Hello Weekend Travel & Tour Co., Ltd

Hello Weekend Travel & Tour Co., Ltd 095260203/09790149326/09443372714
[email protected]

မမုန်းလေနဲ့ ငပလီ 😜
27/04/2023

မမုန်းလေနဲ့ ငပလီ 😜

 #ခရီးထွက်ပါ❤️❤️❤️🔸ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။🔸ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပ...
26/04/2023

#ခရီးထွက်ပါ❤️❤️❤️

🔸ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်
ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး။

🔸ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ။

🔸ပါးရည်,နားရည်တွေပါးတုန်းမှာ ဓာတ်ပုံရိုက်ပါ။

🔸အမှတ်တရကောင်းတွေကို ဖန်တီးပါ။

🔸တရိုတသေ သိမ်းဆည်းပါ။

🔸နောင်ဆယ်စုနှစ် သုံး,လေး,ငါးခုကို
ကျော်လွန်ပြီးတဲ့အခါ
သည်နေရာဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

🔸သည်အရွယ်ဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး။

🔸ရှေးဟောင်းနှောင်းဖြစ်ဆိုတာ မှတ်ဥာဏ်ထဲက,နေပဲ
တစ်စချင်းဆွဲထုတ်ပြလို့ရတဲ့အရာ
ဓာတ်ပုံထဲမှာပဲ တစ်ခုချင်းပြန်ရှာလို့ရတဲ့အရာ ...။

🔸နှစ်စဉ်နှစ်ဆက် ခရီးထွက်ပါ။

🔸အထင်ကရရှိတဲ့ အလှအပတွေနဲ့အတူ
ဓာတ်ပုံရိုက်ပါ။

🔸ကိုယ်အိုမင်းလို့ ဘယ်ကိုမှမသွားနိုင်တော့တဲ့အခါ
ဘယ်သူကမှ ခေါ်မသွားချင်တော့တဲ့အခါ
စိတ်ရဲ့ဖြေရာဆိုတာ ကိုယ်ရဖူးတဲ့အမှတ်တရတွေကိုပဲ
ရေနှူးပြီး သောက်ရတာမျိုးပါ ...။



#ချစ်တဲ့𝗬𝗼

နှစ်သစ်မှာအားလုံးသော၇ရက်သားသမီးများအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်မရှိစကားမကြားရအောင်ပြည...
17/04/2023

နှစ်သစ်မှာအားလုံးသော
၇ရက်သားသမီးများအားလုံးစိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်
မရှိစကားမကြားရအောင်ပြည့်စုံကြပါစေရှင့်
🙏🙏🙏

23/03/2022

[𝐓𝐫𝐢𝐩 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲]

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ ထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ (၀၆၀၀)နာရီ မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားလာကြမည့် မြန်မာနိုင်ငံသား ခရီးသည်များ အနေဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသနိုင်မှသာ ခရီးစဉ်တွင်လိုက်ပါနိုင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းနှင့် ပျံသန်း စီးနင်းလိုက်ပါမည့် ခရီးသည်များအား အသိပေးအပ်ပါတယ်ရှင်။

[English]

According to the statement of The Ministry of Immigration and Population, we would like to inform our passengers that Myanmar citizens must present NRC card for domestic air travel starting from 1 April 2022, 06:00.

- MNA

🛤️"  #ဂုတ်ထိပ်သို့စိတ်ကူး "🛤️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️- Dream to Gokteik Viaduct💙 #တံတားရဲ့တိုင်အမှတ်၁၆ဟာ မြေပြင်မှာ ထောက်ထား...
19/03/2022

🛤️" #ဂုတ်ထိပ်သို့စိတ်ကူး "🛤️
🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️
- Dream to Gokteik Viaduct

