Lasi Travels & Tours

Lasi Travels & Tours � Fast Visa Approval | � Flight Tickets | � Hotels | � Travel Made Simple with Lasi Tours

အပန်းဖြေဖို့အတွက် အနီးဆုံး Paradise (သို့မဟုတ်) ရိုးမသွားတဲ့ ကမ်းခြေအလှတရား" 🌴​ပင်လယ်ဆိုတာ ဘယ်နှစ်ခေါက်ရောက်ရောက် ပြန်လာ...
12/10/2026

အပန်းဖြေဖို့အတွက် အနီးဆုံး Paradise (သို့မဟုတ်) ရိုးမသွားတဲ့ ကမ်းခြေအလှတရား" 🌴

​ပင်လယ်ဆိုတာ ဘယ်နှစ်ခေါက်ရောက်ရောက် ပြန်လာတိုင်း လွမ်းနေရမြဲ နေရာမျိုးပါ။ အထူးသဖြင့် ကျွန်တော်တို့နဲ့ အနီးဆုံးမှာရှိတဲ့ ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေဟာ တစ်ခါသွားရင် တစ်မျိုးမရိုးနိုင်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာပါ။

​🌊 ကြည်လင်တဲ့ ရေပြင်နဲ့ လှိုင်းသံလေးများ:
သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်ရင်း ခြေထောက်လေးကို လာထိတဲ့ လှိုင်းသံအေးအေးလေးတွေက ဦးနှောက်ထဲက အမောအပန်းတွေကို ချက်ချင်းဆိုသလို ပြေလျော့သွားစေပါတယ်။ ငွေဆောင်ရဲ့ ဆိတ်ငြိမ်တဲ့ ပင်လယ်ပြာပြာကြီးပဲဖြစ်ဖြစ်၊ ချောင်းသာရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ကမ်းခြေမြင်ကွင်းပဲဖြစ်ဖြစ် စိတ်ကိုကြည်လင်စေတာကတော့ အမှန်ပဲပေါ့။

​☀️ နွေးထွေးတဲ့ နေရောင်ခြည်နဲ့ နေဝင်ချိန်အလှ:
ညနေစောင်းလို့ ကောင်းကင်ကြီး တစ်ပြင်လုံး ရွှေရောင်သန်းပြီး ပင်လယ်ထဲ နေဝင်သွားတဲ့ မြင်ကွင်းဟာ ကမ္ဘာပေါ်မှာ အလှဆုံး ပန်းချီကားတစ်ချပ်ပါပဲ။ အဲဒီအချိန်မှာ ချစ်ရတဲ့သူတွေနဲ့အတူ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း ကုန်ဆုံးရတဲ့ အချိန်တွေက တကယ်ကို တန်ဖိုးရှိလှပါတယ်။

​🦐 လတ်ဆတ်တဲ့ ပင်လယ်စာ စားဖွယ်စုံ:
ကမ်းခြေရောက်ရင် မပါမဖြစ်တာကတော့ လတ်လတ်ဆတ်ဆတ် ရရှိတဲ့ ပုစွန်ဆီပြန်ဟင်းနဲ့ ကဏန်းကင် ပူပူနွေးနွေးလေးတွေပါ။ ပင်လယ်စာကြိုက်သူတွေအတွက်တော့ ဒီနေရာတွေဟာ နိဗ္ဗာန်ဘုံပါပဲ။

​အလုပ်တွေ အရမ်းပင်ပန်းလာရင် ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ မမေ့ပါနဲ့။ စိတ်အပန်းဖြေဖို့အတွက် ကမ်းခြေထက်ကောင်းတဲ့နေရာ ရှိဦးမလား?
​ခရီးသွားဖို့ စိတ်ကူးရှိလာတဲ့အခါတိုင်း၊ အမှတ်တရကောင်းတွေ ဖန်တီးချင်တဲ့အခါတိုင်း Lasi Tour Service က သင့်နံဘေးမှာ အမြဲရှိနေမှာပါ။ 😉

ပြည်တွင်းပြည်ပ Airticketsများ၊ Hotel Booking နှင့် Visa အကြောင်းများ အသေးစိတ် သိလိုပါက စုံစမ်းရန်

