Yangon Makkah Travel & Tours Co., Ltd

Yangon Makkah Travel & Tours Co., Ltd We are Specialized for Hajj and Umrah Pilgrim Travel Visa and
Complete packages for
Economy to Premium Packages
for the whole Myanmar Hajies
(234)

Alhumdullitlah အလ္လာဟ် အသျှင့်ကျေးဇူးတော် နဲ့ ရန်ကုန်မက္ကာ ဟာဂျီများ ရဲ့ ဟီဂျရီ 1447 ခုနှစ် 2026 ခုနှစ် ရဲ့ ဟဂ်ျ ခရီးစဉ်...
14/05/2026

Alhumdullitlah
အလ္လာဟ် အသျှင့်ကျေးဇူးတော် နဲ့
ရန်ကုန်မက္ကာ ဟာဂျီများ ရဲ့ ဟီဂျရီ 1447 ခုနှစ် 2026 ခုနှစ် ရဲ့ ဟဂ်ျ ခရီးစဉ် 15-5-2026 ရက်နေ့ UB019 လေယာဥ် နံနက် (၆း၀၀) နာရီတွင် စတင်ထွက်ခွာနေပါပြီ

17/04/2026

Insha Allah
မနက်ဖြန် 18.04.2026 ရက်
နေ့မှာ
ဟီဂျရီ သက္ကရာဇ် 1447 ခုနှစ်
2026 ခုနှစ် ဟဂ်ျ ဟာဂျီများ ရဲ့
ဟဂ်ျ ခရီးစဉ် အစ Flight များဟာ
ဆော်ဒီအာရေဗျ နိုင်ငံရဲ့ လေဆိပ် အသီးသီး သို့
စတင် ဆိုက်ရောက် တော့မှာ ဖြစ်တဲ့ အတွက်
ကျွန်တော်များ မြန်မာ နိုင်ငံ မှ မြန်မာ မွတ်စလင်မ်
များရဲ့ ယခုနှစ် ဟဂ်ျခရီး စဉ် များ အလ္လာဟ် အသျှင် မြတ် ဖက်တော် မှ ကူညီ စောင်မ ခြင်း များစွာ ဖြင့် အဆင်ပြေ လွယ်ကူမှူ များ ချီးမြှင့် ပေးသနား တော် မူပါစေ
အာမိန်းးးးးး

Alhumdullitlah အလ္လာဟ်အသျှင် ရဲ့ ကူညီ စောင်မ တော် မူခြင်းကြောင့်ကဘာတစ်ဝှမ်း မကြုံစဖူး စစ်ရေးပဋိပက္ခ ကြောင့်ကဘာ့ဝေဟင် ပို...
13/04/2026

Alhumdullitlah
အလ္လာဟ်အသျှင် ရဲ့ ကူညီ စောင်မ တော် မူခြင်းကြောင့်
ကဘာတစ်ဝှမ်း မကြုံစဖူး စစ်ရေးပဋိပက္ခ ကြောင့်
ကဘာ့ဝေဟင် ပိုင်နက် တစ်ခု အပေါ် လေယာဉ် များ ဖြတ်ကျော် ပျံသန်း နိုင်မှူ မရှိ ပဲ ရက်ကြာရှည်စွာပိတ်ထား ခဲ့ မှူ များ ကြား ကနေ
ကျွန်တော် များ Yangon Makkah Travel & Tours Co., Ltd ရဲ့ မြန်မာ မွတ်စလင်မ် တို့ ရဲ့ အားလပ်ရက် ရက် ရှည်ရ သည့် သက်ြန် ပိတ်ရက်ရှည် နှင့် ဟီဂျရီ သက္ကရာဇ် 1447 ခုနှစ် Umrah ခွင့်ပြု ရာသီ ရဲ့ နောက်ဆုံး ပိတ် ခရီးစဉ်
မိမိဌာနေ မွေးရပ်မြေ မြန်မာ ပြည် သို့ အပြန် ခရီးစဉ် စတင်နေပါပြီ

