Zambu Shwesin Travels & Tours

Zambu Shwesin Travels & Tours ချစ်သောဧည့်သည်တော်များ ခရီးသွားရန် အကောင်းဆုံးတွေထဲက တစ်ခု

🍁🙏🌹လွမ်းထှာ🥰မွေးနေခရီစဉ်တွေ……ဒိလိုတွေသွားခဲတာ…..
09/07/2023

🍁🙏🌹လွမ်းထှာ

🥰မွေးနေခရီစဉ်တွေ……ဒိလိုတွေသွားခဲတာ…..

🌹မင်္ဂလာပါရှင်ယနေ့မင်္ဂလာရှိသောအခါသမယမှာ လူကြီးမင်းတို့ကို  ZSS (MYANMAR) Express လေး ၏ ဝန်ဆောင်မူဖြင့်မိတ်ဆက်ပေးပါရစေရှ...
13/06/2022

🌹မင်္ဂလာပါရှင်
ယနေ့မင်္ဂလာရှိသောအခါသမယမှာ လူကြီးမင်းတို့ကို ZSS (MYANMAR) Express လေး ၏ ဝန်ဆောင်မူဖြင့်မိတ်ဆက်ပေးပါရစေရှင်🙏🌹

🌷MYANMAR ⇔ Canada 🇨🇦

AMERICA (ပစ္စည်းပို့ဆောင်ရေး)


🍁လူကြီးမင်းတို့ပေးပို့လိုသော ……
အစားအစာမျိုးစုံ
အ၀တ်အထည်
ဆေးဝါပစ္စည်းများ


🌸အစရှိသဖြင့် ရန်ကုန်မှနေပြီး ကနေဒါ-အမေရိကန်နေရာအနှံကို Door to Doorအိမ်တိုင်ရာရောက်စနစ် aircargo 🛬ဖြင့် ပို့ဆောင်ပေးနေပါပြီးရှင်
တခြားနိုင်ငံပေါင်စုံကိုတာဝန်ယူတာဝန်ခံမူဖြင့်ပိုဆောင်ပေးလျကိရှိပါတယ်ရှင် ……✈️

☘️ပိုနေကျဧည်သည်တော်များအားအထူးကျေးဇူးတင်လျက်ပါ.အသစ်ဧည်သည်တော်များအားကြိုဆိုလျက်..😍

🌻 ကနေဒါ(သို)အမေရိကားသိုရန်ကုန်မြို့တွင် - ပို့ချင်သောပစ္စည်းများကို 66lb-30kgတဗုံးရှိလျင်i……755000ကျပ်


🌺အနဲဆုံး (11)ပေါင်မှစပြီး လူကြီးမင်းတို့စိတ်ကြိုက် ပို့နိုင်ပေးနိုင်ပါတယ်ရှင် ……

1 lb- 11lb….5kg-260000ကျပ်
12 lb-22lb ...10kg-412000ကျပ်
23 lb-33lb-..15kg-469000ကျပ်
34 lb-44lb ..20kg-529000ကျပ်
45 lb-55lb.. 25kg-655000ကျပ်
56lb-66lb.......30kg-755000ကျပ်


🌻ကြာချိန် (7-14)ရက်ကြာပါမယ်ရှင်
boxweight (4lb)ကိုပါထည်သွင်း……ချိန်ပါမယ်ရှင့်
လာမယ်ဆိုလျင်ဖုန်းဖြင့်အရင်ဆက်သွယ်ပေးစေလိုပါသည်ရှင့်

ဆက်သွယ်နိုင်သည့်လိပ်စာ-
🍎Yangon
အမှတ် (496)၊ ပထမထပ်၊ ကမ်းနားလမ်းမ၊ သီရိမင်္ဂလာစျေးဟောင်းရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်း - 01 221 443 , 09 502 4269
-

🌹Viber – 09 502 4269
Office Time - (10:00)Am – (2:00)Pm

🦠[email protected]
America(+14433815956).
(+1347 209 9245)

🌺ရုံးချိနိအတွင်းဆိုစာမက်ဆေ့ပိုပေးထားပါရန်

🍁ယနေအထိအားပေးကြသောဧည်သည်တယောက်ချင်းဆိတိုင်ကိုအထူးကျေးဇူးတင်ိ ရှိပါတယ်ရှင်🙏🙏🙏

🌲ဈေးတွေကတော့updatလိုက်ပြောင်းလဲဖော်ပြထားပါတယ်ရှင့်

🌿တခြားနိုင်ငံဈေးနှန်းများကိုviber noမှာမေးနိုင်ပါတယ်ရှင်

13/06/2022

🌹မင်္ဂလာပါရှင်
ယနေ့မင်္ဂလာရှိသောအခါသမယမှာ လူကြီးမင်းတို့ကို ZSS (MYANMAR) Express လေး ၏ ဝန်ဆောင်မူဖြင့်မိတ်ဆက်ပေးပါရစေရှင်🙏🌹

🌷MYANMAR ⇔ Canada 🇨🇦

AMERICA (ပစ္စည်းပို့ဆောင်ရေး)


🍁လူကြီးမင်းတို့ပေးပို့လိုသော ……
အစားအစာမျိုးစုံ
အ၀တ်အထည်
ဆေးဝါပစ္စည်းများ


🌸အစရှိသဖြင့် ရန်ကုန်မှနေပြီး ကနေဒါ-အမေရိကန်နေရာအနှံကို Door to Doorအိမ်တိုင်ရာရောက်စနစ် aircargo 🛬ဖြင့် ပို့ဆောင်ပေးနေပါပြီးရှင်
တခြားနိုင်ငံပေါင်စုံကိုတာဝန်ယူတာဝန်ခံမူဖြင့်ပိုဆောင်ပေးလျကိရှိပါတယ်ရှင် ……✈️

☘️ပိုနေကျဧည်သည်တော်များအားအထူးကျေးဇူးတင်လျက်ပါ.အသစ်ဧည်သည်တော်များအားကြိုဆိုလျက်..😍

🌻 ကနေဒါ(သို)အမေရိကားသိုရန်ကုန်မြို့တွင် - ပို့ချင်သောပစ္စည်းများကို 66lb-30kgတဗုံးရှိလျင်i……755000ကျပ်


🌺အနဲဆုံး (11)ပေါင်မှစပြီး လူကြီးမင်းတို့စိတ်ကြိုက် ပို့နိုင်ပေးနိုင်ပါတယ်ရှင် ……

1 lb- 11lb….5kg-260000ကျပ်
12 lb-22lb ...10kg-412000ကျပ်
23 lb-33lb-..15kg-469000ကျပ်
34 lb-44lb ..20kg-529000ကျပ်
45 lb-55lb.. 25kg-655000ကျပ်
56lb-66lb.......30kg-755000ကျပ်


🌻ကြာချိန် (7-14)ရက်ကြာပါမယ်ရှင်
boxweight (4lb)ကိုပါထည်သွင်း……ချိန်ပါမယ်ရှင့်
လာမယ်ဆိုလျင်ဖုန်းဖြင့်အရင်ဆက်သွယ်ပေးစေလိုပါသည်ရှင့်

ဆက်သွယ်နိုင်သည့်လိပ်စာ-
🍎Yangon
အမှတ် (496)၊ ပထမထပ်၊ ကမ်းနားလမ်းမ၊ သီရိမင်္ဂလာစျေးဟောင်းရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်း - 01 221 443 , 09 502 4269
-

🌹Viber – 09 502 4269
Office Time - (10:00)Am – (2:00)Pm

🦠[email protected]
America(+14433815956).
(+1347 209 9245)

🌺ရုံးချိနိအတွင်းဆိုစာမက်ဆေ့ပိုပေးထားပါရန်

🍁ယနေအထိအားပေးကြသောဧည်သည်တယောက်ချင်းဆိတိုင်ကိုအထူးကျေးဇူးတင်ိ ရှိပါတယ်ရှင်🙏🙏🙏

🌲ဈေးတွေကတော့updatလိုက်ပြောင်းလဲဖော်ပြထားပါတယ်ရှင့်

🌿တခြားနိုင်ငံဈေးနှန်းများကိုviber noမှာမေးနိုင်ပါတယ်ရှင်

🥰အချစ်တို.ရေ🦋Zambushwesin -Myanmar  Expressh လေးကိုလဲအားပေးကြလို🌹Happy  New  Year  -နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေလို...
07/01/2022

🥰အချစ်တို.ရေ

🦋Zambushwesin -Myanmar Expressh လေးကိုလဲအားပေးကြလို

🌹Happy New Year -နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေလိုဆုတောင်းမေတ္တာပိုသလိုက်ပါတယ်နော်🙏🙏🙏

🍁US --Canada--UK-အစရှိသဖြင်နိုင်ငံပေါင်စုံကိုDHL,Airmail,EMS....တိုဖြ င့် ပိုဆောင်ပေးနေပါကြောင့်သတင်းကောင်းပါအပိပါတယ်ရှင်

