11/08/2026
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက်
တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း လုပ်မှား၊ ကိုင်မှား၊ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ မိမိ လုပ်သည့်ကိစ္စမှအမှန်၊ အခြားသူ ဆိုလျှင် အမှားဟု ထင်မိနေမည်။ မိမိကိုယ်ကို မာန်ဝင့် အထင်ကြီးနေမည်။ အလုပ်၊ ရာထူး၊ ဌာန၊ နေရာ အပြောင်းအရွေ့ ဖြစ်မည်။ ယခုအချိန် အတွင်း အလုပ်သစ်၊ လုပ်ငန်းသစ်များ မစတင်သင့်သေးပါ။ ဝေးကွာနေကြသော အိမ်ထောင်ဖက်၊ ချစ်သူများ၏ အိမ်ထောင်ရေး၊ အချစ်ရေးမှာ အေးစက်သလို ဖြစ်နေမည်။ အိမ်ထောင်ဖက်၊ ချစ်သူများမှာ မိသားစုနှင့် ဘဝရှေ့ရေးအတွက် ရုန်းကန် နေရ သောကြောင့် အိမ်ထောင်ရေး အချစ်ရေး အပေါ် အာရုံမရ ဖြစ်နေမည်။ အိမ်ထောင်ဖက်၊ ချစ်သူအပေါ် သစ္စာရှိပေးပြီး ၎င်းတို့၏ အလုပ်များအား တတ်နိုင်သမျှ ကူညီပေးခြင်း၊ ၎င်းတို့ အလုပ်အကိုင် အဆင်ပြေစေရန် ရည်ရွယ်၍ ကုသိုလ်ကောင်းမှု ပြုပေးခြင်း၊ ဘာသာရေး ပြုလုပ်ပေးခြင်းဖြင့်အိမ်ထောင်ရေး၊ အချစ်ရေး ပြန်နွေးထွေးလာမည်။ အဆင်ပြေလာမည်။ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့၌ ခွဲစိတ်ကုသမှု ခံယူရတတ်သည်။ ရောဂါဝေဒနာ ခံစားနေရလျှင်သော်လည်းကောင်း၊ ခွဲစိတ်ကုသရန် ရှိလျှင်သော် လည်းကောင်း အမျိုးသား ဆရာဝန်ဖြင့် ခွဲစိတ် ကုသပါက ဝေဒနာ သက်သာလာမည်။ ခွဲစိတ်ကုသမှု အောင်မြင်မည်။ သို့သော် ကိုယ်ဝန် ဖျက်ချခြင်း မပါဝင်ပါ။ ခြေထောက် ထိခိုက်မိခြင်း၊ လက်နာခြင်း၊ လက်အကြော တင်ခြင်းတို့ ဖြစ်တတ်သည်။ မည်မျှပင် အခက်အခဲ ရှိစေကာမူ မိမိ သင်ယူခြင်းသော သင်တန်း၊ ဘာသာရပ်တို့ကိုသာ ကြိုးစား တက်ရောက် သင်ယူပါ။ အလုပ်၊ အင်တာဗျူးစာမေးပွဲများတွင် ကူညီပေးမည့်သူများ ရှိသော်လည်း မိမိဘာသာ ကြိုးစားမှသာအောင်မြင်မှု ရရှိမည်။ စီးပွားရေး ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ အုပ်ချုပ်မှု ပညာ၊ အကြံပေးရသော ပညာ၊ အရောင်းအဝယ် ပညာများ သင်ယူပါက နောင်တွင် အဆင်ပြေမည်။
https://vt.tiktok.com/ZS4VTAj3c/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
လက်ရှိ လုပ်ကိုင်နေသော အလုပ်ထက် ပိုမို ကောင်းမွန်သော စီးပွားရေး၊ အလုပ်အကိုင် အသစ်များ ပေါ်ပေါက်လာမည်။ ယခု လုပ်ငန်းအား စွန့်လွတ်၍ အလုပ်သစ်၊ လုပ်ငန်းသစ် များအား ရဲရဲလုပ်ကိုင်ပါက နောင်တွင် ယခုထက် ပိုမိုအဆင်ပြေမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန်လျှောက်ထားသူများ၊ လမ်းစ ရှာဖွေ နေသူများ အနေဖြင့် သတင်းကောင်း ကြားရမည်။ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူများ အဖို့အထက်လူကြီး၊ အကြီးအကဲ၊ ဆရာသမားကောင်းများကြောင့် ရာထူးတိုးခြင်း၊ လုပ်ခ လစာတိုးခြင်းများ ကြုံတွေ့ရနိုင်သောကြောင့် ၎င်းတို့ဖြင့် အဆင်ပြေအောင် နေထိုင် လုပ်ကိုင်ပါ။ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်နေမည်။ အိမ်ထောင်ဖက်၊ ချစ်သူ နှင့် မျက်နှာကြောမတည့် ဖြစ်နေတတ်သည်။ မည်သည့်ကိစ္စမဆို သဘောမတူညီဘဲ ဖြစ်နေမည်။ ထို့ကြောင့် မကြာခဏ စကားများရခြင်း၊ အချင်းများခြင်းတို့ ဖြစ်တတ်သည်။ နှစ်ဦးစလုံးမှ စိတ်လျှော့၍ ညှိနှိုင်းယူမှသာ ပြန်လည်အဆင်ပြေနိုင်မည်။ ခံစားနေရသော ရောဂါဝေဒနာများ သက်သာလာမည်။ ပျောက်ကင်းလာမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံ ရပ်ခြား သို့ ဆေးသွားကုရန် အစီအစဉ်ရှိပါက ယခု အချိန်သည် အကောင်းဆုံး အချိန် ဖြစ်သည်။ အဆစ်အမြစ်၊ ခြေ၊ လက် ထုံကျင် ကိုက်ခဲခြင်း၊ယောင်ယမ်းခြင်း အအေးမိခြင်း၊ နမိုးနီးယား၊ လေးဘက်နာရောဂါ ဖြစ်တတ်သည်။ လေဖြတ်တတ်သဖြင့် ညနေဘက်၊ ညဘက်နှင့် နေပူထဲမှပြန်လာပြီး ချက်ချင်း ရေချိုးခြင်းများရှောင်ကြဉ်ပါ။ ပညာရေး ကံကောင်းနေသည်။ မမျှော်လင့်ဘဲ ရာထူးတိုး စာမေးပွဲများ ဖြေဆိုရပြီး ရာထူးတိုးခြင်း၊ လုပ်ခလစာတိုးခြင်းတို့ကြုံရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။ မပြီးဆုံးသေးသော ပညာရေးသင်တန်းများ၊ စာတမ်းဖတ်ခြင်းများ၊ ဘွဲ့လွန်အတွက် သုတေသနများ ဆက်လက်၍ လုပ်ဆောင်ရမည်။
https://vt.tiktok.com/ZS4V33sf7/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း အထက်လူကြီး၊ အကြီးအကဲများနှင့် သဘောထား ကွဲလွဲနေမည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်မပြေ ဖြစ်နေတတ်သည်။ မိမိလုပ်ချင်သည့် ကိစ္စနှင့် အများလုပ်ချင်သည့် ကိစ္စတို့ မတူညီဘဲ ဖြစ်နေတတ်သည်။ ထိုကြောင့် စိတ်လျှော့၍ အများသဘော ဆန္ဒအတိုင်း လိုက်လျော လုပ်ကိုင်ပေးမှသာ ယခုကာလအတွင်း အလုပ်အကိုင်များ၊ စီးပွားရေး လုပ်ငန်းများအဆင်ပြေနိုင်မည်။ အလုပ်သစ်၊ လုပ်ငန်းသစ် များ မစတင်သင့်ပါ။ ရှယ်ယာ လုပ်ငန်းများ လုပ်ကိုင်ထားပါက အမြတ် ခွဲဝေသောအခါ မိမိအားပေးရန် မေ့လျော့ခံ ရတတ်သည်။ အိမ်ထောင်ဖက်ဟောင်း၊ ရည်းစားဟောင်း၊ အချစ်ဟောင်းမှ ပြန်ပေါင်းရန်၊ ပြန်တွဲရန်ကမ်းလှမ်းခြင်း ခံရမည်။ သို့သော် လက်ရှိ အိမ်ထောင်ရေး၊ အချစ်ရေးတွင် ပြဿနာများဖြင့် ကြုံတွေ့နေရတတ်သည်။ သား၊ သမီး အရေးကိစ္စများနှင့် ပတ်သက်၍ အိမ်ထောင်ဘက်နှင့် အကြီးအကျယ် စကားများရ တတ်သည်။ အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစား ထိန်းသိမ်းနိုင်ပါက စီးပွားရေး၊ အလုပ်အကိုင်များပါ ပြန်အဆင်ပြေလာမည်။ မည်မျှပင် ချစ်ခင်နှစ်သက် စေကာမူ ချစ်သူမှ အဆက်ဖြတ်သွားခြင်း၊ လမ်းခွဲထားခြင်း ခံရတတ်သည်။ မျက်စိနာခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ မျက်မှန်ပါဝါ မကိုက်ခြင်း စသော မျက်လုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်းလေးခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရ တတ်ပါသည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ဆေးမှားတတ်သောကြောင့် ဆရာ တစ်ဦးတည်း၏ ဆေးညွှန်း အတိုင်းသာ လိုက်နာ ကုသသင့်ပါသည်။ ပညာရေးကံ တက်နေသည်။ အထက်လူကြီး၊ အကြီးအကဲ၊ ဆရာသမားများကြောင့် အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်နိုင်သည်။ ပညာရပ် ကို အသုံးချပြီးစိတ်တိုင်းကျ လုပ်ကိုင်ရသော အလုပ်အကိုင်မျိုး ရရှိမည်။ မိမိသင်ယူ ချင်သော ပညာရပ် အသစ်များ သင်ယူရမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြား ပညာတော် သင် ခရီးစဉ်အောင်မြင်မည်။ သေသေချာချာ ကြိုးစားပါကဂုဏ်ထူးရရှိခြင်း၊ ထူးချွန်ဆုများ ရရှိသည်အထိ ကျောင်း၊ သင်တန်း စာမေးပွဲများတွင် ထိပ်ဆုံးမှ အောင်မြင်မည်။
https://vt.tiktok.com/ZS4V33MHr/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်းများ ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေရမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်ခြင်းထက် လက်ရှိလုပ်ငန်းအား ပိုမိုတိုးချဲ့ လုပ်ကိုင်ခြင်းကသာ ပိုအဆင်ပြေနိုင်မည်။ "တည်ငြိမ်လေ အောင်မြင်လေ" ကာလ ဖြစ်သောကြောင့် မည်သည့်ကိစ္စမဆို တည်တည်ငြိမ်ငြိမ်ဖြင့်သာ လုပ်ဆောင်ပါ။ အောက်လက်ငယ်သား၊ ဝန်ထမ်း သတိထားပါ။ ဒုက္ခပေးတတ်သည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသာ အိမ်ထောင်ဖက်၊ ချစ်သူနှင့် ပြန်ဆုံဆည်းရခြင်း၊ ဆုံဆည်းရန် လမ်းစ ပေါ်လာခြင်းတို့ ကြုံရမည်။ အိမ်ထောင်ရေး၊ အချစ်ရေးတွင်ကောင်းမွန်သော အလှည့် အပြောင်း ကြုံရပြီး ယခင်က ညှိနှိုင်းမရခဲ့သော ကိစ္စများ ပြန်လည် ညှိနှိုင်း လာနိုင်မည်။ သား၊ သမီး ရတနာ ရမည်။ အမွှာပူး ဖြစ်လိမ့်မည်။ ချစ်သူ မရှိသေးသော သူများ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ သူနှင့် ဖူးစာ ဆုံတတ်သည်။ ခံစားနေရသော ရောဂါဝေဒနာများ သက်သာလာမည်။ ပျောက်ကင်းလာမည်။ ကားကိုယ်တိုင် မောင်းပါက ဂရုစိုက်ပါ။ မိမိအမှား မဟုတ်ဘဲ အခြားသူ၏ အမှားကြောင့် ယာဉ်အန္တရာယ် ကြုံတွေ့ရ တတ်သည်။ ရုတ်တစ်ရက် သွေးထိုးတတ်ခြင်း၊ ထိုးကျခြင်းတို့ကြောင့် ဆေးရုံဆေးခန်း တက်ရောက်ရတတ်သည်။ အထိုင်များခြင်းကြောင့် အညောင်းမိခြင်း၊ သွေးလေ မညီညွတ် ခြင်းတို့ ဖြစ်တတ်သည်။ မိမိ တတ်မြောက်ထားသော ပညာရပ်များအား ခေတ္တခဏ မေ့လျော့ပြီး ပညာရပ် အသစ်များ သင်ယူပါက နောင်တွင် ယခုအခြေအနေထက် ပိုမို၍ ဘဝတိုးတက် အောင်မြင်လာမည်။ ပညာရပ် အသစ်ကြောင့် အလုပ်များ ပိုမို လုပ်ကိုင် ရခြင်း၊ ရာထူးတက်ခြင်း၊ အခွင့်အရေးရခြင်း တို့ ကြုံရမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။
https://vt.tiktok.com/ZS4V3VaSF/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ "ကြာသပတေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ယခုကာလအတွင်း ဟိုဟာလုပ်ရ ကောင်းနိုးနိုး၊ဒီဟာလုပ်ရ ကောင်းနိုးနိုး ဖြစ်နေမည်။ ဟိုအလုပ်လည်း လုပ်ချင်၊ ဒီအလုပ်လည်း လုပ်ချင်ဖြင့် ဝေခွဲမရ၊ စဉ်းစားမရ ဖြစ်နေ တတ်သည်။ လုပ်ငန်းပြိုင်၊ လူပြိုင်ဝင်လာတတ်သည်။ ကောင်းမွန် မှန်ကန်သည့် အလုပ် ကိုသာ ဦးစားပေး လုပ်ကိုင်ပါ။ ပညာရေးနှင့် ပတ်သက်သော အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ အလွတ်သင် ဆရာ၊ ဆရာမများ၊ ပညာရပ် တစ်ခုခုဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ၊ စာကြည့်ဂိုက်များ အဆင်ပြေမည်။ အိမ်ထောင်ဖက် ဟောင်း၊ ရည်းစားဟောင်း၊ အချစ်ဟောင်းမှ ပြန်ပေါင်းရန်၊ ပြန်တွဲရန်ကမ်းလှမ်းခြင်း ခံရ မည်။ သို့သော် လက်ရှိအိမ်ထောင်ရေး၊ အချစ်ရေးတွင် ပြဿနာများဖြင့် ကြုံတွေ့နေရ တတ်သည်။ သား၊ သမီးအရေးကိစ္စများနှင့် ပတ်သက်၍ အိမ်ထောင်ဖက်နှင့် အကြီးအကျယ် စကားများရတတ်သည်။ အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစား ထိန်းသိမ်းနိုင်ပါက စီးပွားရေး၊ အလုပ်အကိုင်များပါ ပြန်အဆင်ပြေလာမည်။ မည်မျှပင် ချစ်ခင်နှစ်သက် စေကာမူ ချစ်သူမှ အဆက်ဖြတ်သွားခြင်း၊ လမ်းခွဲထားခြင်း ခံရတတ်သည်။ နှစ်ရှည်လများ ခံစားနေရသော ဝေဒနာရှင်များ၊ နာတာရှည် ရောဂါသည်များ သက်သာ လာမည်။ ရောဂါ ဝေဒနာ ပျောက်ကင်း လာမည်။ ခွဲစိတ် ကုသရမည့် လူနာများ ယခုကာလ အတွင်း လုံးဝ မခွဲစိတ်သင့်သေးပါ။ အမျိုးသားများ လည်ပင်း၊ ဦးခေါင်းနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ခံစားရ တတ်ပါသည်။ အမျိုးသမီးများ လက်ထိခိုက်မိတာသည်။ အမောဖောက်ခြင်း၊ အသက်ရှူ မဝခြင်းတို့ ဖြစ်တတ်သည်။ မိမိ၏ အထက်လူကြီး၊ အမျိုးသမီးများကြောင့် မိမိ၏ ပညာရေး ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်မည်။ ပညာရေးနှင့် ပတ်သက်ပြီး ခရီးသွား ရတတ်သည်။
https://vt.tiktok.com/ZS4Gq4P7D/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
