29/01/2025
(၂) လပိုင်းထဲမှာရော Promotion လေးမရှိတော့ဘူးလားဆိုတဲ့ ချစ်သောလေးတိုအတွက် (Febauary Promotion)ကို ချပြလိုက်ပါပြီနော် 😍😍😍
ဒါလေးကတော့ မလျှော့သောဝန်ဆောင်မှုကောင်းလေးတွေနဲ့ စီစဉ်ပိုဆောင်ပေးသွားမှာဖြစ်ပြီး ပုံမှန်စျေးနှုန်းထက် တစ်ဦးကို တစ်သောင်းတစ်ထောင်ကျပ်တိတိ (Discount) ချပေးသွားမယ့် ဖေဖော်ဝါရီ အထူးအစီအစဉ်လေးပဲဖြစ်ပါတယ်။
ဒီစျေးနဲ့ဒီခရီး SS Tour မှာပဲ ရှိတယ်နော်..😳😳😳
ပုံမှန်စျေးနှုန်း (230,000) တန်ခရီးစဉ်ကိုမှ (Discount 219,000) ကျပ်ထဲနဲ့ ပုဂံမြိုကို (2) ညအိပ် (3) ရက် စားရိတ်ငြိမ်း ဘုရားဖူးရမှာဆိုတော့ အရမ်းအရမ်းကိုတန်မှတန်သော SS Travels & Tours ရဲ့ စေတနာလေးတွေပါပေါ့နော်🥰🥰🥰
စျေးကလဲသက်သာ ဝန်ဆောင်မှုကလဲ ပေးရတာထက်တောင်တန်အောင်ပေးမှာဆိုတော့ ဘာလိုသေးလဲ…
ကဲ နေရာကောင်းကောင်းလေး ရအောင် မြန်မြန်လေး ကြိုတင်လက်မှတ်ဝယ်ထားကြဖိုမမေ့နဲ့နော်☺️☺️☺️
စျေးနှုန်းအသက်သာဆုံးဆိုတော့ ...
ဝန်ဆောင်မှုကကော ပြည့်ပြည့်စုံစုံ ရှိပါ့မလားလို သံသယမဝင်နဲ့နော်
ပုံမှန် (230,000) တန် ခရီးစဉ်အတိုင်း ဝန်ဆောင်မှု တစ်ပြားသားမှ မလျှော့အောင် စီမံပေးသွားမှာဖြစ်ပြီး
ပါဝင်မယ့်ဝန်ဆောင်မှုလေးတွေကို လေ့လာကြည့်ရအောင် 🧐🧐🧐
👉 ရေကူးကန်ပါဝင်ပြီး အဆင့်မြင့်ဟိုတယ်မှာ နှစ်ဦးကိုတစ်ခန်းနှုန်း
👉မနက်စာ😋နေ့လည်စာ😋ညနေစာ😋 စုစုပေါင်း ခုနှစ်နပ်(ဘူဖေးကြီးပဲကျွေးမှာဆိုတော့ အစားတစ်လိုင်းလေးတို စိတ်ကြိုက်သာဆွဲပေရော့ပဲ😋😋😋)
👉အော်အရေးကြီးတာလေးမေ့တော့မလို
တစ်ညလုံးကားကြီးစီးပြီး
ကားပေါ်ကနေကပိုကယိုလေးဆင်း မျက်နှာသစ်ပြီး ဘုရားတန်းမဖူးချင်ဘူးဆိုတဲ့ချစ်သောလေးတိုအတွက်လည်း (Hotel Early Check-In) လေးကိုလည်း စီစဉ်ပေးထားမှာမိုလို ပုဂံရောက်တာနဲ့အခန်းထဲဝင်ပြီး တန်းသာအိပ် 😴😴😴
👉မြင်းလှည်းလေးစီးပြီး လည်ရဖိုလည်းမပူနဲ့ …ချစ်သောလေးတို တစ်ပြားတစ်ချပ်မှ မကုန်ရပဲ SS ကပဲ စီစဉ်ပိုဆောင်ပေးမယ်။
👉ဧရာဝတီမြစ်ကြီးထဲမှာ စက်လှေကြီးစီးပြီး သဲနုနုသောင်ခုံပေါ်မှာ နေဝင်ဆည်းဆာအလှကိုကြည့်ပြီး ဓာတ်ဖမ်းဦးမလား ရတယ်နော် ပိုက်ဆံအိပ်လေးပိတ်ထားလိုက် SS ကပဲ စက်လှေကြီးတွေငှါးပြီး လိုက်ပိုပေးဦးမှာ😌😌😌
👉ဆရာမ ပုညခင်ရဲ့လက်ကျန်လရောင်စာအုပ်လေးထဲက မြကျေးလေးတိုနေတဲ့ မင်းနန်သူရွာလေးကိုလည်းအရောက်သွားပြီး
👉ပိုင်ထန်းတဲမှာလည်း ထန်းရည်ချိုအေးမွှေးလေးတွေ မြည်းစမ်းသောက်သုံးကြမယ် 🥴🥴🥴
👉⛰⛰⛰တောင်ပေါ်တောင်ရွာလေးကော ပါမှ
ပါပါရဲ့လားဆိုတဲ့ချစ်သောတိုကိုလည်း တောင်ပေါ်တောင်ရွာကို လိုက်ပိုပေးဦးမှာနော်။
