MY WAY Travel & Tour Myanmar

Call Directions Website Contact the business

MY WAY Travel & Tour Myanmar TRAVEL & TOUR
(1)

✈️ ဝယ်တာမြန်လေ ပိုတန်လေ! 💙နိုင်ငံခြားခရီးထွက်ဖို့ စိတ်ကူးရှိနေပြီဆိုရင် Flight Ticket ကို အနားကပ်မှ ဝယ်မယ်ဆိုပြီး မစောင့...
01/11/2026

✈️ ဝယ်တာမြန်လေ ပိုတန်လေ! 💙

နိုင်ငံခြားခရီးထွက်ဖို့ စိတ်ကူးရှိနေပြီဆိုရင် Flight Ticket ကို အနားကပ်မှ ဝယ်မယ်ဆိုပြီး မစောင့်နဲ့နော်! 🤩

လေယာဉ်လက်မှတ်ဈေးနှုန်းတွေက Travel Date၊ Airline နဲ့ Seat Availability အပေါ် မူတည်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်တာကြောင့် ကြိုတင်စုံစမ်းထားတာက ပိုသက်သာတဲ့ Ticket Option တွေကို ရွေးချယ်နိုင်ဖို့ အခွင့်အရေးပိုရစေပါတယ်။

🌏 ဘယ်နိုင်ငံကိုပဲ ခရီးထွက်ထွက် International Flight Ticket အတွက် MY WAY ရှိတယ်နော်!
သွားချင်တဲ့ Destination နဲ့ Travel Date ကိုသာ ပြောလိုက်ပါ။ Budget နဲ့ ကိုက်ညီမယ့် Flight Ticket Option တွေကို MY WAY Travel & Tour မှာ စုံစမ်းနိုင်ပါတယ်။ 💙

✈️ Plan Early, Fly Smart with MY WAY!
📩 International Flight Ticket ဈေးနှုန်းတွေ သိချင်ရင် MY WAY Page Messenger မှာ သွားမယ့်နိုင်ငံ၊ ခရီးသွားမယ့်ရက်နဲ့ လူဦးရေကို ပို့ပြီး အခုပဲ စုံစမ်းလိုက်ပါ။

MY WAY (Global) Co., Ltd. | Travel & Tour Myanmar
🏠 Office Address: A2-204 / Hantharwaddy Villa, South Okkalapa, Yangon.
📞 Phone: 09-890 426 686, 09-420 035 710
🌐 Website: www.mywaymm.com
📧 Email: [email protected]

For Your Way ..... Hi ♡MY WAY♡ 💙

(License & Registration: DICA 131709064 | T/O Ygn-0879 | T/I Ygn-2928 | IATA 05300455 | Online Sale C77581840)



Edit .....အဖြေမှန်သူများထဲမှ ၇ဦးနှင့် top fan 3ဦးကို ကျပန်းရွေးချယ်ပြီး massager မှတဆင့် ဆက်သွယ်ပြီး ဖြစ်ပါတယ်ရှင့်......
31/10/2026

Edit .....
အဖြေမှန်သူများထဲမှ ၇ဦးနှင့် top fan 3ဦးကို ကျပန်းရွေးချယ်ပြီး massager မှတဆင့် ဆက်သွယ်ပြီး ဖြစ်ပါတယ်ရှင့်.....

မဲပေါက်သူနှင့် account တူများဖန်တီးပြီး ဆုငွေများ ထပ်ကာထပ်ကာ ထုတ်ယူသူများရှိပါသဖြင့် Massenger မှတဆင့် ဆက်သွယ်ထားရှိပြီးသော Account များကိုသာ ထုတ်ယူပေးမည်ဖြစ်ပါသောကြောင့် ဆက်သွယ်ထားသော Account များမှသာ ph bill ထုတ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်

ခရီးသွား ဧည့်သည်တော်များ အားလုံးပျော်ရတဲ့
Saturday Fun Activities, Travel Quiz Travel For Fun ရဲ့ Travel Quiz နေ့ လေးကို ရောက်ရှိလို့ လာပြီနော် ..🥳

ဒီနေ့မေးခွန်းလေးကတော့ ကမ္ဘာကျော် "ANGKOR WAT" Temple ရှိတဲ့ နိုင်ငံကိုရွေးပေးပါနော်ရှင်🤍✨️
A. Thailand 🇹🇭
B. India 🇮🇳
C. Cambodia 🇰🇭

