲ့ရသူတွေအတွက်တော့ သာဓုပါဗျာ.....

နောက်ဆုံးတစ်ခုအနေနဲ့.....
ခေတ်စားနေတဲ့ Caregiver ဆိုတဲ့ပြုစုစောင့်ရှောက်ရေး လုပ်သားပါ။
ဂျပန်နိင်ငံလို သက်ကြီးစောင့်ရှောက်ရေး မဟုတ်ပဲ Nanny program နဲ့ခေါ်လိုက်တဲ့ Caregiver လုပ်သားပါ။ကလေးထိန်း စောင့်ရှောက်ရေးပေါ့....အခုလောလောဆယ်တော့ ဖိလစ်ပိုင် နိင်ငံကနေ လူ ၁၀၀ ခေါ်ပါသေးတယ်။
လုပ်ခ လစာ အရမ်းနည်းပြီး အဆင်မပြေမူတွေအများကြီး ကြုံတွေ့ရတယ်လို့ သိရတယ်။
သို့သော်....Caregiver (ကလေးထိန်းစောင့်ရှောက်ရေး)အတွက် လုပ်သားတွေ ထပ်တိုူခေါ်မယ်လို့တော့ ထင်ကြေးပေးထားကျပြိး EPS စနစ်နဲ့ပဲ EPS လုပ်သားစေလွတ်တဲ့နိင်ငံတွေကပဲ ခေါ်ယူမယ်လို့ သိရပါတယ်။ဘာသာစကား ကျွမ်းကျင်မူ / လုပ်ငန်းကျွမ်းကျင်မူ အသိမှတ်ပြု လက်မှတ်တွေ အရည်ချင်းတွေ လိုပါတယ်။မြန်မာနိင်ငံကနေ အဲ့အတွက်လုပ်သားခေါ်ယူဖို့ လောလောဆယ်မရှိနိင်သေးဘူးလို့သိရတာမို့မျော်လင့်လို့မရငလို လုပ်ခလစာ နည်းပါးမူကလဲ အဆင်ပြေနိင်ဖို့ မလွယ်ကူတာမို့ ရင်မခုန်တာပိုကောင်းပါတယ်။

ကိုရီးယားနိင်ငံကို သွားရောက်ဖို့ ဘယ်visa နဲ့မှ လွယ်လွယ်မရနိင်ပါဘူး။အချိန်ပေးရမယ်....ငွေကြေးကုန်ကျမူများမယ်...ကြိုးစားရမယ်...အလွယ်တကူ လုံးဝ(လုံးဝ)မရနိင်ဘူးဆိုတာ သိထားပြိး တစ်ကယ်နည်းမှန်လမ်းမှန်နဲ့ ကြိုးစားအားထုတ်သူတွေပဲ အခွင့်ရေးရပါလိမ့်မယ်..... #တစ်ကယ်ဖြစ်ချင်တစ်ကယ်လုပ်အဟုတ်ဖြစ်ပါတယ်

အကျဥ်းချုပ်အနေနဲ့ မျှဝေပေးခြင်း တီးမိခေါက်မိသဘောလောက် သိရှိစေလိုခြင်း....အကျယ်သဘောများနက်နဲစွာထပ်မံရှိနေပါသောကြောင့် ကိုရီးယားနိင်ငံကို သွားရောက်ချင်သူများ တက်သိနားလည်သော သူများထံအသေးစိတ်တိုင်ပင်ချိန်ဆပြိးမှ ပြုလုပ်သင့်ပါကြောင်း အကြံပြုရင်း.......


လက်ရှိ မြန်မာပြည် ရာသီလုပ်သား မခေါ်ဘူးဆိုတဲ့ ဂယက်နဲ့ ပတ်သက်ပြီး လူ 100 နီးပါး ကျနော့်ဆီလာမေးထားကြပါတယ်။  ဒါကြောင့် ဒီကိစ...
02/05/2024

လက်ရှိ မြန်မာပြည် ရာသီလုပ်သား မခေါ်ဘူးဆိုတဲ့ ဂယက်နဲ့ ပတ်သက်ပြီး လူ 100 နီးပါး ကျနော့်ဆီလာမေးထားကြပါတယ်။ ဒါကြောင့် ဒီကိစ္စကို တစ်ဦးချင်းစီ REPLY မပြန်နိုင်လို့ အားလုံး သိရအောင် ဒီမှာ ကျနော့်အမြင်ကို ‌မျှဝေပေးပါမယ်။

ဒီနေရာမှာ ကိုရီးယားအစိုးရက ကြေညာချက်တွေမှာပါတဲ့ အချိန်ကာလနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းလေးတွေ သိထားဖို့လိုပါတယ်။

နှစ်တစ်နှစ်ကို နှစ်ပိုင်းခွဲပြီး ဖော်ပြတဲ့အခါ
📌상반기 - 1 လပိုင်းကနေ 6 လပိုင်းအထိ ကာလကို ‌ဆိုလိုသည်။
📌하반기 - 7 လပိုင်းကနေ 12 လပိုင်းအထိ ကာလကို ဆိုလိုသည်။

