Online Ticket Sales

Online Ticket Sales Air Ticket, Bus Ticket, Cruise Ticket, Balloon Flight. Are you looking for promotion or cheap ticket of domestic or international?

Please like and buy from our Page. You no need to waste time to find & booking.

( ၂၀.၆.၂၅) မှ ( ၂၆.၆.၂၅ ) အထိ "တနင်္ဂနွေ" သား/သမီးများ အတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း #ဆရာမဒေါ်သန့်သန့်သိန်း   ...
17/06/2025

( ၂၀.၆.၂၅) မှ ( ၂၆.၆.၂၅ ) အထိ "တနင်္ဂနွေ" သား/သမီးများ အတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
#ဆရာမဒေါ်သန့်သန့်သိန်း














#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန
゚viralシ



















❤️ Disclaimer: No copyright infringement intended. For knowledge purposes only. We do not own the trademark of the music. All rights and credits go to the rightful owners respectfully.❤️

( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ (၇)ရက် သား/သမီးများအတွက်           တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း( ၁၃.၆.၂၅ ) မှ ( ၁၉.၆...
17/06/2025

( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ (၇)ရက် သား/သမီးများအတွက်
တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း

( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
မကြာသေးခင်က စီးပွားရေး လုပ်ငန်းများ၊ အလုပ်အကိုင်များ ပျက်စီး ဆုံးရှုံးထားသောသူများ အနေဖြင့် ယခုအချိန်သည် အလုပ်သစ်၊ လုပ်ငန်းသစ်များ ပြန်လည် စတင် လုပ်ကိုင်နိုင်သည်။ လက်ရှိ လုပ်ကိုင်နေသူများ အနေဖြင့် ယခု ကာလအတွင်း မိမိ၏ အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ ရပ်တန့်ရခြင်း၊ ပိတ်သိမ်းခံရခြင်းတို ကြုံတွေ့ရတတ်သည်။ ကုန်ပစ္စည်း သိုလှောင်ရုံများ၊ ဂိုတောင်၊ စက်ရုံအလုပ်ရုံများ မီးဘေး အန္တရာယ် ဂရုစိုက်ပါ။ ဌာနဆိုင်ရာများနှင့် ပတ်သက်သော လုပ်ငန်းများ သတိထား ဆောင်ရွက်ပါ။ စပ်တူ၊ ရှယ်ယာ လုပ်ကိုင်ထားသော လုပ်ငန်းများ အထူး ဂရုပြု လုပ်ကိုင်ပါ။ ရာထူးတိုး ဖြေဆိုထားသော ဝန်ထမ်းများ မိမိ အထက် အရာရှိ အကြီးအကဲများနှင့် အဆင်ပြေအောင်ပေါင်းသင်း ဆက်ဆံနေထိုင်ပါ။ အိမ်ထောင်ရေး၊ အချစ်ရေးတွင် မမျှော်လင့်သော အလှည့်အပြောင်းများ ကြုံတွေ့ရမည်။ နှစ်ဖက် အသိုင်းအဝိုင်း နှင့် ဆွေမျိုးများကြောင့် အိမ်ထောင်ရေး၊ အချစ်ရေးတွင် စိတ်ညစ်၊ စိတ်ရှုပ် နေရတတ်သည်။ အိမ်တွင် ညအိပ်၊ ညနေ ဧည့်သည် လုံးဝ လက်မခံပါနှင့်။ လက်ထပ် ပြီးပြီးချင်း အလုပ်ကိစ္စဖြင့် ခရီးထွက်ရတတ်သောကြောင့် မိမိ အိမ်ထောင်ဖက် (သို့) ချစ်သူအား နားလည်အောင် သေချာစွာ ပြောပြ ရှင်းပြပါ။ စီးပွားရေး သာမက အိမ်ထောင်ရေးပါ ပျက်စီး၊ ဆုံးရှုံးတတ်သောကြောင့် အရက်သေစာ သောက်စားခြင်း၊ လောင်းကစား၊ မိန်းမလိုက်စားခြင်း အထူး ရှောင်ကြဉ်ပါ။ စေ့စပ်ပွဲ၊ မင်္ဂလာပွဲများ ပြုလုပ်ရန် တေ့လွဲလွဲ နေတတ်သည်။ ရည်းစားဟောင်း၊ အချစ်ဟောင်းပြန်ပေါ်လာပြီး နှောင့်ယှက်ခြင်း ကြုံတွေ့ရတတ်သည်။ စိတ်ပူပန်စရာ၊ စိတ်ရှုပ်စရာများမှုကြောင့် ယာဉ်မတော်တဆမှု ကြုံတွေ့ရတတ်သည်။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းလေးခြင်းစသော ဦးခေါင်းနှင့် ပတ်သက်သောရောဂါ ဝေဒနာများ ဇက်ကြောတက်ခြင်း၊ အညောင်းမိခြင်း စသော ဝေဒနာများ ခံစားရတတ်ပါသည်။ ရောဂါဝေဒနာ ခံစားနေရပါကအမျိုးသမီး အမည်ပါသော ဆေးရုံ၊ ဆေးခန်း၌ ပြသခြင်း၊ အမျိုးသမီး ဆရာဝန်၊ အထူးကုတိုဖြင့် ကုသခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်သည်။ မိမိ နှစ်ပေါင်းများစွာ လေ့လာ နေသော ပညာရပ် အသစ်များ သင်ယူ ရရှိမည်။ရာသီဥတု၊ မိုးလေဝသနှင့် ပတ်သက်သော ပညာရပ်များ၊ စူးစမ်း ရှာဖွေခြင်းနှင့် ပတ်သက်သော ပညာရပ်များ၊ သုတေသန လုပ်ခြင်းနှင့် ပတ်သက်သော ပညာရပ်များ၊ ရွှေနှင့်ပတ်သက်သော ပညာရပ်များ သင်ယူ ရရှိမည်။ နိုင်ငံရပ်ခြား ပညာတော်သင် သွားရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ရေကုန်ရေခမ်း ကြိုးစားပါက အောင်မြင်မည်။ ငွေကြေးထက် ပညာရမည့် အလုပ်အား ရွေးချယ် လုပ်ကိုင်ပါ။
https://vt.tiktok.com/ZSkfY7pDx/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်ရန် နည်းပညာ၊ အခွင့်အရေးနှင့် အကူအညီများ ရရှိမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်ပြီး လုပ်ကိုင်ရသော လုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်းများ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ၊ ကုန်စည်ပိုဆောင်ရေး လုပ်ငန်းများ အဆင်ပြေမည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန် လျောက်ထားသူများ၊ နိုင်ငံခြား သင်္ဘောတက်ရန် စောင့်ဆိုင်းနေသူများ အလုပ်ရမည်။ စပ်တူရှယ်ယာ လုပ်ငန်းများ အကျိုးပေးမည့် အချိန်ဖြစ်ပါသည်။ မိတ်ကောင်း၊ ဆွေကောင်းများ ပေါများနေမည့် ကာလဖြစ်ပါသည်။ မိမိအိမ်ထောင်ဘက် (သို့) ချစ်သူမှ သစ္စာ ဖောက်ခြင်း ခံရမည်။ မိမိ မသိလိုက်သော အချိန်တွင် သစ္စာဖောက်ပြီး ဖြစ်နေတတ်သည်။ မိမိအိမ်ထောင်ဖက် (သို့) ချစ်သူအား လုပ်ဖော်ကိုင်ဖက်၊ အမျိုးသမီးမှ စိတ်ဝင်စားနေလိမ့်မည်။ ရပ်ဝေးနယ်ခြားမှ ဝါသနာတူ အမျိုးသား၊ အမျိုးသမီး မိတ်ဆွေမှ နှောက်ယှက်ခြင်း ခံရမည်။ မိမိ အိမ်ထောင်ဖက် (သို့) ချစ်သူအား မိမိ မပါဘဲ ညစာစားပွဲ တက်ခြင်း၊ ညအိပ်ညနေ ခရီးသွားခြင်း များ တားသင့်သည်။ တားမရပါက မိမိပါ လိုက်ပါသွားသင့်သည်။ မျက်စိနာခြင်း၊ မျက်ရိုးကိုက် ခြင်း စသော မျက်လုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်း‌လေးခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာများ ခံစားရ တတ်ပါသည်။ အထိုင်များခြင်း ကြောင့်၊ အညောင်းမိခြင်း၊ ဇာက်ကြောတက်ခြင်းတို့ ဖြစ်တတ်သည်။ ဆေးရုံနှစ်ရုံ၊ ဆရာဝန် နှစ်ဦး၌ ဆေးကုသမှုခံယူခြင်း၊ ဆေးနှစ်မျိုး သုံးစွဲခြင်းတို့ကြောင့် ဆေးမှားတတ်သည်။ ရောဂါ ဝေဒနာ ခံစားနေရပါကဆရာ တစ်ဦးတည်း၏ ဆေးညွှန်း အတိုင်းသာလိုက်နာ ကုသသင့်ပါသည်။ အပေါင်းအသင်း၊ သူငယ်ချင်းများကြောင့် စိတ်သောက ရောက်ရပြီး စာကို အာရုံ မစိုက်နိုင်ခြင်း၊ စာကျက်မရခြင်း၊ စာမေးပွဲ မဖြေဖြစ်ခြင်း တိုကြောင့် စာမေးပွဲ ကျတတ်ပါသည်။ လူပေါင်းမှား တတ်သည်။ စာမေးပွဲ နားနီးချိန်တွင် မိမိ၏ မှတ်စုစာအုပ်များ ငှားပေးခြင်း၊ မေးခွန်းလိုက်ခြင်း၊ သူငယ်ချင်းများ၏ စကားကို နား‌ယောင်ပြီး စာကို ရွေးချယ် ကျက်မှတ်ခြင်းများ ရှောင်ကြဉ်ပါ။ ပညာရေး ကံ ညံ့နေသောကြောင့် ယခုကာလအတွင်း အလုပ်၊ အင်တာဗျူး စာမေးပွဲများ မဖြေဆိုသင့်ပါ။
https://vt.tiktok.com/ZSkPtpHaw/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အတိုက်အခိုက်များ၊ အပြိုင်ဆိုင်များ များနေမည့်ကာလဖြစ်သည်။ တိုက်ခိုက်သမျှ မကြောက်ပါ နှင့်။ ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်ပါက အောင်မြင်မည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင် ရန် ရှိပါက မိမိ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်မှသာ အောင်မြင်မှု ရရှိမည်။ အပေါင်း အသင်း၊ သူငယ်ချင်း၊ အောက်လက် ငယ်သား၊ ဝန်ထမ်း သတိထားပါ။ ဒုက္ခပေးတက်သည်။ ကားနှင့် ပတ်သက်သော လုပ်ငန်းများ၊ ကားအငှား လုပ်ငန်းများ၊ ယာဉ်အမျိုးမျိုးနှင့် ပတ်သက် သည့် လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ကားရောင်းဝယ်ခြင်း လုပ်ငန်း၊ ကားငှားခြင်းခြင်း လုပ်ငန်း၊ ခရီး လှည့်လည် သွားလာ လုပ်ကိုင်ရသော လုပ်ငန်းများ အဆင်ပြေမည်။ ယခင်က အဆင်မပြေထားသော အိမ်ထောင်ရေး၊ အချစ်ရေး ပြန်လည် အဆင်ပြေလာမည်။ နှစ်ဦးသား ညှိနှိင်း မရခဲ့သော ကိစ္စရပ်များ ယခုအချိန်တွင် ညှိနှိင်းပါက ပြေလည်မှု၊ နားလည်မှု ရရှိမည်။ အိမ်ထောင်ဖက် ရပ်ဝေးနယ်ခြားတွင် အလုပ် လုပ်ကိုင်နေပါက သတင်းကောင်း ကြားရမည်။ မိမိအိမ်ထောင်ဖက် (သို့) ချစ်သူနှင့် ပြန်ဆုံဆည်းရခြင်း၊ ဆုံဆည်းရန် အခွင့်အရေး ရရှိခြင်းတို့ ကြုံမည်။ ချစ်သူ၊ ရည်းစား မရှိသေးသောသူများ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ သူနှင့် ဖူးစာ ဆုံတတ်သည်။ လက်ထပ်ပြီး မိမိ မွေးရပ်မြေ မဟုတ်သော ရပ်ဝေးနယ်ခြားတွင် အခြေချ နေထိုင် ရတတ်သည်။ ကောင်းမည်။ မျက်စိနာခြင်း၊ မျက်ရိုးကိုက်ခြင်း စသော မျက်လုံးနှင့် ပတ်သက် သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်း‌လေးခြင်းစသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရ တတ်ပါသည်။ အထိုင်များခြင်းကြောင့်၊ အညောင်းမိ ခြင်း၊ ဇာက်ကြော တက်ခြင်းတို့ ဖြစ်တတ်သည်။ ဆေးရုံနှစ်ရုံ၊ ဆရာဝန်နှစ်ဦး၌ ဆေးကုသမှု ခံယူခြင်း၊ ဆေးနှစ်မျိုး သုံးစွဲခြင်း တို့ကြောင့် ဆေးမှားတတ်သည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ဆရာ တစ်ဦးတည်း၏ ဆေးညွှန်း အတိုင်းသာ လိုက်နာ ကုသသင့်ပါသည်။ အပျော်အပါး၊ မိန်းမ၊ လောင်းကစား မက်ပြီး ပညာရေးတွင် စိတ်မပါဘဲ ဖြစ်နေတတ်သည်။ အလွယ်လမ်း၊ ဖြတ်လမ်း၊ မကောင်းသော နည်းလမ်း တို့ဖြင့်သာ အောင်မြင်လိုစိတ် ရှိနေသည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ၊ ကျောင်း၊ သင်တန်း စာမေးပွဲများ ဖြေဆိုရာတွင် မိမိ၏ မရိုးဖြောင့်သော၊ အလွယ်လိုက်ချင်သော စိတ်ကြောင့် အောင်မြင်ရန် ခက်ခဲနေတတ်သည်။ နည်းမှန် လမ်းမှန် ဖြင့်သာ သေသေချာချာ ကြိုးစား ဖြေဆိုပါ။
https://vt.tiktok.com/ZSkm2gG2F/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
