Nature Unbound

Nature Unbound � Your Journey, Our Story

မိုးရာသီရောက်ပြီဆိုတာနဲ့ စိတ်ထဲမှာ အရမ်းကို သွားနေချင်မိတာMae Kampong (မဲကမ်ပွန်) ဆိုတဲ့ တောင်ပေါ်ရွာလေးဆီပါပဲ… 🌿ခေါင်မိ...
12/08/2026

မိုးရာသီရောက်ပြီဆိုတာနဲ့ စိတ်ထဲမှာ အရမ်းကို သွားနေချင်မိတာMae Kampong (မဲကမ်ပွန်) ဆိုတဲ့ တောင်ပေါ်ရွာလေးဆီပါပဲ… 🌿

ခေါင်မိုးပေါ်ကို မိုးစက်လေးတွေ တဖျောက်ဖျောက် ကျနေတဲ့အသံ၊ သစ်တောအုပ်ကြီးထဲက တက်လာတဲ့ သစ်ရွက်စိုစိုလေးတွေရဲ့ ရနံ့နဲ့အတူ အေးအေးစိမ့်စိမ့် လေပြေလေးကို ရှူရှိုက်ရတဲ့ ခံစားချက်က တကယ်ကို မကင်းလွတ်နိုင်စရာ။

☕ဒီရွာလေးကို ရောက်ရင် အရင်ဆုံး သွားရမှာက View Point က ကော်ဖီဆိုင်လေးပဲ။
မီးခိုးငွေ့သင်းသင်း လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ ကော်ဖီပူပူလေးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်၊ မိုးမှုံလေးတွေကြားထဲက အစိမ်းရောင်တောင်တန်းတွေနဲ့ သစ်သားအိမ်လေးတွေ ထပ်နေတဲ့ ရွာလေးကို ငေးကြည့်နေရတာနဲ့တင် ပင်ပန်းသမျှတွေ အကုန်ပြေပျောက်သွားတာ။ စိတ်ထဲမှာ အေးချမ်းသွားလိုက်တာမှ ဘာနဲ့မှ တိုင်းလို့ပင် မရဘူး။

🏮 ညနေစောင်းလာရင်တော့ ရွာလမ်းမလေးအတိုင်း ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်မယ်။
မိုးရွာအပြီး လမ်းကလေးတွေ စိုစွတ်နေချိန်၊ အိမ်ခြေတစ်လျှောက် မီးရောင်ဝါကျင်ကျင်လေးတွေ စလင်းလာတဲ့အချိန်ဆို ရွာလေးက ပိုပြီး ရိုမန်းတစ်ဆန်လာရော။ လမ်းဘေးက ရိုးရာမုန့်ပူပူလေးတွေ ဝယ်စားရင်း၊ ရွာခံတွေရဲ့ ပြုံးရွှင်တဲ့ မျက်နှာလေးတွေကို ငေးရင်း လျှောက်ရတာ ခရီးမောတယ်လို့ကို မရှိပါဘူး။






🏡 ညဘက်ရောက်ပြီဆိုရင်တော့ စမ်းချောင်းလေးရဲ့ ဘေးမှာရှိတဲ့ သစ်သားဘန်ဂလိုလေးထဲမှာ စခန်းချမယ်။
ရေစီးသံ သဲ့သဲ့လေးကြားထဲ၊ အေးအေးစိမ့်စိမ့်ညမှာ သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ ဝိုင်းဖွဲ့ပြီး ပူပူစပ်စပ် အစားအသောက်လေးတွေ စားကြမယ်။ အတိတ်က အမှတ်တရတွေကို ပြန်ပြောရင်း ရယ်မောကြမယ်၊ သီချင်းလေးတွေ ညည်းကြမယ်… ဒါဟာ ငါတို့အမြဲ အိမ်မက်မက်လေ့ရှိတဲ့ စိတ်ထွက်ပေါက် စစ်စစ်ပဲ မဟုတ်ဘူးလား။

06/08/2026

#

🌧️ Julyလို မိုးဖွဲဖွဲလေးကျနေတဲ့နေ့တစ်နေ့မှာ မယ်ဆိုင်ရောက်တုန်း Choui Fong လက်ဖက်ခြံဘက်ထွက်လာခဲ့တယ်။ချင်းမိုင် ဖက်က ချင်း...
21/07/2026

🌧️ Julyလို မိုးဖွဲဖွဲလေးကျနေတဲ့နေ့တစ်နေ့မှာ မယ်ဆိုင်ရောက်တုန်း Choui Fong လက်ဖက်ခြံဘက်ထွက်လာခဲ့တယ်။
ချင်းမိုင် ဖက်က ချင်းရိုင်းလည်ရင်
ဒီနေရာတွေရောက်ဖို့ နေ့ခြင်းပြန်ဆို
အချိန်မလောက်ဘူး