ယခုကာလအတွင်း အများအကျိုးပြုလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ၊ ဘာသာရေး အလုပ်များ၊ ကုသိုလ်ကောင်းမှုများ ပြုနေရတတ်သည်။ ထိုကဲ့သို့ ဘာသာရေးနှင့် ပရဟိတ အလုပ်များ လုပ်ကိုင်ရင်း မိမိ စီးပွားရေးနှင့် အလုပ်အကိုင်များပါ အဆင်ပြေလာမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်နိုင်သည့် ကာလ ဖြစ်သည်။ မိမိ၌ ရှိသော ရွှေ နှင့် လုပ်ငန်းများ မရောင်းချသင့်သော အချိန် ဖြစ်ပါသည်။ မြေနှင့် ခြံ ဝယ်ယူထားပါက အကျိုးထူးများ ရရှိမည်။ ယခုကာလအတွင်း ရွှေဆိုင်များ၊ ရွှေဝယ်ရောင်းလုပ်ငန်းများ၊ ရွှေပန်းတိမ်လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်း၊ ဆိုလာ၊ အင်ဗာတာ ရောင်းဝယ်သော လုပ်ငန်း များ၊ လျှပ်စစ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ရေပေါ်ဟိုတယ် လုပ်ငန်း၊ ရေသန့်၊ ရေခဲစက် လုပ်ငန်းများ၊ ရေနှင့် ပတ်သက်သော လုပ်ငန်များ၊ အမျိုးသား အဝတ်အထည်ဆိုင်များ အဆင်ပြေမည်။ အိမ်ထောင်ရေးအချစ်ရေးတွင် မမျှော်လင့်သော အလှည့်အပြောင်းများ ကြုံရမည်။ မိမိ ချစ်ခင်နှစ်သက်သူနှင့် လက်ထပ်ထားပါက အိမ်ထောင်ရေး အဆင်ပြေနိုင်ပြီး မိဘ သဘောတူသူနှင့်လက်ထပ်ထားပါက ကွဲနိုင်သည်။ သား၊ သမီးရတနာရမည်။ အဆင်ပြေနေသော အချစ်ရေးတွင် မမျှော်လင့်ဘဲ အတိုက် အခိုက်၊ ပြဿနာများ ကြုံလာရတတ်သည်။ အနာဂတ် အရေး၊ လက်ထပ်ဖို့ အရေး ဆွေးနွေးရင်းမှ ရန်ဖြစ်စကားများခြင်း၊ စိတ်ဆိုး, စိတ်ကောက်ခြင်းတို့ဖြစ်တတ်သည်။ နှလုံးခုန် မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အမောဖောက်ခြင်း၊ နှလုံး၌ စက်တက်ရခြင်း စသော နှလုံးနှင့် ပတ်သက်သောရောဂါ ဝေဒနာများ၊ သွေးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ်ပါသည်။ ခွဲစိတ် ကုသမှု ခံယူရတတ်သည်။ ပညာရပ် အသစ်များ သင်ယူရခြင်း၊ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြား ပညာတော်သင် သွားရခြင်း၊ ပညာတော်သင် ရွေးချယ်ခံရခြင်း၊ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်ခြင်းဖြင့်ပညာရေး ကံကောင်းနေသည်။ ပညာရေးအတွက် အထက်လူကြီး၊ အကြီးအကဲ၊ ဆရာသမားကောင်း များ၏ လမ်းညွှန် ပြသမှု ကူညီထောက်ပံ့မှုများ ရရှိမည်။ ပညာရေးနှင့် ပတ်သက်ပြီး မိမိ စိတ်တိုင်းကျ သင်ယူခွင့်၊ လေ့လာခွင့် ရရှိမည့် ကာလ ဖြစ်သည်။ ကြိုးစားရင် ကြိုးစား သလောက် အောင်မြင်မှု ရရှိမည့်ကာလလည်း ဖြစ်သည်။
https://vt.tiktok.com/ZS4GqMNC6/
( ၇.၈.၂၀၂၆ ) မှ ( ၁၃.၈.၂၀၂၆ ) အထိ “စနေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