တစ်နှစ်တာကို 4 ပိုင်းခွဲပြီး ဖော်ပြတဲ့အခါ
📌1 분기 - 1 လပိုင်းကနေ 3 လပိုင်းအထိ ကာလကို ဆိုလိုသည်။
📌2 분기 - 4 လပိုင်းကနေ 6 လပိုင်းအထိ ကာလကို ဆိုလိုသည်။
📌3 분기 - 7 လပိုင်းကနေ 9 လပိုင်းအထိ ကာလကို ဆိုလိုသည်။
📌4 분기 - 10 လပိုင်းကနေ 12 လပိုင်းအထိ ကာလကို ဆိုလိုသည်။

ကိုရီးယားတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဒေသအစိုးအရ အရေအတွက် - 124 ခု

လက်ရှိ ကိုရီးယားနိုင်ငံမှာ ရာသီလုပ်သားကို တစ်နှစ်ကို 반기 နဲ့ ပိုင်းခြားပြီး 2 ကြိမ် ကြေညာပေးလေ့ရှိသလို ဒေသအလိုက် ခေါ်ယူတဲ့ အခါမှာတော့ 분기 နဲ့ ပိုင်းခြားပြီး ပျမ်းမျှ ၃ ကြိမ်ကနေ ၄ ကြိမ် ခေါ်လေ့ရှိပါတယ်ဗျ။ ခုကြေညာချက်ဟာ 2024 ခုနှစ်အတွက် ပထမ (၆ ) လတာအတွက် လျှောက်လွှာတင်ဖို့ ခေါ်ယူခြင်းဖြစ်ပါတယ်။

ဒီ 6 လ ခေါ်ယူတဲ့နိုင်ငံဟာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် လာအို (4) နိုင်ငံတည်း မဟုတ်ပါ။ MOU ထိုးထားပြီးသားနိုင်ငံတွေအားလုံး ပါဝင်ပါတယ်။
ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေလည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိ MOU မထိုးရသေးတဲ့အတွက် ကြေညာချက်မှာ မပါဝင်သလို ပို့လို့လည်း မရသေးပါ။ တစ်ခု ရှိတာက ဒီကြားကာလထဲ မြန်မာနိုင်ငံအနေနဲ့ MOU ထိုးနိုင်ရင် ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ( 3လပိုင်း၊ 6 လပိုင်း၊ 9 လပိုင်း၊ တွေမှာ ) ဒေသအစိုးရအလိုက် ခေါ်ယူရာမှာ ပါဝင်လာနိုင်ပါတယ်။ ကိုရီးယား ဒေသအစိုးရ 124 ခု ရှိပါတယ်။

ဒါကြောင့် MOU အတည်ပြုချက် ဘယ်တော့ ထိုးနိုင်မလဲ၊ ဘယ်တော့ ထွက်လာမလဲဆိုတာကို အရင် ‌စောင့်ကြည့်ဖို့ လိုပါတယ်။လက်ရှိ MOU ထိုးဖို့ တွေ့ဆုံ ညှိနှိုင်းနေဆဲ ကာလဖြစ်ပြီး ၊ အခြားတစ်ဖက်မှာလည်း ကန့်ကွက်မှု၊ တားဆီးမှုတွေ ရှိနေတဲ့ အနေအထားပါ။ ဒါတွေကို ကျော်ဖြတ်ပြီး MOU ထိုးနိုင်မယ်၊ ထိုးပြီးသွားပြီ ဆိုရင်တော့ ရာသီလုပ်သား ခေါ်တဲ့ အကြိမ်တိုင်းမှာ မြန်မာ ပါဝင်လာပါလိမ့်မယ်။

False Hope ပေးခြင်း မဟုတ်ပါ။ အမြင်အတိုင်း ပြောပြခြင်းဖြစ်ပါတယ်။ ဒီ ဗီဇာနဲ့ ပတ်သက်ပြီး မြန်မာပြည်အနှံ့မှာ ငွေ မတန်တဆ တောင်းပြီး လိမ်လည်မှုတွေ ရှိနေတာက ပကတိ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် အလိမ်အလည် မခံရဖို့လည်း ကိုယ်တိုင်က လေ့လာမှ ရပါမယ်။ ဖြစ်သင့်လား၊ ဖြစ်နိုင်လားစသဖြင့် ကျိုးကြောင်းသင့် စဉ်းစားတတ်ဖို့လည်း လိုသလို သတိထားဖို့လည်း လိုပါတယ်။ စွန့်စားမှုတိုင်းမှာ Risk ရှိပါတယ်။

ဒါကြောင့် လက်ရှိ သတင်းဂယက်မှာ ပါတဲ့ အတိုင်း မြန်မာပြည် မခေါ်သေးဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကြေညာချက်ဟာ 2024 ခုနှစ် တစ်နှစ်လုံးစာ အတွက် ကြေညာချက် မဟုတ်ပါ။ ‌ပထမ 6 လတာအတွက် ကြေညာချက်ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ရာသီလုပ်သားကို ကြိုးစားနေသူတွေအဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဒီကြားထဲ MOU အနေအထား ဘယ်လို ရှိနိုင်မလဲဆိုတာ စဉ်ဆက်မပြတ် နားစွင့်နေ၊ စောင့်ကြည့်နေဖို့ လိုပါတယ်။