ပိုဆောင်ပေးမယ့်နေရက်လေးတွေကတော့
👉 (7.2.2025) သောကြာညထွက်
(10.2.2025) တနလ်ာနေ့ ညပြန်ရောက်
👉 (14.2.2025) သောကြာညထွက်
(17.2.2025) တနလ်ာနေ့ ညပြန်ရောက်
👉 (21.2.2025) သောကြာညထွက်
(24.2.2025) တနလ်ာနေ့ ညပြန်ရောက်
👉 (28.2.2025) သောကြာညထွက်
(3.3.2025) တနလ်ာနေ့ ညပြန်ရောက်
ဖူးမျှော်ရမယ့်ဘုရားတွေကော သိချင်သေးလား
ဆက်ဖက် ဆက်ဖက် 😁😁😁
🙏ရွှေစည်းခုံစေတီတော်
🙏လောကနန္ဒာစေတီတော်
🙏ရှင်အစ္စဂေါဏ စေတီ
🙏ဆုတောင်းပြည့် ပြည့်ငါးပြည့်ရုပ်ပွါးတော်မြတ် ငါးဆူ
🙏ဓမ္မရာဇက စေတီ
🙏ဓမ္မရံကြီး ဘုရား
🙏သဗ္ဗညုစေတီ
🙏ရွှေဆံတော်ဘုရား
🙏တာမဏီသိမ်
🙏ဗူးဘုရား
🙏အာနန္ဒာစေတီ
🙏မဟာငှက်ပစ်တောင်ဘုရား
🙏ရှင်အရဟံအုဋ်ကျောင်း
🙏မနူဟာ ဘုရား
🙏ကန်တော့ပုလ္လင်စေတီ
🙏စူဠာမဏိစေတီ
🙏စိုးမင်းကြီး အုဋ်ကျောင်း
🙏ဗူးဘုရား
🙏အလိုတော်ပြည့်စေတီ
🙏ထီးလိုမင်းလိုစေတှ
🙏ရုပ်စုံကျောင်းလိုလူသိများထင်ရှားလှတဲ့ နတ်ထောင့်ကျောင်းကြီး
🙏ရွှေကွန်ခြာဘုရား
တိုအပြင် ကားနဲ့သွားဖူးဖို မရောက်နိုင်တဲ့ နေရာလေးတွေကိုလည်း
မြင်းလှည်းလေးတွေစီးပြီး ဘုရားဖူးကြမယ် 😍
အော်❕ဆရာမ ပုညခင်ရဲ့ လက်ကျန်လရောင်စာအုပ်ထဲက မြကျေးလေးတိုနေတဲ့ မင်းနန်သူရွာလည်း ရောက်ဦးမှာနော်☺️☺️☺️
ဧရာဝတီမြစ်ကြီးထဲမှာ စက်လှေစီးပြီး သဲနုနုသောင်ခုံပေါ်မှာ နေဝင်ဆည်းဆာအလှနဲ့ ဓာတ်ဖမ်းကြမယ် 😍 ပြေးလွှားဆော့ကစားကြမယ် 😍
ပိုင်ထန်းတဲမှာလည်း အညာဒေသထွက် ထန်းရေချိုအေးမွှေးလေးတွေမြည်းစမ်းသောက်သုံးကြမယ်🤗
Wow! 😱😱😱 နေရာတွေအစုံလည်းရောက်ဦးမှာဆိုတော့ ဘာများလိုသေးလည်းနော် 🥰
အပြန်ကျရင်ကော 🤔🤔🤔
အညာဒေသရဲ့အိုအေစစ်တစ်ခုဖြစ်တဲ့ ပုပ္ပါးတောင်မကြီးရဲ့ဘေးက တောင်ပေါ်တောင်ရွာလေးမှာ အေးမြခြင်းအရသာလေးကိုခံစစားမယ်
ပုပ္ပါး ဒေသထွက် လက်ဆက်တဲ့ သစ်သီးလေးတွေဝယ်မယ်။🍒🍒🍒
သူတော်စင်များမွှေ့လျှော်ရာ ပုပ္ပါးတောင်မြတ် တောင်ကလပ်ကြီးပေါ် အတူတကွ ပျော်ပျော်ပါးပါး တက်ကြမယ် ⛰⛰⛰
ကျောက်ပန်းတောင်းဒေသထွက် အာလူးကြော်တွေဝယ်ပြီး လက်ပံပြားကျေးရွာမှာလည်း နိုင်ငံကျော် လက်ပံပြားကြက်ကြော် စားကြဝယ်ကြမယ် 🥰🥰🥰
ကဲ ဘာလိုသေးလည်းကိုယ်နဲ့ကမ္ဘာအဆုံးလိုက်ခဲ့ပါအချစ်ရယ်🥳🥳🥳
ဒီလောက်နေရာစုံအောင် Express ကားကြီးတဲ့တစ်မျိုး ☺️၊ မြင်းလှည်းနဲ့တစ်ဖုံ 😳၊ စက်လှေကြီးတွေနဲ့တစ်သွယ်😮 လိုက်ပို့မှာဆိုတော့ ဈေးအရမ်းများမှာပဲလို့မထင်လိုက်နဲ့နော်😊😊😊
အပေါ်မှာပြောပြပေးထားတဲ့နေရာတွေကိုစုံစုံလင်လင် လိုက်ပို့ပေးမယ့်အပြင် မြင်းလှည်းစီးတာတွေရော စက်လှေစီးတာတွေရော တဆင့်သွားတောင်တက်ကားခ အပြီးအစီးကိုမှ (၂၁၉,၀၀၀ ) ပဲ ကျသင့်မှာပါ🤗🤗🤗