💙 #တံတားရဲ့တိုင်အမှတ်၁၆ဟာ
မြေပြင်မှာ ထောက်ထားတာမဟုတ်ပါ ။
၄င်းတိုင်ရဲ့အောက်မှာ ကျောက်လိုဏ်ဂူကြီး
၃ခုရှိပါတယ်။ တိုင်အမှတ် ၁၆ဟာ ပထမလိုဏ်ဂူ
ရဲ့အမိုးပေါ်မှာ စိုက်ထူထားတာ ဖြစ်ပါတယ် ။
ဒါကြောင့်မို့လဲ တံတားအောက်က ချောင်းရေဟာ
အဝေးကမြင်ရပေမဲ့တံတားကြီးအောက်ရောက်တာ
နဲ့ချောင်းက ပျောက်သွားပါတယ်။ ချောင်းရေဟာ
ကျောက်ဂူ ၃ခုကို ဖြတ်ထွက်စီးဆင်းပြီး ဟိုးအဝေး
ကြီးရောက်မှ ချောင်းကို ပြန်တွေ့ရပါတယ်။
ကျောက်ဂူ ၃ခုအနက် ပထမဂူကတော့ ဝင်ရောက်
ကြည့်ရှုလို့ ရပါတယ် ။ဒါပေမဲ့သတိနဲ့တော့ သွားရ
တယ်။ ဒုတိယဂူနဲ့တတိယဂူကတော့ ဝင်၍ သိပ်
မကောင်းပါ။ ဒေသခံများပြောပြချက်အရ တော
ကောင်ကြီးများ နေထိုင်ကြလို့ အန္တရာယ်များပါတယ် ။
နွေရာသီမှာတော့ တံတားကြီးအောက်က ချောင်း
ရောက်အောင်ဆင်းပြီး တောတောင်ရေမြေ
သဘာဝတရားရဲ့အလှတရားကို ခံစားရင်း အပန်းဖြေ
ကြသူတွေလဲ ရှိကြပါတယ် ။ စိတ်ကြည်နူးစရာ
ကောင်းလှပါတယ်။ ပေပေါင်း ၁၀၀၀လောက် ဆင်း
ရပါတယ်။ တခါက ရောက်ခဲ့ဘူးတဲ့နေရာလေးမို့
တိုက်ဆိုင်စွာဖြင့်tkw။

Credit by Kyaw Kyaw ; From Credit Royal Gandamar Travels & Tours

🛤️ #ဂုတ်ထိပ်တံတားပေါ်သို့🛤️
🚞🚞🚞🚞🚞🚞🚞🚞🚞🚞

❤️ #မန္တလေးဘူတာကြီးမှ
နံနက် လေးနာရီ ၅၂ မိနစ်တွင် ထွက်ခွာလာခဲ့သည့် မန္တလေး-လားရှိုး ၁၃၁ အဆန် ရထားသည် လင်းလုဆဲ အမှောင်ရိပ်ကို ဖြိုခွင်းလျက် ပုံမှန် မောင်းနှင်လာခဲ့ရာ ဇီးပင်ကြီးဘူတာ မရောက်မီ မိုးလင်းခဲ့သည်။ တောင်ပေါ်ဒေသ၏ အေးမြသော အပူချိန်အောက်ဝယ် လှပသော ရှမ်းပြည်နယ်၏ နံနက်ပိုင်း ရှုခင်းများကို ကြည့်ရှုငေးမောရင်း ကျွန်တော်လိုက်ပါလာခဲ့သည့် မီးရထားကြီးသည် နံနက် ရှစ်နာရီတွင် ပြင်ဦးလွင်ဘူတာသို့ ဆိုက်ရောက်ခဲ့သည်။ နံနက်ခင်းဖြစ်သောကြောင့် မီးရထားစီးခရီးသည်များ ကို လက်ဖက်ရည်၊ ကော်ဖီနှင့် ရှမ်းအစားအစာ၊ မုန့်မျိုးစုံ များ လာရောက်ရောင်းချသည့် စျေးသည်များဖြင့် စည် ကားနေသည့် ပြင်ဦးလွင်ဘူတာမှ နိုင်ငံခြားသားများ ရထားတွဲများပေါ်သို့ တက်လာကြသည်။ အုပ်စုလိုက်လာ ကြသူများတွင် ဧည့်လမ်းညွှန်များပါလာကြပြီး လမ်း ညွှန်မပါဘဲ တစ်ယောက်တည်းနှင့် နှစ် ယောက်၊သုံးယောက် လာကြသူများလည်းရှိသည်။ သူတို့အများစုသည် ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကိုကြည့်ရှုရန် ရထားဖြင့် လိုက်ပါလာကြသူများဖြစ်ပေသည်။