Myanmar- US(all state-DHL)

🍀1lb-11lb: 10$
12lb-22lb: 8$
23lb-33lb: 6$
34lb-44lb: 5$
45lb-55lb: 5$
55lb-66lb: 4.5$ ဖြင့် ပုံမှန်အတိုင်းပြန်လည် လက်ခံပိုဆောင်ပေးနေပါ ပြီရှင်၊ အားပေးကြပါအုံးနော်

🦋အချစ်တိုရဲ့အားပေး ယုံ ကြည် မူတွေကြောင့်သာ ရေရှေးရပ်တည်နိုင်ခဲတဲ့အတွက်ကျေးဇူး လဲ့အများကြီးတင်ပါတယ်

🍔🍟လိုအပ်တဲ့နေ၇ာတွေ . ကိုလဲလူဒါန်း၊ လူသားချင်းရိုင်းပင်း ကူညီနိုင်ခဲ့မူတွေကြောင့်လဲ့ ထပ်ဆင်ကျေးဇူးကမ္ဘာပါရှင်

🍓Door to Doorအိမ်အရောက် ဝန်ဆောင်မူဖြင့် ပိုဆောင်ပေးနေပါပြိရှင်🙏🙏

👉ကြာ ချိနိ ( 7 days- 14 days)
Box –weight 4lb ပါထည် သွင်းချိန်ပါမယ်ရှင်
လူကြီးမင်းတိုလာမည်ဆိုလျင်ဖုန်းဖြင့် ကြန့် ကြာမူ မရှိစေရန် အရင်ဆက်သွယ်စေချင်ပါတယ်ရှင်

👌ဆက်သွယ်ရမည်လိပ်စာ
အမှတ်496၊ ပထမထပ် ၊ ကမ်းနာလမ်းမ၊သီရီမင်္ဂလာစျေးဟောင်းရှေ့ ၊ ကြည်မြင်တိုင်၊( UAB Bank ခြေရင်း)၊ ရန်ကုန်တိုင်း

☎️ဖုန်း-01..221443၊095024269
Viber- 095024269
ရုံးချိန်း-10း00 am-5း00 pm
Email- [email protected]
☎️US phone- ( 443 3815 5956)
(347 209 92450)

💕Ps-သိလိုသမျှကို viber. Ygn-pnone၊ zambushwesin -myanmar express. Page တွင်မေးမြန်စုံစမ်းနိုင်ပါသည်၊ US-phone ကို ရုံးချိန်တွင်စာပိုမေး မြန်းနိုင်ပြီ ရုံးချိန် ပြင်ပတွင်ဖုန်းခေါဆိုနိုင်ပါတယ်ရှင်

🍀အားပေးမူတွေအတွက်တဦးတယောက်ချင်ဆီတိုင်ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်🥰

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”  ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောက...
18/11/2021

“တန်ဆောင်မုန်းလပြည့်
သာမညဖလအခါတော်နေ့”

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် …တန်ဆောင်မုန်းလပည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။

“သာမညဖလ” ၏ အဓိပ္ပာယ်မှာ
“ရဟန်းပြုရခြင်း၏အကျိုး” ဟု
အဓိပ္ပာယ်ရသည်။
ရဟန်းပြုခြင်း၏အကျိုးကို
ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုလျှင်လည်း
ရနိုင်သည်။

သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။
ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို
ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။
သာမညဖလသုတ်သည်

လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။ မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို ဤသုတ္တန်ဖြင့်
ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည်
အသိဉာဏ်နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကိုခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိလေသည်။

ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက်ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီးမှားမိတော့သည်။
ဆင်းတု၊စေတီ၊ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြားဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးမှာ ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ်တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို လှံချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်းခံရသလို ဝေဒနာခံစားရသည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။ တန်ဆောင်မုန်းလပြည့်
ညတစ်ညမှာ အဇာတသတ်မင်းသည်
မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင်
ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့်ကြည်နူးသာယာဖွယ် ကောင်းလှသည့် တန်ဆောင်မုန်းလပြည့် ညအလှကို ကြည့်ရှုခံစားပြီး …

“မွေ့လျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊
အလွန်လှပသော ညတစ်ညပါတကား …
ရှုချင်စဖွယ်ကောင်းလှသော ညတစ်ညပါတကား” ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။

အဇာတသတ်လည်း တကယ်တော့ အလှအပကို ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက …

“ယခုကဲ့သို့ သာယာလှပသောညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ်
စိတ်တော် ကြည်လင်နိုင်မည်နည်း”ဟု မေးသောအခါ မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီးခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။ ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿ ပဆရာကြီးက
အကိရိယဝါဒ…
ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။
မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကသကေမျဗလဆရာကွီးက နတ်ထိကဝါဒ…
ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ…
ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ…
မပြုမပြင် ဝါဒသမား ဖြစ်သည်။ ပြုလည်းမပြု ၊ ပြင်လည်း
မပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ…
ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ…
စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော
ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏
အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန် ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက ဘုရင့်အနီးမှာယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ
မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို ယောက်ျားအသွင် ဝတ်ဆင်စေပြီး
လိုက်ပါစေသည်။ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ် အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါစောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့ သွားရန် စီစဉ်ပေးသည်။

အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။

ဘုရားကျောင်းတော်သို့သွားသောအခါ …

-ညအခါ ဖြစ်သည်ကတစ်ကြောင်း၊ တောရိပ်၊ သစ်ရိပ် ဖုံးအုပ်နေသဖြင့် အမှောင်ဖုံးနေသည်က တစ်ကြောင်း၊
ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးးမီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။

မီးရှူးမီးတိုင်ကို
ပေါရာဏ ဝေါဟာရအားဖြင့် “တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။

အဇာတသတ်နှင့် အခြံအရံပရိသတ်တို့ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်သည်။ အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီးသူသိလိုသော အကြောင်းအရာများကို လျှောက်ထားလေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသလား ဘုရား။ တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍ ဝေ့လည်ချောင်ပတ်
လုပ်ကြပါသည်ဘုရား။”

ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက်လက်ငင်းအကျိုးကိုမေးလျှောက်သည်။ဘုရားရှင်၏အဖြေကို ချုပ်၍ တင်ပြရလျှင် ………

“ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သောအကျိုး” တို့မှာ-……

(၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း အကျိုး၊

(၂)။ အခွန်ထမ်းဆောင်ခြင်းမှ
ကင်းလွတ်ရခြင်းအကျိုး၊

(၃)။ ပါတိမောက္ခသံဝရသီလနှင့်
ပြည့်စုံသဖြင့် အပါယ်လေးပါးမှ
ကင်းဝေးရခြင်းအကျိုး၊

(၄)။ ဒုစရိုက်တရားတို့ကို
ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၅)။ ပွဲသဘင်အမျိုးမျိုး၊
ကစားပွဲအမျိုးမျိုး၊
မကောင်းသောစကားအမျိုးမျိုးတို့မှ
ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခတွေမှ ကင်းလွတ်၍
မဇ္ဈိမသီလနှင့်
ပြည့်စုံရခြင်း အကျိုး၊

(၆)။ နက္ခတ် ဗေဒင် ယတြာ
ဆေးကုပေးခြင်း စသည်တို့မှ
ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊

(၇)။ ဣနြေ္ဒခြောက်ပါးလုံး
အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း အကျိုး၊

(၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊

(၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊

(၁ဝ)။ သန္တောဂ-စားဝတ်နေရေး
ရောင့်ရဲနိုင်ခြင်းအကျိုး၊

(၁၁)။ နီဝရဏငါးပါးမှ
ကင်းလွတ်ရခြင်းအကျိုး၊

(၁၂)။ စျာန်တရားတွေ ရနိုင်ခြင်းအကျိုး၊

(၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍
မဂ်ဖိုလ်ရခြင်းအကျိုး၊

အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော
အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ်
နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။

ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။

ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊ ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌ ....
“ဝိဇိတာဝီ အမည်ြဖင့်
ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဂါယနာတင် ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီးတည်ထားခဲ့သည်။

ဗုဒ္ဓသာသနာနှစ်ကို
အတိအကျသတ်မှတ်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့်
ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးဖြစ်သည်။

နောင်အခါ သီရိဓမ္မာသောကမင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားကိုးကွယ် သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော ပွဲတော်များသည် ……

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့်
တန်ဆောင်မုန်းလသည်
ရိုးးရာပွဲတော် အများဆုံးလဟု
ဆိုရပေတော့မည်။ ။

ခရက်ဒစ်ပါ

ဗဟုသုတ ရရှိပါစေ

-
【စာရိုက်ပူဇော်သူ - Admin Team of Association
အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】
Posted by►www.facebook.comyoungbuddhist
association.mm

ဓမ္မဖြင့်ပူဇော်ပါ၏။ 💬

24/06/2021

☘️☘️☘️မဟာသမယအခါတော်နေ့ပူဇာမင်္ဂလာ☘️☘️☘️

နယုန်လပြည့်နေ့
☘️☘️☘️☘️☘️☘️☘️

ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထား၍ပြု
အပ်သော လစဉ်လပြည့်အခါတော်နေ့တို့မှာ...