2024.3.26

တောင်ကိုရီးယားနိုင်ငံက မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၃၅,၀၀၀ ကျော် ထပ်ခေါ်မယ်မေ ၂ ရက်အရုဏ်ဦး၊ Migrant Times တောင်က...
02/05/2024

တောင်ကိုရီးယားနိုင်ငံက မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၃၅,၀၀၀ ကျော် ထပ်ခေါ်မယ်

မေ ၂ ရက်
အရုဏ်ဦး၊ Migrant Times

တောင်ကိုရီးယားနိုင်ငံက ဒီနှစ်အတွက် ဒုတိယအသုတ်အနေနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သား ၃၅,၀၀၀ ကျော် ထပ်ခေါ်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဆက်လက်ခေါ်ယူမယ့်လုပ်သားတွေက EPSစနစ်အကျုံးဝင် ကုန်ထုတ်လုပ်ငန်းအတွက် ၂၅၉၀၆ ဦး၊ စိုက်ပျိုးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၄၉၅၅ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၂၀၅၆ ဦး၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ၄၄၉၀ ဦး ဖြစ်ပါတယ်။

ဒါ့အပြင် သင်္ဘောကျင်းလုပ်ငန်းအတွက် ၁၈၂၄ ဦးနဲ့ရေလုပ်ငန်းအတွက် ၂၈၄၉ ဦးကိုလည်း ခေါ်ယူမယ်လို့ သိရပါတယ်။

"မြန်မာနိုင်ငံအတွက်ခွဲတမ်းဘယ်လောက်ပါမယ်မသိရဘူး။များများခေါ်ဖို့တော့မျှော်လင့်ရတာပဲ"လို့ ကိုရီးယားဘာသာသင်တန်းနည်းပြတစ်ဦးကပြောပါတယ်။

တောင်ကိုရီးယား​နိုင်ငံအနေနဲ့ မြန်မာကနေ
EPSလုပ်သားတွေကို အရင်ထပ်တိုးမြှင့်ခေါ်ယူနေသလို သွားရောက်လုပ်ကိုင်လိုသူတွေမြင့်တက်နေပါတယ်။

အဲဒီန​ုေင်ငံကိုမြန်မာလုပ်သားသွားရောက်လုပ်ကိုင်​​မှုက
တစ်လကို ဦးရေ ၅,၀၀၀ ကျော်ရှိပြီး တရားဝင်ရောက်ရှိလုပ်ကိုင်နေသူ ၇၀,၀၀၀ ကျော်ပြီလို့ မှတ်တမ်းတွေအရသိရပါတယ်။

လက်ရှိမြန်မာနိုင်ငံကနေ
EPSစနစ်နဲ့ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားနဲ့ သင်္ဘောကျင်းလုပ်သားတွေကိုစေလွှတ်နေပြီးမကြာမီအမျိုးသမီးတွေပါဝင်တဲ့ဝန်ဆောင်မှုလုပ်ငန်းအတွက်လုပ်သားတွေစေလွှတ်ဖို့ရှိနေပါတယ်။

 #ယနေ့ထုတ်သတင်းစာ_သတင်း◾ ပညာသင်စရိတ်များကို သေချာစိစစ်စုံစမ်းပြီးမှသာ လွှဲပြောင်းကြရန် ဆိုးလ်မြို့ရှိ မြန်မာသံရုံး အသိပေ...
21/02/2024

#ယနေ့ထုတ်သတင်းစာ_သတင်း
◾ ပညာသင်စရိတ်များကို သေချာစိစစ်စုံစမ်းပြီးမှသာ လွှဲပြောင်းကြရန် ဆိုးလ်မြို့ရှိ မြန်မာသံရုံး အသိပေး

ပညာသင်စရိတ်များ လွှဲပြောင်းပေးပို့ရာတွင် မလိုလားအပ်သော နစ်နာဆုံးရှုံးမှုများ၊ အငြင်းပွားမှုများနှင့် တရားရင်ဆိုင်မှုများဖြစ်ပွားလာခြင်း မရှိစေရန်အတွက်လွှဲပြောင်းပေးသူများအနေဖြင့် ငွေများကိုလွှဲပြောင်းပေးပို့ခြင်းမပြုမီ သေချာ စိစစ်စုံစမ်းပြီးမှသာ လွှဲပြောင်းကြရန်နှင့် အလျင်စလို လွှဲပြောင်းခြင်းများ မပြုလုပ်ကြရန် ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်များ၊ ကိုရီးယားဘာသာစကား သင်တန်းကျောင်းများသို့ သင်တန်းတက်ရောက်ရန် လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် ကျောင်းဝင်ခွင့်ရရှိပြီးနောက် သက်ဆိုင်ရာတက္ကသိုလ်၊ ကျောင်းများသို့ ကျောင်းဝင်ကြေးများနှင့် ပညာသင်ကာလအလိုက်ပေးသွင်းရမည့် သင်တန်းကြေးများအား ပေးသွင်းရာတွင် မြန်မာနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် ယင်းတက္ကသိုလ်၊ကျောင်းများ၏ သတ်မှတ်ပေးထားသည့် ဘဏ်ငွေ စာရင်းများသို့ တိုက်ရိုက်လွှဲပြောင်း ပေးသွင်းရမည်ဖြစ်ရာ တိုက်ရိုက်လွှဲပြောင်း ပေးသွင်းနိုင်ခြင်း မရှိသူများအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော အသိမိတ်ဆွေများနှင့် ပညာရေးဝန်ဆောင်မှုကုမ္ပဏီအချို့မှတစ်ဆင့် ပေးသွင်းနေမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ထိုသို့ပေးသွင်းရာတွင် ကိုရီးယားဘက်ရှိ အသိမိတ်ဆွေနှင့် ကုမ္ပဏီအချို့သည် သက်ဆိုင်ရာ ကျောင်းများသို့ အမှန်တကယ် ပေးသွင်းပေးမှုများ မရှိသဖြင့် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ လာရောက် ပညာသင်ကြားကြမည့်သူများသည် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားလျက်ရှိရာ မြန်မာသံရုံးသို့ အထောက်အထားများတင်ပြ၍ တိုင်ကြားလာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းကြောင့် မြန်မာသံရုံးအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်၍ လိုအပ်သည့် စိစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကောင်းဆက်ကို