❤️ #ပြင်ဦးလွင်ဘူတာတွင်
မီးရထားက အချိန်အတန်ကြာ ရပ်သဖြင့် ကျွန်တော် ရထားပေါ်မှဆင်းကာဘူတာအတွင်း လျှောက်ကြည့်ခဲ့သည်။ ဘူတာအချိန်စာရင်းတွင် ၁၃၁ အဆန် ရောက်ချိန် ဝ၇ း ၅၂၊ ထွက်ချိန် ဝ၈း၂၂ ဟုရေး ထားသည်ကို တွေ့ရသည်tkw။

❤️ #နံနက်
ရှစ်နာရီ ၂၂ မိနစ်တိတိတွင် မီးရထားကြီးသည် ပြင်ဦးလွင်ဘူတာမှ ထွက်ခွာလာခဲ့ပြီး ပွဲကောက်၊ ဝက်ဝံ စသော ဘူတာများတွင်ရပ်နားကာ နောင်ချိုသို့ နံနက် ၁ဝ နာရီခွဲတွင် ရောက်ရှိခဲ့သည်။ နိုင်ငံခြားသားများက လမ်းတစ်လျှောက် တောတောင်များ အတွင်း ဖြတ်သန်း မောင်းနှင်လာသော မီးရထားကြီး၏ဘေးနှစ်ဖက်ရှိရှုခင်း များအား ဓာတ်ပုံများရိုက်ကြသည်ကိုတွေ့ရပေသည်။ တစ် ချက်တစ်ချက်တွင် ရထားပေါ်မှ လှမ်းမြင်ရသော တောင် ဆင်း တောင်တက်လမ်း အကွေ့အကောက် လမ်းများပေါ်တွင် မောင်းနှင်သွားလာနေကြသည့် မော်တော်ကားများ ကို မြင်ရသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။

❤️ #နောင်ချိုမှ
ဆက်လက်ထွက်ခွာလာပြီး မကြာမီမှာပင် မီးရထားပေါ်တွင် လိုက်ပါလာကြသူများသည် လှုပ်လှုပ် ရွရွဖြစ်လာကြသည်။ နောင်ချိုဘူတာမှ ခုနစ်မိုင်အလွန်၊ မိုင်တိုင်အမှတ်(၄၆၃/ဝ၉) ရောက်လျှင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် ဂုတ်ထိပ် မီးရထားသံလမ်းတံတားကြီးကို စတင်မြင်တွေ့ ဖြတ်သန်းကြရတော့သည်။ လှပသော တောတောင် ဝန်း ကျင်များအကြားတွင် လေထဲတွင် လွင့်နေသည့် အလား တည်ရှိနေသည့် ဂုတ်ထိပ်တံတားကြီးပေါ်မှ ဖြတ်သန်းသွား ချိန်သည် အချိန်မကြာလှ သော်လည်း မီးရထားပေါ်တွင်လိုက်ပါလာကြသူတိုင်း စိတ်လှုပ်ရှားကာ ပတ်ဝန်းကျင် အလှနှင့်အတူ ဂုတ်ထိပ်တံတားကြီး၏ အနီးကပ် မြင်ကွင်း ကို ကြည်နူးသာယာစွာ ငေးမောကြည့်ရှုလျက် ဓာတ်ပုံများ ကို ရိုက်ကူးကြသည်။ ရထားကြီးပြုတ်ကျ သွားလေမည်လား ဟု ရင်တထိတ်ထိတ်ခံစားကြရသည်။ ခရီးသည်များသည် တံတားကြီးအောက်ရှိ မြင့်မားသော ချောက်ကြီးကို မြင် ရသဖြင့်လည်း ရင်ခုန်စိတ်လှုပ်ရှားကြရပေသည်။အချို့ သော နိုင်ငံခြားသားများသည် ဗီဒီယိုကင်မရာဖြင့် မှတ် တမ်းတင် ရိုက်ကူးနေသည်ကို တွေ့ရသည်tkw။