ဂျဘလ် မလာအိကာဗဒရ် စစ်ပွဲ အတွင်း အလ္လာဟ် အသျှင်မြတ် ဖက်တော် မှ မလာအိကာ ကောင်းကင် တမန် များ ‌ဆင်းသက် စေ ခဲ့ရာ တောင်
12/04/2026

ဂျဘလ် မလာအိကာ
ဗဒရ် စစ်ပွဲ အတွင်း အလ္လာဟ် အသျှင်မြတ်
ဖက်တော် မှ မလာအိကာ ကောင်းကင် တမန် များ ‌ဆင်းသက် စေ ခဲ့ရာ တောင်

၂၀၂၆ ခုနှစ် April Umrah ဘဒရ် ဇေယာရသ် ခရီးစဉ် မှတ်တမ်း
12/04/2026

၂၀၂၆ ခုနှစ် April Umrah
ဘဒရ် ဇေယာရသ် ခရီးစဉ် မှတ်တမ်း

Bir Shifa( ဘီးရ် ရှီဖာ )ရှီဖာ ရေတွင်း အစ္စလာမ့် သမိုင်း ၀င်ရခြင်း အကြောင်း အရင်းတမန်တော် မြတ်ကြီး (ဆွ) နဲ့ ဆွဟာဗာ သာ၀က က...
12/04/2026

Bir Shifa( ဘီးရ် ရှီဖာ )
ရှီဖာ ရေတွင်း
အစ္စလာမ့် သမိုင်း ၀င်ရခြင်း အကြောင်း အရင်း
တမန်တော် မြတ်ကြီး (ဆွ) နဲ့ ဆွဟာဗာ သာ၀က ကြီး များ Tabuk စစ်ပွဲ မှ အပြန်
ရေတွင်း တွေ့ လို့ ရေ သောက်ကြည့် တဲ့ အခါ
အရမ်းကို ခါး ပြီး သောက်လို့ မရတာ ကို
ဆွဟဗာ သာ၀ကကြီးတွေ ရဲ့ ရေ ကို ငတ်မွတ်ဆာလောင် မှု အတွက် သောက ဖြစ်တဲ့ ကိုယ်တော် မြတ်ကြီး (ဆွ) အတွက်Allah အသျှင် ဖက် က တမန်တော် မြတ်ကြီး(ဆွ) ကို အံ့ဘွယ် တန်ခိုးတော် အနေနဲ့
တမန်တော် မြတ်ကြီး (ဆွ) ရဲ့ ရွှေခံတွင်း တော် မှ တံထွေး ကို ထို ရေတွင်း ထဲ သို့ ထွေးချ စေလိုက်သော အခါ ခါးသွက် ပြီး သောက်သုံး မရ သော ရေတွင်းမှ ရေ သည် ယနေ့ အချိန်အခါထိ သောက်သုံး နိုင်သော ရေ ချိူ ဖြစ် တည်ရှိ နေခြင်း

Alhumdullitlah အလ္လာဟ် အချစ်တော် ကိုယ်တော်မြတ်ကြီး (ဆွ)အရမ်း ကို သံယောဇဉ်ရှိပြီး စနေ့နေ့တိုင်း တခါတရံလမ်းလျှောက်ပြီး သွာ...
10/04/2026