စံတော်ချိန်ယူကျူ့ - https://www.youtube.com/
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

 #ယနေ့ထုတ်သတင်းစာ_သတင်း◾ ကိုရီးယားမှ ရာသီချိန်လုပ်သား ခေါ်ယူမည့်နိုင်ငံတွင် မြန်မာမပါဝင်သေး ၂၀၂၄ ခုနှစ်အတွက် ကိုရီးယားနိ...
31/01/2024

#ယနေ့ထုတ်သတင်းစာ_သတင်း
◾ ကိုရီးယားမှ ရာသီချိန်လုပ်သား ခေါ်ယူမည့်နိုင်ငံတွင် မြန်မာမပါဝင်သေး

၂၀၂၄ ခုနှစ်အတွက် ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမည့် နိုင်ငံများတွင် မြန်မာမပါဝင်သေးကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ရာသီချိန်လုပ်သားများကို ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရာသီချိန်လုပ်သား အလုပ်အကိုင်ခေါ်ယူမှုသည် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ခေါ်ယူခြင်းဖြစ်ပြီး ရှစ်လလုပ်၊ လေးလနားစနစ်ဖြင့် ကာလတို လုပ်ကိုင်ရခြင်းဖြစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများကလည်း ရာသီလုပ်သား စေလွှတ်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြမှုများရှိကြောင်း သိရသည်။

မြန်မာနှင့် ကိုရီးယားဒေသန္တရ အစိုးရအချင်းချင်း MOU လက်မှတ်ရေးထိုးမှုများ ပြုလုပ်ထားသည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသော်လည်း ရာသီချိန်လုပ်သားစေလွှတ်ရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။

တောင်ကိုရီးယားသို့ မြန်မာနိုင်ငံရှိ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းအတွက် အလုပ်သမားများကို EPS စနစ်ဖြင့် စေလွှတ်နေခြင်းဖြစ်ပြီး သင်္ဘောကျင်းလုပ်ငန်းအတွက် ကျွမ်းကျင်အလုပ်သမားများကို တောင်ကိုရီးယားအစိုးရနှင့် သဘောတူညီထားသည့် ပုဂ္ဂလိက အလုပ်အကိုင်အေဂျင်စီ လေးခုက စေလွှတ်ပေးနေကြောင်း သိရသည်။

သတင်း - ကောင်းဆက်ကို

စံတော်ချိန်ယူကျူ့ - https://www.youtube.com/
စံတော်ချိန်ဗိုက်ဗာ - https://tinyurl.com/y5vtkrh7
စံတော်ချိန်တယ်လီဂရမ် - https://t.me/sdtimedaily

သေခြာလေ့လာ မှတ်သားပါ
16/01/2024

သေခြာလေ့လာ မှတ်သားပါ

တောင်ကိုးရီးယား
05/01/2024

တောင်ကိုးရီးယား

✨တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းသွားတက်ဖို့ အိမ်မက်ရှိသူများအတွက် အခွင့်အလမ်းကောင်း🇰🇷💁🏻‍♂️📢 ကိုရီးယားနိုင်ငံ Gimcheon မ...
21/12/2023

✨တောင်ကိုရီးယားနိုင်ငံမှာ
ကျောင်းသွားတက်ဖို့ အိမ်မက်ရှိသူများအတွက်
အခွင့်အလမ်းကောင်း🇰🇷💁🏻‍♂️

📢 ကိုရီးယားနိုင်ငံ Gimcheon မြို့ရှိ
Gyeongbuk University မှ
International Students များအား
နှစ်စဉ် Intake တစ်ခုတွင် ကျောင်းသားဦးရေ ၂၀-၅၀ ဦးအထိ ခေါ်ယူလျက်ရှိသည်။

🪄 Gyeongbuk University သို့
တက်ရောက်ကျောင်းအပ်နှံရန်
ဆန္ဒရှိသူများသည်…

- ပညာအရည်အချင်း
အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ / တက္ကသိုလ်တက်ရောက်လျက်ရှိသူများ
အသက်18-35 နှစ်အတွင်း
ကျား/မ မရွေးတက်ရောက်ခွင့်ရှိသည်။