❤️ #ရထားစီးခရီးသည်များသည်
ရထားပြတင်းပေါက် များမှ ခေါင်းများထွက်ကာ ကြည့်မဝနိုင်သည့် ဂုတ်ထိပ် တံတားကြီးကို သမင်လည်ပြန်ကြည့်ခဲ့ကြပြီးနောက်မီးရထားက တံတားအဆုံးရှိ ကျောက်ဂူအတွင်းသို့ ဝင် ရောက် ဖြတ်သန်းချိန်တွင် ခရီးသည်များ၏ ပျော်ရွှင်စွာ အော်ဟစ်သံများကို ကြားရပေသည်။ လားရှိုး အဆန်ရထား သည် နောင်ပိန်ဘူတာသို့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဆိုက် ရောက်ခဲ့ပြီး နောင်ပိန်ဘူတာတွင် ကျွန်တော် ရထားပေါ်မှ ဆင်းခဲ့သည်။ နိုင်ငံခြားသားများလည်း အားလုံးနီးပါး နောင်ပိန်တွင် ဆင်းလာကြသည်။ နောင်ပိန်ဘူတာ၏ ရှမ်းပြည်နယ်ကျေးလက်မြင်ကွင်းများကို နိုင်ငံခြားသားများ ဓာတ်ပုံများ ရိုက်ကြပြန်သည်။

❤️ #နောင်ပိန်ဘူတာတွင်
ကျွန်တော်တို့ စီးလာသော ရထား၏ ဘေး၌ရထားတစ်စင်းရပ်ထားသည်ကို တွေ့ရ သည်။ ထိုရထားသည် လားရှိုးမှ မန္တလေးသို့ ဆင်းလာသည့် ၁၃၂ အစုန်ရထားဖြစ်သည်။ ဂုတ်ထိပ်တံတားသို့ လာ ရောက်ကြည့်ရှုကြသူများသည် နောင်ပိန်ဘူတာတွင် ဆင်းကာ ပြင်ဦးလွင်နှင့်မန္တလေးမြို့များသို့ ပြန်လေ့ရှိကြ သဖြင့် ထိုရထားက အပြန်ခရီးသည်များကို စောင့်ပေးလေ့ ရှိသည်ဟု သိရှိရပေသည်။ မန္တလေး-လားရှိုး အစုန်အဆန် ရထားနှစ်စင်းသည် နောင်ပိန်ဘူတာတွင် နေ့စဉ် ဆုံလေ့ ရှိသဖြင့် ဂုတ်ထိပ်သွားခရီးသည်များသည် နောင်ပိန်တွင် ဆင်းကာ ပြင်ဦးလွင်နှင့် မန္တလေးသို့ နေ့ချင်းပြန် နိုင်ကြ သည်။ အချို့နိုင်ငံခြားသားများက ကျောက်မဲ၊သီပေါ၊ လားရှိုးမြို့များအထိ ဆက်လက်လိုက်ပါသွားကြသည်tkw။