➡️မယ်ဆိုင်မြို့ထဲကနေဆို နာရီဝက်လောက် ကားလေးအေးဆေးမောင်းလာရုံပဲ။ လမ်းတစ်လျှောက်လုံးလည်း မိုးစက်လေးတွေနဲ့ သစ်ပင်တွေက စိမ်းစိုနေတာ ကြည့်လို့ သိပ်ကောင်းတာ။

🤗ခြံထဲရောက်သွားတာနဲ့ ပထမဆုံးခံစားရတာက ခေါင်းထဲရှင်းခနဲ ဖြစ်သွားတဲ့ လက်ဖက်နံ့သင်းသင်းလေးပဲ။ တောင်ကုန်းအလွှာလွှာမှာ လက်ဖက်ခင်းတွေက အစိမ်းရောင်ကော်ဇောကြီး ခင်းထားသလို အဆုံးမရှိ တန်းစီနေတာ။ မိုးခိုးမိုးငွေ့လေးတွေနဲ့ တောင်တန်းကြီးကို နောက်ခံထားပြီး ကြည့်လိုက်ရတာ စိတ်ထဲ တကယ်ကို ငြိမ်းချမ်းသွားတာပဲ။ photo ရိုက်ချင်တဲ့သူတွေအတွက်တော့ ရှယ်ရိုက်လို့ကောင်းတဲ့နေရာပေါ့။

👍👍
Choui Fong ရဲ့ နောက်ခံဇာတ်လမ်း
ဒီလောက်ကျယ်ပြန့်ပြီး လှပတဲ့ ခြံကြီးဖြစ်လာဖို့ကလည်း သမိုင်းကြောင်းလေး ရှိတယ်ဗျ။ ၁၉၇၇ ခုနှစ်လောက်ကတည်းက စတင်စိုက်ပျိုးခဲ့တာဆိုတော့ နှစ်ပေါင်း ၄၀ ကျော်ပြီပေါ့။ ထိုင်ဝမ်ကနေ လာရောက်အခြေချတဲ့ မိသားစုက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် ချင်းရိုင်မှာ ဒုတိယမြောက်မျိုးဆက်က အကောင်းဆုံး ဆက်လက်ထိန်းသိမ်းထားတာပါ။






🌳 ပင်လယ်ရေမျက်နှာပြင် အမြင့်မီတာ ၁,၂၀၀ ကျော်မှာ ရှိတာမို့ ရေမြေရာသီဥတုက အဆင့်မြင့် အရည်အသွေးမီ လက်ဖက်ခြံ ဖြစ်လာဖို့ အရမ်းအထောက်အကူပြုခဲ့တာပေါ့။

☔️ မိုးစက်လေးတွေ ဖွဲဖွဲလေးကျနေတော့ အပြင်မှာ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ရတာ အရမ်းမိုက်တာ။ ပြီးတော့ ခြံရဲ့ မော်ဒန်ဆန်ဆန် ဆောက်ထားတဲ့ Cafe ဘက်ကို ကူးခဲ့တယ်။

Coffee ☕️

အဲဒီCafeမှာလက်ဖက်ခင်းကြီးကို ငေးကြည့်ရင်း Green Tea Roll Cake လေးနဲ့ လက်ဖက်စိမ်းနွေးနွေးလေး သောက်ခဲ့တာတော့ တကယ်ကို အရသာရှိလွန်းတယ်။ လက်ဖက်စိမ်း ကိတ်မုန့်ရဲ့ အရသာက ချိုလွန်းမနေဘဲ ခါးသက်သက် လတ်ဆတ်တဲ့ လက်ဖက်နံ့လေး သင်းနေတာ။ မိုးအေးအေးနဲ့ဆိုတော့ ပိုတောင် စားလို့ကောင်းသေးတယ်။
လဖက်ညွန့်ကြော်လေးလည်းကောင်း

ချင်းရိုင်ဘက် ရောက်ဖြစ်ရင်တော့ ဒီနေရာလေးကို လုံးဝ မလွတ်တမ်း သွားကြည့်ဖို့ ညွှန်းချင်ပါတယ်။ မိုးရာသီမှာ သွားရင် သဘာဝရဲ့ အစိမ်းရောင်အလှကို ပိုပြီး ခံစားရမှာ သေချာတယ်ဗျာ။

17/07/2026


မိုးရေစက်တွေကြားက Doi Inthanon ဒီတစ်ခေါက် မိုးရာသီမှာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Doi Inthanon ပေါ်ကို တက်ခဲ...
16/07/2026