Page ကို Like လေးလုပ်ပြီး Like လုပ်ပြီး ကြောင်း SS နဲ့အတူ အဖြေမှန်ကို ဖြေဆို ပါဝင်ကံစမ်းဖို့ မေတ္တာရပ်ခံပါတယ်ရှင့်💌

အဖြေမှန်သူထဲက (၇)ဦးကို မနက်ဖြန် တနင်္ဂနွေ့နေ့ည (၇)နာရီမှာ ကျပန်း ရွေးချယ်ပြီး
ဖုန်းဘေလ် ၃,၀၀၀ ကျပ် ဖြည့်ပေးသွားမှာ
ဖြစ်ပါတယ်ရှင်....🤩

For your way........., HI "MY WAY".........✨️





MUST-DO EXPERIENCES IN VIETNAM: TOP 7 THINGS YOU CAN’T MISS ✈️(ဗီယက်နမ်ရောက်ရင် မဖြစ်မနေ စမ်းသပ်ကြည့်သင်တဲ့ Top 7 Experi...
28/10/2026

MUST-DO EXPERIENCES IN VIETNAM: TOP 7 THINGS YOU CAN’T MISS ✈️
(ဗီယက်နမ်ရောက်ရင် မဖြစ်မနေ စမ်းသပ်ကြည့်သင်တဲ့ Top 7 Experiences)

သဘာဝတောင်တန်း အလှတရားများ၊ ရှေးဟောင်း သမိုင်းဝင် အငွေ့အသက်များနှင့် ဆွဲဆောင်မှုရှိသောဒေသထွက် အစားအသောက်များ စုံလင်လှသည့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့်အခါ ခရီးစဉ်ကို ပိုမိုပြည့်စုံပြီး အမှတ်တရဖြစ်စေရန် မဖြစ်မနေ ပြုလုပ်သင့်သည့် Top 7 Signature Activities များကို MY WAY က မျှဝေပေးလိုက်ပါသည်။

1. 🌉 Ba Na Hills နဲ့ Iconic Golden Bridge ရဲ့ သဘာဝတောင်တန်းအလှတရား
ဒါနန်း (Da Nang) မြို့၏ အထင်ကရနေရာတွေဖြစ်တဲ့ Ba Na Hills နဲ့ Golden Bridge တို့မှာ သဘာဝတောင်တန်းကြီးများရဲ့ ရှုခင်းတွေကို ခံစားရင်း Golden Bridge ပေါ်တွင် သွားရောက်ဓာတ်ပုံရိုက်ကူးသင့်ပါတယ်။

2. 🚠 တိမ်ပင်လယ်ရှုခင်းများနဲ့ Fansipan "Roof of Indochina"
အင်ဒိုချိုင်းနား၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော Fansipan သို့ Cable Car စီးနင်းကာ တိမ်ပင်လယ်နှင့် Panoramic Mountain View တို့ကို အထက်စီးမှ ကြည့်ရှုခံစားနိုင်မည်ဖြစ်ရာ Sapa ခရီးစဉ်၏ အဓိက Highlight တစ်ခုဖြစ်ပါတယ်။

3. 🏮 Hoi An ရဲ့ လှပတဲ့ ညရှုခင်း
UNESCO ကမ္ဘာ့အမွေအနှစ်ဝင် ရှေးဟောင်းမြို့တော်၏ Hoai မြစ်ကြောင်းအတိုင်း မီးအိမ်ရောင်စုံများဖြင့် လှပနေသည့် ညဘက်ရှုခင်း၊ Riverside Atmosphere နှင့် Old-Town Vibe တို့ကို ဆုတောင်းမီးအိမ်မျှောရင်း မဖြစ်မနေ ခံစားကြည့်သင့်ပါတယ်။

4. 🚂 Hanoi Train Street ရဲ့ ထူးခြားတဲ့ Railway Café Experience
Hanoi မြို့ရဲ့ နာမည်ကျော် Train Street မှာ ရထားလမ်းဘေးတစ်လျှောက် ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်လေးတွေ၊ ရှေးဟောင်းအဆောက်အအုံတွေနဲ့ Vintage Street Atmosphere ကို ခံစားရင်း Vietnamese Coffee အရသာကို မြည်းစမ်းနိုင်သလို လှပတဲ့ Railway Street View တွေကို နောက်ခံထားပြီး အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးနိုင်ပါတယ်။