❤️ #လားရှိုးမှ
နံနက် ၅ နာရီအချိန်ထွက်လာခဲ့သည့် ၁၃၂ အစုန်ရထားသည် ပြင်ဦးလွင်ဘူတာသို့ ညနေပိုင်းတွင် ရောက်ရှိပြီး မန္တလေး ဘူတာကြီးသို့ ညပိုင်းတွင်ပြန်လည် ရောက်ရှိသဖြင့် ဂုတ်ထိပ်ခရီးသွားများ အလွန်အဆင်ပြေ ကြသည်။ နောင်ပိန်တွင် ကျွန်တော်တို့ အားလုံးလက်မှတ် များဝယ်ကာ ရထားပေါ်ပြန်တက်ပြီးချိန်တွင် အစုန်ရထား ကြီးက မန္တလေးသို့ စုန်ဆင်းခဲ့သည်။ ဂုတ်ထိပ်တံတားကြီး ပေါ်မှ နောက်တစ်ကြိမ် ထပ်မံဖြတ်သန်းကြရပြန်ရာ ထို အချိန်တွင်လည်း လူတိုင်းနီးပါး ရင်ခုန်စွာ စိတ်ဝင်တစား ဓာတ်ပုံများရိုက်ကြပြန်သည်။ မီးရထားကြီးက ဂုတ်ထိပ် တံတားပေါ်တွင် အရှိန်ဖြည်းညင်းစွာ မောင်းနှင်ပေးသဖြင့် အားလုံးကျေနပ် ပျော်ရွှင်မိကြပေသည်။

❤️ #ပြည်ပနိုင်ငံများက
ဂုတ်ထိပ်တောင်ကြားဖြတ်ရထား လမ်း(Goteik viaduct) ဟု သိရှိထားကြသည့် ဂုတ်ထိပ် တံတားသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော တောင် ကြားဖြတ် မီးရထားလမ်းဖြစ်သည်။ တံတားတည်ဆောက် ထားသည့် နည်းပညာ အဆင့်မြင့်မားမှုနှင့် သဘာဝ ပတ်ဝန်းကျင် လှပမှုများကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလျက်ရှိသော ဂုတ်ထိပ်တံတားသည် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၏ ထင်ရှားသောနေရာများ တွင် တစ်ခုအပါအဝင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံး ဂုတ်ထိပ်တံတားကြီးသည် ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတား (မြင်းခုံတံတား) အဖြစ်လည်း ထင်ရှားလှပေသည်။ မြန်မာတို့က trestle ဆိုသည့် စကားလုံးကို မြင်းခုံဟု မြန်မာဝေါဟာရ ဖလှယ်ကာ ဂုတ် ထိပ်တံတားကို မြင်းခုံတံတားဟု ခေါ်ကြသည်tkw။

❤️ #ဂုတ်ထိပ်တံတားသည်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင် တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိရာ ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက်၍ သွားသည်ကို အစွဲပြု၍ခေါ်ခြင်းဖြစ်သည်ဟု မြန်မာ့စွယ်စုံ ကျမ်း အတွဲ(၃) တွင် ရေးသားထားသည်။ ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်း ကာ ယင်းနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။

❤️ #ဗြိတိသျှအစိုးရသည်
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွမ်းလုံကို လည်း ရထားလမ်းဖောက်လုပ်ရန် စီစဉ်ခဲ့ကာ ယင်းလမ်း ပေါ်တွင် မီးရထားဖြတ်သန်း သွားနိုင်မည့် ဂုတ်ထိပ်တံတား ကို ဆောက်လုပ်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုတ်ထိပ်တံတားကို တာဝန်ယူ တည်ဆောက်ရန် ဗြိတိသျှအစိုးရက မြန်မာ့မီးရထား ကုမ္ပဏီကို တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ၁၈၉၉ ခုနှစ် တွင် မြန်မာ့မီးရထားကုမ္ပဏီက ဂုတ်ထိပ်တံတားကြီး ဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယား နှင့် မေရီလန်းစတီးကုမ္ပဏီတို့ကို ငှားရမ်းခဲ့သည်။သို့သော် တံတားကြီးကို ဦးစီးတည်ဆောက်သူမှာ မြန်မာ့မီးရထား ဌာနမှ အင်ဂျင်နီယာSir Arthur Rendel နှင့် ဗြိတိသျှ၊ မြန်မာအင်ဂျင်နီယာများဖြစ်ကြသည်။ တံတားအတွက် အသုံးပြုသော ပစ္စည်းများကို အမေရိကန်နိုင်ငံမှ တိုက် ရိုက် မှာယူတင်သွင်းခဲ့သည်tkw။
(Goteik viaduct by Sir Arthur Rendel)