မိုးရေစက်တွေကြားက Doi Inthanon

ဒီတစ်ခေါက် မိုးရာသီမှာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Doi Inthanon ပေါ်ကို တက်ခဲ့ပါတယ်။
လူအများစုက ဆောင်းတွင်းပဲ သွားလေ့ရှိကြပေမဲ့ ကျွန်တော့်အတွက်တော့ မိုးတွင်းရဲ့ Doi Inthanon က ပိုပြီးရင်သပ်ရှုမောစရာ လှတယ်လို့ ပိုထင်တယ် မိုးရာသီကိုကြိုက်လို့လည်းပါမှာ😁
ပေ ၈ထောင်ကျော် တက်လာတာနဲ့
ရာသီဥတုက လုံးဝပြောင်းသွားတာ
Wowခနဲပဲ မိုးနှင်းမြူတွေ နဲ့ လမ်းလေးကလှလိုက်တာ

တောင်ပေါ်ရောက်တော့အရင်ဆုံး သတိထားမိတာက သစ်ပင်တွေ၊ ကျောက်တုံးတွေပေါ်မှာ အစီအရီ ပေါက်နေတဲ့ မှော်ပင် (Moss) တွေနဲ့ ဖန်းပင် (Fern) တွေပါ။ တစ်တောလုံး စိမ်းညို့ပြီး အသက်ဝင်နေသလိုပဲ
ဆောင်းတွင်းထက်ပိုလှတယ် ဆောင်းတွင်းကျ mossတွေက နည်းနည်းခြောက်သယောင်းနေတော့မစိမ်းဘူး

လေထုက တကယ့်ကို လတ်ဆတ်ပြီး တောင်ပတ်လမ်းတစ်လျှောက် မြူနှင်းတွေက တရိပ်ရိပ် ဖြတ်ပြေးနေတာ။ ရာသီဥတုက အေးစိမ့်နေပြီး သဘာဝတရားကြီးက ဖက်လဲတကင်း ကြိုဆိုနေသလို ခံစားရတယ်။
အပူချိန်ကလည်း13 degree ဆိုတော့
ရှယ်ကို အေးစိမ့်နေရောပဲ

Baan Kafé က ကော်ဖီပူပူတစ်ခွက် - တောင်ပေါ်က ကဖေးဆိုင်လေးမှာ ထိုင်၊ မိုးမြူတွေကို ငေးကြည့်ရင်း သဘာဝတရားရဲ့ အလှကို ခံစားရတာ တကယ့်ကို စိတ်အပန်းပြေစရာပါ။
မိုးတွင်းခရီးစဉ်ဆိုတော့ လမ်းချော်တာဂရုစိုက်ရပြီး မိုးစိုတာမျိုး ရှိနိုင်ပေမဲ့ စိမ်းလန်းစိုပြေနေတဲ့ သဘာဝတရားနဲ့ ဆိတ်ငြိမ်မှုကို အပြည့်အဝ ခံစားချင်ရင်တော့ မိုးရာသီရဲ့ Doi Inthanon က လက်လွှတ်မခံသင့်တဲ့ နေရာတစ်ခုပါပဲ။

မိုးတွင်းမှာတော့ တောင်ထိပ်view point ကနေ ရှူခင်းသိပ်မမြင်ရပါဘူး မိုးမြူတွေပိတ်ဆိုင်းနေလို့ တောတွင်းလျှောက်လမ်းလေးတွေမှာပဲ ဓာတ်ဖမ်းလို့ကောင်းပါတယ်





#

🥩 🥘 🍱 ဝါးတီးဂံဒ ဟိုတလောက beef Steak စားချင်လို့ဆိုင်ရှာကြည့်တာ Chez Butcher ဆိုတဲ့ဆိုင်လေးတွေ့တယ် Halal ဆိုင်လည်းဖြစ်တော...
30/06/2026

🥩 🥘 🍱 ဝါးတီးဂံဒ

ဟိုတလောက beef Steak စားချင်လို့
ဆိုင်ရှာကြည့်တာ Chez Butcher ဆိုတဲ့
ဆိုင်လေးတွေ့တယ် Halal ဆိုင်လည်းဖြစ်တော့ အဆင်ပြေတယ် Review တွေ
လည်းကောင်းတော့ သွားစားဖြစ်တယ်

ဆိုင် အပြင်အဆင်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ local ကော တခြား
ဖော်ရိန်နာတွေကော မိသားစုလိုက် စားနေကြတာတွေ့တယ် ထိုင်းနဲ့ ယူရုပ်ကပြား မိသားစု ဆိုင်ထင်တာပဲ အသွင်
အပြင် မျက်နှာတွေကြည့်ရတာတော့
English လိုအေးဆေးပြောမှာလို့ရတယ်
နို့မို့ဆို အနီး အနီး နဲ့ လက်ထောက် မှာ
နေရဦးမှာ😁😁😁