5. 🚢 Ha Long Bay မှာ ခံစားရမယ့် ပင်လယ်ကြီးရဲ့ အလှတရား
ထုံးကျောက်တောင်ကျွန်းငယ်ပေါင်း သောင်းချီ ရေပေါ်ပေါ်ထွက်နေသည့် သဘာဝအလှတရားကြားတွင် အပန်းဖြေ Cruise စီးနင်းခြင်း၊ Kayaking လှေလှော်ခြင်းနှင့် Overnight Cruise ပေါ်မှ နေဝင်ဆည်းဆာ ကြည့်ရှုခြင်းတို့သည် ဗီယက်နမ်၏ Signature Activity တစ်ခုဖြစ်ပါတယ်။

6. ☕ အရသာရှိလှတဲ့ ဒေသထွက် အစားအစာများနှင့် Coffee Culture
ကမ္ဘာကျော် Pho၊ Banh Mi နှင့် Spring Rolls စသည့် ဒေသထွက် အစားအစာများအပြင် ဗီယက်နမ် ကော်ဖီယဉ်ကျေးမှု၏ အနှစ်သာရဖြစ်သည့် Vietnamese Drip Coffee၊ Egg Coffee နှင့် Coconut Coffee တို့၏ ထူးခြားသည့် အရသာများကိုလဲ သွားရောက် မြည်းစမ်းကြည့်သင့်ပါတယ်။

7. 🛍️ Local Market နဲ့ Night Market ရဲ့ Street Food များနှင့် လူနေမှုဘဝပုံစံများ
စည်ကားလှသော Local Night Market များတွင် လှည့်လည်ရင်း Street Food မျိုးစုံကို သုံးဆောင်နိုင်ရုံမက အမှတ်တရ Souvenir များနှင့် Handmade Items များကို ဝယ်ယူရင်း ဒေသခံတို့၏ လူနေမှုဘဝ (Local Lifestyle) ကို လေ့လာနိုင်ပါတယ်။

✨ ဗီယက်နမ် ခရီးစဉ်များအတွက် Private Tour Packageများနှင့် Flight Tickets များကို MY WAY တွင် စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။

MY WAY (Global) Co., Ltd. | Travel & Tour Myanmar
🏠 Office Address: A2-204 / Hantharwaddy Villa, South Okkalapa, Yangon
📞 Phone: 09-890 426 686, 09-420 035 710
🌐 Website: www.mywaymm.com
📧 Email: [email protected]

For Your Way ..... Hi ♡MY WAY♡ 💙

(License & Registration: DICA 131709064 | T/O Ygn-0879 | T/I Ygn-2928 | IATA 05300455 | Online Sale C77581840)

🌕 Happy Thadingyut Full Moon Day 🌕🏮 မီးရောင်စုံတို့ဖြင့် ထွန်းလင်းတောက်ပနေတဲ့ သီတင်းကျွတ်အခါသမယလေးမှာ မိသားစု၊ ချစ်ခင်ရသ...
26/10/2026

🌕 Happy Thadingyut Full Moon Day 🌕

🏮 မီးရောင်စုံတို့ဖြင့် ထွန်းလင်းတောက်ပနေတဲ့ သီတင်းကျွတ်အခါသမယလေးမှာ မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် အချိန်အခါလေးတွေကို ပိုင်ဆိုင်နိုင်ကြပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကာ ဘဝခရီးလမ်းတစ်လျှောက်လုံးမှာလည်း ကောင်းခြင်းမင်္ဂလာများနဲ့ ပြည့်စုံပါစေကြောင်း MY WAY Travel & Tour မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💙


24/10/2026

MY WAY မှာ Vietnam ခရီးစဉ်အတွက် ငွေသွားချေမယ့် ရိုစီတို့ ဇနီး မောင်နှံ..🥰

ခရီးစဉ်ပေါင်း (၄၀၀) ကျော် စီစဉ်ပြီးသားဆိုတော့ ယုံကြည်စိတ်ချစွာနဲ့ အပ်နှံနိုင်ပါတယ်ခင်ဗျာ..🤗