၁☘️နှစ်သစ်မင်္ဂလာ အခါတော်နေ့

၂☘️ကဆုန်လပြည့် _ ဗုဒ္ဓ အခါတော်နေ့

၃☘️နယုန်လပြည့် _ မဟာသမယ အခါတော်နေ့

၄☘️ဝါဆိုလပြည့် _ ဓမ္မစကြာ အခါတော်နေ့

၅☘️ဝါခေါင်လပြည့် _ မေတ္တာ အခါတော်နေ့

၆☘️တော်သလင်းလပြည့်_ ဂရုဓမ္မ အခါတော်နေ့

၇☘️သီတင်းကျွတ်လပြည့် - အဘိဓမ္မာအခါတော်နေ့

၈☘️တန်ဆောင်မုန်းလပြည့် _သာမညဖလ အခါတော်နေ့

၉☘️နတ်တော်လပြည့် _ ဓမ္မ စာဆိုတော်များနေ့

၁၀☘️ပြာသိုလပြည့် _ ရှင်တစ်ထောင်အခါတော်နေ့

၁၁☘️တပိုတွဲလပြည့် _ သြဝါဒပါတိမောက်အခါတော်နေ့

၁၂☘️တပေါင်းလပြည့် _ မြတ်ဗုဒ္ဓ ပြည်တော်ပြန် အခါ
တော်နေ့

ဤသို့အားဖြင့် အခါတော်နေ့များအား

အလေးထားလျှက် လစဉ်လပြည့် ပြုလေ့ရှိရာတွင် ယခု

နယုန်လပြည့်နေ့သည်ကား မဟာသမယ အခါတော်နေ့

ဖြစ်သည့်အတွက် ရိုသေဦးခိုက်ပူဇော်ထိုက်သော နေ့

တစ်နေ့ အဖြစ်တင်ပြအပ်ပါသည်။

နယုန်လပြည့်နေ့၏ ထူးခြားချက်တို့မှာ …

နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ ငြိမ်းချမ်း

ရေးမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သော သမိုင်းဝင်နေ့ထူး

နေ့မြတ်ဖြစ်ကြောင်း အထူးသတိပြုသင့်ပါသည်။

မြတ်ဗုဒ္ဓသည် ထိုနေ့၌ပင်ကပိလဝတ်ပြည် မဟာဝုန်တော

ကြီးအတွင်း " မဟာသမယသုတ် " ဒေသနာတော်ကို

ဟောကြားတော်မူခြင်း အကြောင်းပြု၍ နယုန်လပြည့်

နေ့၌ မဟာသမယအခါတော်ပွဲ ကျင်းပကြခြင်းဖြစ်သည်။

အခြားသောထူးခြားချက်တို့မှာ..

၁☘️ရေလုပွဲကြီးဆင်နွှဲကြသော တောင်သူလယ်
သမားတို့ငြင်းခုံ ခိုက်ရန်ဘေးမှ ကင်းဝေရ
သော နယုန်လပြည့်နေ့

၂☘️ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့်ဘေးအန္တရာယ်မှ ကင်းဝေးပြီး
ငြိမ်းချမ်းရေးရသော နယုန်လပြည့်နေ့

၃☘️နတ်ဗြဟ္မာ အသူရာနှင့် ဂဠုံ နဂါးများ ရဟန်း
တော်များဘုရားရှင် လက်ထက်တွင် ဤတစ်
ကြိမ်သာစုရုံးမိသော နယုန်လပြည့်နေ့

၄☘️သာကီဝင်မင်းသားငါးရာတို့ သာသနာဘောင်သို့
ဝင်ရောက်သော နယုန်လပြည့်နေ့

၅☘️ရဟန်းတော်ငါးရာလုံး ရဟန္တာချည်းဖြစ်သော
နယုန်လပြည့်နေ့

၆☘️နိမ္မိတ ဘုရားမေး၍ ပကတိဘုရားဖြေဆိုသည်
ကို နာရသော နယုန်လပြည့်နေ့

၇☘️မဟာသမယ ကိုအကြောင်းပြု၍ ဂဠုံ နှင့်
နဂါးတို့ ခိုက်ရန် မဖက် မေတ္တာသက်ဝင်သော
နယုန်လပြည့်နေ့