Alhumdullitlah
အလ္လာဟ် အချစ်တော် ကိုယ်တော်မြတ်ကြီး (ဆွ)
အရမ်း ကို သံယောဇဉ်ရှိပြီး စနေ့နေ့တိုင်း တခါတရံ
လမ်းလျှောက်ပြီး သွား ခဲ့သလို တခါတရံ အစီးအနင်း နဲ့ သွား ခဲ့ လို့ ကိုယ်တော် မရှိတဲ့ နောက်ပိုင်း ကိုယ် တော်ရဲ့ ဆွဟာဘာ သာ၀ကကြီးတွေ ရဲ့ ကိုယ်တော် ပြုကျင့် ခဲ့ တဲ့ လုပ်ရပ် စွန်နသ် အတိုင်း Quba ဗလီ ကို သွားပြီး ဇေယျာရသ် လုပ် နဖိလ် နမားဇ် နှစ်ရကသ် ဖတ် ခဲ့ကြတယ်
မစ်ဂျီဒိ ကူဗာ(ကူဘာ) ဗလီ ဟာ အစ္စလာမ့် သမိုင်း မှာ ပထမဦးဆုံး တည် ဆောက်ခဲ့တဲ့ ဗလီ ဖြစ်သလို
ကိုယ်တော် မြတ်ကြီး သံယောဇဉ် ရှိလို့ စနေ့နေ့ နံနက်ပိုင်း အချိန် တိုင်း ခြေကျင် လမ်းလျှောက် ခြင်း နဲ့ လည်းကောင်း တခါတရံ ကုလားအုတ် စီးပြီး သွား ခဲ့ လို့
ဆော်ဒီ အာရေဗျ ရဲ့ အုပ်ချူပ်သူ များက ကဘာ တဝှမ်း က မွတ်စလင်မ်တွေ ကိုယ်တော် လမ်းစဉ် စွန်နားသ် ကို ကျင့်ကြံ ပြီး အလ္လာဟ် သျှင် နှစ်သက်မှူ ရစေ ဖို့ ကိုယ်တော် မြတ် ဗလီ Masjid နဗဝီ ကနေ ကူဘာ ဗလီ ထိ လမ်းလျှာက်သွား နိုင်မယ့် လူသွား လမ်းလျှောက် လမ်း သီးသန့် မျက်စိ ပဒေသာ ဖြစါအောင် လည်း လှလှ ပပ စီစဉ် ပေး ထား လို့
ကိုယ်‌တော့ စွန်နာသ်း ကို အကောင်ထည်ဖော် နိုင်ကြပါစေ
စကားချပ် ဒီကနေ့ ကိုယ်တော် မြတ် ဗလီ ၀တ်ကျောင်းတော် ရဲ့ ဂျူမာ ခွသ်ဗာ သောကြာ ‌မိန့်ခွန်း မှာ စူရာ ရဟ်မာန် ရဲ့ အဖွင့် အာယသ် တော်များ ကို
ဖတ်ကြား ပြီး ထည့်သွင်း ဟောကြား သွားတော့
အလ္လာဟ်အသျှင်သာ လျှင် လူသား တို့ကို သင်ကြား ပြသတော် မူသည် ဆိုတဲ့ စူရာဟ် ရာဟ်မန် ရဲ့
အာယသ်တော်တွေ အတိုင်း
နည်းပညာ အသုံး ချ ပြီး သွားလာ နိုင်ဖို့
Masjidi Nabawi ကနေ ကူဗာ ဗလီ လမ်းညွန်လေး ကို မြေပုံ အညွှန်းလေး ပါ ပြသထားပေးပါတယ်

Allah အသျှင်မြတ် ရဲ့ ဂုဏ်တော် အလွန်တရာ သနားကြင်နာတော်မူသော၊ အကန့်အသတ်မဲ့ ဂရုဏာတော်ရှင် ဖြစ်တော်မူသောဂုဏ်တော် ကို တမန်တော...
07/04/2026

Allah အသျှင်မြတ် ရဲ့ ဂုဏ်တော်
အလွန်တရာ သနားကြင်နာတော်မူသော၊ အကန့်အသတ်မဲ့ ဂရုဏာတော်ရှင် ဖြစ်တော်မူသော
ဂုဏ်တော် ကို တမန်တော်မြတ်ကြီး(ဆွ)သက်သေပြပြီး ဒီန်းနီ အစ္စလာမ် ကို ဖြန့်ချီ ခဲ့ လို့
မပျက်စီး
မပျောက်ကွယ် ပဲ
တည်ရှိခဲ့ ပြီး စိမ်းလန်း စိုပြေ ပန်းမံပေါင်းစုံ ပွင့်လန်း တဲ့ တွာအီဖ် မြို့ကို ရောက်ရှိစဉ်
ဇိုင်သွန် ပင် နှငိးဆီ ပင် ညောင်ပင် သဖန်းပင် အရိပ်ရ ပင်တွေ အောက် ဆွလားသ် လဲ၀တ်ပြု ခဲ့ အမှတ် တရ

