24/10/2026
🌕 မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သီတင်းကျွတ်အခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌕
ယနေ့ကျရောက်သော မင်္ဂလာရှိသည့် သီတင်းကျွတ်လပြည့် အခါသမယတွင် New Fantastic Asia Travel & Tour မိသားစုမှ အစဉ်တစိုက် အားပေးဝန်းရံလျက်ရှိသော တန်ဖိုးထားရသည့် customer များ၊ ခရီးသွားမိတ်ဟောင်းမိတ်သစ်များနှင့် အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိသော မိတ်ဖက်ကုမ္ပဏီများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာ ပန်ကြားအပ်ပါသည်။
မီးရှူးမီးတိုင်များ ထိန်ထိန်ညီးသည့် ဤပွဲတော်ရက်မှစ၍ မိသားစု၊ မိတ်ဆွေများနှင့်အတူ ပျော်ရွှင်အေးချမ်းမှုများ ပြည့်နှက်ကာ လုပ်ငန်းစီးပွားများလည်း ဒီရေအလား တိုးတက်အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
ကျွန်ုပ်တို့နှင့်အတူ ယုံကြည်စွာ လက်တွဲလျှောက်လှမ်းလျက်ရှိသော မိတ်ဖက်ကုမ္ပဏီများနှင့် customer တစ်ဦးချင်းစီတိုင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။ နောင်လာမည့် ခရီးစဉ်တိုင်းတွင်လည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု၊ အမှတ်တရကောင်းများဖြင့် အတူတကွ ဆက်လက်လက်တွဲသွားရန် မျှော်လင့်ပါသည်။
အားလုံးပဲ စိတ်နှလုံးချမ်းမြေ့ပြီး ပျော်ရွှင်ဖွယ် သီတင်းကျွတ်ပွဲတော်လေး ဖြစ်ပါစေခင်ဗျာ/ရှင့်။ ✨🙏
#သီတင်းကျွတ်ဆုမွန်ကောင်း