၈☘️မဟာသမယ ဆိုင်ရာ သုတ္တန်- ၇ - မျိုးတို့ကို
ဟောကြားသော နယုန်လပြည့်နေ့

၉☘️ဘိက္ခုနီသာသနာ လမ်းစပေါ်သော
နယုန်လပြည့်နေ့

ဤကဲ့သို့ထူးခြားမှုကို အာရုံပြု ၍ ဗုဒ္ဓဘာသာ
ဝင်တိုင်းက နယုန်လပြည့်နေ့ကို မဟာသမယ
အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပူဇော်ကျင်းပ
ပြုလုပ်နိုင်ကြရန်နှိုးဆော်ကြပါသည်။

☘️မဟာသမယသမိုင်း အကျဉ်း☘️

မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်

အခါက အိန္ဒိယနိုင်ငံတွင် ကပိလဝတ်ပြည်မှ

လယ်သမားများနှင့် ကောလိယပြည်မှ လယ်

သမားတို့ ရောဟိဏီမြစ်ရေကို အကြောင်းပြု၍

ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဖူး၏ ။လယ်သမား

များအားအကြောင်းပြု၍ နှစ်ဖက် နှစ်နိုင်ငံမှ

မင်းညီ မင်းသားများနှင့် စစ်သည်တော်များ

သည်လည်းရောဟိဏီမြစ်ရှိရာသို့ရောက်ရှိလာကြ၏။

နှစ်ဖက် နှစ်နိုင်ငံမှ လူအများတို့သည် တုတ် ၊ဓါး ၊

လက်နက် ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့်

အခြေအနေသို့ရောက်ရှိနေကြ၏။

ထိုနေ့ နယုန်လပြည့်နေ့ အရုဏ်ချိန်တက်တွင်

မြတ်စွာဘုရားသည် မဟာဂရုဏာသခင် ဘုရားရှင်တို့၏

ထုံးတမ်းစဥ်လာအရ ဒီနေ့ အဘယ်ဝေနေယျတို့အား ခြွေ

ချွတ်ရပါအံ့နည်းဟု သဗ္ဗညုရွှေဥာဏ်တော် ကွန်ယက်

ဖြန့်ကျက်ကြည့်ရှုသည့်အခါ နယုန်လပြည့်နေ့ နံနက်ပိုင်း

၌ ရောဟိဏီမြစ်ကမ်းသောင်ယံ၌ ကောလိယနှင့်ကပ္ပိလ

နှစ်ပြည်ထောင်သား ဆွေမျိုးများတို့ စစ်ပွဲကြီး ဆင်နွှဲတို

က် ခိုက်ကြကာ အသက်များစွာသေကြေပျက်စီးအချည်း

နှီး ဖြစ်ကြတော့မည်ကို မြင်တော်မူ၍ ရောဟိဏီမြစ်ကမ်း

ဆီသို့ ကောင်းကင်ခရီးဖြင့် ကြွရောက်တော်မူခဲ့ပါသည်။

ယင်းပဋိပက္ခ ဖြစ်သည့်နေရာသို့ မြတ်ဗုဒ္ဓရောက်ရှိ

လာပြီးငြိမ်းချမ်းရေးကို ရှေးရှု၍ အောက်ပါဝတ္ထုများကို

သာဓကထုတ်၍ငြိမ်းချမ်းရေးတရားများကို ဟောတော်မူ

ခဲ့လေသည် ။

၁☘️ဝက်ဝံ နှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍
နှစ်ဦးသားပျက်စီးကြပုံ _ ဖန္ဒန ဇာတ်

၂☘️မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်
ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား
၍ တိရစ္ဆာန်များအပြေးမှားပြီး ဆင်းရဲ ဒုက္ခ
ရောက်ကြရပုံ -ဒုဒ္ဒုဘဇာတ်(ပထဝီဥ​​​ြန္ဒိယဇာတ်)

၃☘️အားသေးသော နှံစုတ်ငှက်မက အားကြီးသော
ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူအထင်
မသေးသင့်ပုံ_ လဋုကိကဇာတ်

၄☘️ညီညွတ်စဉ်အခါက ရန်သူ၏ လက်မှလွတ်
မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း
မညီ မညွတ်ဖြစ်သောအခါငုံးငှက်များမုတ်ဆိုး
၏ ပိုက်ကွန်၌ အမိခံရပုံ_သမ္မောဒမာနဇာတ်

၅☘️သက်မဲ့ဖြစ်သောသစ်ပင်များပင် တစ်စုတစ်ဝေး
တည်းနေ၍ လေဘေးအန္တရာယ်မှ ကင်းဝေး
နိုင်ပုံ _ ရုက္ခ ဓမ္မဇာတ်