- မြန်မာနိုင်ငံရှိ Korea Vacational Training Center တွင် ကိုရိးယားဘာသာစကားအား
Topik 2အထိ (၃)လကြာ တက်ရောက်ရမည်။

- ထိုမှတစ်ဆင့်
ကိုရီးယားနိုင်ငံ Gimcheon မြို့ရှိ
Gyeongbuk University တွင်
(1)နှစ်ကြာ Language Program
(Topik 5-6အထိ) တက်ရောက်သင်ယူရမည်။

- 1st year (Language program)
တက်ရောက်ပြီးပါက နောက်နှစ်များတွင်
တက္ကသိုလ်ရှိ ဌာနအသီးသီး၏ သက်ဆိုင်ရာ
မေဂျာခွဲ (၄၀)ကျော်မှ
မိမိနှစ်သက်ရာ အထူးပြုMajorများအား
ကိုယ်တိုင်ရွေးချယ်ကာ
ဆက်လက်ပညာသင်ယူနိုင်သည်။

🪄 Gyeongbuk University တွင်
ပညာသင်ယူစဉ်ကာလအတွင်း
အကျိုးခံစားခွင့်များ

- Semesterတစ်ခုစီ၏ စစ်ဆေးမှုများတွင် ရရှိသည့်
results ပေါ် မူတည်၍ Scholarship program များ(20% - 60%အထိ) ရယူခံစားခွင့်ရှိသည်။

- FOC ခံစားခွင့်အနေဖြင့် ပထမ ပညာသင်ကာလအတွင်း အဆောင်နေစရိတ် ( ၁လ ဝမ် 160000) အား (၆)လ အခမဲ့နေထိုင်ခွင့် ရရှိမည်။

- ကျောင်းတက်ရောက်နေစဉ်ကာလအတွင်း
ပြည်ပမှ ကျောင်းသား/ကျောင်းသူများ အစဉ်ပြေချောမွတ်နိုင်စေရေးအတွက်
Part Time (အချိန်ပိုင်း) အလုပ်များ လုပ်ကိုင်နိုင်ရန် ကျောင်းမှ ရှာဖွေချိတ်ဆက်ပေးမည် ဖြစ်သည်။
(မိမိကိုယ်တိုင် ရှာဖွေ လုပ်ကိုင်ချင်ပါကလဲ
လုပ်ကိုင်နိုင်ပါသည်။)

- Part Time Job များအဖြစ်
တစ်နာရီ လုပ်ခ ဝမ် (၉၈၆၀)ရရှိသော
Gimcheon မြို့ရှိ
Green House စနစ်ဖြင့် စိုက်ပျိုးသော
စပျစ်ခြံ လုပ်ငန်းများတွင်
ဝင်ရောက်လုပ်ကိုင်နိုင်ရန် ချိတ်ဆက်ပေးပါမည်။(စနေ၊တနင်္ဂနွေပိတ်ရက်များတွင် အလုပ်ချိန် (၁၀)နာရီ အထိ အလုပ်ဆင်းခွင့်ရှိသည်။)

🪄 Visa ရရှိရေး (D4-6)

လျှောက်ထားလိုသည့်
ကျောင်းသား/ကျောင်းသူများသည်…

- ပညာအရည်အချင်း
အခြေခံ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်လျက်ရှိသူများ၊ အသက်18-35 နှစ်အတွင်း
ကျား/မ မရွေးတက်ရောက်ခွင့်ရှိသည်။

- Bank statement အနည်းဆုံး 6 months (Until May) ရှိရမည်။

- Bank ငွေစုစာအုပ်တွင် သိန်း(၂၆၀) အနည်းဆုံးရှိပြီး ငွေသွင်း၊ ငွေထုတ်ရှိနေရမည်။

- COE ကျောင်းသားလက်ခံစာ ရရှိရေးအတွက် ကိုရီးယားဝမ် ၃၉၁၀၀၀ < မြန်မာငွေ ကျပ် ၁,၀၀၀,၀၀၀(၁၀သိန်း)> ကျောင်းလခ တစ်လစာ ကနဦး(မဖြစ်မနေ) ပေးသွင်းရမည်။

🪄 တက္ကသိုလ် လစဉ် ကျောင်းစရိတ်

- Gyeongbuk University ၏ကျောင်းလခမှာ တစ်လ ဝမ်(331000) ဖြစ်ပြီး သတ်မှတ်ရက် (လကုန်ရက် နောက်ဆုံးအပတ်အတွင်း) ပေးဆောင်ရမည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

စိတ်ပါဝင်စားသူများအနေဖြင့်
အသေးစိတ်သိရှိလိုပါက ⬇️

☎️ 09428633277, 09792983899
သို့ဆက်သွယ်၍သော်လည်းကောင်း၊

💌 Kaung Sithi Overseas Employment Co.,Ltd ၏ Official pageသို့
စာနှင့် မေးမြန်းစုံစမ်း၍သော်လည်းကောင်း၊