#ကာတွန်းရွာ #မြန်မာဇာတ်လမ်း
#မြန်မာကာတွန်း

ပြည်တွင်းခရီးသွားဖို့ဆိုရင်လည်း MY WAY ရှိတယ်နော်! ✈️🇲🇲အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ်၊ အားလပ်ရက်မှာ သဘာဝအလှတရားတွေနဲ့ စိတ်အပန...
23/10/2026

ပြည်တွင်းခရီးသွားဖို့ဆိုရင်လည်း MY WAY ရှိတယ်နော်! ✈️🇲🇲

အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ်၊ အားလပ်ရက်မှာ သဘာဝအလှတရားတွေနဲ့ စိတ်အပန်းဖြေဖို့ပဲဖြစ်ဖြစ် ပြည်တွင်းခရီးစဉ်များကို အချိန်ကုန်သက်သာစွာ သွားလာနိုင်ဖို့ MY WAY မှ Domestic Flight Ticket များကို အဆင်ပြေဆုံး စီစဉ်ပေးနေပါပြီ။

နန်းမြို့ရိုး၊ မန္တလေးတောင်၊ ဦးပိန်တံတားရဲ့ ညနေခင်း အလှတရားတွေအပြင် နေရာအနှံ့မှာ ဈေးအရမ်းတန်ပြီး စားလို့ကောင်းတဲ့ ဒေသထွက် မုန့်အစုံလင်ရှိရာ မန္တလေးမြို့ကိုပဲ သွားမလား❓
ဒါမှမဟုတ် အေးမြတဲ့ ရာသီဥတုနဲ့ သဘာဝအလှတွေ ပိုင်ဆိုင်ထားတဲ့ ပြင်ဦးလွင်ကိုပဲ သွားမလား❓
ရှမ်းရိုးမတောင်တန်းတွေကြားက တာချီလိတ်ကိုပဲ ခရီးထွက်မလား❓

စိတ်ကြိုက်ရွေးချယ်လိုက်ပါ၊ ခရီးစဉ်တိုင်းအတွက် အဆင်ပြေဆုံး လေယာဉ်လက်မှတ်များကို MY WAY မှာ အသင့်မှာယူနိုင်ပါပြီ—

🔹 Yangon - Mandalay (2***** MMK မှစ၍)
🔹 Yangon - Pyin Oo Lwin (Anisakan) (3***** MMK မှစ၍)
🔹 Yangon - Tachileik (9***** MMK မှစ၍)

✨ ဒါ့အပြင် အခြားသော ပြည်တွင်းမြို့ကြီးများဖြစ်သည့်
📍 Bagan, Dawei, Heho, Homalin, Kalay, Kawthaung, Kengtung, Kyaukphyu, Magway, Myeik, Myitkyina, Naypyidaw စသည့် ခရီးစဉ်များအတွက်လည်း လေယာဉ်လက်မှတ်များကို MY WAY တွင် အဆင်ပြေစွာ စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်ရှင်။

(⚠️ ဈေးနှုန်းများသည် ခရီးသွားမည့် ရက်စွဲနှင့် လေကြောင်းလိုင်း ပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်)

လာမယ့် ပိတ်ရက်တွေအတွက် လေယာဉ်လက်မှတ်များကို မှာယူလိုပါက MY WAY သို့ အခုပဲ ဆက်သွယ်လိုက်ပါနော် ✈️💙

MY WAY (Global) Co., Ltd. | Travel & Tour Myanmar
🏠 Office Address: A2-204 / Hantharwaddy Villa, South Okkalapa, Yangon
📞 Phone: 09-890 426 686, 09-420 035 710
🌐 Website: www.mywaymm.com
📧 Email: [email protected]

For Your Way ..... Hi ♡MY WAY♡ 💙

(License & Registration: DICA 131709064 | T/O Ygn-0879 | T/I Ygn-2928 | IATA 05300455 | Online Sale C77581840)


Address

My Way (Global) Travel & Tours Myanmar, 09 890 426686, Https://maps. App. Goo. Gl/JYmPBsmsTFmKqEVFA
Yangon

Alerts

Be the first to know and let us send you an email when MY WAY Travel & Tour Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MY WAY Travel & Tour Myanmar:

Shortcuts

Share

Category

Nearby travel agencies