စီးပွားရေး လုပ်ငန်းများ၊ အလုပ်အကိုင်များ မိမိ စိတ်တိုင်းကျ လုပ်ကိုင်လာနိုင်မည်။ မိမိထက် အင်အားကြီးသူ၊ လုပ်ငန်းကြီးသူများမှ အကူအညီ ပေးလိမ့်မည်။ အမျိုးသမီး အကျိုးပေးသော ကာလဖြစ်သောကြောင့် အမျိုးသမီးများနှင့် တွဲဖက် လုပ်ကိုင်သင့်သည်။ သစ်တောထွက် ပစ္စည်း များ ရောင်းဝယ်ခြင်း၊ သတ္တုတွင်းထွက် ပစ္စည်းများ ရောင်းဝယ်ခြင်း၊ သတ္တုတွင်း တူးဖော်ခြင်း လုပ်ငန်းများ၊ ကျောက်မျက်ရတနာ ထူးဖော်ခြင်း လုပ်ငန်းများ အဆင်ပြေမည်။ စိတ်ရှုပ်စရာ ခေါင်းပူစရာ ပြဿနာများ မိမိအပေါ် ပုံကျလာပါက ခေါင်းအေးအေး၊ စိတ်ရှင်းရှင်းထားပြီး အချိန်ယူ ဖြေရှင်းပါ။ အဆင်ပြေပြေ ကျော်ဖြတ်နိုင်မည်။ အိမ်ထောင်ရှင်များ နှစ်ဘက် အသိုင်း အဝိုင်းနှင့် မိဘများကြား စိတ်ရှုပ်၊ စိတ်ညစ် နေရတတ်သည်။ မည်သည့်ကိစ္စမှ ကြားဝင် မဖြေရှင်း ဘဲ မိမိတို့ ဘာသာ မှန်မှန်ကန်ကန် နေထိုင်ပါ။ မိမိမှ ဘက်လိုက်သည်ဟု စွပ်စွဲပြောဆို ခံရတက် သည်။ ငယ်ရွယ်သူများ နှစ်ဦးနှစ်ယောက်ကြား ဗျာများ နေရတတ်သည်။ စည်းစိမ်ချမ်းသာ ပြည့်စုံသူနှင့် ချစ်ခင်ရသူ နှစ်ဦးအကြား ရွေးရ ခက်နေတတ်သည်။ မိမိချစ်ခင်နှစ်သက်သောသူ နှင့်လက်ထပ်ပါက တစ်သက်တာလုံး စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ အိမ်ထောင်ရေး၊ အချစ်ရေး အား မိမိထက်ကြီးသော အမေ၊ အဖွားစသော လူကြီး၊ မိဘများနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက် ချပါ။ ရေချိုးမှား၍ ဖျားတတ်သည်။ ခြေချော်လဲတတ်သည်။ ရေစပ်နား၊ ချောင်းနား၊ ရေဝပ်သော နေရာများ သွားပါက သတိထားပါ။ ကျောနာခြင်း၊ ကျောအောင့်ခြင်း၊ ခြေထောက်နာခြင်း စသော ဝေဒနာများ ခံစားရသည်မှ အပကြီးမားသော ကျန်းမာရေး အညံ့ မရှိပါ။ မိမိတက်ရောက်ချင်သော ကျောင်း၊ သင်တန်း၊ တက္ကသိုလ်နှင့် လက်ရှိသင်ကြားနေရသော ကျောင်း၊ သင်တန်း၊ တက္ကသိုလ် တို့ မတူညီတတ်‌ပေ။ မည်မျှပင် ခက်ခဲသော်လည်း မိမိ တက်‌ရောက်ချင်သော ‌ကျောင်း၊ သင်တန်း၊ တက္ကသိုလ်ကိုသာ ကြိုးစား တက်ရောက်သင်ယူပါ။ သိုမဟုတ်ပါက ကျောင်းတက်နေရင်းပင် စိတ်ထွေပြားပြီး ပညာရေး ဆုံးခန်းမတိုင် ဖြစ်တတ်သည်။ ဥပဒေ ပညာရပ်များ၊ စီမံအုပ်ချုပ်မှု ပညာရပ်များ၊ တိုင်ပင် ဆွေးနွေး အကြံပေးရသော ပညာရပ်များ၊ စီးပွားရေးတွင် ကိုယ်တိုင် စီးပွားရေး လုပ်ခြင်းထက် စီမံခန့်ခွဲခြင်း ပညာရပ်များ သင်ယူပါက အောင်မြင်မည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ တွင်ကူညီပေးမည့်သူများ ရှိသော်လည်း မိမိ ကိုယ်တိုင်ကိုယ်ကျ ကြိုးစား အားထုတ်မှသာ အောင်မြင်မည်။
https://vt.tiktok.com/ZSkm2PLco/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “ကြာသပတေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
မကြာသေးခင်က လုပ်ငန်း ပျက်စီး ဆုံးရှုံးထားသော သူများအဖို့ ယခုအချိန်သည် အလုပ်သစ်၊ လုပ်ငန်းသစ်များ ပြန်လည် စတင် လုပ်ကိုင်သင့်သောအချိန် ဖြစ်ပါသည်။ လက်ရှိလုပ်ငန်း လုပ်ကိုင်နေဆဲသူများ အနေဖြင့် လုပ်ငန်းတွင် ဆုံးရှုံးမှုများ ကြုံတွေ့ ရတတ်သောကြောင့် သတိထား လုပ်ကိုင်ရန် လိုပါသည်။ လူလိမ်နှင့် ကြုံတွေ့ရတတ်သည်။ ငွေလိမ် ခံရတတ်သည်။ အခြားသူများ၏ စကားအား ယုံကြည်ပြီး မိမိ မကျွမ်းကျင်သော လုပ်ငန်းအား မလုပ်ကိုင်သင့်ပါ။ ကုန်သည်များ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ ယခုအချိန် လှောင်ကုန်များ ထုတ်ရောင်းပါက ဈေးနှိမ် ခံရတတ်သည်။ အိမ်ထောင်ရှင်များ၊ နှစ်ဖက် အသိုင်းအဝိုင်းနှင့် မိဘများကြား စိတ်ရှုပ်၊ စိတ်ညစ် နေရတတ်သည်။ မည်သည့်ကိစ္စမှ ကြားဝင် မဖြေရှင်းဘဲ မိမိတို့ဘာသာ မှန်မှန်ကန်ကန် နေထိုင်ပါ။ မိမိမှ ဘက်လိုက်သည်ဟု စွပ်စွဲပြောဆို ခံရတက်သည်။ ငယ်ရွယ်သူများ၊ နှစ်ဦး နှစ်ယောက် ကြား ဗျာများ နေရတတ်သည်။ စည်းစိမ်ချမ်းသာ ပြည့်စုံသူနှင့် ချစ်ခင်ရသူ နှစ်ဦး အကြား ရွေးရ ခက်နေတတ်သည်။ မိမိ ချစ်ခင် နှစ်သက်သောသူနှင့် လက်ထပ်ပါက တစ်သက် တာလုံး စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ အိမ်ထောင်ရေး၊ အချစ်ရေးအား မိမိထက်ကြီးသော အမေ၊ အဖွားစသော လူကြီး၊ မိဘများနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချပါ။ ခေါင်းကျင်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ်သည်။ အကျိတ်၊ အဖု၊ ကင်ဆာ ဖြစ်တတ်သည်။ ချော်လဲတတ်သည်။ ဦးခေါင်း ထိခိုက်မိတတ်သည်။ အနာနှင့်ဆေး လွဲတတ်သည်။ ဘာသာရေး ပြင်းပြင်းထန်ထန် လုပ်ပြီး ဆေးဆရာကောင်း ရှာဖွေ ကုသပါ။ မိမိ အိမ်တွင် အသက်ကြီးသော လူကြီး၊ မိဘများ၏ ကျန်းမာရေး အထူး ဂရုစိုက်ပါ။ ကျောင်းပြောင်းရခြင်း၊ ဆရာ ပြောင်းရခြင်းတို့ ကြုံတွေ့ရတတ်သည်။ ကျောင်းအသစ်၊ ဆရာ အသစ် တို့ကို မနှစ်သက်သော်လည်း မိမိယခင် ကြိုးစားသကဲ့သို ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ ဆေးပညာ၊ စီးပွားရေးပညာ၊ စိုက်ပျိုးရေးပညာ၊ စူးစမ်းရှာဖွေခြင်းပညာ၊ စာပေသင်ကြား ခြင်း ပညာရပ်များ သင်ယူပါက နောင်ရေးအတွက် စိတ်အေးရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများတွင် ကူညီပေးမည့်သူများ ရှိသော်လည်း မိမိဘာသာ ကြိုးစား အားထုတ်မှသာ အောင်မြင်နိုင်မည်။
https://vt.tiktok.com/ZSkHN8Y2H/
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