Menuကတော့ Beef နဲ့ပတ်သက်တာ
တော်တော်များတယ် Aussi Wagyu ကော local ကော နှစ်မျိုးလုံးရတယ်
စျေးလည်းအသင့်အတင့်ပဲ Hash brown အာလူးကြော် ကလည်း တကယ်ကောင်း အပြင်ကကြွပ်ကြွပ်
လေးနဲ့ စားလိုက်ရင် နူးအိနေရော

နောက်တစ်ခုက Beef Fat Rice Fried
သူလည်း တကယ်ကို အနံ့မွှေးမွှေးလေး
အဆီနဲ့ကြော်တာဆိုပေမဲ့ ဆီရွှဲနစ်နေတာ
မျိုးမဟုတ်ပဲ ရိုးရိုးထမင်းကြော်ထက်
ပိုစားကောင်းသွားတာမျိူးပဲ







နောက်ဆုံးမှ Steak ကိုသေချာရွေးတယ်
လက်ရာကောင်းလား သိချင်လို့
Tenderloin ကိုမှ Medium Rare ပေါ့
ရှယ်ပဲ လက်ရာကတော့ steak စားချင်တဲ့ အာသီသ တကယ်ကျေနပ် သွားတယ် ဆိုင်လေးကလည်း တိတ်တိတ်
ငြိမ်ငြိမ်လေး ဆိုတော့ ဇိမ်ယူပြီး စားလိုက်black peppers 🌶️ လေးဖြူးလိုက်
တစ်ကိုက်ဖဲ့လိုက် မရိုးနိစ်လေး ရယ်
သူတို့ပေးတဲ့Sauce နဲ့တော်တော်
လိုက်ဖက်တာပဲ စားနေရင်းက
ကြိုက်လို့ နောက်ထပ် Sirlion steak တစ်ပွဲပါဆယ်နော်လို့ ထပ်မှာရ သေးတယ် အစာပိတ်အချိုကတော့ ပူတင်းတစ်ပွဲပေါ့
အရမ်းမချိုပဲ အိစက်နေတဲ့အမိုက်စား
ပူတင်းပဲ ငါးပွဲလောက်တထိုင်ထဲစားချင်
သွားတယ်😁😁

နောက်တစ်ခါလာရင် jalapeño cheddar အမဲအူချောင်းစားမယ်
ဒိန်ခဲနဲ့ဆိမ့်ဆိမ့်လေးဆိုတော့ ကြိုက်တယ် အထူးမီနူးတစ်ခုအနေနဲ့ တွေ့တာကတော့ ဘဲရင်အုံသား ရိုစ့်ပါပဲ
ကိုယ်ကတော့ ဘဲသားမစား ဓာတ်တူနာမ်တူမို့😁😁😁

Steak ကောင်းကောင်းကြိုက်တယ်
Halal လည်းဖြစ်ရမယ် ဆို ဒီဆိုင်လေး
ချင်းမိုင်ရောက်ရင် စားကြည့်ပါ Monday ပိတ်တယ်ထင်တယ် ကျန်တဲ့နေ့ကတော့ မနက် ၁၀ ခွဲကနေ ညနေ ၃ နာရီ ပြီးရင် ခဏပိတ်ပြီး ၅ နာရီကနေ
၈ နာရီထိဖွင့်ပါတယ်

🚗🚗🚗ခရီးသွားတယ်ဆိုတာ စိတ်အပန်းဖြေဖို့၊ အတွေ့အကြုံသစ်တွေရှာဖို့နဲ့ ပျော်ဖို့သွားကြတာမလား။ ဒါပေမဲ့ ဘယ်လောက်ပဲ လှပတဲ့နေရာကို...
16/06/2026

🚗🚗🚗ခရီးသွားတယ်ဆိုတာ စိတ်အပန်းဖြေဖို့၊ အတွေ့အကြုံသစ်တွေရှာဖို့နဲ့ ပျော်ဖို့သွားကြတာမလား။ ဒါပေမဲ့ ဘယ်လောက်ပဲ လှပတဲ့နေရာကိုရောက်ရောက်၊ အတူတူသွားတဲ့ "ခရီးဖော်" မမှန်ရင်တော့ အပန်းပြေမယ့်အစား ငွေကုန်လူပန်း မှားပါပြီလို့နောင်တ ရတတ်ပါတယ်