❤️ #ဂုတ်ထိပ်တံတားကြီး၏
ဒီဇိုင်းပုံစံကို ဗြိတိန်နိုင်ငံမှ ဆာ အေအမ်ရင်းဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသောသံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂ဝ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။ ဂုတ်ထိပ်တံတား၏ ထူးခြားချက်မှာ အခြားသော တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ်စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်းတည် ဆောက်ထားခြင်းဖြစ်ပေသည်။

❤️ #ဂုတ်ထိပ်တံတားသည်
ပေ ၂၂၆ဝ ရှည်လျားပြီး တံတား၏ အောက်ခြေသံတိုင် အချို့ကို အနိမ့်ဆုံး ချိုင့်ဝှမ်း မြေပြင်မှ ပေ ၁၁ဝဝ ခန့်အမြင့်တွင် စိုက်ထူထားသည်။တံတား၏ပျမ်းမျှအမြင့်သည် တံတားအောက်ရှိ လိုဏ်ဂူ အောက်တွင် ဖြတ်သန်းစီးဆင်း နေသော မြစ်ရေပြင်မှ အထက် ပေ ၈၂ဝ ဖြစ်ပြီး အမြင့်ဆုံး ထောက်တိုင်နေရာရှိ မီးရထားသံလမ်းသည် တံတားအောက်မြေပြင် မှ ၃၃၅ ပေ အမြင့်တွင် တည်ရှိသည်။ တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏိ ၄၃၁၁ တန်၊ သံမှိုပေါင်းတစ်သန်း အသုံးပြုခဲ့ရသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ရှိရာ တံတားကြီး၏ အလယ်တိုင်များဖြစ်ကြသည့် တိုင်အမှတ် ရှစ်နှင့် ကိုးသည် အမြင့်ဆုံးဖြစ်ကြသည်tkw။

❤️ #ရထားလမ်းဖြတ်သန်းသွားမည့်
ဂုတ်ထိပ်တံတားကို ဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီးနှစ်ခုကို ဖြတ်သန်းလျက် တောင်ထိပ် နှစ်ခုကို သွယ်တန်းဖောက်လုပ်ခဲ့ရသည်။တံတားကြီး ဆောက်လုပ်မှု လုပ်ငန်းများကို ၁၈၉၉ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉ဝဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က ငွေကျပ် (၁၆၉၈၂ဝဝ) ကုန်ကျခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် တံတား ကြီးကို စတင်အသုံးပြုခဲ့သည်။

❤️ #ဂုတ်ထိပ်တံတားကြီးသည်
ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တို့၏ မြေလှန်စနစ်ကြောင့် ဖျက်ဆီးခြင်း ကို ခံခဲ့ရသဖြင့် တိုင်အမှတ် (၂)နှင့် (၅)တို့ ပျက်စီးခဲ့ရသည်။ မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည်ဆုတ်ခွာချိန်တွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သည့် တံတား အလယ်တိုင် လေးတိုင်ကို ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် တိုင် အမှတ် (၁၁) သည် အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ် (၁ဝ) နှင့် (၁၂) တို့မှာ လဲကျပျက်စီးခဲ့ကြသည်။ ထိုတိုင် များပေါ်တွင် တပ်ဆင်ထားသော ပေ ၁၂ဝ စီ ရှည်သည့် ပေါင်းကူး သံပေါင်လေးခုသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ကြသည်။

❤️ #၁၉၄၈ခုနှစ်တွင်
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို မြန်မာနိုင်ငံ မီးရထားဌာနက ပြင်ဆင်ခဲ့သည်။ ဂုတ်ထိပ် တံတား ပြင်ဆင်ခြင်း လုပ်ငန်းများကို ၁၉၄၈ ခုနှစ် မေလ တွင် စတင်လုပ်ဆောင် ခဲ့သော်လည်း ပစ္စည်းများရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် သုံးနှစ်ကျော် အချိန်ကြာမြင့်ခဲ့ကာ ၁၉၅၁ ခုနှစ်သြဂုတ်လတွင် ပြီးစီး ခဲ့သည်။ ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ငွေကျပ် ၃၂ သိန်း ဖြစ်သည်။

