02/05/2026
ဝမှလှတယ်ဆိုတာ တကယ်မရှိပါဘူး။ ဝလေ ကျန်းမာရေးထိခိုက်လေ။ ဝလေ ကိုယ့်အတွက်ဆိုးကျိုးများလေပါပဲ။ ဝိတ်ချကြပါ။ Yaya လေငွေတွေအကုန်ခံ နည်းမျိုးစုံသုံးပြီး မပိန်ခဲ့တဲ့နောက်မှာတော့ ပိုက်ဆံမကုန် ကျန်းမာအောင် လှအောင် တကယ်ဝိတ်ချတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
၂ လအတွင်း ပေါင် ၃၀ ကျော်ချနိုင်ခဲ့တယ်။ ကျန်းကျန်းမာမာနဲ့ ကိုယ်စားချင်တာတွေ စားရင်းပဲပေါ့။ လေ့ကျင့်ခန်းတွေလည်း မလုပ်ခဲ့ဘူး။
စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်သေးသေးလေးတွေကို ပြင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် စည်းကမ်းရှိခြင်း ဂရုစိုက်ပေးခြင်းက တကယ်ပဲ လပိုင်းအတွင်းမှာ မထင်မှတ်လောက်အောင် အောင်မြင်ခဲ့တယ်။
ဆက်ပြီးဒီထက်ထပ်ဝိတ်ကျသွားအောင် အရမ်းကိုလှပြီး ကိုယ်လိုချင်တဲ့ ရလဒ်တစ်ခုထိရအောင် ကျန်းမာအောင် ကြိုးစားသွားမှာမို့ Video လေးတွေ အမြဲတင်ပေးမယ်နော်။ အတူတူ ကြိုးစားလိုက်ကြရအောင်။