🏣 Office Addressသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း

ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်ခင်ဗျာ။ 🤝

 တောင်ကိုရီးယားလေဆိပ်မှာ မြန်မာလုပ်သားတချို့တားမြစ်ပစ္စည်းတွေသယ်လာလို့ သိမ်းဆည်း၊ ဒဏ်ရိုက်ခံရဒီဇင်ဘာ ၁၆ ရက်အရုဏ်ဦး၊ Mig...
17/12/2023


တောင်ကိုရီးယားလေဆိပ်မှာ မြန်မာလုပ်သားတချို့တားမြစ်ပစ္စည်းတွေသယ်လာလို့ သိမ်းဆည်း၊ ဒဏ်ရိုက်ခံရ

ဒီဇင်ဘာ ၁၆ ရက်
အရုဏ်ဦး၊ Migrant Times

တောင်ကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်မှာ တားမြစ်ပစ္စည်းတွေသယ်လာလို့ဆိုပြီး မြန်မာလုပ်သားတချို့ ဒဏ်ရိုက်ခံရတယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က သတင်းထုတ်ပြန်ပါတယ်။

ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ဝင်ရောက်လာတဲ့မြန်မာအလုပ်သမားတချို့ဟာ ဒီဇင်ဘာလ ၁၄ရက်က တားမြစ်ပစ္စည်း သယ်လာတာတွေ့ရတဲ့အတွက် တားဆီးသိမ်းဆည်းခံရသလို ဒဏ်ငွေပါ ပေးဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။

သယ်ဆောင်ခြင်းမပြုဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အကြိမ်ကြိမ် အသိပေးထားတဲ့ တားမြစ်ပစ္စည်း​တွေကို ခိုး​ပြီးသယ်သွားကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

" အဲဒီလိုလုပ်တဲ့သူတွေက အလုပ်သမားအသစ်တွေ မဟုတ်ဘဲ လုပ်သားဟောင်း(Re-entry)တွေ ဖြစ်နေတာ ပိုဆိုးတယ်။ သူတို့က သိသိနဲ့ကို လုပ်တာကျတော့ မကောင်းဘူး " လို့ ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

အဲဒီလို တားမြစ်ပစ္စည်းတွေ ခိုးသယ်လာတာကြောင့် မြန်မာလုပ်သားတွေ အရင်ကလည်း မကြာခဏ အရေးယူခံရလေ့ရှိတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာလုပ်သားတွေကဆိုပါတယ်။

မြန်မာလုပ်သားတွေရဲ့ ပုံရိပ် မကျဆင်းစေဖို့နဲ့ ကိုရီးယားသမ္မတနိုင်ငံသို့ဝင်ရောက်မယ့် လုပ်သား​တွေအဆင်ပြေ ချောမွေ့စွာ ဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီတဲ့အ​နေနဲ့လေဆိပ်တားမြစ်ပစ္စည်း​တွေ သယ်ဆောင်ခြင်းမပြုကြဖို့ ထပ်မံ အသိပေးတယ်ဆိုပြီးတော့လည်း POEAက ကြေညာထားပါတယ်။

Welding ကျွမ်းကျင် လုပ်ငန်းနှင့် တောင်Korea နိုင်ငံသို့ သွားရောက်လုပ်ကိုင်ချင်သူများအတွက် Tips And Suggestions ⚡️ဒီတစ်ခေ...
13/12/2023

Welding ကျွမ်းကျင် လုပ်ငန်းနှင့် တောင်Korea နိုင်ငံသို့ သွားရောက်လုပ်ကိုင်ချင်သူများအတွက်
Tips And Suggestions ⚡️

ဒီတစ်ခေါက်မှာတော့ …..
ကိုရီးယားနိုင်ငံအလုပ်အကိုင်နဲ့
-ဘယ်လို စတင်ခြေလှမ်းရမလဲ ?
-ဘယ်လို သွားရောက်လုပ်ကိုင်နိုင်မလဲ ??
ဆိုတဲ့ အချက်လေးတွေကို လက်လှမ်းမှီသလောက် အကြံပြုဖော်ပြပေးသွားပါ့မယ်ခင်ဗျာ ။

💌 E7 visa နဲ့ Korea ကို ဘယ်လိုသွားရောက်လုပ်ကိုင်နိုင်မလဲ ဆိုတဲ့အကြောင်းအရာ Information လေးတွေကို အရင် Post မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
(မဖတ်ရသေးရင် သွားရောက် ဖတ်ရှုနိုင်ဖို့ Link ပေး ပြန်လည်မျှဝေပေးထားပါတယ်ဗျ။ ) 👇🏻

https://m.facebook.com/story.php?story_fbid=380332694528051&id=100076539696572

Welding လုပ်ငန်းအတွက် ဘယ် Visa နဲ့ သွားရမလဲဆိုတာတော့ ဖော်ပြခဲ့ပြီးသလို
E7-3 visa နဲ့ သွားရောက်နေထိုင်လုပ်ကိုင်ရမှာပါ ။ ✔️

ကဲ…..ထုံးစံအတိုင်း သိချင်တဲ့အချက်လေးတွေပဲ ရွေးဖတ်လို့ရအောင် Q & A ပုံစံမျိုးနဲ့ ဖော်ပြသွားပါ့မယ်။