❤️ #မီးရထားပေါ်မှမြင်ရသည့်
ဂုတ်ထိပ်တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီးပေါ်မှ ဖြတ်သန်းသွားဖူး ကြသူတိုင်း မမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေ သည်။ ယခုအခါ သက်တမ်း ၁၁၅ နှစ်ကျော်ခဲ့ပြီဖြစ်သည့် ဂုတ်ထိပ်တံတားသို့ သွားရောက် ကြည့်ရှုလိုသူ ကမ္ဘာ လှည့် ခရီးသည်များအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက သီးသန့်ရထားတွဲRGC ၁၁ဝ ကို ငှားရမ်းစီးနင်းနိုင်ရန် စီစဉ်ပေးထားသည်။ ယင်းသီးသန့် ရထားတွဲသည် ခရီးသည် ၂ဝ လိုက်ပါနိုင်ကာ ပြင်ဦးလွင် ဘူတာမှ နောင်ပိန်ဘူတာ အသွားအပြန် ခရီးစဉ်အတွက် မြန်မာကျပ်ငွေ နှစ်သိန်း ပေးသွင်းရသည်ဟု သိရှိရပေ သည်။ ရထားတွဲငှားရမ်းလိုသူများသည် မြန်မာ့မီးရထား၊ မန္တလေးတိုင်းရုံးတွင် ကြိုတင်လျှောက်ထားရသည်tkw။

❤️ #ဂုတ်ထိပ်တံတားအဆင်းရှိ
မော်တော်ကားလမ်းသည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်ရှိသဖြင့် ကားလမ်း မှ ဂုတ်ထိပ်တံတားကို မမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်တံတားကြီးကိုမြင်နိုင်သည်။ ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန် ဂုတ်ထိပ်ကြည့် ခရီးသည်များ သည် မီးရထားဖြင့်သာ ဂုတ်ထိပ်တံတားရှိရာသို့ သွားကြ ရပေသည်။ နေ့စဉ်နိုင်ငံခြားသားခရီးသည် ၂ဝ မှ ၃ဝ ကျော်အထိ မီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။

💚 #ယခုအခါတွင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကား လမ်းဆက်သွယ်ရေးသည် အထူးကောင်းမွန်နေပြီဖြစ်သဖြင့် မီးရထားစီးခရီးသည် အရေအတွက်သည် ယခင်ကထက် များစွာ လျော့နည်းသွားခဲ့သော်လည်း မိမိတို့တစ်သက်တာ တွင် မမေ့နိုင်ဖွယ် အမှတ်တရ ဖြစ်စေနိုင်သည့် ဂုတ်ထိပ် တံတားမြင်ကွင်းများကို ကြည့်ရှုလိုကြသော ပြည်တွင်း ပြည်ပမှ ခရီးသည်များသည်ကား ကျွန်တော်စီးနင်းလိုက် ပါခဲ့သည့် မီးရထားခရီးကိုပင် နေ့စဉ်လိုက်ပါစီးနင်း လျက်ရှိနေပါပေသည်tkw။

💖မေတ္တာဖြင့်

💖 ( 26 Jun 2016 )
💖 ောင်သာ(ရှေးဟောင်းသုတေသန) ;

Crd : ThetKhaing

Photo-San Thu Win & Original uploader ; Credit from : http://www.highestbridges.com/wiki/index.php?title=Gokteik_Viaduct

11/02/2022
09/02/2022
02/02/2022
19/01/2022

Address

No(38), Innwa Housing, Myeilk Street, South Dagon Tsp
Yangon

Telephone

+959443372714

Website

Alerts

Be the first to know and let us send you an email when Hello Weekend Travel & Tour Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hello Weekend Travel & Tour Co., Ltd:

Shortcuts

Share

Category