🚨🚨🚨ခရီးအတူမသွားသင့်တဲ့ လူအမျိုးအစား (၅) မျိုး" အကြောင်းကို ပြောပြမယ် 😉
၁။ "ဇီဇာကြောင်သူ" (The Complainer)
😏😏
ဒီလိုလူမျိုးက ခရီးစဉ်တစ်ခုလုံးမှာ အကောင်းမြင်ဖို့ထက် အပြစ်ရှာဖို့ပဲ အားသန်နေတတ်တာပါ။ "ဟိုဟာကလည်း ပူလိုက်တာ၊ ဒီဟင်းကလည်း မစားဖူးလို့ မစားချင်ဘူး၊ ဟိုနေရာကလည်း လမ်းလျှောက်ရတာ ပင်ပန်းတယ်..." စသဖြင့် တွေ့သမျှအရာရာကို ညည်းတွားနေတတ်ပါတယ်။ သူတို့နဲ့သွားရင် ကိုယ့်ရဲ့လန်းဆန်းနေတဲ့ Mood ပါ လိုက်ကျသွားတတ်ပါတယ်။

၂။ "အချိန်မလေးစားသူ" (The Time Killer)
⚠️⚠️⚠️
"နောက် ၅ မိနစ်နေရင် ဆင်းလာခဲ့မယ်" ဆိုပြီး ၁ နာရီလောက် စောင့်ခိုင်းတတ်တဲ့သူတွေပါ။ ခရီးသွားရင် သတ်မှတ်ထားတဲ့ Schedule ရှိတာမို့ တစ်ယောက်ကြောင့် နောက်ကျရင် ကျန်တဲ့သူတွေပါ လည်ပတ်ရမယ့်နေရာတွေ လွတ်ကုန်တတ်ပါတယ်။ အချိန်တိကျမှုမရှိတဲ့ ခရီးဖော်ဟာ တစ်ဖွဲ့လုံးကို စိတ်ဖိစီးမှု အပေးနိုင်ဆုံးပါပဲ။

၃။ "အလိုက်မသိ၊ ကပ်စေးနဲသူ" (The Freeloader) ကုန်းဆင်း😁😁😁👺👺👺

ပိုက်ဆံအသေးအမွှားကအစ တွက်ကပ်လွန်းတာ၊ ဒါမှမဟုတ် ပိုက်ဆံရှင်းခါနီးရင် ဖုန်းပွတ်ချင်ယောင်ဆောင်၊ သန့်စင်ခန်းသွားချင်ယောင်ဆောင်ပြီး ရှောင်တတ်တဲ့သူမျိုးပါ။ Shared သုံးရမယ့်စရိတ်တွေကို မရှင်းချင်၊ ရှင်းရရင်လည်း မျက်နှာမကောင်းဖြစ်တတ်တဲ့သူနဲ့ သွားရင် ခရီးစဉ်တစ်ခုလုံး အောင့်သက်သက်ကြီး ဖြစ်နေရပါလိမ့်မယ်။





#ထိုင်း

၄။ "ငါ့လှေငါထိုး၊ ကိုယ်ကျိုးပဲကြည့်သူ" (The Solo Player)😎😎😎😎

တစ်ဖွဲ့လုံး စုပေါင်းပြီး ဆုံးဖြတ်ထားတဲ့ အစီအစဉ်ကို ဖျက်ပြီး "ငါကတော့ ဟိုဟာပဲလုပ်ချင်တာ၊ မင်းတို့ဘာသာမင်းတို့သွား" ဆိုပြီး ဇွတ်လုပ်တတ်တဲ့သူမျိုးပါ။ အဖွဲ့အစည်းနဲ့ သွားတာကို အလိုက်မသိဘဲ မိမိတစ်ကိုယ်ရည်ဆန္ဒကိုပဲ ရှေ့တန်းတင်လွန်းတဲ့အခါ ကြားထဲကလူတွေ အားနာရ၊ စိတ်ညစ်ရပါတယ်။

၅။ "အမြဲဒေါသထွက်နေသူ" (The Drama Queen/King)😡😡😡😡

ခရီးသွားရင် လမ်းခရီးအဆင်မပြေတာ၊ ရာသီဥတုဖောက်ပြန်တာ၊ ဟိုတယ်အခန်းအဆင်မပြေဖြစ်တာ မှားတာမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါကို ပေါ့ပေါ့ပါးပါး ရင်ဆိုင်ဖြေရှင်းမယ့်အစား ဝန်ထမ်းတွေကို ရန်တွေ့တာ၊ ခရီးဖော်တွေကို စိတ်ကောက်တာမျိုးနဲ့ Drama ခင်းတတ်သူတွေဟာ ခရီးစဉ်ရဲ့ ပျော်စရာ Atmosphere တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။

ခရီးသွားတယ်ဆိုတာ အချိန်တစ်ခု အတူတူရှိကြရတာပါ ကိုယ့်ကိုစိတ်မပျော်စေတဲ့ သူတွေနဲ့ ဘယ်တော့မှ
ခရီးမသွားပါနဲ့ 👌👌👌