‼️ လုပ်သက်မရှိသေးတဲ့ အခုမှ ဒီလုပ်ငန်းကို Join ဖို့ စိတ်ဝင်စားတဲ့ သူတွေ အတွက် အရင်ဖော်ပြပါ့မယ်။
လုပ်သက်၊ အတွေ့အကြုံရှိပြီးသားသူတွေ အတွက်က အောက်မှာ ထပ်မံဖော်ပြမှာ ဖြစ်လို့ ကျော်ပြီး ဖတ်ရင် အဆင်ပြေပါမယ်ခင်ဗျ။ 💌💌

🗯 : အခုမှ စပြီးခြေလှမ်းမယ်၊ ဘယ်လို စခြေလှမ်းရမလဲ ။ ❓
(Experience/ လုပ်သက်မရှိသူများအတွက်)

👉🏻 : ပထမအဆင့် ~~
- လုပ်ငန်းအတွက် လိုအပ်တဲ့ အရည်ချင်းပြည့်မှီအောင် အရင်လေ့လာပါ။
- လိုအပ်တဲ့ သင်တန်းတွေ တက်ထားပါ။

တစ်ဖက်နိုင်ငံသွားရောက်နေထိုင် လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက်
- ကျန်းမာရေး အထူးကောင်းအောင် ပြင်ဆင်ထားပါ။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : သင်တန်းဘယ်လို စတက်ရမလဲ ။ ❓

👉🏻 : Welding အခြေခံသင်တန်းကတော့
မြန်မာနိုင်ငံမှာ အများအပြားရှိပြီးသားပါ။
သင်တန်းကာလနှင့် သင်တန်းကြေးတွေက တစ်ခုနှင့် တစ်ခု မတူညီပါဘူး။ ယေဘူယျအားဖြင့် သင်တန်းကာလ (၃လ ~ ၆လ) ကြာမြင့်ပါတယ်။

အခြေခံ သင်တန်းတက်ရောက်တဲ့အခါ
သေချာလေ့လာရွေးချယ်တက်ရောက်ဖို့တော့ လိုပါတယ်။ 📌

မိမိတက်မယ့်သင်တန်းက ~~
- ယုံကြည်စိတ်ချရရဲ့လား ။?
- သင်တန်းကြေးသင့်တင့်မျှတရဲ့လား ။?
- အဓိက အနေနဲ့ လုပ်ငန်းမှာ လိုအပ်တဲ့ Facilities (ထောက်ပံ့ပစ္စည်းများ) ပြည့်စုံမှုရှိရဲ့လား။ ?
စသည်ဖြင့် မတက်ခင်သေချာ လေ့လာရွေးချယ်ဖို့လိုပါတယ်။
ဒီလိုပြောလိုက်လို့ သင်တန်းရွေးဖို့ စဉ်းစားရခက်နေပြီဆိုရင်
သင်တန်းကျောင်းအများအပြားထဲမှ
ကျွန်တော်သိတဲ့ ယုံကြည်စိတ်ချရသော ရန်ကုန်က သင်တန်းကျောင်း အနည်းငယ်ကို အခုတစ်ခါတည်း ဖော်ပြပေးပါ့မယ်ဗျ။

- ရန်ကုန် မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့
“ T&T Training Center “
📞: 09-880-006-482
: 09-880-006-483

- ရန်ကုန် လှိုင်သာယာမြို့နယ်မှာ ရှိတဲ့
“ Nice Way Skill & Vocational Training Center “
📞: 09-443-004-479
: 09-429-202-769

အသေးစိတ်ကို ယခု Mention ခေါ်ထားတဲ့ Page မှာ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : အခြေခံသင်တန်းပြီးရင် သွားလို့ရပြီလား။?
ဘာဆက်လုပ်မလဲ။❓

👉🏻 : အရှေ့ Post မှာပြောထားသလို အနည်းအကျဉ်း အခြေခံလောက် သိရင်/ တတ်ရုံလောက်နဲ့ ထွက်လို့မရပါဘူးခင်ဗျ။
(တောင်ကိုရီးယားနိုင်ငံ ပြည်ပအလုပ်အကိုင်ခေါ်ယူမှုတွေက အင်မတန်စည်းစနစ်ကျပြီး သေသပ်တာ လေ့လာ တွေ့ရှိရပါတယ်။ )

E7-3 visa နဲ့ မထွက်ခင်
Korea Welding Inspectors များမှ တက်မြှောက်မှု အခြေခံ စစ်ဆေးခြင်း (Welding Skill Test)ကို
ဖြေဆိုရပါတယ်။
ဒီစစ်ဆေးမှုမှာ ကိုရီးယားနိုင်ငံသားများမှ
မြန်မာနိုင်ငံသို့ လာရောက်ပြီး Welding ပစ္စည်းကိရိယာ အပြည့်အစုံနဲ့ တတ်မြောက်မှု စစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ဆေးမှုပြီးတဲ့အခါ ကိုရီးယားနိုင်ငံကုမ္ပဏီမှ E7-3 visa ပေးပြီးခေါ်ယူသွားမှာဖြစ်ပါတယ်။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : Testing အောင်မြင်ပြီဆို ထွက်လို့ရပြီလား ❓

