28/08/2026
🙏 တော်ဝင်ရတနာ စင်းလုံးငှားယာဉ်ငယ်အသင်း ညီအကိုများ၏ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲလေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ 🙏
တစ်ဦးတစ်ယောက်ချင်းစီရဲ့ စေတနာ၊ မေတ္တာ၊ စည်းလုံးညီညွတ်မှုတို့နဲ့ စုပေါင်းပါဝင်လှူဒါန်းခဲ့ကြတဲ့အတွက် အလွန်ဝမ်းမြောက်ကြည်နူးရပါတယ်။
ဒီလို စုပေါင်းကုသိုလ်ကောင်းမှုလေးတွေကိုလည်း အမြဲတမ်း လက်တွဲညီညီနဲ့ ဆက်လက်ပြုလုပ်နိုင်ကြပါစေ။ 🙏
ပါဝင်လှူဒါန်းပေးကြတဲ့ တော်ဝင်ရတနာအသင်းသား ညီအကိုများနှင့် မိသားစုဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ❤️
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။ 🙏🙏🙏