စီးပွားရေး လုပ်ငန်းများ၊ အလုပ်အကိုင်များမှာ အပေါင်းအသင်း၊ သူငယ်ချင်း၊ အောက်လက် ငယ်သားများကြောင့် ပျက်စီး ဆုံးရှုံးရတတ်သည်။ အောက်လက်ငယ်သား၊ ဝန်ထမ်းများကြောင့် လုပ်ငန်းများ မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေရမည်။ ရာသီဥတုဘေး၊ သဘာဝ ဘေးအန္တရာယ်များ ကြောင့်လည်း လုပ်ငန်းများ ရှေ့ဆက်မရခြင်း၊ ရပ်တန့်ရခြင်းတို့ ကြုံရမည်။ ကုန်သည်များ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ ကုန်ပစ္စည်း အတုများ၊အရည်အသွေး မမှီသော ကုန်ပစ္စည်း များ၊ ရက်လွန်နေသောကုန်များ ဝယ်မိပြီး အရှုံးပေါ်တတ်သည်။ ငွေလိမ် ခံရတက်သည်။ ယခုကာလအတွင်း သောကြာ သားသမီးများ စီးပွားရေး၊ အလုပ်အကိုင်များ မဆုံးရှုံးရအောင်၊ မပျက်စီးရအောင်၊ ဆုံးရှုံးမှု နည်းနိုင်သမျှနည်း‌အောင် ဘာသာရေး ပြင်းပြင်း ထန်ထန် လုပ်ပြီး ဆုတောင်းပါ။ အိမ်ထောင်ရေး၊ အချစ်ရေး အေးစက်‌နေမည်။ နှစ်ဦးစလုံးမှ ခေါင်းမာမှုများ လျှော့ပြီး ညှိနှိင်း ဆွေးနွေးမှသာ အဆင်ပြေမည်။ အဆင်မပြေသော အိမ်ထောင်ရေး၊ အချစ်ရေး ကြောင့် တခြားတွင် အပျော်ရှာပါက နောင်တွင် ဖြေရှင်းမရ ဖြစ်တတ်သည်။ မိမိ၏ တစ်ဖက်သတ် ဆန်သော ဆုံးဖြတ်ချက်များကြောင့် စေ့စပ်ပွဲ၊ မင်္ဂလာပွဲ ပျက်စီးတတ်သည်။ မိမိ၏ ချစ်သူအား ဂရုမစိုက်ဘဲ ရည်းစားဟောင်း၊ အချစ်ဟောင်းအား ထပ်ပတ်သက်မိ နေခြင်းမျိုး၊ တမ်းတနေခြင်း မျိုး ရှောင်ကြဉ်ပါ။ ရောဂါဝေဒနာ ခံစားနေရပါက အနီးနားမှ ဆေးရုံ၊ ဆေးခန်းများထက် အဝေး နေရာမှ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များထံ သွားရောက် ပြသင့်သည်။ ရုတ်တရက် မူးလဲခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်တတ်သည်။ ကားမရပ်ဘဲ တက်ခြင်း၊ ဆင်းခြင်း၊ ကားလမ်းကူးခြင်းတို့ သတိထားပါ။ ရေကူးရာတွင်ရုတ်တရက် ကြွက်တက်ခြင်း၊ ပြင်းထန်သော အားကစား ပြုလုပ် ရာတွင် အမောဖောက်ခြင်းတိုကြောင့် အသက်အန္တရာယ် စိုးရိမ်ရတတ်သည်။ မိမိတက်ရောက် ချင်သော ကျောင်း၊ သင်တန်း၊ တက္ကသိုလ်နှင့် လက်ရှိ သင်ကြားနေရသော ကျောင်း၊ သင်တန်း၊ တက္ကသိုလ်တို မတူညီတတ်‌ပေ။ မည်မျှပင် ခက်ခဲသော်လည်း မိမိ တက်‌ရောက်ချင်သော ‌ကျောင်း၊ သင်တန်း၊ တက္ကသိုလ်ကိုသာ ကြိုးစား တက်ရောက်သင်ယူပါ။ သို့မဟုတ်ပါက ကျောင်းတက် နေရင်းပင် စိတ်ထွေပြားပြီး ပညာရေး ဆုံးခန်းမတိုင် ဖြစ်တတ်သည်။ ဥပဒေ ပညာရပ်များ၊ စီမံ အုပ်ချုပ်မှု ပညာရပ်များ၊ တိုင်ပင် ဆွေးနွေး အကြံပေးရသော ပညာရပ်များ၊ စီးပွားရေးတွင် ကိုယ်တိုင် စီးပွားရေး လုပ်ခြင်းထက် စီမံခန့်ခွဲခြင်း ပညာရပ်များ သင်ယူပါက အောင်မြင်မည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများတွင် ကူညီပေးမည့်သူများ ရှိသော်လည်း မိမိ ကိုယ်တိုင်ကိုယ်ကျ ကြိုးစား အားထုတ်မှသာ အောင်မြင်မည်။
https://vt.tiktok.com/ZSk9wr9rc
( ၁၃.၆.၂၅ ) မှ ( ၁၉.၆.၂၅ ) အထိ “စ‌နေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
စီးပွားရေး၊ အလုပ်အကိုင်များ ဖြေးဖြေး မှန်မှန်တိုးတက်လာမည်။ မည်သည့် အလုပ်တာဝန် လုပ်ငန်းကိစ္စမဆို တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေး လုပ်ကိုင်သင့်သည်။ တည်ငြိမ်လေ အောင်မြင်လေ ဖြစ်သည်။ ယခင်က မပြီးပြတ်သေးသော လုပ်ငန်းကိစ္စများ ယခုကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်။ သေသေချာချာ ကြိုးစား လုပ်ကိုင်ရန် လိုပါသည်။ အောက်လက် ငယ်သား၊ ဝန်ထမ်း ဒုက္ခပေးတတ်သည်။ သတိထားပါ။ ယခင်က အဆင်မပြေခဲ့ သော အိမ်ထောင်ရေး၊ အချစ်ရေး ပြဿနာများ ပြန်လည် အဆင်ပြေလာမည်။ မိမိအိမ်ထောင်ဖက် (သို့) ချစ်သူ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန် လျောက်ထားပါက အလုပ် ရရှိမည်။ လက်ရှိ နိုင်ငံရပ်ခြားတွင် အလုပ် လုပ်ကိုင်နေပါက သတင်းကောင်း ကြားရမည်။ ယခင်က မိဘစကား နားမထောင်သော သား၊ သမီးများ မိမိစိတ်တိုင်းကျ စကား နားထောင် လာမည်။ သားသမီးများ၏ စေ့စပ်ပွဲ၊ မင်္ဂလာပွဲများ ကျင်းပပေးရတတ်သည်။ ချစ်သူများ စေ့စပ်ပွဲ၊ မင်္ဂလာပွဲ ကျင်းပရန် ရှိပါက ယခုအချိန်သည် အကောင်းဆုံး အချိန် ဖြစ်သည်။ ယခင်က မိမိတို့ နှစ်ဦးအား သဘောမတူမှုများ ရှိခဲ့ပါက ယခုအခါ ထပ်မံ ကြိုးစားကြည့်ပါ။ သဘောတူညီမှု ရရှိလာမည်။ ချစ်သူမှာ မိမိ စိတ်တိုင်းကျ ဆောင်ရွက်ပေးမည့် အချိန် ဖြစ်သောကြောင့်ယခင်က ညှိနှိင်း မရခဲ့သော ကိစ္စများ ယခုအချိန် ညှိနှိင်းနိုင်သည်။ ညဘက် အိပ်မပျော်ခြင်း၊ စိတ်လက် မကြည်လင်ခြင်း စိတ်ချောက်ချားခြင်းများ ခံစားနေရတတ်သည်။ အတိုက်အခိုက်၊ အနှောက် အယှက် ရှိသည်။ ယခု ကာလအတွင်း ကျန်းမာရေး အတွက် အကောင်းဆုံး ယတြာမှာ ဘာသာ ရေး ပြင်းပြင်းထန်ထန် လုပ်ခြင်းပင် ဖြစ်သည်။ လည်ပင်း ကင်ဆာ ဖြစ်တတ်သည်။ ကိုယ်ဝန် ဆောင်သည်များ ကိုယ်ဝန် ပျက်ကျတတ်သဖြင့် အထူး ဂရုစိုက်ပါ။ ဆီပူ၊ မီးပူ၊ ဟင်းအိုးအပူ စသဖြင့် မီးအပူ လောင်တတ်သည်။ အစားမှားမည်။ ဆေးမှားတက်သည်။ ကျောင်းပြောင်းရခြင်း၊ ဆရာပြောင်းရခြင်းတို့ ကြုံတွေ့ ရတက်သည်။ ကျောင်းအသစ်၊ ဆရာ အသစ်တွင် မိမိယခင် ကြိုးစားသကဲ့သို ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ ဆေးကုသခြင်း ပညာရပ်၊ ဆေးဝါး ကျွမ်းကျင် ပညာရပ်၊ စိုက်ပျိုးရေး ပညာရပ်၊ စူးစမ်း ရှာဖွေ လေ့လာခြင်း ပညာရပ်၊ စာပေ သင်ကြားခြင်း ပညာရပ်များ သင်ယူ လေ့လာပါက နောင်ရေး စိတ်အေးရမည်။ ဘဝအတွက် ကောင်းသည်။ အောင်မြင် တိုးတက်မည်။ မိမိ လျှောက်ထားသော အလုပ်၊ ရာထူး၊ လစာနှင့် ရရှိလာသော အလုပ်၊ ရာထူး၊ လစာတို့မှာ မတူညီတတ်‌ပေ။ ထိုကြောင့် မိမိ စိတ်ဝင်စားသော အလုပ်မှန်သမျှ တတ်နိုင်သမျှ များများ လျှောက်ထားသင့်သည်။
https://vt.tiktok.com/ZSkQgNyeh/
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။

CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER

TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER

VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7

TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1

အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။

SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။

“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "

“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "

“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
---------------------------------------------------------------------------------------------------------------------
တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။













#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန

Facebook မှ စာသားများဖတ်ရှုနိုင်ဖို့ မြန်မာယူနီကုတ်အား ပြောင်းလဲအသုံးပြုရန် Meta Myanmar ကြေညာ--------------------------...
17/06/2025

Facebook မှ စာသားများဖတ်ရှုနိုင်ဖို့ မြန်မာယူနီကုတ်အား ပြောင်းလဲအသုံးပြုရန် Meta Myanmar ကြေညာ
-----------------------------------------------------------------------------------

MFN
ရန်ကုန်။ ၂၀၂၅၊ ဇွန် ၁၃ ရက်

မိမိတို့ရဲ့ Facebook အသုံးပြုမှုအတွေ့အကြုံကို အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် ဖုန်းရဲ့ ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (ယူနီကုတ်) သို့ ပြောင်းလဲအသုံးပြုရန် Meta Myanmar မှ ယနေ့ ဇွန် ၁၃ ရက်နေ့တွင် ကြေညာလိုက်ပါတယ်။

Facebook နဲ့ Messenger ပေါ်တွင် မြန်မာဘာသာအသုံးပြုသူများအတွက် အသိပေးကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့မှ စတင်ပြီး မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြားအလိုအလျောက် စာသားပြောင်းလဲခြင်းကို Facebook တွင် မြင်တွေ့ရတော့မည် မဟုတ်တာကြောင့် အသိပေးတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ယင်းအတွက်ကြောင့် မိမိတို့၏ သူငယ်ချင်းများနှင့် မိသားစုဝင်များရဲ့ ဖုန်းများမှာလည်း ဘာသာစကားဆက်တင်ကို ပြင်ဆင်ဖို့အကြုံပြုထားကာ ဖုန်းတွင်ထည့်သွင်းထားသော ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (‌‌ဇော်ဂျီ) ဟု သတ်မှတ်ထားဆဲဖြစ်ပြီး မြန်မာဘာသာ (ယူနီကုတ်) ကိုမပြောင်းလဲထားပါက မိမိတို့ရဲ့ Facebook စာမျက်နှာမှာရှိတဲ့ အကြောင်းအရာအပြည့်အစုံကို ဖတ်ရှုလို့ မရနိုင်တာဖြစ်နိုင်သလို သုံးစွဲသူများတင်ထားတဲ့ပို့စ်တွေကလည်း အခြားသူတွေမှာမှန်မှန်ကန်ကန် မပေါ်နိုင်ဘဲ မြန်မာဘာသာ (ဇော်ဂျီ) နဲ့ ထည့်သွင်းထားတဲ့ အကောင့်အမည်ကလည်း မှန်ကန်စွာမပေါ်နိုင်တာရှိနိုင်တယ်လို့ အသိပေးထားပါတယ်။

Facebook သုံးစွဲသူများရဲ့ ဖုန်းတွင် မြန်မာဘာသာ (ယူနီကုတ်) သို့ မည်သို့ ပြောင်းလဲရမလဲဆိုတာနဲ့ ပတ်သက်ပြီးသိရှိရန်နှင့် မိမိတို့ရဲ့ Facebook အကောင့်အမည်ကို ပြောင်းလဲရန် Facebook ရဲ့ Help Center ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်တယ်လို့လည်း ကြေညာထားပါတယ်။

#မြန်မာဘာသာ #ယူနီကုတ် #ဇော်ဂျီ

Photos- Meta Myanmar

ထိုင်းတွင် ကလေးနာမည် (သို့) လူနာမည်ပေးပါက စည်းကမ်း (၁၀) ချက်နှင့်အညီ ပေးရမည်ဟု ဥပဒေပြဌာန်းထားမဲဆောက်၊ ဇွန် ၁၇ထိုင်းနိုင်...
17/06/2025

ထိုင်းတွင် ကလေးနာမည် (သို့) လူနာမည်ပေးပါက စည်းကမ်း (၁၀) ချက်နှင့်အညီ ပေးရမည်ဟု ဥပဒေပြဌာန်းထား

မဲဆောက်၊ ဇွန် ၁၇

ထိုင်းနိုင်ငံ၌ ကလေးနာမည် (သို့) လူနာမည်ပေးပါက သတ်မှတ်ထားသည့် စည်းကမ်း (၁၀) ချက်နှင့်အညီ ပေးရမည် ဟု ထိုင်းအခြေခံဖွဲ့စည်းပုံဥပဒေတွင် ပြဌာန်းထားသည်။

အဆိုပါ သတ်မှတ်ထားသည့် စည်းကမ်း (၁၀) ချက်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