မိုးဖွဲဖွဲလေးတွေ ရွာပြီး ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လာပြီဆိုရင် ဗိုက်ကလည်း ဆာ၊ တစ်ခုခုဆို အပူအစပ်လေးကိုမှ အဝကျွေးမယ့် Buf...
08/06/2026

မိုးဖွဲဖွဲလေးတွေ ရွာပြီး ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လာပြီဆိုရင် ဗိုက်ကလည်း ဆာ၊ တစ်ခုခုဆို အပူအစပ်လေးကိုမှ အဝကျွေးမယ့် Buffets မျိုးပဲ ပြေးမြင်မိတာ အကျင့်လိုတောင် ဖြစ်နေပြီ။
တကယ်လို့ သင်က ချင်းမိုင် ရောက်နေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ချင်းမိုင်ကို အလည်လာဖို့ အစီအစဉ်ရှိလို့ အစားအသောက် လန်းလန်းလေး ရှာနေတယ်ဆိုရင်... မိုးအေးအေးလေးနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် နေရာအလန်းစားတစ်ခု ညွှန်းပေးချင်ပါတယ်။ အဲ့ဒါကတော့ ချင်းမိုင်ရဲ့ နာမည်ကြီး Halal Buffet Shabu and Grill ပါပဲ။

🌧️ မိုးအေးအေးမှာ အကင်နဲ့ ဟော့ပေါ့ လိုက်ဖက်ချက်

ဒီဆိုင်လေးက Halal သန့်သန့်ဖြစ်လို့ မွတ်စလင်သူငယ်ချင်းတွေအတွက် လုံးဝအဆင်ပြေစေမယ့်အပြင် ဘယ်သူမဆို စားလို့ရတဲ့ Menu အစုံအလင်ရှိတာ။ ဆိုင်ထဲ ဝင်လိုက်တာနဲ့ အသားကင်အနံ့မွှေးမွှေးလေးက ဆီးကြိုနေပြီး အေးစိမ့်နေတဲ့ စိတ်ကို ချက်ချင်းနွေးထွေးသွားစေတာမျိုး။
ဒီမှာက အသားကင် (Grill) ကော ဟော့ပေါ့ (Shabu) ကော နှစ်မျိုးလုံး တစ်ပြိုင်နက် စားလို့ရတာမို့ တကယ့်ကို အကြိုက်တွေ့စရာပါ။

🥩 Shaba and Grill ရဲ့

အမဲသားချစ်သူတို့ရဲ့ နိဗ္ဗာန် — ဒီက အမဲသားလွှာတွေက လတ်ဆတ်ပြီး နူးညံ့နေတာပဲ။ အကင်ပြားပေါ် တင်လိုက်လို့ အဆီလေးတွေ တရှဲရှဲနဲ့ ကျက်လာတဲ့အချိန်၊ ဆိုင်ရဲ့ Special ဆော့စ်လေးနဲ့ တို့စားလိုက်ရင် ပါးစပ်ထဲမှာတင် အရည်ပျော်သွားမတတ်ပဲ။

➡️Seafood 🍣 🍤
ပင်လယ်စာ အစုံအလင် — ပုစွန်တုပ်အကောင်ကြီးကြီးတွေ၊ ပြည်ကြီးငါး၊ ကမာ... အကုန်လတ်ဆတ်တယ်။ ဟော့ပေါ့စွပ်ပြုတ်ရည်ပူပူလေးထဲ ပုစွန်နဲ့ ကမာလေးတွေ ပစ်ထည့်၊ ပင်လယ်စာအချဉ်စပ်စပ်လေးနဲ့ မြည်းလိုက်ရင် မိုးအေးလို့ အေးမှန်းတောင် မသိသာတော့ဘူး။

➡️Ice cream 🍨 🥤
Side Dishes နဲ့ အချိုပွဲ — ကြက်ကြော်၊ ဆူရှီ၊ ဖရီးဖရိုင်း... ကလေးကော လူကြီးကော ကြိုက်မယ့် မုန့်တွေအပြင် ရိုးရာအချိုပွဲတွေ၊ အသီးအနှံတွေပါ အဝစား စီစဉ်ပေးထားတာ။

🏡
ဆိုင်ရဲ့ အပြင်အဆင်က ခပ်ရှင်းရှင်းနဲ့ သန့်သန့်ပြန့်ပြန့်ရှိပြီး လေဝင်လေထွက် ကောင်းတယ်။ အပြင်မှာ မိုးတဖွဲဖွဲရွာနေတာကို ကြည့်ရင်း၊ ချင်းမိုင်ရဲ့ အေးမြတဲ့ လေညင်းလေးခံပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ စကားတပြောပြော အသားကင်စားရတဲ့ ခံစားချက်က တကယ်ကို ဇိမ်ရှိလှပါတယ်။ ဝန်ဆောင်မှုကလည်း အပြောအဆို ယဉ်ကျေးပြီး အသားတွေ၊ ဟင်းရည်တွေဆိုတာလည်း အမြဲမပြတ် ဖြည့်ပေးနေတာမို့ စိတ်တိုင်းကျ အဝတလုပ် စားနိုင်မှာပါ။