Insha Allahတမန်တော်မြတ်ကြီး (ဆွ)မက္ကာကနေ မဒီနာ ကို ဟစ်ဂျရသ် ရွှေ့ပြောင်းဖြတ်သန်း သွားတဲ့  လမ်းကြောင်း Ala Khutah (على خط...
05/04/2026

Insha Allah
တမန်တော်မြတ်ကြီး (ဆွ)
မက္ကာကနေ မဒီနာ ကို ဟစ်ဂျရသ် ရွှေ့ပြောင်းဖြတ်သန်း သွားတဲ့ လမ်းကြောင်း Ala Khutah (على خطى) အတိုင်း ခရီးစဉ် Umrah တစ်ခု ကို လာမယ့် ဟဂ်ျ ကာလ အပြီး Umrah Season ပြန်စတာ နဲ့
ဖွင့်ဖွင့်ခြင်း လုပ်ဖြစ်ဖို့ Yangon Makkah Travels & Tours မှ စီစဥ်နေပြီ ဖြစ်ပါတယ်
ပုံမှန် Umrah ခရီး စဉ်မျိူး ထက် ယခု ပိုစ်ရေးသူ တို့
ကျောင်းသား ဘ၀ ကွင်းဆင်း လေ့လာရေး ခရီးစဉ် အတွင်း တ‌စ်နေရာမှ တစ်နေရာ သို့ ရွှေ့ပြောင်း လေ့လာ ရေး ခရီးစဉ် flying Camp သဘောမျိူး ဖြတ်သန်း ဖူးသည့် အတွေ့ အကြုံ က လည်း
တမန်တော် မြတ်ကြီး (ဆွ) ရဲ့ ဟစ်ဂျရသ် ရွှေ့ပြောင်းမှူ ဖြတ်သန်း သည့် လမ်းစဉ် လမ်းကြောင်း ခရီး စဉ် အတိုင်း မြန်မာ ပြည်မှ ဟာဂျီ များ ကို ထိတွေ့ ခံစားဖူး လိုသည့် စိတ်ကူး စိတ်အား ကိုအကောင်အထည် ဖော်နိုင်အောင် စိတ်အား ထက်သန် စေပြီးး
ဟစ်ဂျရသ် ခရီးစဉ် လမ်းကြောင်းထဲ က နေရာ တစ်ခု အကြောင်း အရမ်းစိတ်၀င်စား လို့ တင်ပြ ပါရစေ
တမန်တော်မြတ်ကြီး (ဆွ) မက္ကာ မှ မဒီနာ သို့ ရွှေ့ပြောင်းစဉ် တတိယမြောက် ရပ်နားခဲ့သည့် ‌သမိုင်း၀င်နေရာ တစ် ခု ဖြစ်တဲ့ Umm Ma'bad Camp (မြန်မာလို ဆိုရင် Umm Ma'bad တဲ) ပေါ့
အဲ့ဒီ Umm Ma'bad ဆိုတဲ့ အမျိူးသမီး ကြီးရဲ့ တဲ မှာ ကိုယ်တော်မြတ်( ဆွ ) ရပ်နားခဲ့ပြီး အဲ့ဒီ အမျိူးသမီး ကြီး မှာ ရှိနေတဲ့ အားအင် ချိနဲ့ ပြီး နို့မထွက်တဲ့
ဆိတ် မ ကို တမန်တော် မြတ် အပေါ် အလ္လာဟ် အသျှင် မြတ် က ချီးမြှင့်သည့် အံဖွယ် စွမ်းအားနဲ့
Umm Ma'bad ရဲ့ အားအင်ချိနဲ့ နို့မထွက်တဲ့ ဆိတ်မ ကို တမန်တော်မြတ်ကြီး လက်နဲ့ ပွတ်သပ်ပြီး တဲ့ အခါ
ဆိတ်မ ရဲ့ နို့အုံ ဟာနို့တွေ နဲ့ ပြည့်နှက်လာပြီး ညှစ်ချ လိုက်တဲ့ အခါ နို့တွေ အမြုပ် တစီစီ နဲ့ ထွက်ရှိလာပြီ