၆☘️မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် "အတ္တဒဏ္ဍ "
သုတ်ကို ထုတ်ဆောင်ဟောပြ ဆုံးမတော်မူ
သည် ။

အထက်ပါ သာဓက - ၆ -မျိုးကို နာကြားရသောအခါ

နှစ်ဖက်သောတိုင်းပြည်မှ လယ်သမားများနှင့် မင်းညီ

မင်းသား စစ်သည်တော်များတစ်ဖက်လျှင် (၂၅၀)စီ

နှစ်ပြည်ထောင်မှ မင်းညီ မင်းသား( ၅၀၀)တို့ဒေါသမီး

ငြိမ်းစေကာ လက်နက်များကိုစွန့်ပယ်၍ မေတ္တာဓာတ်များ

အချင်းချင်းသက်ဝင်လာကြကုန်​၏။ထို့နောက်သာသနာ့

ဘောင်သို့ဝင်၍ ရဟန်းပြု ကြကုန်၏။

ထိုရဟန်းတော်များသည် ဇနီမယားတို့ကိုအောက်မေ့

တမ်းတ သတိရပြီး သာသနဘောင်၌မပျော်မွေ့နိုင်ဘဲ

ရှိကြလေရာ မြတ်ဗုဒ္ဓက ဟိမဝန္တာတောအတွင်း ကုဏ္ဍာလ

ရေအိုင်သို့တန်ခိုးတော်ဖြင့်ခေါ်ဆောင်၍ ကုဏ္ဍာလငှက်

မင်း၏ဇာတ်ကြောင်းကို ဟောတော်မူပါသည်။ တရားအ

ဆုံး၌ ရဟန်းတော်ငါးရာလုံး သောတာပန် ဖြစ်တော်မူကြ

ပါသည် ။

မြတ်ဗုဒ္ဓသည် ကုဏ္ဍာလရေအိုင်မှ ကပိလဝတ်ပြ

ည်အနီး မဟာဝုန်တောကြီးသို့ပြန်လည်ကြွတော်မူရာ

အပြန်ခရီးတွင် သောတာပန် ရဟန်းငါးရာလုံးတို့မှာ

မိမိတို့၏တန်ခိုးတော်ဖြင့်လိုက်ပါလာကြကုန်၏။

ထိုမဟာဝုန်တော်ကြီး၌တရားတော်ကို ဆက်လက်အား

ထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်း ဖြစ်တော်မူ

ကြပါသည်။ ရဟန်းငါးရာတို့သည် မိမိတို့ရရှိပြီးသော

တရားထူးကို လျောက်ထားရန်နှင့် မြတ်ဗုဒ္ဓကို ဖူးမြော်

ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်ဗုဒ္ဓ ထံသို့

စုရုံးရောက်ရှိလာကြကုန်၏ ။ဤသို့ထူးခြားသော သံဃာ

အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညိုလိုကြကုန်သော

နတ် ဗြဟ္မာ အသုရာနှင့် ဂဠုံ နဂါးတို့သည် မဟာဝုန်တော

ကြီးသို့အုပ်စုလိုက် စုရုံးရောက်ရှိလာကြကုန်၏။

ဘုရားရှင်လက်ထက်တော်အခါက " နယုန်လပြည့်

နေ့" တွင် ဤ ကဲ့သို့သောနတ်ဗြဟ္မာများစုရုံးစည်းဝေးမိ

သောအချိန်ကို …" မဟာသမယ " ဟုခေါ်ဆိုပါသည်။

ထိုနတ်သဘင်အစည်းအဝေး၌ နတ်ဗြဟ္မာ တွေက

တစ်လှည့်စီ တစ်လှည့်စီ ဘုရားရှင်ကို အနီးကပ်ဖူးမြော်

ကြသည့်အခါ ထို နတ် ဗြဟ္မာများအား မြတ်စွာဘုရားမှ

စစ်သည်ရဟန္တာ (၅၀၀)တို့နှင့် မိတ်ဆက်ပေး၍ ချစ်သား

တို့..ဟောဒီနတ် ဟောဒီဗြဟ္မာတွေကတော့ ဘယ်ဘုံမှာနေ

တယ် ဘယ်လိုတန်ခိုးဣဒ္ဓိပါဒ်တွေရှိတယ် အခြံအရံတွေ

ကလည်း ဘယ်လောက်များတယ်၊ နာမည်ကတော့

ဘယ်လိုခေါ်တယ် စသဖြင့်ထုတ်ဖော်ဟောပြောခဲ့လို့

မဟာသမယသုတ်တော်ဆိုတာ ပေါ်ပေါက်ခဲ့ရလေ၏။

ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို

ထုတ်ဖော်မြွှက်ကြား နုတ်ခွန်း ဆက်သောအားဖြင့် မိန့်

ကြားသော စကားတော်များကို မဟာသမယသုတ်ဟု