Contact Information
09404978795
09884369298
09884368654

Address:
No.898 (KFC Building), Pinlon Road, 34 Ward, North Dagon, Yangon

Email:
[email protected]

#ခရီးသွား

✨ ခရီးစဉ်တိုင်းအတွက် စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေဆုံး ဝန်ဆောင်မှုတွေကို Lasi Travel & Tour နဲ့အတူ ရယူလိုက်ပါ…​တစ်နေရာတည်...
05/10/2026

✨ ခရီးစဉ်တိုင်းအတွက် စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေဆုံး ဝန်ဆောင်မှုတွေကို Lasi Travel & Tour နဲ့အတူ ရယူလိုက်ပါ…

​တစ်နေရာတည်းမှာတင် အစုံအလင် ရရှိနိုင်မယ့် Lasi ရဲ့ ဝန်ဆောင်မှုများ -

🔹 ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များ
🔹 ဗီဇာ အမျိုးမျိုး လျှောက်ထားခြင်းများ
🔹 ကမ္ဘာအနှံ့ နိုင်ငံတကာ ဟိုတယ် Booking များ
🔹 စိတ်တိုင်းကျ စီစဉ်ပေးသည့် ပြည်တွင်း/ပြည်ပ ခရီးစဉ် Package များ

​ခရီးစဉ်အစအဆုံး စိတ်ချလက်ချ အပ်နှံနိုင်သလို ငွေပေးချေမှုကိုလည်း "LASI TRAVEL & TOUR COMPANY LIMITED" ကုမ္ပဏီ M-Banking အကောင့်များ (KBZ, AYA, CB) ဖြင့် တိုက်ရိုက် လက်ခံပေးနေတာမို့ ၁၀၀% ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။

ပြည်တွင်းပြည်ပ Air tickets များ၊ Hotel booking များ နှင့် Visa အကြောင်းများကို အသေးစိတ်သိရှိလိုပါက
Contact : 09404978795
09884369298
09884368654
Email : [email protected]
Address: No.898 (KFC Building), Pinlon Road,
34 Ward, North Dagon,Yangon

30/09/2026

ဒီနေ့မှာတော့ လေဆိပ်မှာအမေးများတဲ့ questions တွေနဲ့ ဖြေပုံဖြေနည်းလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်

1. What is the purpose of your trip?
( သင့်ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ )
2. How long will you stay?
( ဘယ်လောက်ကြာကြာနေမှာလဲ )
3. Where will you be staying?
( ဘယ်မှာနေမှာလဲ )
4. Do you have a return ticket?
( အပြန်လက်မှတ်ရှိပါသလား )
5. What do you do for a living?
( အသက်မွေးဝမ်းကြောင်းအတွက် ဘာအ
လုပ်လုပ်ပါသလဲ )
6. Is this your first time visit to our country?
( ကျွန်တော်တို့နိုင်ငံကို ပထမဆုံးအကြိမ်လာ
လည်တာလား )

ဒါကတော့ အမေးများတဲ့ မေးခွန်းလေးတွေပဲဖြစ်ပါတယ် ဒါမျိုးမေးရင်ဘယ်လိုဖြေရမလဲဆိုတော့ ⬇️

1. I am here for tourism.
( ခရီးသွားဖို့ လာတာပါ )
2. I will stay for ( … ) days .
( ရက်/ပတ် နေမှာပါ )
3. I am staying at ( hotel name ).
( … မှာတည်းမှာပါ )
4. Yes. ( ပီးရင် air ticket ပြ )
5. I am a ( position) at ( company name ).
( ကျွန်တော်က … company မှာ … ရာထူးနဲ့
အလုပ်လုပ်နေပါတယ် )
6. Yes, this is my first time.
( ဟုတ်ပါတယ် ဒါပထမဆုံးအကြိမ်ပါ )

ဒီလိုလေးတွေဖြေလို့ရပါတယ်
လေဆိပ်သွားရင် လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန် print ထုတ် ယူသွားပါ
မေးခွန်းဖြေရင်လဲ မရှက်မကြောက် ရဲရဲတင်းတင်းပဲ ဖြေပါ

ပြည်တွင်းပြည်ပ Air tickets များ၊ Hotel booking များ နှင့် Visa အကြောင်းများကို အသေးစိတ်သိရှိလိုပါက
Contact : 09404978795
09884369298
09884368654
Email : [email protected]
Address: No.898 (KFC Building), Pinlon Road,
34 Ward, North Dagon, Yangon

သမိုင်းရာဇဝင် အငွေ့အသက်တွေနဲ့ပြည့်နှက်နေတဲ့ရှေးဟောင်းနယ်မြေ ပုဂံမြို့လေးဆီသို့ …🌤️🌅“မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးသင့်တယ်...
28/09/2026

သမိုင်းရာဇဝင် အငွေ့အသက်တွေနဲ့ပြည့်နှက်နေတဲ့
ရှေးဟောင်းနယ်မြေ ပုဂံမြို့လေးဆီသို့ …🌤️🌅

“မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးသင့်တယ်” ဆိုတဲ့ အတိုင်း ဘဝမှာတစ်ကြိမ်လောက်တော့
လှည်းဝင်ရိုးသံ တညံညံ အညာမြေပုဂံမြို့လေးဆီသို့
ရောက်အောင် သွားလည်သင့်တယ်နော်။

ရှေးဟောင်းပုံဂံမြို့လေးမှာ သွားရောက်လည်ပတ်ရင်
ဘယ်လိုထူးခြားမှုလေးတွေရှိနေလဲ ??

ပုဂံညောင်ဦးဘက်ကို ဘုရားဖူးလာကြတဲ့ လူအများစုက အချိန်ပေးနိုင်ရင် အနော်ရထာမင်းကြီး
အဓိငှါန်ပြု တည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တော်လေးဆူကို နေ့မကူးပဲအပြီးဖူးကြသလို

အဓိငှါန်အောင် ဆုတောင်းပြည့်ရုပ်ပွါးတော်ငါးဆူ ( ပြည့်ငါးပြည့် ) ကိုလည်း ပုဂံရောက်တိုင်း ဖူးမြော်လေ့ရှိကြပါတယ်။

“နေ့မကူးဘဲ အပြီးဖူးရတဲ့ စွယ်တော်လေးဆူ"
💠 ပုဂံမြို့အ၀င်က တုရင်တောင်စွယ်စေတီတော်
💠 ညောင်ဦးမြို့က ရွှေစည်းခုံစေတီတော်
💠 ပုဂံမြို့သစ်ဘက်ခြမ်းက လောကနန္ဒာ စေတီတော်
💠 တစ်ဖက်ကမ်းက တန့်ကြည်တောင်စေတီတော်

“ပုဂံ ပြည့်ငါးပြည့်ဘုရားများမှာ"

(၁)ရွှေဆံတော်ဘုရားဝန်း အရှေ့ဘက်
ဆုတောင်းပြည့်ဘုရား
(၂)လောကနန္ဒာဘုရားဝန်းအတွင်းရှိ
ဆုတောင်းပြည့်ဘုရား
(၃)တာမဏီသိမ်တော်ဘုရားဝန်းအတွင်းရှိ
ဆုတောင်းပြည့်ဘုရား
(၄)ဓမ္မရာဇကဘုရား အရှေ့ဘက်မုဒ်
ဆုတောင်းပြည့်ဘုရား
(၅)ဓမ္မရာဇကဘုရား တောင်ဘက်မုဒ်
ဆုတောင်းပြည့်ဘုရား

ပုဂံရောက်ဖြစ်ခဲ့လို့ အချိန်ပေးနိုင်မယ်ဆိုရင်
စွယ်တော်လေးဆူနဲ့ ပြည့်ငါးပြည့်ဘုရားများကို သွားရောက်ဖူးမြော်ကြည့်ပါလို့ အကြံပေးတိုက်တွန်းလိုက်ရပါတယ်ရှင် 🙏🏻🙏🏻🙏🏻

“ဒုမှာ ဓမ္မရံ
ဉာဏ်မှာ သဗ္ဗညု
အနုမှာ အာနန္ဒာ
တန်ခိုးမှာ ရွှေစည်းခုံ" ဆိုတဲ့အတိုင်း ထိုဘုရားတွေကိုတော့ မဖြစ်မနေ ဖူးမြော်သင့်ပါတယ်။

Sightseeing activity အနေနဲ့
မီးပုံးပျံကြီးတွေပေါ်ကနေ ပုဂံတစ်မြို့လုံးကို ပန်းချီကားတစ်ချပ်သဖွယ် မြင်ရမယ့်မြင်ကွင်းလည်း ရှိနေပါသေးတယ် 🌄🌄
Balloons Service တွေက အမျိုးစုံရှိတာမလို့ ကိုယ်ကြိုက်နှစ်သက်ရာနဲ့ ရွေးချယ်စီးနင်းနိုင်ပါတယ်။

မြန်မာတို့အတွက်တော့ ပုဂံဟာ ကြီးကျယ်မြင့်မြတ်ခမ်းနားလွန်းလှပါတယ်.. လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဆိုတဲ့အတိုင်း.. ရှိရှိသမျှ တန်ခိုးကြီး ဘုရားအကုန်လုံးကို ကောင်းကင်ယံကနေ တစ်ချိန်တစ်ခါ တစ်မနက်ထဲကနေ ဖူးမြော်ရတာဟာ အလွန်ကုသိုလ်ထူးလှပြီး ကြည်နူးပီတိဖြစ်ရမှာ အမှန်အကန်ပင်ဖြစ်ပါတယ်။

တခြား Activity အနေနဲ့ဆိုလျှင်
e-bike လေးစီးပြီး ဖုံထူထူ မြေနီလမ်းလေးတွေပေါ်ကနေ ပုဂံမြို့တွင်း လျှောက်လည် ..
မောလာရင် ထနောင်းရိပ်အောက်က ရုပ်သေးရုပ်ရောင်စုံလေးတွေရှိတဲ့ နေရာမှာ ဝင်နားကာ ..
ပါးမှာသစ်ရွက်ပုံ သနပ်ခါးလေး လိမ်းခြယ်ပြီး
လက်ပန်းချီရေးဆွဲကြတဲ့ အတွေ့အကြုံဟာလည်း
ပုဂံမြို့မှာသာ ရရှိနိုင်တာ ဖြစ်ပါတယ်။

မြေနီလမ်းလေးတွေမှသည် စေတီပုထိုးတွေဆီအရောက်သွားပြီး အလွမ်းတွေဖြေသိမ့်ဖို့ အညာမြေပုဂံမြို့လေးဆီသို့ အရောက်သွားကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ် 🍀🍀🍀🌤️🌤️🌤️

Lasi tours မှာဗီဇာအပြင်
- Flight Tickets
- Hotel Booking
တွေကိုလဲ ရရှိနိုင်ပါတယ်ရှင့်

ပြည်တွင်းပြည်ပ Air tickets များ၊ Hotel booking များ နှင့် Visa အကြောင်းများကို အသေးစိတ်သိရှိလိုပါက
Contact : 09404978795
09884369298
09884368654
Email : [email protected]
Address: No.898 (KFC Building), Pinlon Road,
34 Ward, North Dagon, Yangon

သတင်းကောင်းလေး လာပါပြီ! ✨​Myanmar National Airlines ရဲ့ Thadingyut Special Promotion လေးနဲ့အတူ နိုင်ငံတကာခရီးစဉ်တွေအတွက်...
24/09/2026

သတင်းကောင်းလေး လာပါပြီ! ✨

​Myanmar National Airlines ရဲ့ Thadingyut Special Promotion လေးနဲ့အတူ နိုင်ငံတကာခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်တွေကို 15% discount နဲ့ ဝယ်ယူနိုင်ပါပြီ။

✈️🌍 နိုင်ငံခြားသွားဖို့ စီစဉ်နေပါသလား?Visa လျှောက်ဖို့ စာရွက်စာတမ်းများများကြောင့် စိတ်ပင်ပန်းနေလား?Rejected ဖြစ်မှာစိုး...
21/09/2026

✈️🌍 နိုင်ငံခြားသွားဖို့ စီစဉ်နေပါသလား?
Visa လျှောက်ဖို့ စာရွက်စာတမ်းများများကြောင့် စိတ်ပင်ပန်းနေလား?
Rejected ဖြစ်မှာစိုးရိမ်နေပါသလား?

အခုတော့ စိတ်မပူပါနဲ့… Lasi Tour မှာ Visa ဝန်ဆောင်မှုကို စနစ်တကျ၊ လုံခြုံစိတ်ချစွာ ဆောင်ရွက်ပေးနေပါပြီ

နိုင်ငံအများအပြားအတွက် လျှောက်ထားနိုင်ပြီး သင့်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ Visa Type ကို တိကျမှန်ကန်စွာ အကြံပေးကူညီပေးပါတယ်။

💡 ဘာကြောင့် Lasi Tour ကို ရွေးချယ်သင့်လဲ?

✔️ အတွေ့အကြုံရှိသော Visa Consultant များမှ တစ်ဦးချင်းစီ အကြံပေးဆောင်ရွက်ပေးခြင်း
✔️ လိုအပ်သော စာရွက်စာတမ်းများ စနစ်တကျ စီစဉ်ပေးခြင်း
✔️ Application Form များကို မှန်ကန်စွာ ဖြည့်စွက်ပေးခြင်း
✔️ Bank Statement, Cover Letter, Travel Plan စသည့် Supporting Documents များ အကောင်းဆုံး ပြင်ဆင်ပေးခြင်း
✔️ Interview Preparation Guide ပေးခြင်း

Visa လျှောက်ထားရာမှာ အသေးစိတ်အချက်အလက် တစ်ချက်လွဲမှားတာကြောင့် Reject ဖြစ်နိုင်ပါတယ်။
ဒါကြောင့် Professional Service နဲ့ လုပ်ဆောင်ခြင်းက သင့်အောင်မြင်မှုအတွက် အရေးကြီးပါတယ်။

Lasi Tour က သင့်ရဲ့ အိမ်မက်ခရီးစဉ်ကို အကောင်အထည်ဖော်ပေးမယ့် ယုံကြည်စိတ်ချရသော Travel & Visa Partner ဖြစ်ပါတယ် 🌟

🎯 First Time Apply လုပ်မယ့်သူများ
🎯 Previous Reject ရှိထားသူများ
🎯 အမြန်ဆုံး Process လိုအပ်သူများ
အားလုံးအတွက် သင့်တော်သော Solution များ ပေးနိုင်ပါတယ်။

📞 ယနေ့တင်ပဲ ဆက်သွယ်ပြီး Free Consultation ရယူလိုက်ပါ။
📩 Page Messenger မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်။

ပြည်တွင်းပြည်ပ Air tickets များ၊ Hotel booking များ နှင့် Visa အကြောင်းများကို အသေးစိတ်သိရှိလိုပါက
Contact : 09404978795
09884369298
09884368654
Email : [email protected]
Address: No.898 (KFC Building), Pinlon Road,
34 Ward, North Dagon,Yangon

Lasi Travels & Tours – Your Journey Begins With Trust ✈️🌍

ပြည်တွင်းပြည်ပ ခရီးသွားလူကြီးမင်းများ လေယာဉ်လက်မှတ်လေးများ ကြိုတင်ကာဝယ်ယူထားချင်လား ‼️အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် 💓အလည်အပတ...
14/09/2026

ပြည်တွင်းပြည်ပ ခရီးသွားလူကြီးမင်းများ လေယာဉ်လက်မှတ်လေးများ ကြိုတင်ကာဝယ်ယူထားချင်လား ‼️

အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် 💓
အလည်အပတ်အတွက်ပဲဖြစ်ဖြစ် 💓 ခရီးသွားဖို့စီစဉ်ထားတယ်ဆိုရင် Lasi Travels & Tours မှ လေယာဉ်လက်မှတ်များကို လွယ်ကူမြန်ဆန်စွာနှင့် ​စျေးနှုန်းမှန်ကန်စွာဖြင့် ခရီးသွားလူကြီးမင်းများအတွက် အ​ကောင်းဆုံးမှုများနဲ့ ​ဆောင်ရွက်​ပေး​နေပါတယ်ရှင့်

ဒါ့ကြောင့်မို့လို့ ပြည်တွင်းပြည်ပခရီးစဉ်အတွက်ကြိုတင်ကာဝယ်ယူထားချင်တယ်ဆိုရင်တော့ Lasi Travels & Tours မှာ၀ယ်ယူနိုင်ပါတယ်​နော် 🩷🫰🙆‍♀️


🙏🙏 သာယာပျော်ရွှင်သော ခရီးစဉ်လေးများကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်မတို့ Lasi Tour မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဆက်သွယ်ရန်
☎️ 09884369289
☎️09884368654
☎️09404978795

Email: [email protected]

Address
No.898, Pinlon Road, 34 Ward, North Dagon, Yangon

🌕 သီတင်းကျွတ် ပိတ်ရက်မှာ အပန်းဖြေဖို့ အစီအစဉ်ရှိရင် အခုတည်းက Booking လုပ်ထားဖို့ မမေ့နဲ့နော်! 🧳✨နှစ်စဉ် မိုးကုန်လို့ ဆော...
09/09/2026

🌕 သီတင်းကျွတ် ပိတ်ရက်မှာ အပန်းဖြေဖို့ အစီအစဉ်ရှိရင် အခုတည်းက Booking လုပ်ထားဖို့ မမေ့နဲ့နော်! 🧳✨

နှစ်စဉ် မိုးကုန်လို့ ဆောင်းအကူး သီတင်းကျွတ် ရောက်ပြီဆိုတာနဲ့ ပိတ်ရက်ရှည်မှာ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ ခရီးထွက် အပန်းဖြေဖို့ ပြင်ဆင်ကြစမြဲပါ။

သီတင်းကျွတ်ကာလဟာ ပြည်တွင်းရော ပြည်ပမှာပါ ခရီးသွား အများဆုံး Peak Season ဖြစ်တာကြောင့် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်တွေကို "နီးမှပဲ ဘွတ်ကင်လုပ်မယ်" ဆိုရင် အဆင်မပြေမှုတွေ ကြုံရနိုင်ပါတယ်။

စောစော Booking လုပ်ထားရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -

🔹 အကြိုက်ဆုံး အခန်းရနိုင်ခြင်း: Sea View သို့မဟုတ် View ကောင်းတဲ့ အခန်းတွေကို ဦးစွာ ရွေးချယ်နိုင်မယ်။
🔹 ဈေးနှုန်း သက်သာခြင်း: Peak Season နီးလာလေ ဈေးနှုန်းမြင့်တက်လာလေ ဖြစ်လို့ Early Bird Promo တွေနဲ့ အသက်သာဆုံး ရရှိမယ်။
🔹 အချိန်ဇယား သေချာခြင်း: ကား/လေယာဉ် ထွက်ခွာချိန်တွေကို မိမိအဆင်ပြေဆုံး အချိန်ဇယားအတိုင်း စိတ်ကြိုက် ရွေးချယ်ထားနိုင်မယ်။
🔹 စိတ်အေးချမ်းမှု ရရှိခြင်း: ခရီးသွားခါနီးမှ အရာရာ အလုအယှက် စီစဉ်ရတဲ့ စိတ်ဖိစီးမှုမရှိဘဲ ခရီးအိတ်ပဲ အေးဆေး ပြင်ရုံပါပဲ။

"နီးမှလုပ်မယ်" ဆိုပြီး ဆိုင်းငံ့ထားရင် အကြိုက်ဆုံးနေရာ မရတော့တာမျိုး ဒါမှမဟုတ် ဈေးကြီးပေးဝယ်ရတာမျိုးတွေ ကြုံရနိုင်တာမို့ Ticket နဲ့ Hotel Booking တွေကို အခုတည်းက ကြိုတင် ပြုလုပ်ထားကြဖို့ အကြံပြုလိုက်ပါရစေ။

💛 ဒီနှစ် သီတင်းကျွတ်မှာ စိတ်ကြိုက် ခရီးစဉ်လေးနဲ့ ပျော်ရွှင်စရာ အမှတ်တရများစွာ ဖန်တီးလိုက်ပါ! 🏖️⛰️

ပြည်တွင်းပြည်ပ Air tickets များ၊ Hotel booking များ နှင့် Visa အကြောင်းများကို အသေးစိတ်သိရှိလိုပါက
Contact : 09404978795
09884369298
09884368654
Email : [email protected]
Address: No.898 (KFC Building), Pinlon Road,
34 Ward, North Dagon,Yangon

07/09/2026

Malaysia (မလေးရှား) 🇲🇾🇲🇾🇲🇾

လူမျိုးစုံ၊ ဘာသာစုံချစ်ကြည်စွာ ယှဉ်တွဲနေထိုင်ကြသော မလေးရှားနိုင်ငံရဲ့ လူဦးရေမှာ ၃၅သန်းကျော်ရှိပြီး
နည်းပညာအလွန် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်ပါတယ်။

💰မလေးရှားနိုင်ငံရဲ့ Currency - Malaysian Ringgit (RM) ကို အသုံးပြုပါတယ်။
ယခုလက်ရှိ Currency Table အရ အမေရိကန်ဒေါ်လာ 100 usd က Malaysian Ringgit 410-420 ရပါတယ်။

🛂 Visa ကြိုလျှောက်ဖို့ လိုအပ်လား?
မြန်မာနိုင်ငံသားများအတွက် မလေးရှားနိုင်ငံကို ၁၄ ရက် Visa Free ဖြင့် လည်ပတ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ Social Visit ဖြစ်တာကြောင့် ခိုင်မာတဲ့ အကြောင်းပြချက် လိုအပ်ပါတယ်။

Where to visit in Malaysia 🇲🇾
📍Kuala Lumpur မြို့မှာရှိတဲ့ မလေးရှားရဲ့ Landmark - Petronas Twin Tower

📍တရုတ်လူမျိုးတို့ အထွတ်အမြတ်ထားရာ Thean Hou Temple ဆုတောင်းပြည့်ဘုံကျောင်း

📍ဟိန္ဒူဘာသာဝင်များရဲ့ အထွတ်အမြတ်ထား ကိုးကွယ်ရာ Lord Murugan ရဲ့ ရွှေရောင်မတ်
တပ်ရုပ်တုကြီး တည်ရှိရာ Batu Caves

📍ကမ္ဘာ့အလှပဆုံး Riverfront (၁၀)ခု ထဲက တစ်ခုဖြစ်တဲ့ Kuala Lumpur ရှိ River of Life ( Klang River )
River of life restoration project သည် Malaysia ringgit 4.4 billion ဝန်းကျင်ကုန်ကျတယ်လို့ သိရပါတယ်။

📍Putrajaya မြို့ရှိ ခမ်းနားလှပသော Putra Mosque, Perdana Putra - The Prime Minister’s Office

📍တိမ်ပင်လယ်မြို့လို့ တင်စားခေါ်ဝေါ်ပြီး လည်ပတ်စရာ အစုံအလင်ရှိသော Genting Highlands - “City of Entertainment” လို့လည်း ခေါ်ပြီး စျေးဝယ်စင်တာများ၊ အစားအသောက်တန်းများနှင့် စည်ကားလျက်ရှိပါတယ်။
Malaysia မှာ တရားဝင်ဖွင့်ခွင့်ရှိတဲ့ တစ်ခုတည်းသော ကာစီနိုလည်း ရှိပါတယ်။ 🎰🎰

ခေတ်မှီတိုးတက်နေတဲ့ မလေးရှားနိုင်ငံသို့
အလည်ပတ်သွားရောက်လိုသလား
အလုပ်အကိုင်အခွင့်အလမ်းများနှင့် သွားရောက်လိုပါသလား ~~
Lasi Travel & Tours ကို ဆက်သွယ်လိုက်ပါ။

ပြည်တွင်းပြည်ပ Air tickets များ၊ Hotel booking များ နှင့် Visa အကြောင်းများကို အသေးစိတ်သိရှိလိုပါက
Contact : 09404978795
09884369298
09884368654
Email : [email protected]
Address: No.898 (KFC Building), Pinlon Road,
34 Ward, North Dagon, Yangon





#

Address

No. 898, Pinlon Road, 34 Ward, North Dagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Lasi Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

Nearby travel agencies