တဲ့ အခါ ကိုယ်တော် မြတ် ကျင့်ကြံ ပြသခဲ့တဲ့ ဖြစ်စဉ်
ကျင့်ကြံခဲ့ တဲ့ စံ တစ်ခု ဖြစ်တဲ့
ထွက်လာတဲ့ ဆိတ်မ ရဲ့ နို့တွေ ကို
ပိုင်ရှင် ဖြစ်သူ Umm Ma'bad ဆိုတဲ့ အမျိူး သမီး ကြီး ကို အရင်ဦးဆုံး ၀လင်စွာသောက်စေပြခဲ့တာ
နောက် မိမိရဲ့ သာ၀က ကြီးတွေ ကို ၀လင်စွာ သောက်စေခဲ့ပြီး
နောက်ဆုံး မှ မိမိ သောက်သုံးခဲ့တာ
အဲ့ဒီ သမိုင်း၀င်နေရာ Khaymata Umm Ma'bad
ကို ဖြစ်စဉ် ကနေ ဆင်ခြင်သုံးသပ် သံဝေဂယူ
မှတ်သား ကျင့်ကြံ ရမှာ တွေ ကို အရမ်း စိတ်၀င်စား သွား ခဲ့တော့
ကိုယ်တော် မြတ်ကြီး မက္ကာ ကနေ မဒီနာ ကို စတင်ရွှေ့ပြောင်း တဲ့ ခရီးစဉ် အစနဲ့ ပထမ နဲ့ ဒုတိယ နေရာ တွေ ကို quizသဘောမျိူး နဲ့ စိတ်အားထက်သန်သူတွေ ကိုယ်တိုင်လေ့လာ ရှာဖွေ မှတ်သား ဖို့ ထားရင်း Insha Allah ကျွန်တော် တို့ Yangon Makkah Travels & Tours ရဲ့ Ala Khuta Route ခရီးစဉ် ကြရင် ပါ၀င်မယ့် Umrah ခရီးသွားမယ့် ဟာဂျီ များ ကို အကောင်းဆုံး ၀န်ဆောင်မှူညပေး နိုင့်ဖို့ ဆန္ဒပြုရင်းးးးးးးး

ဆော်ဒီ ဘုရင် ဖိုင်ဇယ် နဲ့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူး ဦးသန့် တို့ တွေ့ဆုံ မှု မှတ်တမ်း ဓါတ် ပုံ မက္ကာမြို့ ရှိ ပြတိ...
04/04/2026

ဆော်ဒီ ဘုရင် ဖိုင်ဇယ် နဲ့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူး ဦးသန့် တို့ တွေ့ဆုံ မှု မှတ်တမ်း ဓါတ် ပုံ မက္ကာမြို့ ရှိ ပြတိုက် တွင် ခင်းကျင်း ပြသထားမှူ
#၁၉၆၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျစ်ဒါမြို့ (Jeddah) ရှိ ဘုရင့် နန်းတော်

Address

No. 6, Ground Floor, 128 Street , Thapyay Kone Qtr, Mingalar TaungNyunt Tsp, Myanmar. Tel/018-203010, 018-201099, 018-297529
Yangon

Alerts

Be the first to know and let us send you an email when Yangon Makkah Travel & Tours Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Makkah Travel & Tours Co., Ltd:

Share

Category