◾ထိုင်းရိုးရာဓလေ့ထုံတမ်းနှင့်လူ့မှုအသိုင်းအဝိုင်းကို ဆန့်ကျင်သော နာမည်မ‌ပေးရ။

◾သူတစ်ပါး အထင်အမြင် လွှဲမှားစေရန် (သို့) လှည့်ဖြားရန် ရည်ရွယ်၍ နာမည်မပေးရ။

◾ထိုင်းတော်ဝင်ဘုရင်နှင့် မိဖုရားတို့၏ နာမည်နှင့် တော်ဝင်မိသားစုဝင်များ၏ နာမည်မပေးရ။

◾နာမည်ရှေ့တွင် "ณ" ဏ အက္ခရာ အစပြုထားသော နာမည်မပေးရ။ ခြွင်းချက်အနေဖြင့် ထိုင်းဘုရင်မှခွင့်ပြုလျှင် အမည်ပေးနိုင်သည်။

◾ဗျည်း (၁၀) လုံးထက်ပိုသော (Surname) မျိုးရိုး နာမည်မပေးရ။

◾နာမည်ပေးလျှင် ထိုင်းစာလုံးသတ်ပုံမှန်ရမည်။

◾အနက်အဓိပ္ပါယ်မရှိသော နာမည်မပေးရ။

◾/, * , @ , # စသည့် နာမည်များ မပေးရ။

◾နာမည်တစ်လုံးထဲ မပေးရ။

◾မြို့တော်အမည်များနှင့် တော်ဝင်ဘွဲ့ထူးဂုဏ်ထူးများနှင့်သက်ဆိုင်သည့် နာမည်မပေးရ။

ဤဥပဒေသည် ထိုင်းရိုးရာဓလေ့ ယဉ်ကျေးမှုနှင့်၊ ဘာသာစကားကို အလေး ထားတန်းဖိုးထားစေရန် ရည်ရွယ်ချက်ဖြင့် ပြဌာန်းထားကြောင်း သိရသည်။

#မြဝတီမဲဆောက်မီဒီယာ

🌅 ဒီနေ့ ဇွန်လ ၁၅ ရက် မနက်အစော ၄ နာရီကျော်လောက်မှာဂျပန်နိုင်ငံ Chiba ပြည်နယ်မှာမြန်မာလူမျိုး ထွန်းထွန်းဝင်း (အသက် ၂၄ နှစ်...
17/06/2025

🌅 ဒီနေ့ ဇွန်လ ၁၅ ရက် မနက်အစော ၄ နာရီကျော်လောက်မှာ
ဂျပန်နိုင်ငံ Chiba ပြည်နယ်မှာ
မြန်မာလူမျိုး ထွန်းထွန်းဝင်း (အသက် ၂၄ နှစ်) က လူသတ်မှု ကျူးလွန်ခဲ့ပါတယ်။🔪

🗣️ ထွန်းထွန်းဝင်းက
“သူ့ကိုသတ်ဖို့ထိ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ထိုးမိသွားခဲ့ပါတယ်” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

👮‍♂️ အဲ့ဒီအတွက်
အစမှာတော့ “လူသတ်ရန်ကြံစည်မှု” အဖြစ်သာ ဖမ်းဆီးခဲ့ကြပေမယ့်…

🧑‍⚕️ ကျူးလွန်ခံရသူက ဒဏ်ရာပြင်းထန်ပြီး
ဆေးရုံကို ပို့လိုက်ရတဲ့အခါ…
💔 ချက်ချင်း အသက်ဆုံးရှုံးသွားတဲ့အတွက်
နောက်ပိုင်းမှာတော့ “လူသတ်မှု” အဖြစ်ပြောင်းပြီး အရေးယူခဲ့ပါတယ်။

🍻 သူတို့နှစ်ယောက်အချင်းချင်း
အတူ သောက်ကြစားကြရာကနေ
စကားများ ရန်ဖြစ်ပြီး
အခုလို လူသတ်မှုအထိ ဖြစ်ပွားခဲ့တာပါ။

📌 ဒီတစ်လထဲမှာပဲ
ဂျပန်မှာ မြန်မာတွေက ကျူးလွန်ခဲ့တဲ့ ပြင်းထန်တဲ့ ပြစ်မှု ၂ ခုရှိနေပါပြီ။😔

❌ ၂မှုလုံးကလည်း သာမန်ပြစ်မှုတွေ မဟုတ်ပါဘူး။
👉 အမှု ၁ – လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု / မုဒိန်းမှု (Hiroshima)
👉 အမှု ၂ – လူသတ်မှု (Chiba)

😞 ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး…

✍🏻 Sandi’s Home

#စန္ဒီ့အိမ်🍀

Stefan Thomas ဟာ Ripple Labs ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ Coil လို့ခေါ်တဲ့ start-up ကုမ္ပဏီ...
17/06/2025

Stefan Thomas ဟာ Ripple Labs ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ Coil လို့ခေါ်တဲ့ start-up ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်ပါတယ် သူဟာ နည်းပညာလောကမှာ သူ့ရဲ့ ထူးခြားဆန်းပြားတဲ့ Bitcoin wallet ပြဿနာကြောင့် လူသိများခဲ့ပါတယ်

၂၀၁၁ ခုနှစ်တုန်းက Stefan Thomas ဟာ Bitcoin အကြောင်း ဗီဒီယိုတစ်ခု ဖန်တီးပေးခဲ့တဲ့အတွက် Bitcoin ၇,၀၀၀ ကို ဆုကြေးအဖြစ် ရရှိခဲ့ပါတယ် အဲဒီအချိန်တုန်းက ဒီ Bitcoin တွေရဲ့ တန်ဖိုးဟာ အခုလို ဒေါ်လာသန်းပေါင်းများစွာထိ မရှိသေးပါဘူး

သူဟာ ဒီ Bitcoin တွေကို IronKey လို့ခေါ်တဲ့ ကုဒ်သွင်းထားတဲ့ USB drive တစ်ခုထဲမှာ သိမ်းဆည်းခဲ့ပါတယ် IronKey တွေဟာ လုံခြုံရေးအရ အလွန်တင်းကျပ်ပြီး စကားဝှက်မှားယွင်းစွာ အကြိမ်ကြိမ်ထည့်မိရင် ဒေတာတွေကို အလိုအလျောက် ဖျက်ဆီးပစ်နိုင်တဲ့ စနစ် (self-destruct mechanism) ပါဝင်ပါတယ်

ကံဆိုးစွာဘဲ Thomas ဟာ သူ့ရဲ့ IronKey ကိုဖွင့်တဲ့စကားဝှက်ကို မေ့သွားခဲ့ပါတယ် IronKey ကိရိယာတွေဟာ စကားဝှက်ကို ၁၀ ကြိမ်မှားခွင့်သာရှိပါတယ် အဲဒီ ၁၀ ကြိမ်ကျော်လွန်သွားရင် အထဲက ဒေတာတွေ ဟာ အပြီးအပိုင် ဖျက်ဆီးခံရမှာ ဖြစ်ပါတယ် ဒါကြောင့် Thomas ရဲ့ Bitcoin တွေဟာလည်း ပျက်စီးသွားမှာပါ

အခုအချိန်မှာတော့ Thomas ဟာ စကားဝှက်ကို ၈ ကြိမ် မှားယွင်းပြီးသွားပါပြီ ဒါကြောင့် သူ့မှာ မှန်ကန်တဲ့စကားဝှက်ကို ရှာဖွေဖို့ နောက်ထပ် ၂ ကြိမ်သာ ကြိုးစားခွင့် ကျန်ပါတော့တယ် လက်ရှိ Bitcoin စျေးနှုန်းအရ ဒီ Bitcoin တွေရဲ့ တန်ဖိုးဟာ ဒေါ်လာသန်း ၇၄၀ ရှိနေပါတယ်