အလုပ်အကိုင်၊ စီးပွားရေး လုပ်ငန်းများတွင်အခက်အခဲ၊ ပြဿနာများဖြင့် ကြုံရတတ်သည်။ အမျိုးသမီး တစ်ဦးတစ်ယောက်ကြောင့်လုပ်ငန်း၏ လျို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ နည်းပညာများ ခိုးယူခံရခြင်းဖောက်သည်များ လျော့နည်းသွားခြင်းတို့ ဖြစ်တတ်သည်။ မိမိနှင့် သူဌေးကြား၊ မိမိနှင့် ရင်းနှီးမြှုပ်နှံသူများကြား၊ မိမိနှင့် လုပ်ဖော်ကိုင်ဖက်များ အကြား သွေးထိုး ချောက်ချ ခံရတတ်သည်။ မိမိစကားထက် ၎င်း၏ စကားအား ပိုမို ယုံကြည်ကြလိမ့်မည်။ အိမ်ထောင်ရေး၊ အချစ်ရေး တင်းမာနေမည်။ မိမိ၏ ခေါင်းမာမှုနှင့် တဇွတ်ထိုး လုပ်ရပ်များက အိမ်ထောင်ရေး၊ အချစ်ရေးအား လမ်းဆုံးသို့ တွန်းပို့သလို ဖြစ်နေမည်။ မိမိ၏ တစ်ဖတ်သတ်ဆန်သော ဆုံးဖြတ်ချက်များကြောင့် စေ့စပ်ပွဲ၊ မင်္ဂလာပွဲ ပျက်တတ်သည်။ ချစ်သူနှင့် ကွေကွင်းရတတ်သည်။ ခေါင်းလေးခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းပူခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ သွေးနှင့် ပတ်သက် သော ရောဂါဝေဒနာများ ခံစားရတတ်သည်။ အထိုင်များခြင်းကြောင့် အာရုံကြောညှပ်ခြင်း၊ အကြောတတ်ခြင်း၊ အညောင်းမိခြင်းတို့ ဖြစ်တတ်သည်။ ပညာသင်ယူရာတွင် ဆရာသမား များ၏ စကားအား သေသေချာချာ ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ အပေါင်းအသင်း မှားတတ်သည်။ အပေါင်းအသင်းကြောင့် လမ်းမှားနောက် လိုက်မိပါက ပညာရေး တစ်ပိုင်းတစ်စ ဖြစ်မည်။ အလုပ်၊ အင်တာဗျူး ဖြေဆိုရာတွင် လျှောက်ထားသော ရာထူး၊ အလုပ်၊ လစာနှင့် ရရှိလာသော အလုပ်၊ ရာထူး၊ လစာတို့မှာ မတူညီတတ်ပေ။
https://vt.tiktok.com/ZS4GqcFa3/
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။
CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER
TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER
VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7
TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1
အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။
SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။
“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "
“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "
“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
-------------------------------------------------------------------------------------------------------------
တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။
#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန