A - Roy Myanmar Travels & Tours Co., Ltd.

A - Roy Myanmar Travels & Tours Co., Ltd. www.aroymyanmartravel.com
Signature of Memories ! www.aroymyanmartravel.com
Signature of memories !

Passport ​လျှောက်ထားမည့်သူများ Online Booking စနစ် ကို ၂၁.၃.၂၀၂၂ မှ စတင်​​ပြောင်းလဲသုံးစွဲမည်။www.passport.gov.mm  က​နေ ...
13/03/2022

Passport ​လျှောက်ထားမည့်သူများ Online Booking စနစ် ကို ၂၁.၃.၂၀၂၂ မှ စတင်​​ပြောင်းလဲသုံးစွဲမည်။

www.passport.gov.mm က​နေ ၀င်​ရောက်​​​လျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။

31/12/2021
ဒုံးညောင်မှိုင်း .....CBT ဖွင့်ပွဲ .....(ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း) ဒုံးညောင်မှိုင်း‌ကျေးရွာ....           ဒုံးည...
10/01/2021

ဒုံးညောင်မှိုင်း .....
CBT ဖွင့်ပွဲ .....

(ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း)
ဒုံးညောင်မှိုင်း‌ကျေးရွာ....

ဒုံးညောင်မှိုင်း‌ကျေးရွာလေးဟာ မြိတ်မြို့မှ ၄၈ မိုင်ခန့်ကွာဝေးတဲ့ ကျွန်းစုမြို့နယ်ထဲက ဒုံးကျွန်းပေါ်မှာတည်ရှိပါတယ်။Speed Boat နဲ့ ၂ နာရီခန့်အတွင်းရောက်ရှိနိုင်ပါတယ်။ဒီရွာလေးရဲ့ပတ်လည်အနီးတဝိုက်မှာ မြိတ်ခရိုင်ရဲ့ အဓိ ကပင်လယ်ခရီးစဉ်တွေဖြစ်တဲ့ စမတ်ကျွန်း(ပါပန့်ကျွန်း)၊လေးကျွန်း၊ဘေလီကျွန်း၊နှစ်ဖက်လှကျွန်း၊နတ်သမီးရေတွင်းကျွန်း စသည့်ကျွန်းများ တည်ရှိပြီး၊ အဲ့ဒီ့ကျွန်းတွေဆီကို ဒုံးကျွန်းကနေပြီး အချိန်တိုအတွင်း သွားရောက်နိုင်ပါတယ်။
ဒုံးညောင်မှိုင်းကျေးရွာမှာ ကရင်၊ဗမာ၊ဆလုံ လူမျိုးများအခြေချနေထိုင်ပြီး ရွာသူရွာသားဦးရေ (၇၃၉ )ဦးနေထိုင်လျက်ရှိပါတယ်။ဆလုံလူဦးရေ ၂၀၉ ဦးနေထိုင်လျက်ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ကျေးရွာအတွင်းမှာ စုစုပေါင်းအိမ်ခြေ ၁၄၀ ခန့်ရှိပါတယ်။
ဒုံးညောင်မှိုင်းကျေးရွာမှာ ယ‌နေ့ (10-1-2021)နေ့မှာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်၀န်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့်ဌာနဆိုင်ရာများ၊မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ၊‌ ဒေသခံများနှင့်မီဒီယာအဖွဲ့များမှစု‌ပေါင်းပြီး CBT ဖွင့်ပွဲပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုံးညောင်မှိုင်းကျေးရွာလေးဟာ ကိုဗစ်အလွန်ကာလမှာ မြိတ်ကျွန်းစု၊မြိတ်ခရိုင်ပင် လယ်ပြင်အတွင်း ပြည်တွင်း၊ပြည်ပ ခရီးသည်များ ညအိပ်ခွင့်ရရှိမည့် ပထမဆုံးကျွန်းပေါ်နေရာလေးလဲ ဖြစ်လာပါပြီ။
ဒုံးညောင်မှိုင်း ကျေးရွာရဲ့အဓိက အသက်မွေး၀မ်းကျောင်းမှုကတော့ ရေလုပ်ငန်းဖြစ်ပြီး၊မြိတ်ခရိုင်အတွင်း ပင်လယ်ပြင်နေ့ချင်းပြန်ခရီးစဉ်များ ဖွံ့ဖြိုးစပြုချိန်အတွင်း ကျွန်းအချို့ ကိုသွားတဲ့ နေ့ချင်းပြန်ခရီးစဉ်တွေမှာ နေ့လည်ခင်း ထမင်းစားတစ်ထောက်နားတဲ့ နေရာဖြစ်လို့ ဒီကျေးရွာလေးရဲ့ ဒုတိယလုပ်ငန်းဟာ ခရီးသွားလုပ်ငန်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။
ဒုံးညောင်မှိုင်းကျေးရွာရဲ့ CBT အဆောက်အဦးတွေကို ရွာအပြင်ဖက်မှာဆောက်လုပ်ထားပြီး ခရီးသည် (၁၆)ဦးတည်း ခိုနေထိုင်နိုင်ပါတယ်။ ဒုံးညောင်မှိုင်းCBT ရဲ့ အဓိက activites တွေကတော့ ရေကူးခြင်း၊ကမ်းခြေလမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း၊အနီးအနားရှိ ကျွန်းပေါ်ကျေးရွာများသို့လည်ပတ်ခြင်း၊sunset ကြည့်ရှုခြင်း၊ဒေသခံများရဲ့ လူနေမှုဘ၀ကို လေ့လာခြင်း၊ ကယက်လှော်ခတ်ခြင်းတို့နှင့် ဒေသခံများ၏ ငါးဖမ်းခြင်းအား လေ့လာခြင်းတို့ဘဲဖြစ်ပါတယ်။
ဒုံးညောင်မှိုင်းကျေးရွာ အနီးCBT အဆောက်အဦရှေ့ က ကမ်းခြေဟာ ရေဆွဲအားမရှိဘဲ ၊ရေကူးရန်သင့်တော်တဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ရေလုပ်ငန်းလုပ်တဲ့ ကျေးရွာနဲ့နီးပေမဲ့ အနံ့အသက် ကောင်းမွန်ပြီး၊လေကောင်းလေသန့်ရရှိပါတယ်။CBT ပြုလုပ်မည့်အဆောက်အဦးတည်နေရာဟာ အ ရှေ့မှာပင်လယ်၊အနောက်မှာ Mangrove တောရှိတဲ့ချောင်း ငယ်လေးတည်ရှိတာကြောင့် ရေပြင် နှစ်ခုကြားက ကုန်းတန်းလေးပေါ်မှာ တည်ရှိ‌နေပါတယ်။
ဒုံးညောင်မှိုင်းကျေးရွာလေးဟာ ပင်လယ်ပြင်အတွင်းတည်ရှိတဲ့အတွက် ကိုဗစ်အလွန်ကာလမှာ သွားရောက်လည်ပတ်တဲ့ခရီးသည်တွေအတွက် Social Distancing ဖြစ်စေမည့် အပြင် သာယာလှပတဲ့ပင်လယ်ပြင်မြင်ကွင်းကိုမြင်ရပြီး၊ဒေသခံတွေရဲ့လူနေမှုဘ၀ ကိုလေ့လာနိုင်မည့်ခရီးစဉ်တစ်ခုဖြစ်လာပါလိမ့်မယ်...
Photos -crd
Source from Tourism Mergui Archipelago

30/12/2020

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း......

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်း ဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှု ကာလကိုCOVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာ စံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။
ယခုအချိန်ထိ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်တက်နေဆဲရှိသည့်အပြင် ဗြိတိန်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သော ကူးစက်မြန် ဗီဇပြောင်း COVID-19 ရောဂါပိုး အသစ်ကို အချို့အာရှနိုင်ငံများအပါအဝင် အခြားနိုင်ငံများသို့ စတင်ကူးစက်နေလျက်ရှိကြောင်း တွေ့ရှိ ရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်များမှတဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက်လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါညွှန်ကြားချက်၏ သက်ရောက်မှုကာလကို (၃၁-၁-၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ကြောင်း အသိပေးထုတ်ပြန်လိုက်သည်။
တစ်ဖက်တွင် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ထိခိုက်မှုကို ပြန်လည်ကုစားရေးအတွက် အထောက်အကူဖြစ်စေရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအရ International Commercial Passenger Flights များကို COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအပေါ် မူတည်၍ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ အဆင့်လိုက် ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါသည်။

Source from Department of Civil Aviation

ရန်ကုန်မြစ်တွင်း သင်္ဘောခရီးစဉ် ၂၀၂၀ ဒီဇင်ဘာ ၂၅ ၊ ၂၆ ၊ ၂၇ (၃ ရက်အတွက်) ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချ...
24/12/2020

ရန်ကုန်မြစ်တွင်း သင်္ဘောခရီးစဉ်
၂၀၂၀ ဒီဇင်ဘာ ၂၅ ၊ ၂၆ ၊ ၂၇ (၃ ရက်အတွက်)
ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ (SOP) အား လိုက်နာပြီး သင်္ဘောခရီးစဉ်တွင် လိုက်ပါမည့်သူများသည် အမည် ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံပေးပြီး ကြိုတင်လက်မှတ် ဝယ်ယူနိုင်ပါသည်။

လာမယ့် ၂၀ ရက်နေ့  လှော်ကားဥယျာဉ် ပြန်ဖွင့်ပြီ===================================လာမယ့် ၂၀ ရက်နေ့ကစပြီး လှော်ကားဥယျာဉ်ပြန...
16/12/2020

လာမယ့် ၂၀ ရက်နေ့ လှော်ကားဥယျာဉ် ပြန်ဖွင့်ပြီ
===================================
လာမယ့် ၂၀ ရက်နေ့ကစပြီး လှော်ကားဥယျာဉ်ပြန်ဖွင့်ပါတော့မယ်။ ဒါပေမဲ့လို့ စစချင်းမှာတော့ လူဦးရေ ၂၀ သာ ဝင်ရောက်ခွင့်ရဦးမယ်လို့ သက်ဆိုင်ရာက ပြောထားပါတယ်။
လှော်ကားဥယျာဉ်မှာ အစာကျွေးချင်တဲ့သူတွေက အစာတွေကို ကိုယ်တိုင်ဝယ်သွားလို့ရသလို ဥယျာဉ်ကိုလည်း စီစဉ်ခိုင်းလို့ရပါတယ်တဲ့နော်။ ကိုယ်တိုင်ဝယ်မယ်ဆိုရင်တော့ငှက်ပျောသီး ၅၀ ဖီး၊ သခွားသီး ၇၀ လုံး၊ ပြောင်းဖူး ၅၀ လုံး၊ ကန်စွန်းဥ ၅ ပိသာ၊ သဘော်သီး ၅ လုံး၊ ကန်စွန်းရွက် ၅၀ စည်း ဝယ်ရပါမယ်တဲ့။ ဒါကတော့ ဥယျာဉ်ထဲမှာရှိတဲ့ အကောင်လေးတွေအလိုက် လိုအပ်တဲ့ပမာဏကို ဥယျာဉ်ဘက်က ညွှန်ကြားပေးထားတာဖြစ်လို့ စိတ်ချသေချာပါတယ်နော်။
အစာကျွေးရင် တစ်ရက်ကို ၂ ကြိမ်ကျွေးခွင့်ပြုထားပါတယ်။ တစ်ခါကျွေးရင် လူ ၅ ယောက်ထိ ဝင်လို့ရပါတယ်။ မနက်ပိုင်းကျွေးချင်ရင် မနက် ၈ နာရီခွဲကနေ ၉ နာရီအတွင်းနဲ့ ညနေပိုင်းကျွေးချင်ရင်တော့ နေ့လယ် ၂ နာရီကနေ ၂ နာရီခွဲအတွင်းလာရပါမယ်တဲ့။
ဖုန်းလေးတစ်ချက်လောက် ကြိုဆက်ပြီးမှသွားတာ စိတ်အချရဆုံးပါပဲနော်။
Photo Credit Hlaw Ga Park.

ပြည်တွင်းလေကြောင်းခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင...
15/12/2020

ပြည်တွင်းလေကြောင်းခရီးစဉ်အလိုက် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သတ်မှတ် ထားရှိသည့် ဓာတ်ခွဲစစ်ဆေးမည့်နေရာများ

Source from Ministry of Health and Sports

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဥ်များ ပြန်လည် ပြေးဆွဲရာ တွင် လေကြောင်းလိုင်း၀န်ထမ်းများ၊ လေဆိပ်၀န်ထမ်းများနှင့် လေယာဥ်စီ...
14/12/2020

ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဥ်များ ပြန်လည် ပြေးဆွဲရာ တွင် လေကြောင်းလိုင်း၀န်ထမ်းများ၊ လေဆိပ်၀န်ထမ်းများနှင့် လေယာဥ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (Standard Operating Procedures-SOP) (Version 2.1) အား ထပ်ဆင့်ဖော်ပြအပ်ပါသည်။

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဥ်များအား  ပြန်လည်ပြေးဆွဲသွားမည်ဟု ကြားသိရပါသည်။
13/12/2020

ပြည်တွင်းပုံမှန်လေကြောင်းခရီးစဥ်များအား ပြန်လည်ပြေးဆွဲသွားမည်ဟု ကြားသိရပါသည်။

Address

No. 7(3A), Pyi Taw Aye Street
Yangon
09973696175

Alerts

Be the first to know and let us send you an email when A - Roy Myanmar Travels & Tours Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A - Roy Myanmar Travels & Tours Co., Ltd.:

Share

Category