ဒီလို အကြီးအကျယ်ဆုံးရှုးနိုင်ခြေရှိတဲ့ အခြေအနေမှာတောင် Thomas ရဲ့ တုံပြန်ပုံက ထူးခြားပါတယ် အချို့ startup ကုမ္ပဏီတွေက သူ့ရဲ့ IronKey ကို ဘေးကင်းစွာ ဖောက်ထွင်းဖွင့်လှစ်ပေးနိုင်မယ့် နည်းလမ်းတွေကို ကမ်းလှမ်းခဲ့ကြပေမယ့် Thomas ကတော့ ငြင်းပယ်ခဲ့ပါတယ် ဘာကြောင့်လဲဆိုတာကိုတော့ အတိအကျမသိရပေမယ့် ဒီ IronKey တွေရဲ့ ဒီဇိုင်းက ကွန်ပြူတာ ဗိုင်းရပ်စ် (malware) တွေ ဒါမှမဟုတ် ခိုးယူသူတွေရဲ့ လက်ထဲရောက်သွားရင်တောင် ဒေတာတွေကို လုံခြုံစေဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် ဒီလို လုံခြုံရေးစနစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားတာဟာ ထပ်မံအန္တရာယ်ဖြစ်စေနိုင်တယ်လို့ သူဟာယူဆထားပုံရပြီး ဒီပြဿနာကို သူ့ ဘဝရဲ့ သင်ခန်းစာတစ်ခုအဖြစ် ခံယူထားပုံရပါတယ် အခုအချိန်မှာတော့ သူဟာ crypto မှာ ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိနေပါတယ်

#ဗဟုသုတ

ဇွန်လ ၁၉ ရက်နေ့၊ လာမယ့် ကြာသပတေးနေ့ TOTO ဆုငွေက စင်ကာပူဒေါ်လာ (၁၀) သန်းဆုဖြစ်မယ်လို့ ဆိုပါတယ်။TOTO ရဲ့သဘောက အတိအကျမဟုတ်ဘ...
17/06/2025

ဇွန်လ ၁၉ ရက်နေ့၊ လာမယ့် ကြာသပတေးနေ့ TOTO ဆုငွေက စင်ကာပူဒေါ်လာ (၁၀) သန်းဆုဖြစ်မယ်လို့ ဆိုပါတယ်။

TOTO ရဲ့သဘောက အတိအကျမဟုတ်ဘဲ ဆုပမာဏကိုခန့်မှန်းလို့ပဲရပါတယ်။ (၁၀) သန်းထက်လည်း ပိုချင်ပိုသွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၃ ပတ်စလုံး ထိပ်ဆုံး Group 1 ဆုကိုပေါက်တဲ့သူမရှိခဲ့တဲ့အတွက် ဆုငွေကို နောက်အပတ်မှာပေါင်းထည့်ရင်း အခုလိုပမာဏများလာတာဖြစ်ပါတယ်။

ဒါဟာ ၂၀၂၅ ခုနှစ် ၆ လတာအတွင်း ၆ ကြိမ်မြောက် (၁၀) သန်းဆုဖြစ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး (၁၀) သန်းကျော်ထွက်ခဲ့တာက ပြီးခဲ့တဲ့ ဧပြီလ ၂၈ နေ့ကဖြစ်ပါတယ်။ အဲ့ဒီတုန်းက Group 1 နဲ့တိုက်သွားပြီး ကံထူးသူ (၂) ယောက်ပေါ်ထွက်ခဲ့ပါတယ်။

အဲ့ဒီကံထူးသူ (၂) ဦးဟာ ဒေါ်လာ (၁၂•၉) သန်းကို နှစ်ယောက်ခွဲယူရပြီး တစ်ယောက်ကို ဒေါ်လာ (၆•၅) သန်းလောက်ရရှိသွားကြပါတယ်။

ကံကောင်းကြပါစေ။

Richard Myo Thant
17-June-2025

🇯🇵💸ဂျပန်ငွေလွှဲလူလိမ်နဲ့ ဂျပန်အလုပ်ရှာပေးတဲ့လူလိမ် ပေါင်းရိုက်တဲ့ 🐯ကျားဖြန့်ဂိုဏ်းသားတွေ ခြေလှမ်းအသစ်လှမ်းနေကြပါတယ်။👤အလု...
17/06/2025

🇯🇵💸ဂျပန်ငွေလွှဲလူလိမ်နဲ့ ဂျပန်အလုပ်ရှာပေးတဲ့လူလိမ် ပေါင်းရိုက်တဲ့ 🐯ကျားဖြန့်ဂိုဏ်းသားတွေ ခြေလှမ်းအသစ်လှမ်းနေကြပါတယ်။

👤အလုပ်ရှာပေးတဲ့ လူအနေနဲ့ ဟန်ဆောင်ပြီး ကျားဖျန့်က ဂျပန်မှာနေတဲ့သူတွေရဲ့ 🪪Zairyū card/ 🛂Passport တွေကိုတောင်းတယ်။

📩တစ်ဖက်က Zairyū card ID တွေရတဲ့အခါ
တစ်ဖက်မှာ 💰ငွေလဲသမားတွေကို Target ထားပြီး လိုက်လိမ်တယ်။

🎯ယုံကြည်ရပါကြောင်းကို အဲ့ဒီ Zairyū card ID တွေပြပြီး ယုံကြည်မှုကိုရအောင်ယူကြတယ်။

🤷တစ်ဖက်က အလုပ်ရှာနေတဲ့သူကလည်း ဒါတွေကိုမသိဘူး။
🤷တစ်ဖက်က ငွေလဲပေးတဲ့သူကလည်း ဒါတွေမသိဘူး။

🫱လက်တစ်လုံးကြားနဲ့ လုပ်သွားတယ် အရမ်းပိရိတယ်။
💼အလုပ်ရှာကြမယ်ဆိုလည်း ကိုယ့် privacy ကို မချိုးဖောက်တဲ့ တရားဝင်အေဂျင်စီတွေနဲ့ရှာပါ။
👥ကိုယ်နဲ့အပြင်မှာလည်း ရင်းနှီးကျွမ်းဝင်တဲ့သူတွေကတဆင့်ရှာကြပါ။

💸ငွေလွှဲရင်လည်း စိတ်ချယုံကြည်ရတဲ့သူနဲ့ဘဲ လွှဲပါ။
📉သိပ်မကွာတဲ့ဈေးကို မကြည့်ကြပါနဲ့။
⚠️နောက်ဖြစ်လာမယ့်ပြဿနာကို အရင်တွေးပါ။

🙏‌အားလုံး ကျားဖျန့်တွေရဲ့ ရန်ကနေကင်းဝေးကြပါစေ။
❗အထူးသဖြင့် ခစုဒိုးသမားတွေ အလုပ်ရှာတဲ့အခါ သေချာလေး စစ်ဆေးပြီးမှရှာကြပါ။
🆔ကိုယ့်IDတွေကို လွယ်လွယ်လေး မပေးလိုက်ပါနဲ့။

✍🏻 Sandi’s Home

#စန္ဒီ့အိမ်🍀

စင်ကာပူမှာ အပြင်တစ်ခါထွက်ရင် တွေ့ရင် တော်တော်လေး ကုန်ပါတယ်။ ပိတ်ရက် သူငယ်ချင်းနဲ့တွေ့ဖို့ ဘာမှတောင်မလုပ်ရသေးဘူး ရထားစီးတ...
17/06/2025