👉🏻 : အရှင်းလင်းဆုံးပြောပြရရင်
မိမိမှာ လုပ်သက် (Experience) ပြည့်ဝပြီးသားမို့ Testing အောင်ပြီး အရွေးခံရတယ်ဆိုရင်
လိုအပ်တဲ့ စာရွက်စာတမ်းအချက်အလက်ပြည့်စုံပြီဆိုရင် ထွက်လို့ရပါပြီ။

ဒီနေရာမှာ
မိမိက Basic ကာလတိုသင်တန်း တက်မြောက်ကာ Basic Test ကို ဖြေဆိုနိုင်ပြီး သူတို့လုပ်ငန်းအတွက် ထပ်မံလေ့ကျင့် သင်ကြားပေးဖို့ အလားလာရှိတယ်ဆို အရွေးခံရနိုင်ပါတယ် ။ (Test မအောင်ရင်တော့ အရွေးမခံရနိုင်ပါဘူးဗျ။)

သို့ပေမယ့် ~~
ဒီနေရာမှာ ဖြည့်စွက် ပြောပြချင်တာက
Korea Welding လုပ်ငန်းက ကျွမ်းကျင်လုပ်သားများကို ခေါ်ယူတာပါ။ ( ဒီအချက်ကို မဖြစ်မနေ ထည့်စဉ်းစားရပါဦးမယ်။) ❕❕

< ပြောချင်တာက basic သင်တန်းတွေမှာ အခြေခံ တက်မြောက်ပြီး ကျွမ်းကျင်အဆင့်နဲ့ လုပ်ငန်းခွင် ဝင်ရောက်ဖို့ အဆင်မပြေနိုင်ပါဘူးဆိုတာကို
ထောက်ပြချင်တာပါ။/ တစ်နည်း ဒီ စစ်ဆေးမှုက နောက်ဆုံးအဆင့် မဟုတ်သေးကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ် ။ >

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : အရွေးခံရပြီးရင် ဘယ်လောက်စောင့်ဖို့လိုဦးမလဲ ။ ❓

👉🏻 : (ဒီအချက်ကို မပြောခင်
အရင် post မှာ ရှင်းပြခဲ့သလို ဖြည့်စွက်ပြောပြချင်တာက Welding အလုပ်ကို ခေါ်တဲ့အခါ welding ကျွမ်းကျင်အရည်အချင်းအပြင် Korean ဘာသာစကားလဲသတ်မှတ်ထားတာ ရှိတယ်ဆိုတာလေး ပြန်ပြီး သတိပေး ပြောပြပါရစေ။)

အဲ့တော့ ….
ဒီမေးခွန်းအတွက် ထိထိရောက်ရောက် ချုံပြောရရင်
Testing အောင်_အရွေးခံရပြီး လိုအပ်တဲ့ စာရွက်စာတမ်း ပြင်ဆင်စုဆောင်းစဉ်ကြားကာလအတွင်း
- မိမိအရည်အချင်းကို Polish တင်ပါ။
- Basic ထက်မြင့်တဲ့ မွမ်းမံသင်တန်းမျိုးတွေ တက်ပါ။
- Korean Language သင်ယူထားပါ။

〰️〰️〰️〰️〰️〰️〰️〰️〰️

🗯 : ကိုယ့်မှာ လုပ်သက်၊ အတွေ့အကြုံ၊
သတ်မှတ်အရည်အချင်းတွေ ရှိပြီးသားဆို
ဘယ်လို Join ရမလဲ။ ❓

👉🏻 : အတွေ့အကြုံရှိပြီးသားဆို အပေါ်မှာ ရှင်းပြခဲ့သလို လှေကားတစ်ထစ် ရောက်ပြီးသားဖြစ်လို့
Korea Inspectors (ကိုရီယားနိုင်ငံသား စစ်ဆေးအကဲဖြတ်သူ) များမှ စမ်းသပ်တဲ့ Welding Skill Test ကို ဖြေလို့ရပါပြီ။
အဲ့အတွက် ကိုယ်ဝင်ဖြေဖို့၊ သွားဖို့အတွက် ကိုရီးယား နိုင်ငံနှင့် ချိတ်ဆက် Agent ကို ရှာဖွေပြီး ဒုတိယခြေလှမ်း စတင်လိုက်ရုံပါပဲ။

➰➰➰➰➰➰➰➰➰➰

ဒီလောက်ဆို စတင်လုပ်ကိုင်ရမယ့် အဆင့်လေးတွေ ရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဗျ။ 💌

ဒုတိယအဆင့် (ဒုတိယလှေကားထစ်)ကို
“ ဘယ်လိုဆက်လှမ်းရမလဲ “
ဆိုတာကို နောက် Post တစ်ခုမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ခင်ဗျာ ။🫶🏻

📝 By Shwe Thee

Address

Yuazana 1Street
Dagon
16°50'56.1"N96°13'24.6"EHTTPS://MAPS.APP.GOO.GL/P2NBGPBDPHF6Y41O6?G_ST=IC

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959792983899

Alerts

Be the first to know and let us send you an email when Kaung Sithi Overseas Employment Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kaung Sithi Overseas Employment Co.,Ltd.:

Shortcuts

Share

Category