ခေါ်ဆိုရပါသည်။

မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက်

စရိုက်အားလျှော်စွာ အောက်ပါ သုတ်တော်များကို

ဆက်လက် ဟောကြားတော်မူပါသည်။

၁🌸ရာဂစရိုက်အားကြီးသူအတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။

၂🌸ဒေါသစရိုက်အားကြီးသူအတွက် ကလဟဝိဒါဒသုတ်။

၃🌸မောဟစရိုက်အားကြီးသူအတွက် မဟာဗျူဟသုတ်။

၄🌸ဝိတက်စရိုက်အားကြီးသူအတွက် စူဠဗျူဟသုတ်။

၅🌸သဒ္ဓါစရိုက်အားကြီးသူအတွက် တု၀ဋကသုတ်။

၆🌸ပညာစရိုက်အားကြီးသူအတွက် ပုရာဘေဒသုတ်တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တန်း၀င်ကြလေသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲရွတ်ဘတ်နေပါက နတ်များ၏ချစ်ခင်မှုကို ခံရကြောင်း၊ အိမ်သစ်, တိုက်သစ်, နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင့် အဋ္ဌကထာဆရာက ပြဆိုထားပါသည်။ (ဣဒံ ပန မဟာသမယသုတ္တံ နာမ ဒေ၀တာနံ ပိယံ မနာပံ၊ တသ္မာ မင်္ဂလံ ၀ဒန္တေန အဘိန၀ဌာနေသု ဣဒမေ၀ သုတ္တံ ၀တ္တဗ္ဗံ။ ဒီ၊ ဌ၊ ၂၊ နှာ၊ ၂၈၇။)

🍀ဒီမဟာသမယသုတ်တော်သည် နတ်ဗြဟ္မာတို့ အလွန်ချစ်ခင် ကြည်ညိုတဲ့ သုတ်တော်ဖြစ်လို့ နတ်ချစ်ဆေးဟုပင်တင်စားခေါ်ဝေါ်ကြပါတယ်။🍀


"နယုန်လပြည့် မဟာသမယ အခါ
တော်နေ့ " ဂုဏ ပူဇာ မင်္ဂလာ ကို ဤစာစုဖြင့်
ဦးခိုက် ပူဇော်လိုက်ပါ၏ ။

#မူရင်းရေးသားပူဇော်သူအပေါင်းအားဦးတင်ရှိခိုးပါ​၏။

🌹Myanmar -   USA 🇺🇸....(all state)Door to Door  service ဖြင့်အိမ်အရောက် ဝန်ဆောင်မူဖြင်ပစ္စည်လေးတွေမှာလိုရပါပြိရှင်....🌸မ...
01/05/2021

🌹Myanmar - USA 🇺🇸....(all state)
Door to Door service ဖြင့်အိမ်အရောက် ဝန်ဆောင်မူဖြင်ပစ္စည်လေးတွေမှာလိုရပါပြိရှင်....

🌸မြန်မာအစားအသောက်လွမ်းနေပါသော်.
အမေရိကားရောက် မြန်မာပြည်သူများအတွက်အကောင်ဆုံးနဲစိတ်အချရဆုံ အမြန်ဆုံး ဖြင့် ဝန်ဆောင် မူပေးနေပါပြိရှင်

🙏Zambushwesin -Myanmar Express ဝင်လည်ဝင်ရောက်ကြည်ရူလေ့လာနိုင်ပါသည်ရှင်
စိတိဝင်စားရင်-☎️095024269ကို
Hello လေသာလုပ်လိုက်ပါနော်အချစ်တို့ရေ

66lb-30kgတဗုံပြည်ရင် ရန်ကုန်-မြို အတွင်း down town အိမ်အရောက်လာယူပေးပါမယ်ရှင့်....🙏🙏🙏
အားပေးကြပါအုံးရှင်

Address

NO (496), FIRST FLOOR, STRAND Road, NEAR OLD THIRIMINGALAR MARKET, KYIMYINDAING TOWNSHIP
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+9595024269

Website

Alerts

Be the first to know and let us send you an email when Zambu Shwesin Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zambu Shwesin Travels & Tours:

Shortcuts

Share

Category