✈️ချင်းမိုင်ဆိုတာ ရှုခင်းလှလှ၊ ကဖေးမိုက်မိုက်တွေတင်မကဘဲ အစားအသောက် Culture ကလည်း တကယ်ကို ကြွယ်ဝတဲ့ မြို့ပါ။ အထူးသဖြင့် မိုးရာသီ ချင်းမိုင်ရဲ့ စိမ်းစိမ်းစိုစို အလှတရားက ရင်သပ်ရှုမောစရာ။
နေ့ဘက်မှာ တောင်ပေါ်ရှုခင်းတွေ ကြည့်၊ လည်ပတ်လို့ ဝပြီဆိုရင် ညနေဘက် မိုးအေးအေးလေးမှာ Halal Buffet Shabu and Grill ကို ဝင်လိုက်ပါ။ ဗိုက်ကော စိတ်ကော ပြည့်စုံသွားစေမယ့် ခရီးစဉ်တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

Tip: ချင်းမိုင်ကို ရောက်ရင် Shabu and Grill ကို မဖြစ်မနေ List ထဲ ထည့်ထားဖို့ မမေ့နဲ့ဦးနော်။ အကင်နဲ့ ဟော့ပေါ့လေးသောက်ပြီး ချင်းမိုင်ရဲ့ မိုးညကို ဖြတ်သန်းကြည့်လိုက်ပါ! 😉

🌧️ 🌲"လူဦးရေ ရှုပ်ရှုပ်ထွေးထွေးမရှိဘဲ၊ တောင်ပေါ် မြူခိုးတွေကြားထဲမှာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ အေးအေးချမ်းချမ်း အနားယူချင်လ...
27/05/2026

🌧️ 🌲
"လူဦးရေ ရှုပ်ရှုပ်ထွေးထွေးမရှိဘဲ၊ တောင်ပေါ် မြူခိုးတွေကြားထဲမှာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ အေးအေးချမ်းချမ်း အနားယူချင်လား?"

ဒါဆိုရင်တော့ ဒီမိုးရာသီမှာ အားလုံးရဲ့ စိတ်အမောတွေကို ဖြေဖျောက်ပေးဖို့ စောင့်ကြိုနေတဲ့ ချင်းမိုင် (Chiang Mai) ကို သတိရလိုက်ပါ။ လူအများစုက ချင်းမိုင်ကို ဆောင်းတွင်းမှ သွားကြပေမဲ့ တကယ်တော့ မိုးတွင်း ချင်းမိုင်ရဲ့ အလှက ပိုပြီး အေးချမ်း ဆိတ်ငြိမ်သလို၊ သဘာဝတရားကလည်း အစိမ်းရောင် ကော်ဇောကြီး ခင်းထားသလို ပိုပြီး လှပနေတတ်ပါတယ်။

💡 မိုးတွင်းမှာ ချင်းမိုင်ကို ဘာလို့ သွားသင့်လဲ?
Greenery at its Best:
သစ်ပင်ပန်းမန်တွေ၊ တောင်တန်းတွေနဲ့ လယ်ကွင်းတွေဟာ မိုးရေစက်တွေနဲ့ စိုပြည်စိမ်းလန်းနေပြီး မျက်စိပသာဒ အဖြစ်ဆုံး အချိန်ပါ။

The Magic of Mist:
မိုးရွာပြီးစ အချိန်တွေမှာ တောင်ပေါ်လမ်းတလျှောက်နဲ့ ကော်ဖီဆိုင်လေးတွေကနေ မြင်ရတဲ့ မြူခိုးဝေဝေ ရှုခင်းတွေက ရင်သပ်ရှုမောစရာ အကောင်းဆုံးပဲလေ

Budget-Friendly & Peaceful: High Season

ဆောင်းတွင်းမဟုတ်လို့ ဟိုတယ်ခ၊ လေယာဉ်လက်မှတ်ခတွေ ပိုသက်သာသလို၊ ကမ္ဘာလှည့်ခရီးသွား သိပ်မများလို့ ကိုယ်ပိုင်အချိန်ကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်ပါတယ်။ Photographers တွေအတွက်လည်း စိတ်ကြိုက် ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။

📍 မိုးတွင်းမှာ မဖြစ်မနေ လည်ပတ်ရမယ့် သာယာလှပတဲ့ နေရာများ👌👌👌

၁။ Ban Pa Pong Piang

မိုးတွင်းချင်းမိုင်ရဲ့ Highlight ပါပဲ။ ဒီအချိန်မှာ စပါးပင်စိမ်းစိမ်းလေးတွေ ရေပြည့်နေတဲ့ လှေကားထစ်လယ်ကွင်းတွေဟာ တောင်ပေါ်မြူခိုးတွေနဲ့ ပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ်လို လှပနေမှာပါ။ တောင်ပေါ်အိမ်လေးတွေမှာ တစ်ညအိပ်ပြီး မနက်ခင်း မြူခိုးထုကြီးကို ငေးမောရတာ တကယ့်ကို ကဗျာဆန်ပါတယ်။ ရည်းစားမရှိရင်တော့ ထကြည့်မနေပါနဲ့ ဖက်လုံး ခွအိပ်နေတာ
ပိုကောင်းပါတယ် 😜

၂။ Doi Inthanon National Park

ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ပေါ်မှာ မိုးတွင်းဆိုရင် ရေတံခွန်တွေ (Wachirathan Waterfall) ဟာ ရေအားအပြည့်နဲ့ တဟုန်ထိုး စီးဆင်းနေလို့ အရမ်းကို ခန့်ညားထည်ဝါပါတယ်။ အပူချိန်ကလည်း အမြဲအေးစိမ့်နေပြီး "Ang Ka Nature Trail" လမ်းလျှောက်လမ်းတလျှောက် မိုးရေစိုစွတ်နေတဲ့ ရေညှိစိမ်းစိမ်းလေးတွေက Fairy Tale ထဲက တောအုပ်လေးလို ခံစားရစေမှာပါ။

၃။ Mae Kampong Village

တောင်ကြားထဲက ရိုးရာအိမ်လေးတွေနဲ့ ချောင်းငယ်လေး ရှိတဲ့ အေးချမ်းတဲ့ ရွာလေးပါ။ မိုးရွာနေချိန်မှာ အိမ်အမိုးပေါ် မိုးစက်ကျ သံလေး နားထောင်ရင်း၊ ဒေသထွက် ကော်ဖီပူပူလေးသောက်၊ ဖားအော်သံ၊ ပုရစ်တွန်သံလေးတွေနဲ့ သဘာဝတရားကြီးရဲ့ သာယာမှုကို အပြည့်အဝ ခံစားရမယ့်နေရာပါ။

၄။ Wat Pha Lat Temple

ဒွိုင်ဆူထက်တောင်ပေါ်မရောက်ခင် တောအုပ်ထဲမှာ တည်ရှိတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ဘုရား လေးပါ မိုးတွင်းမှာ ကျောက်တုံးတွေ၊ စေတီဟောင်းတွေပေါ်မှာ ရေညှိတွေ စိမ်းဖတ်နေပြီး၊ ဘေးက စီးဆင်းနေတဲ့ ရေတံခွန်ငယ်လေးရဲ့ အသံနဲ့အတူ စိတ်နှလုံးကို ငြိမ်းချမ်းစေပါတယ်။





🌿 ဘယ်လို သာယာလဲ? ခံစားကြည့်လိုက်ပါ...

မိုးဖွဲဖွဲလေး ရွာပြီးစ မနက်ခင်းမှာ Sonyကင်မရာလေးတစ်လုံးကို လွယ်၊ တောင်ပေါ်လမ်းကွေ့ကောက်ကောက်လေးတွေအတိုင်း မောင်းနှင်ရတဲ့ ခံစားချက်ကို မြင်ယောင်ကြည့်ပါ။ လမ်းဘေးဝဲယာက သစ်တောရနံ့၊ စိုစွတ်နေတဲ့ မြေကြီးရနံ့တွေက စိတ်ကို လန်းဆန်းစေပါတယ်။
ညနေခင်းဆိုရင်လည်း ချင်းမိုင်မြို့ဟောင်း (Old City) ထဲက ကဖေးလှလှလေးတွေမှာ ထိုင်ရင်း မိုးခိုမလား၊ သို့မဟုတ် တောင်ပေါ်အပန်းဖြေစခန်းတစ်ခုခုကနေ တောင်ချိုင့်ဝှမ်းတွေထဲ မြူခိုးတွေ တရွေ့ရွေ့ ဖြတ်သန်းသွားတာကို ငေးမောမလား... ဒါတွေက မိုးတွင်းချင်းမိုင်ကသာ ပေးနိုင်တဲ့ တုနှိုင်းမရတဲ့ သာယာမှုတွေပါ။

🎒 အထုပ်ပြင်လိုက်တော့နော်! ဒီမိုးရာသီမှာ သောင်းပြောင်းထွေလာ အလုပ်တွေကို ခဏမေ့ထားပြီး ချင်းမိုင်ရဲ့ အစိမ်းရောင် သဘာဝတရားကြီးထဲမှာ စိတ်အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nature Unbound posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share