စင်ကာပူမှာ အပြင်တစ်ခါထွက်ရင် တွေ့ရင် တော်တော်လေး ကုန်ပါတယ်။ ပိတ်ရက် သူငယ်ချင်းနဲ့တွေ့ဖို့ ဘာမှတောင်မလုပ်ရသေးဘူး ရထားစီးတာနဲ့တင် တစ်နေ့ SGD5-10 လောက်ကုန်နေတာဆိုတော့ ရတဲ့လစာနဲ့ ပိုက်ဆံကို လောက်အောင် ဘယ်လိုသုံးရမလဲဆိုတာ မသိသေးတဲ့သူတွေအတွက်

၁။ ရေကို ဝယ်မသောက်ပါနဲ့ ။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အချိုရည်တွေ လည်းပါပါတယ်။ ရေအလကားဖြည့်လို့ရနိုင်တဲ့နေရာတွေမှာ ရေအခမဲ့ ဖြည့်ပြီး သောက်ပါ။ ရှက်စရာမဟုတ်ပါဘူး။ ရေဖြည့်ဖို့ ဘူးလှလှလေး တစ်ဘူးဘဲ ဝယ်ထားပါ။

၂။ အင်တာနက်ဖိုးချွေတာချင်တဲ့သူတွေအတွက် Wireless@SG ကိုချိတ်ပြီး သုံးပါ။ လူစည်တဲ့ နေရာတွေဖြစ်တဲ့ Shopping Malls, MRT Station တွေနဲ့ Attractions တွေမှာ WIFI အခမဲ့သုံးလို့ရပါတယ်။ Wifi မမိတဲ့နေရာမှာ အရေးကြီး သုံးဖို့အတွက်တော့ အင်တာနက် စျေးသက်သာတဲ့ SIMBA, Circle.Life တို့လို SIM Card တွေ သုံးပါ။

၃။ ရထား၊ ကားခ ချွေတာဖို့ လမ်းမလျှောက်ပါနဲ့။ စက်ဘီးစီးပါ။ အိမ်နဲ့ အဝေးကြီး သွားစရာတွေမရှိဘူး နီးနီးနားစီးဖို့ဘဲ ဆိုရင်တော့ စျေးသက်သာတဲ့ တစ်ပတ်ရစ်ဘီး တွေ ဝယ်ထားပါ။ ကိုယ်ပိုင် စက်ဘီး စီးလို့အဆင်မပြေတဲ့ နေရာအဝေးကြီးတွေ ခနခနသွားရမယ်ဆိုရင်တော့ Anywheel, HelloRide တို့လို Bike Sharing လုပ်လို့ရတဲ့ Services တွေသုံးပါ။ တစ်လမှာ SGD10 ဘဲပေးရမဲ့အပြင် Free စီးလို့ရမည့်နည်းလမ်းတွေလည်း ရှိပါတယ်။ တက်စီတွေကိုတော့ တတ်နိုင်သမျှရှောင်ပါ။

၄။ အစားအသောက်စားရိတ် ချွေတာဖို့ အတွက် တတ်နိုင်သမျှ အပြင်မှာ ဝယ်မစားပါနဲ့။ မြန်မာဟင်း၊ ထမင်းတွေလွမ်းရင် ကိုယ်တိုင်ချက်စားပါ။ ကိုယ်တိုင် မချက်တတ်ရင် ချက်တတ်တဲ့သူနဲ့ Sharing လုပ်ပါ။ အပြင်မှာစားမယ်ဆိုရင် အခွန်ခထပ်ပေးစရာမလိုတဲ့ Coffee Shop, Hawker Center တွေမှာ ရောင်းတဲ့ Economy Rice လို့ခေါ်တဲ့ ပုံစားထမင်းတွေကို စားပါ။

၅။ Online ကနေ ပစ္စည်းမှာပါ။
လိုအပ်တဲ့အရာတွေကို အပြင်မှာဝယ်တာထက်၊ စျေးသက်သာတဲ့ Shoppee, Lazada, တို့လို Online Platform ကနေ စျေးဝယ်ပါ။ မလိုအပ်တဲ့ အဝတ်အစား ၊ အသုံးအဆောင်တွေမဝယ်ပါနဲ့။ ဝယ်ပြီးရင် ပစ်ရခက်ပါတယ်။ စျေးကြီးတဲ့ပစ္စည်းတွေဆိုလျှင် အသစ်မဝယ်ပါနဲ့ တစ်ပတ်ရစ်တွေကို ယုံကြည်စိတ်ချတဲ့နေရာတွေကနေ ဝယ်ပြီးသုံးပါ။ တစ်ပတ်ရစ်ကိုမှ Shoppe ကနေ အရစ်ကျနဲ့ဝယ်ပါ။

၆။ ကျန်းမာရေး နှင့် အလှအပအတွက် လိုအပ်တဲ့ကုသမူတွေကို JB ကို သွားပြီးလုပ်ပါ။ ရုတ်တရုတ်ဖြစ်တဲ့ နေမကောင်းဖြစ်ခဲ့လျှင် သုံးရမည့် ဆေးဝါးတွေကို JB ကိုသွားတိုင်း နည်းနည်းစီ ကြိုဝယ်ပြီး စုထားပါ။ ဆရာဝန်ခွင့်ပြုချက်လိုတဲ့ တခြားဆေးတွေလို ဝယ်လို့ရတဲ့ဆိုင်တွေလညါး ရှိပါတယ်။ တစ်ကိုယ်ရည်သုံးဖို့အတွက် ဝယ်တာက တားမမြစ်ထားပါဘူး။

၇။ ပိတ်ရက်မှာ အပန်းဖြေဖို့အတွက် ဝင်ကြေးပေးစရာမလိုတဲ့ နေရာတွေကို သွားပါ။ စင်ကာပူက နာမယ်ကြီးတဲ့ နေရာတွေဖြစ်တဲ့ Sentosa, GBTB, Nature Park, Beach & Islands တော်များများက ဝင်ကြေးပေးစရာမလိုဘဲ သွားလည်လို့ရပါတယ်။

၈။ တတ်နိုင်သမျှ ကိုယ်တိုင်လုပ်ပါ။
ခရီးသွားဖို့ လက်မှတ်ဝယ်တာ၊ ဗီဇာလျှောက်တာ၊ အိမ်ကို ငွေလွှဲတာ စတာတွေကို ပွဲစားနဲ့မလုပ်ဘဲ တတ်နိုင်သမျှ အချိန်ယူလြေလာပြီး ကိုယ်တိုက်လုပ်ပါ။

တစ််ခုခုဝယ်ရတော့မယ်ဆိုလျှင် အမှန်တကယ် လိုအပ်၊ မလိုအပ် ဆိုတာ အရင်စဉ်းစား ပြီး စျေးသက်သာအောင်လုပ်လို့ရနိုင်တဲ့ တခြားနည်းလမ်း ရှိနိုင်မလား ဆိုတာကို ကိုယ့်ကို ထပ်မေးကြည့်ပါ။

Credit: Burmese aborad

( ၁၃.၆.၂၅) မှ ( ၁၉.၆.၂၅ ) အထိ "အင်္ဂါ" သား/သမီးများ အတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
12/06/2025

( ၁၃.၆.၂၅) မှ ( ၁၉.၆.၂၅ ) အထိ "အင်္ဂါ" သား/သမီးများ အတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း

Address

No. 86, 49 Street
Pazundaung
11171

Alerts

Be the first to know and let us send you an email when Online Ticket Sales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Online Ticket Sales:

Share

Category